Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခုေခတ္မွာ အသက္ႀကီး လာတာနဲ႔ ေရတိမ္ ျဖစ္လာၾကတာမ်ားပါတယ္။ ေရတိမ္ ေရာဂါ က မ်က္လံုး အတြင္းက အာရုံတစ္ခုကို ထိခိုက္ၿပီး ေနာက္ဆံုးမွာ မ်က္လံုး တစ္ခုလံုးကို အရည္ေတြကဖံုးလႊမ္းသြားၿပီး မ်က္စိ အျမင္ကြယ္သြားႏိုင္ပါတယ္။

ကာကြယ္ႏုိင္တဲ့ နည္းလမ္း ေတြကေတာ့ မ်က္စိ ဆရာ၀န္ ဆီ ပံုမွန္သြားၿပီး စစ္ေဆးမႈခံယူတာတို႔ အားကစားလုပ္တဲ့အခါမွာ မ်က္လံုး မွာရွိတဲ့ ဖိအားကို ေလ်ာ့ႏိုင္ဖို႔ မ်က္လံုး အကာအကြယ္ေတြ တပ္ဆင္တာတို႔ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

ေနာက္တစ္နည္းကေတာ့ မ်က္လံုး အားေကာင္းၿပီး ေရတိမ္ ေရာဂါ ကို ကာကြယ္ေပးႏိုင္တဲ့ အစားအစာ ေတြ စားသံုးတာဘဲျဖစ္ပါတယ္။

ေဂၚဖီ

ေဂၚဖီ မွာက Beta-Carotene ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ Beta-carotene ဓာတ္ေတြက ၾကြက္သားေတြ မူမမွန္ျဖစ္တာကို ကာကြယ္ေပးၿပီး မ်က္စိက်န္းမာေရးကိုလည္း အေထာက္အကူျပဳပါတယ္။

ႏိုကိုဥ

ႏိုကိုဥမွာ Lutein နဲ႔ Zeaxanthin ဓာတ္ေတြပါ၀င္ၿပီး ၾကြက္သားနဲ႔ သူငယ္အိမ္ က်န္းမာေရးကို အေထာက္အကူျပဳပါတယ္။ ႏိုကိုဥကို ပံုမွန္ေလးစားသံုးေပးရင္ ေရတိမ္နဲ႔ တျခား မ်က္လံုးေရာဂါေတြကိုလည္း ကာကြယ္ေပးပါတယ္။

တရုတ္နံနံ

တရုတ္နံနံမွာ Antioxidants ေတြ အမ်ားႀကီးပါ၀င္တာေၾကာင့္ မ်က္လံုး က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ေရတိမ္၊ မ်က္လံုး ၾကြက္သား က်ံဳ႕တာ၊ တင္းတာတို႔ကို ကာကြယ္ေပးပါတယ္။

ကိုက္လန္

ကိုက္လန္ရြက္မွာ Lutein ဓာတ္ေတြၾကြယ္၀စြာပါ၀င္ၿပီး မ်က္လံုးအတြက္ အဓိက လိုအပ္တဲ့ ဓာတ္လည္းျဖစ္ပါတယ္။ ေအာက္စီဂ်င္ေၾကာင့္ ျဖစ္ေပၚတတ္တဲ့ မ်က္လံုးေရာဂါေတြကို ကာကြယ္ႏိုင္တဲ့ သဘာ၀ Antioxidant မ်ားလည္း ပါ၀င္ပါတယ္။

မုန္လာဥ

မုန္လာဥမွာ ဗီတာမင္ A, ဗီတာမင္ B တို႔ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ မ်က္လံုးက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။ ကိုယ္စားေနက် အစားအစာထဲမွာ မုန္လာဥကိုထည့္ၿပီး စားသံုးေပးရင္ မ်က္လုံးတိမ္စြဲတဲ့ေရာဂါကို ကာကြယ္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
အခုခေတ်မှာ အသက်ကြီး လာတာနဲ့ ရေတိမ် ဖြစ်လာကြတာများပါတယ်။ ရေတိမ် ရောဂါ က မျက်လုံး အတွင်းက အာရုံတစ်ခုကို ထိခိုက်ပြီး နောက်ဆုံးမှာ မျက်လုံး တစ်ခုလုံးကို အရည်တွေကဖုံးလွှမ်းသွားပြီး မျက်စိ အမြင်ကွယ်သွားနိုင်ပါတယ်။

ကာကွယ်နိုင်တဲ့ နည်းလမ်း တွေကတော့ မျက်စိ ဆရာဝန် ဆီ ပုံမှန်သွားပြီး စစ်ဆေးမှုခံယူတာတို့ အားကစားလုပ်တဲ့အခါမှာ မျက်လုံး မှာရှိတဲ့ ဖိအားကို လျော့နိုင်ဖို့ မျက်လုံး အကာအကွယ်တွေ တပ်ဆင်တာတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ မျက်လုံး အားကောင်းပြီး ရေတိမ် ရောဂါ ကို ကာကွယ်ပေးနိုင်တဲ့ အစားအစာ တွေ စားသုံးတာဘဲဖြစ်ပါတယ်။

ဂေါ်ဖီ

ဂေါ်ဖီ မှာက Beta-Carotene ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Beta-carotene ဓာတ်တွေက ကြွက်သားတွေ မူမမှန်ဖြစ်တာကို ကာကွယ်ပေးပြီး မျက်စိကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

နိုကိုဥ

နိုကိုဥမှာ Lutein နဲ့ Zeaxanthin ဓာတ်တွေပါဝင်ပြီး ကြွက်သားနဲ့ သူငယ်အိမ် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နိုကိုဥကို ပုံမှန်လေးစားသုံးပေးရင် ရေတိမ်နဲ့ တခြား မျက်လုံးရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

တရုတ်နံနံ

တရုတ်နံနံမှာ Antioxidants တွေ အများကြီးပါဝင်တာကြောင့် မျက်လုံး ကျန်းမာရေးကို ကောင်းမွန်စေပြီး ရေတိမ်၊ မျက်လုံး ကြွက်သား ကျုံ့တာ၊ တင်းတာတို့ကို ကာကွယ်ပေးပါတယ်။

ကိုက်လန်

ကိုက်လန်ရွက်မှာ Lutein ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး မျက်လုံးအတွက် အဓိက လိုအပ်တဲ့ ဓာတ်လည်းဖြစ်ပါတယ်။ အောက်စီဂျင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်လုံးရောဂါတွေကို ကာကွယ်နိုင်တဲ့ သဘာ၀ Antioxidant များလည်း ပါဝင်ပါတယ်။

မုန်လာဥ

မုန်လာဥမှာ ဗီတာမင် A, ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကိုယ်စားနေကျ အစားအစာထဲမှာ မုန်လာဥကိုထည့်ပြီး စားသုံးပေးရင် မျက်လုံးတိမ်စွဲတဲ့ရောဂါကို ကာကွယ်ပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top