Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျပည္သူ႔က်န္းမာေရး ေရာဂါအျဖစ္ သတ္မွတ္ထားတာပါ။

ျမန္မာႏိုင္ငံမွာ ျဖစ္ပြားမႈႏႈန္းႏွစ္စဥ္ ျမင့္တက္ေနတဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ကာကြယ္ေဆးကုိ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ ေက်ာင္းေတြမွာ ႏုိ၀င္ဘာလ ၁၅ ရက္ကစၿပီး ထုိးႏွံေပးေနၿပီျဖစ္ပါတယ္။

ျမန္မာနုိင္ငံမွာ ျပည္သူ႔က်န္းမာေရး ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ ဂ်ပန္ဦးေနွာက္ေရာင္ကာကြယ္ေဆး (Japanese Encephalitis )  ကုိ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ နုိ၀င္ဘာ ၁၅ ရက္ေန႔ကေနစတင္ၿပီး အေျခခံပညာေက်ာင္းေတြမွာ စတင္ထုိးႏွံေနၿပီျဖစ္ကာ အသက္ကုိးလကေန ၁၅ နွစ္အတြင္းရွိတဲ့ ကေလးေတြကို ထိုးႏွံေပးသြားမယ္လုိ႔ သိရပါတယ္။

"ေက်ာင္းအေျချပဳကုိက်ေတာ့ ႏုိ၀င္ဘာ ၁၅ ရက္ကေန ၂၃ ရက္ေန႔အထိထုိးမွာျဖစ္ၿပီးေတာ့ ရပ္ကြက္အလုိက္ကုိက်ေတာ့ ဒီဇင္ဘာ ၁၁ ရက္ေန႔ကေန ၂၀ ရက္ေန႔အထိ ထုိးနွံေပးသြားမွာျဖစ္ပါတယ္။ ကၽြန္မတုိ႔အေနနဲ႔ ေဆးမထိုးခင္မွာလည္း ဒီေရာဂါနဲ႔ ပါတ္သတ္ၿပီး ဘယ္သူေတြထုိးသင့္တယ္ မထိုးသင့္ဘူးဆုိတာကိုလည္း အသိေပးမႈေတြျပဳလုပ္ပါတယ္"လို႔ အလုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာလဲ့ညိဳ၀င္းက ေျပာပါတယ္။

ဂ်ပန္ဦးနွာက္ေရာင္ ေရာဂါဆုိတာက ေရာဂါပိုးသယ္ေဆာင္လာတဲ့  Culex Tritaeniorhynchus ျခင္အကိုက္ခံရတာေၾကာင့္ ေရာဂါပိုး ကူးစက္ခံရတာျဖစ္ၿပီး ၀က္နဲ႔ငွက္ေတြဆီကေနလည္း ကူးစက္ႏုိင္တဲ့ ေရာဂါျဖစ္ၿပီး အဆုိပါေက်ာင္းအေျချပဳ ကာကြယ္ေဆးထုိးႏွံတာေတြကုိ ႏုိ၀င္ဘာ ၁၅ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါက ဧရာဝတီ၊ ရန္ကုန္နဲ႔ ပဲခူးတိုင္း၊ ရွမ္းေျမာက္နဲ႔ ကရင္ျပည္နယ္တို႔မွာ အမ်ားဆံုးျဖစ္ပြားေနၿပီး ဒီေရာဂါက အသက္အရြယ္မေရြး ျဖစ္ပြားတတ္ေပမယ့္ ကေလးေတြမွာ အဓိကျဖစ္ေနတာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာလည္း လူနာ ၉၀ ရာခိုင္ႏႈန္းက အသက္ ၁၅ ႏွစ္ေအာက္ကေလးေတြမွာ ျဖစ္ပြားေနတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ က်န္းမာေရးဦးစီးဌာနက အသက္ ၉ လကေန ၁၅ ႏွစ္ေအာက္ ကေလးေတြကို ကာကြယ္ေဆးထိုးေပးဖို႔ ရွိေနၿပီး ေဆးထိုးၿပီး အျပင္းဖ်ားဖူးသူ၊ တီဘီေဆးေသာက္ေနရသူ (သံသယရွိသူ) ၊ နာတာရွည္ေရာဂါရွိသူ၊ အတက္ေရာဂါရွိသူ၊ ေက်ာက္ကပ္၊ ေလးဘက္နာေရာဂါရွိသူေတြကေတာ့ ေဆးထိုးလို႔ မရဘူးလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
ပြည်သူ့ကျန်းမာရေး ရောဂါအဖြစ် သတ်မှတ်ထားတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုနှုန်းနှစ်စဉ် မြင့်တက်နေတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေမှာ နိုဝင်ဘာလ ၁၅ ရက်ကစပြီး ထိုးနှံပေးနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေး ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး (Japanese Encephalitis )  ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကနေစတင်ပြီး အခြေခံပညာကျောင်းတွေမှာ စတင်ထိုးနှံနေပြီဖြစ်ကာ အသက်ကိုးလကနေ ၁၅ နှစ်အတွင်းရှိတဲ့ ကလေးတွေကို ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

"ကျောင်းအခြေပြုကိုကျတော့ နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိထိုးမှာဖြစ်ပြီးတော့ ရပ်ကွက်အလိုက်ကိုကျတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဆေးမထိုးခင်မှာလည်း ဒီရောဂါနဲ့ ပါတ်သတ်ပြီး ဘယ်သူတွေထိုးသင့်တယ် မထိုးသင့်ဘူးဆိုတာကိုလည်း အသိပေးမှုတွေပြုလုပ်ပါတယ်"လို့ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့ညိုဝင်းက ပြောပါတယ်။

ဂျပန်ဦးနှာက်ရောင် ရောဂါဆိုတာက ရောဂါပိုးသယ်ဆောင်လာတဲ့  Culex Tritaeniorhynchus ခြင်အကိုက်ခံရတာကြောင့် ရောဂါပိုး ကူးစက်ခံရတာဖြစ်ပြီး ဝက်နဲ့ငှက်တွေဆီကနေလည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး အဆိုပါကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံတာတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါက ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်း၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်တို့မှာ အများဆုံးဖြစ်ပွားနေပြီး ဒီရောဂါက အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပေမယ့် ကလေးတွေမှာ အဓိကဖြစ်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လူနာ ၉၀ ရာခိုင်နှုန်းက အသက် ၁၅ နှစ်အောက်ကလေးတွေမှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကျန်းမာရေးဦးစီးဌာနက အသက် ၉ လကနေ ၁၅ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ရှိနေပြီး ဆေးထိုးပြီး အပြင်းဖျားဖူးသူ၊ တီဘီဆေးသောက်နေရသူ (သံသယရှိသူ) ၊ နာတာရှည်ရောဂါရှိသူ၊ အတက်ရောဂါရှိသူ၊ ကျောက်ကပ်၊ လေးဘက်နာရောဂါရှိသူတွေကတော့ ဆေးထိုးလို့ မရဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top