ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကာမဆက္ဆံျခင္းသည္ ႏွလုံးေရာဂါရွိသည့္ သက္ၾကီးလူနာမ်ားအပါအ၀င္ လူတုိ႔၏ဘ၀တြင္ အေရးၾကီးေသာ အစိတ္အပုိင္းျဖစ္သည္။ ကာမဆက္ဆံမႈ ေလ်ာ့နည္းလာျခင္းသည္ ႏွလုံးေရာဂါ၊ စိတ္က်ေရာဂါ၊ စုိးရိမ္မႈမ်ားသူမ်ားတြင္ ျဖစ္ပြားနုိင္သည္။ ျဖစ္ပြားနုိင္ေခ် နည္းပါးပါသည္။

လူအခ်ိဳ႔တြင္ လိင္ဆက္ဆံေနခ်ိန္တြင္ ႏွလုံးေဖာက္ျခင္း ခံစားရနုိင္သည္။ သုိ႔ေသာ္ႏွလုံးေဖာက္္ျခင္းသည္ ကုန္စုံဆုိင္သုိ႔ ကားေမာင္းေနစဥ္၊ ညေနခင္းသတင္းၾကည့္ေနစဥ္၊ ေျမးမ်ားႏွင့္ကစားေနခ်ိန္မ်ားတြင္လည္း ခံစားရနုိင္ေၾကာင္း သိထားရန္ အေရးၾကီးပါသည္။ ႏွလုံးေဖာက္ျခင္းသည္ မည္သည့္အခ်ိန္တြင္ မဆုိျဖစ္နုိင္သည့္အျပင္ အမ်ားစုသည္ မည္သည့္အားထုတ္မွဳမွ်မလုပ္ဘဲႏွင့္ ျဖစ္နုိင္သည္။

ကံေကာင္းစြာျဖင့္ လိင္ကိစၥႏွင့္ပတ္သက္၍ ျဖစ္နုိင္ေခ်နည္းသည္။ လိင္ဆက္ဆံျခင္းသည္ ႏွလုံးကုိညွစ္(အလုပ္ကုိလုပ္)ေစနုိင္ေသာ္လည္း ေလွခါးတက္ျခင္းႏွင့္ လမ္းျမန္ျမန္ေလွ်ာက္ျခင္းေၾကာင့္ ႏွလံုးေဖာက္သည္ထက္ ျဖစ္နုိင္ေခ်နည္းသည္။ စာရင္းမ်ားအရ လိင္ဆက္ဆံျခင္းသည္ ႏွလုံးေဖာက္ျခင္းေရာဂါအားလုံး၏ ၁ ရာခုိင္ႏွဳန္း ေအာက္သာရွိသည္။ ႏွလုံးေရာဂါအခံရွိသည္ လူနာမ်ားတြင္ လိင္ဆက္ဆံျခင္းသည္ ၂ နာရီ အတြင္း ႏွလုံးရပ္ျခင္းကုိ ေတြ႔ၾကဳံနုိင္သူမွာ ၅၀၀၀၀ တြင္ ၁ ေယာက္မွ်သာ ရွိသည္။ လွ်ပ္စီးလွ်ပ္ျခင္းကပင္ ႏွလုံးေရာဂါေဖာက္နုိင္ေခ် ပုိမ်ားပါေသးသည္။
လိင္ဆက္ဆံျခင္းမွ ေရွာင္ၾကဥ္ရမည့္ အခ်က္မ်ား

သုိ႔ေသာ္လည္း လူအနည္းငယ္တြင္ လိင္ဆက္ဆံေနစဥ္ႏွလုံးျပႆနာျဖစ္နုိင္သည္။ ဆရာ၀န္အမ်ားစုမွ သင္သည္လိင္ကိစၥကုိ အနည္းဆုံး ယာယီအေနျဖင့္ ေရွာင္ရွားရမည့္အခ်က္မ်ားကုိ ေျပာျပထားသည္။ ၄င္းတုိ႔မွာ-
• ရင္ဘတ္ေအာင့္ျခင္း(သုိ႔) ရင္ဘတ္ေအာင့္အစပ်ိဳးျခင္း (ႏွလုံးေရာဂါေၾကာင့္ျဖစ္သည့္ ရင္ဘတ္ေအာင့္ျခင္း)
• မထိန္းခ်ဳပ္နုိင္ေသာေသြးတုိးေရာဂါ (သုိ႔) ဆုိး၀ါးေသာႏွလုံးစြမ္းေဆာင္ရည္က်ဆင္းသည့္ေရာဂါရွိသည့္ လူနာမ်ားတြင္ လိင္ကိစၥကိုေရွာင္ရွားရမည္။
• လြန္ခဲ့ေသာ၂ပတ္အတြင္ ႏွလုံးေဖာက္ခဲ့ျခင္း
• ႏွလုံးစည္းခ်က္မမွန္ျခင္း (အထူးသျဖင့္ ႏွလံုး ေသြးလႊတ္ခန္းမ်ားတြင္) ႏွင့္ ႏွလုံးၾကြက္သားအားနည္းျခင္းမ်ားသည္လည္း လိင္ကိစၥကုိ ယာယီေရွာင္ရန္လုိအပ္သည္။

ဤအေျခအေနအားလုံးသည္ ႏွလုံးေဖာက္ျခင္း ျဖစ္ပြားႏုိင္ေခ်ကုိ ပုိမုိတက္ေစသည္။ (သုိ႔) လိင္ဆက္ဆံေနစဥ္ ေသဆုံနုိင္သည္။

လိင္ဆက္ဆံေနစဥ္ ေသဆုံနုိင္သည္။ သုိ႔ေသာ္ ဤေရာဂါမ်ားခံစားေနရပါက သင့္၏လိင္မွုဘ၀ အဆုံးသတ္ျပီဟု ဆုိလုိျခင္းမဟုတ္ပါ။ ကုသမွဳႏွင့္အတူ ဥပမာေဆး၀ါးမ်ား၊ ေသြးေပါင္ထိန္းျခင္း၊ ရင္ဘတ္ေအာင့္ျခင္းကုိ ကာကြယ္ျခင္းတုိ႔ျဖင့္ လိင္ကိစၥအတြက္ ျပန္လည္က်န္းမာလာနုိင္သည္။
အေတြ႔မ်ားေသာ ျပႆနာမ်ား

ႏွလုံးေရာဂါလူနာမ်ားတြင္ လိင္ဆက္ဆံလုိစိတ္ ေလ်ာ့နည္းျခင္း ခဏခဏျဖစ္သည္ဟု မဆုိလုိပါ။ ႏွလံုးအေျခအေနသည္ အမ်ိဳးသားမ်ားတြင္ လိင္ဆက္ဆံလုိစိတ္ နည္းပါးျခင္းျဖစ္ေပၚေစေသာအခါ ပန္းညွဳိးျခင္းကုိ ျဖစ္ေစနုိင္သည္။ အေကာင္းဆုံးကုသနည္းမွာ အခ်ိန္ပင္ျဖစ္သည္။ လအနည္းငယ္ၾကာလွ်င္ သင့္စိတ္ဆႏၵသည္တုိးတက္ကာ ပုံမွန္ျပန္ျဖစ္နုိင္သည္။ သုိ႔ေသာ္ အခ်ိဳ႔လူနာမ်ားတြင္ ေဆြးေႏြးျခင္း(သုိ႔) ေဆး၀ါးမ်ားလုိအပ္ပါသည္။

ႏွလုံေရာဂါရွိသည့္လူနာမ်ား၏ အျဖစ္အမ်ားဆုံးျပႆနာမ်ားထဲမွ တစ္ခုမွာ ႏွလုံးေရာဂါေဆးမ်ားက လိင္မွဳဘ၀တြင္ ခက္ခဲေစေသာေၾကာင့္ျဖစ္သည္။ ေသြးတုိးက်ေဆးမ်ား ဥပမာ ဆီးေဆး (hydrochlorothiazide ႏွင့္ chlorthalidone) ႏွင့္ beta blockers(carvedilolႏွင့္ propranolol) မ်ားသည္ အမ်ိဳးသမီး၊ အမ်ိဳးသားတုိ႔တြင္ ကာမဆႏၵနည္းပါးေစကာ အမ်ိဳးသားမ်ားတြင္ ပန္းညွဳိးျခင္းမ်ားျဖစ္ေစနုိင္သည္။ Digoxin ႏွလံုးစည္းခ်က္မမွန္ရာတြင္ သုံးသည့္ေဆးသည္လည္း လိင္မွဳဆႏၵကုိ နည္းပါးေစသည္။

ထုိ႔ေၾကာင့္ ထူးျခားေသာႏွလုံးေရာဂါအေျခအေနမ်ားတြင္ လိင္မွဳကိစၥႏွင့္ ပတ္သက္၍ အေကာင္းဆုံးေျဖရွင္းနည္းအတြက္ ေနာက္ထပ္ေလ့လာမွဳလုိေနပါသည္။ အထူးသျဖင့္ အမ်ိဳးသမီးႏွင့္ အသက္ၾကီးသူမ်ားတြင္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ကာမဆက်ဆံခြင်းသည် နှလုံးရောဂါရှိသည့် သက်ကြီးလူနာများအပါအဝင် လူတို့၏ဘဝတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ကာမဆက်ဆံမှု လျော့နည်းလာခြင်းသည် နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ စိုးရိမ်မှုများသူများတွင် ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေ နည်းပါးပါသည်။

လူအချို့တွင် လိင်ဆက်ဆံနေချိန်တွင် နှလုံးဖောက်ခြင်း ခံစားရနိုင်သည်။ သို့သော်နှလုံးဖောက်ခြင်းသည် ကုန်စုံဆိုင်သို့ ကားမောင်းနေစဉ်၊ ညနေခင်းသတင်းကြည့်နေစဉ်၊ မြေးများနှင့်ကစားနေချိန်များတွင်လည်း ခံစားရနိုင်ကြောင်း သိထားရန် အရေးကြီးပါသည်။ နှလုံးဖောက်ခြင်းသည် မည်သည့်အချိန်တွင် မဆိုဖြစ်နိုင်သည့်အပြင် အများစုသည် မည်သည့်အားထုတ်မှုမျှမလုပ်ဘဲနှင့် ဖြစ်နိုင်သည်။

ကံကောင်းစွာဖြင့် လိင်ကိစ္စနှင့်ပတ်သက်၍ ဖြစ်နိုင်ချေနည်းသည်။ လိင်ဆက်ဆံခြင်းသည် နှလုံးကိုညှစ်(အလုပ်ကိုလုပ်)စေနိုင်သော်လည်း လှေခါးတက်ခြင်းနှင့် လမ်းမြန်မြန်လျှောက်ခြင်းကြောင့် နှလုံးဖောက်သည်ထက် ဖြစ်နိုင်ချေနည်းသည်။ စာရင်းများအရ လိင်ဆက်ဆံခြင်းသည် နှလုံးဖောက်ခြင်းရောဂါအားလုံး၏ ၁ ရာခိုင်နှုန်း အောက်သာရှိသည်။ နှလုံးရောဂါအခံရှိသည် လူနာများတွင် လိင်ဆက်ဆံခြင်းသည် ၂ နာရီ အတွင်း နှလုံးရပ်ခြင်းကို တွေ့ကြုံနိုင်သူမှာ ၅၀၀၀၀ တွင် ၁ ယောက်မျှသာ ရှိသည်။ လျှပ်စီးလျှပ်ခြင်းကပင် နှလုံးရောဂါဖောက်နိုင်ချေ ပိုများပါသေးသည်။
လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရမည့် အချက်များ

သို့သော်လည်း လူအနည်းငယ်တွင် လိင်ဆက်ဆံနေစဉ်နှလုံးပြဿနာဖြစ်နိုင်သည်။ ဆရာဝန်အများစုမှ သင်သည်လိင်ကိစ္စကို အနည်းဆုံး ယာယီအနေဖြင့် ရှောင်ရှားရမည့်အချက်များကို ပြောပြထားသည်။ ၎င်းတို့မှာ-
• ရင်ဘတ်အောင့်ခြင်း(သို့) ရင်ဘတ်အောင့်အစပျိုးခြင်း (နှလုံးရောဂါကြောင့်ဖြစ်သည့် ရင်ဘတ်အောင့်ခြင်း)
• မထိန်းချုပ်နိုင်သောသွေးတိုးရောဂါ (သို့) ဆိုးဝါးသောနှလုံးစွမ်းဆောင်ရည်ကျဆင်းသည့်ရောဂါရှိသည့် လူနာများတွင် လိင်ကိစ္စကိုရှောင်ရှားရမည်။
• လွန်ခဲ့သော၂ပတ်အတွင် နှလုံးဖောက်ခဲ့ခြင်း
• နှလုံးစည်းချက်မမှန်ခြင်း (အထူးသဖြင့် နှလုံး သွေးလွှတ်ခန်းများတွင်) နှင့် နှလုံးကြွက်သားအားနည်းခြင်းများသည်လည်း လိင်ကိစ္စကို ယာယီရှောင်ရန်လိုအပ်သည်။

ဤအခြေအနေအားလုံးသည် နှလုံးဖောက်ခြင်း ဖြစ်ပွားနိုင်ချေကို ပိုမိုတက်စေသည်။ (သို့) လိင်ဆက်ဆံနေစဉ် သေဆုံနိုင်သည်။

လိင်ဆက်ဆံနေစဉ် သေဆုံနိုင်သည်။ သို့သော် ဤရောဂါများခံစားနေရပါက သင့်၏လိင်မှုဘ၀ အဆုံးသတ်ပြီဟု ဆိုလိုခြင်းမဟုတ်ပါ။ ကုသမှုနှင့်အတူ ဥပမာဆေးဝါးများ၊ သွေးပေါင်ထိန်းခြင်း၊ ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ခြင်းတို့ဖြင့် လိင်ကိစ္စအတွက် ပြန်လည်ကျန်းမာလာနိုင်သည်။
အတွေ့များသော ပြဿနာများ

နှလုံးရောဂါလူနာများတွင် လိင်ဆက်ဆံလိုစိတ် လျော့နည်းခြင်း ခဏခဏဖြစ်သည်ဟု မဆိုလိုပါ။ နှလုံးအခြေအနေသည် အမျိုးသားများတွင် လိင်ဆက်ဆံလိုစိတ် နည်းပါးခြင်းဖြစ်ပေါ်စေသောအခါ ပန်းညှိုးခြင်းကို ဖြစ်စေနိုင်သည်။ အကောင်းဆုံးကုသနည်းမှာ အချိန်ပင်ဖြစ်သည်။ လအနည်းငယ်ကြာလျှင် သင့်စိတ်ဆန္ဒသည်တိုးတက်ကာ ပုံမှန်ပြန်ဖြစ်နိုင်သည်။ သို့သော် အချို့လူနာများတွင် ဆွေးနွေးခြင်း(သို့) ဆေးဝါးများလိုအပ်ပါသည်။

နှလုံရောဂါရှိသည့်လူနာများ၏ အဖြစ်အများဆုံးပြဿနာများထဲမှ တစ်ခုမှာ နှလုံးရောဂါဆေးများက လိင်မှုဘဝတွင် ခက်ခဲစေသောကြောင့်ဖြစ်သည်။ သွေးတိုးကျဆေးများ ဥပမာ ဆီးဆေး (hydrochlorothiazide နှင့် chlorthalidone) နှင့် beta blockers(carvedilolနှင့် propranolol) များသည် အမျိုးသမီး၊ အမျိုးသားတို့တွင် ကာမဆန္ဒနည်းပါးစေကာ အမျိုးသားများတွင် ပန်းညှိုးခြင်းများဖြစ်စေနိုင်သည်။ Digoxin နှလုံးစည်းချက်မမှန်ရာတွင် သုံးသည့်ဆေးသည်လည်း လိင်မှုဆန္ဒကို နည်းပါးစေသည်။

ထို့ကြောင့် ထူးခြားသောနှလုံးရောဂါအခြေအနေများတွင် လိင်မှုကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံးဖြေရှင်းနည်းအတွက် နောက်ထပ်လေ့လာမှုလိုနေပါသည်။ အထူးသဖြင့် အမျိုးသမီးနှင့် အသက်ကြီးသူများတွင်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top