Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေရွးပေ၀သဏီအခါက ပင္လယ္တြင္းမွာ ေလျပင္းမုန္တိုင္းမိၿပီး သေဘၤာႀကီးနစ္သြားတဲ့အခါ မဆုတ္မနစ္ တဲ့ လံု႔လနဲ႔ ပင္လယ္ျပင္ကိုလက္ပစ္ကူးခဲ့ၾကတဲ့ ဘုရားေလာင္းဇနက မင္းသားအေၾကာင္းကို ၾကားဖူးသူေတြ မ်ားၾကပါလိမ့္မယ္။

ပင္လယ္ျပင္မွာ သေဘၤာနစ္တဲ့အခါ ႀကံဳဆံုလာတ့ဲေဘးကို ငိုေၾကြးၿပီးရင္ဆုိင္ေနၾကတဲ့  ခရီးသြားအေဖာ္ေတြ ရဲ႕အျဖစ္ေတြကိုျမင္ေတာ့ ဘုရားေလာင္းကသူ႔ကိုယ္သူဆံုးမပါတယ္။

ေရာက္လာေသာေဘးကို ငိိုေၾကြး၍လြတ္မည္မဟုတ္။ အားထုတ္ေသာ ေယာက္်ားတို႔၏ အစြမ္းသာလွ်င္
ေဘးလြတ္ေၾကာင္းျဖစ္၏တဲ့။

ဘုရားေလာင္းရဲ႕ဒီအေတြးဟာ ရွင္းလင္းျပတ္သားတဲ့အျပင္ လူ႔ေလာကတည္ရွိေနမယ့္ ကာလပတ္လံုး မွန္ ကန္ေနမယ့္အေတြးအျမင္လည္းျဖစ္ပါတယ္။ ဇနကမင္းသားဟာ မွန္ကန္တဲ့ အေတြးအျမင္ကို ရရွိတာႏွင့္ တစ္ၿပိဳင္နက္ႀကံဳဆံုလာၿပီျဖစ္တဲ့ အခက္အခဲကို ဘယ္လိုေျဖရွင္း သင့္တယ္ဆိုတဲ့ နည္းလမ္းစကိုရပါေတာ့ တယ္။

ငိုေၾကြးျခင္းဟာေဘးလြတ္ေၾကာင္းမဟုတ္တဲ့အတြက္ သူဟာမငိုေၾကြးဘူး။ သမုဒၵရာနတ္ေတြကိုလည္းရွိခုိး
ၿပီးအခ်ိန္ျဖဳန္းမေနဘူး။ သေဘၤာနစ္တာနဲ႔တၿပိဳင္နက္ သူဟာ သတိကိုေမြးျမဴလိုက္ပါတယ္။ ၿပီးေတာ့ေထာ ပတ္နဲ႔သၾကားကိုနယ္ၿပီးေတာ့ ဗုိက္၀ေအာင္စားလုိက္ပါတယ္။ သူဗုိက္၀ေအာင္စားတာက သမုဒၵရာအတြင္း
လႈိင္းလံုးေတြၾကားထဲမွာ ကူးခပ္တဲ့အခါ အားရွိဖို႔ရယ္၊ဗိုက္ဆာၿပီးမြတ္သိပ္တဲ့ေ၀ဒနာေၾကာင့္ ပင္ပန္းျခင္း
ဆင္းရဲလြတ္ကင္းဖို႔ရယ္ အတြက္ေၾကာင့္ျဖစ္ပါတယ္။


ဗုိက္ျပည့္ၿပီဆိုေတာ့ ဘုရားေလာင္းဟာအင္မတန္ေခ်ာမြတ္ခုိင္ခံ့တဲ့ ပုဆိုးႏွစ္ထည္ကို ေရမ၀င္ေအာင္ဆီေတြနဲ႔သုပ္လိမ္းၿပီး ၀တ္ပါတယ္။ အားလံုးျပည့္စံုၿပီဆိုမွ တစ္စတစ္စနစ္ေနတဲ့ သေဘၤာရဲ႕ လင္းယဥ္တိုင္ထိပ္ကို တက္လိုက္ပါတယ္။

ရြက္တိုင္ထိပ္ဖ်ားကေနေအာက္ကို ၾကည့္လုိက္ေတာ့ သေဘၤာေပၚမွာပါလာတဲ့ လူခုႏွစ္ရာေလာက္ဟာလံု႕လျပဳဖို႔ကိုေတာ့ အားမထုတ္ဘူး။ ကယ္ပါယူပါ တစာစာႏွင့္ငိုေၾကြးမည္တမ္းေနတာကိုေတြ႕ရပါတယ္ ။ ဒီလို ငိုေၾကြးရင္းနဲ႔ပဲသူတို႔ဟာ ငါးလိပ္မကန္းတုိ႔ရဲ႕ အစာေတြျဖစ္သြားၾကတာကိုလည္းျမင္ရပါတယ္။

သေဘၤာ ပတ္၀န္း က်င္တစ္ခုလံုးဟာေသြးေတြနဲ႔လႊမ္းေနပါတယ္။ ျခင္းျခင္းနီေနတဲ့ေသြးအျပင္ကိုျမင္ရေတာ့ မိတၳိလာျပည္ရွိရာအရပ္ကို မ်က္ႏွာမူၿပီးေတာ့ မဟာဇနကမင္းသားဟာေသြးအျပင္ကို လြတ္ေအာင္ရြက္တိုင္ ထိပ္ ကေန အားစိုက္ၿပီး ပင္လယ္ထဲကိုလႊားကနဲခုန္ခ်လုိက္ ပါတယ္။ လႈိင္းေတြ ထန္ေနတဲ့ သမုဒၵရာ ျပင္ က်ယ္ႀကီးထဲကိုလဲေရာက္ေရာ မင္းသားဟာရဲရင့္တင္း မာတဲ့စိတ္ႏွင့္ကိုယ္လိုရာအရပ္ကိုအျမန္ေရာက္
ေၾကာင္း ေကာင္းျမတ္တဲ့လံု႕လကိုျပဳၿပီးမဆုတ္ မတြန္႔အားထုတ္ၿပီး ကူးခတ္ရင္းသာ အခ်ိန္ေတြကို ကုန္ လြန္သြားေစခဲ့ပါတယ္။

ဒီလိုကမ္းမျမင္တဲ့ မဟာသမုဒၵရာေရျပင္က်ယ္ႀကီးထဲမွာ မေနမနားႀကိဳးစားၿပီးကူးခတ္ေနတာဟာ ခုနွစ္ရက္ တိတိၾကာခဲ့ပါၿပီ။ခုႏွစ္ရက္ေျမာက္တဲ့ေန႔မွာေတာ့ ကမ္းမျမင္တဲ့သမုဒၵရာေရျပင္က်ယ္အလယ္မွာ မေမွ်ာ္လင့္ တဲ့ အသံတစ္ခု ကိုၾကားလုိက္ပါတယ္။ အသံကေတာ့.......

အို အေမာင္၊ သင္ဟာ ဒီသမုဒၵရာထဲမွာ ဒီလိုကူးခတ္ေနတာဟာ စိတ္မွေကာင္းေသးရဲ႕လား။ ရူးေနတာ လားတဲ့။

မင္းသားဟာမေမွ်ာ္လင့္တဲ့အသံကိုၾကားလုိက္ရတဲ့အတြက္ အ့့ံၾသျခင္း၀မ္းေျမာက္ျခင္းႏွင့္အတူ ပင္လယ္ျပင္ မွာကူးရင္း အသံလာရာကိုလွမ္းၾကည့္လိုက္မိတယ္။

မင္းသားရဲ႕ေရွ႕စူးစူးေကာင္းကင္မွာ နတ္သမီးတစ္ပါးကိုေတြ႕ရတယ္။ ဒီေတာ့ နတ္သမီးက သူ႔ကိုေမးျပန္ တယ္။

အေျပာက်ယ္လွတဲ့ သမုဒၵရာအလယ္မွာ ဘယ္လိုလွမ္းၾကည့္လို႔မွ ကမ္းကိုမျမင္ႏုိင္ပါဘဲနဲ႔ ရဲရဲစူးစူးကူးေန တာ ဘယ္သူလဲ။တစ္ဖက္ကမ္းကိုမေရာက္ႏိုင္တဲ့ ဒီမဟာသမုဒၵရာႀကီးထဲမွာ အပင္ပန္းခံၿပီးကူးေန
လို႔ ဘာအက်ဳိးရွိမွာလဲ။ သင့္ဆႏၵျပည့္မယ္လို႔ထင္ေနလို႔မ်ား ဒီလိုမရပ္မနားကူးေနတာလား။ သင္ဒီလိုကူးေန လို႔ဘာအက်ဳိးထူူးမွာလဲ တဲ့။

နတ္သမီးရဲ႕ေမးခြန္းက မင္းသားရဲ႕မေနာကို စူးစမ္းလိုက္ပါၿပီ။ မင္းသားရဲ႕စိတ္ထဲမွာေတာ့ ဒီသမုဒၵရာထဲမွာ ငါကူးခတ္ေနတာခုႏွစ္ရက္ေတာင္ရွိၿပီ။ ဘာအသံမွမၾကားခဲ့ရဘူး။ ခု ထူးထူးျခားျခားဒီအသံကိုၾကားရတယ္။ ထူးေတာ့ထူးၿပီလို႔ေတြးၿပီး နတ္သမီးကိုၾကည့္လုိက္ပါတယ္။ၿပီးမွ ဘုရားေလာင္းက ဒီလိုျပန္ေျဖပါတယ္။

ေလာကမွာ ဒီလိုလုပ္ရင္ ဒီအျပစ္မ်ဳိးျဖစ္တယ္။ ဒီလိုလုပ္ရင္ ဒီအျပစ္ကလြတ္တယ္ ဆိုတ့ဲသေဘာ တရားမ်ဳိးရွိ ပါ တယ္။ ဒီအလုပ္ မ်ဳိးလုပ္ရင္ေတာ့ သံသရာမွာပါအက်ဳိးရွိ တယ္ဆိုတဲ့ လူေတြက်င့္အပ္တဲ့ အက်င့္စရုိက္
ေတြလည္းရွိပါတယ္တဲ့။ ၿပီးေတာ့ ပစၥဳပၸန္ သံသရာ မ်က္ေမွာက္မ်က္ကြယ္ အျပစ္လြတ္ေအာင္ ေယာက္်ား
ေတြ ဟာ ေကာင္းစြာအားထုတ္သင့္တယ္ဆိုတဲ့ လူ႔သေဘာမ်ဳိးလည္းရွိပါတယ္။ ဒီလိုေကာင္းစြာ အားထုတ္ သင့္တဲ့ေယာက္်ားတို႔ရဲ႕ လံု႔လဟာအက်ဳိးမရိွဘူးဆုိတာ မရွိပါဘူး။ ဒီလိုအားထုတ္လို႔ရွိရင္ ပစၥဳပၸန္သံသရာ တစ္ခုခုမွာခ်မ္းသာသုခကို မလြတ္တမ္းမုခ်ခံစားရမွာပဲလို႔ ငါဟာ ဆင္ျခင္ေတြးျမင္ခဲ့တဲ့လူပါ။ ဒါေၾကာင့္
ဒီအေျပာက်ယ္လွတဲ့ သမုဒၵရာထဲမွာ လည္း ငါဟာေယာက္်ားတို႔ရဲ႕လံု႔လကို မေလွ်ာ့ဘဲႏွင့္ကူးတယ္။ အားထုတ္ျခင္းဟာ အက်ဳိးမဲ့မျဖစ္ဘူးလို႔ ငါယံုၾကည္တယ္။ ဒီေတာ့ ကမ္းကိုမျမင္ရုံအေၾကာင္းေလာက္ႏွင့္ ငါဟာဘာျဖစ္လို႔ ေယာက္်ားတို႔ရဲ႕ဇြဲလံု႔လကို ေလွ်ာ့ရမွာလဲ။ ကမ္းကိုျမင္ျမင္ မျမင္ျမင္ အက်ဳိးကိုျမင္လို႔ငါကူး
ခပ္တယ္လို႔ ဆိုလိုက္ပါတယ္။
ဒီအခါ နတ္သမီးက မင္းသားရဲ႕စိတ္ကိုထပ္ၿပီး စမ္းလိုတဲ့အတြက္ ေမးျပန္ပါတယ္။

လုလင္ပ်ဳိ ေယာက္်ားတုိ႕ရဲ႕လံု႕လဟာ အက်ဳိးရွိဖုိ႔အေၾကာင္းသာျဖစ္တယ္ဆို တဲ့ သင္ေျပာတဲ့စကားဟာ တျခားကိစၥမွာေတာ့ မွန္ခ်င္မွမွန္လိမ့္မယ္။ အေစာက္ အေျပာအားျဖင့္ မေရမတြက္ႏိုင္ေအာင္က်ယ္လွ တဲ့ ဒီမဟာသမုဒၵရာႀကီးထဲမွာ လက္ပစ္ကူးေနလို႔ေတာ့ျဖင့္ ကမ္းကိုလည္း ေရာက္မွာမဟုတ္ဘူး။ အက်ဳိးမဲ့
ပ်က္စီးျခင္းကိုသာ မုခ်ေရာက္မွာမလြဲဘူး။ သင္ဒီလိုႀကိဳးစားအားထုတ္ေနတာဟာ ေနရာမက်ဘူး။ အရာ မဟုတ္ဘဲႀကိဳးစားေနလည္း အပိုပဲ။ အခ်ည္းႏွီးျဖစ္ၿပီး ကိုယ္ပင္ပန္းတာပဲအဖတ္တင္မယ္မဟုတ္လားတဲ့။ ဒီေတာ့ မင္းသားကယတိျပတ္စကားတစ္ခြန္းကိုဆိုလိုက္ပါတယ္။

နတ္သမီး ကမ္းကိုမေရာက္လို႔ ေသရင္လည္း အျပစ္ကင္းေအာင္ေသမယ္။ေယာက္်ားျဖစ္ၿပီး လံု႔လကိုမျပဳဘဲ အေသခံသြားတယ္လို႔ေတာ့ အကဲ့ရဲ႕မခံဘူး။ လံု႔လမျပဳလို႔ေသရတယ္လို႔ ကိုယ့္ကိုယ္ ကိုယ္ ေနာင္တရ
ေအာင္လည္း ငါမလုပ္ဘူး။ ဒါ့ေၾကာင့္ ေသခ်င္ေသ၊ ေနာင္လူတို႔ အျပစ္တင္လြတ္ေအာင္ ငါလံု႔လျပဳတယ္တဲ့။

ေလာကမွာ လံု႔လျပဳရင္း ေသသြားတဲ့အျဖစ္ဟာ ေလာကရဲ႕ကဲ့ရဲ႕ျခင္း၊ အျပစ္တင္ျခင္းက လြတ္တယ္ဆိုတဲ့ အေတြးအျမင္(ဒႆန)ကို ေပးတဲ့ မဟာဇနကရဲ႕ စကားဟာ မွတ္ဖြယ္ေကာင္းပါတယ္။

ဒီအခါ နတ္သမီးက လံု႔လအျပဳမွားပံုသေဘာကို ေျပာျပန္တယ္။

မင္းသား လူေတြဟာ လံု႕လမျပဳအပ္တဲ့ကိစၥမွာ လံု႔လျပဳရင္ လံု႔လျပဳမွားတယ္လို႔ဆိုရပါမယ္။ ဒီလိုလံု႔လမ်ဳိး ဟာအရာမက်တဲ့အတြက္လိုအပ္တဲ့ကိစၥလည္းမျပီးဘူး။ မေတာ္ရင္ေသခ်င္ရင္ေသမယ္။ ကိုယ္စိတ္ပင္ပန္း
ဆင္းရဲမယ္။ ပရိသတ္အလယ္မွာ အရွက္ေသာ္လည္းရမယ္။ ခုမင္းသားလည္း ကမ္းမျမင္တဲ့ သမုဒၵရာမွာ ကူးေနတာဟာ ေနရာက်တဲ့ လံု႔လလို႔ဆိုနိုင္မလားတဲ့။

ဒီေမးခြန္းကို မဟာဇနကမင္းသားဟာ အလြန္ေလးနက္ခိုင္ခံ့တဲ့ အေျဖေတြႏွင့္ေျဖပါတယ္။ ဘယ္လိုေျဖ သလဲဆိုေတာ့

ဆိုပါေတာ့ နတ္သမီး။ ငါယခု သမုဒၵရာကို လက္ပစ္ကူးသလို လူေတြမွာ ေဆာင္ရြက္လို႔ မျပီးႏုိင္တဲ့ကိစၥႀကီး ငယ္ေတြရွိတဲ့အခါဟာ ငါဘယ္ေလာက္လုပ္ေနလုပ္ေနၿပီးမွာမွ မဟုတ္တာလို႔ဆိုၿပီး လံု႔လကိုေလွ်ာ့မယ္။
မလုပ္ပဲေနမယ္ဆိုရင္ပဲျဖစ္ျဖစ္ကံၾကမၼာ အတုိင္းသာျဖစ္ပါေစေတာ့လို႔ဆိုၿပီးကံၾကမၼာကုိပံုခ်ၿပီး လံု႔လမျပဳ ဘဲေနရင္ပဲျဖစ္ျဖစ္လူ႔ကိစၥကို မေျပာပါႏွင့္၊ ေလာကမွာ တိရစၧာန္ကို ေစာင့္ထိန္းတဲ့ လူေတာင္ျပင္းျပတဲ့ကိစၥေတြမွာ ငါေမြးထားတဲ့ တိရစၧာန္ေတြသက္သာပါေစေတာ့ ဆိုတဲ့ စိတ္ႏွင့္သက္သာရာ သက္သာေၾကာင္း ျပဳလုပ္ေဆာင္ရြက္မေပးဘဲႏွင့္ ပစ္ထားမယ္ဆိုရင္ပဲျဖစ္ျဖစ္ အဲဒီလူကို ေလာကမွာ လူပ်င္းလူတန္လို႔
ဆိုၿပီး အျပစ္မတင္ၾကေပဘူးလား။

ကိုယ့္ဆီေရာက္ၿပီး ရင္ဆုိင္ရေတာ့မယ့္ ကိစၥျဖစ္လာမွာေတာ့ တန္တန္မတန္တန္ရာရာမရာရာ ဒါေတြ ေျပာ
ေနလို႔လည္းျဖစ္တာမွမဟုတ္တာ။ ေအာင္တာမေအာင္တာလည္းအပထား။ လံု႔လကိုေတာ့မေလွ်ာ့ထုိက္ဘူး။ ကိုယ္တတ္ႏုိင္သေလာက္ေတာ့ေဆာင္ရြက္ၾကရမွာပဲ။

ခုသင္နတ္သမီးေျပာေနတဲ့ စကားေတြဟာ ေလာကမွာ လူပ်င္းလူတန္ေတြေျပာေနတဲ့အလုပ္မွန္သမွ် ကို ေဆာင္ရြက္လိုသည္ျဖစ္ေစ၊ မေဆာင္ရြက္လိုသည္ျဖစ္ေစ၊ကိုယ့္အလိုဆႏၵျပည့္စံုမယ္လို႔ အမွန္သိရင္
ပ်င္းရိေနလို႔ ျဖစ္ပါ့မလား။ ေကာင္းျမတ္တဲ့လံု႔လကို ကိုယ္ႏွင့္လုပ္သင့္ရင္ကိုယ္ ႏႈတ္ ႏွင့္ေဆာင္ရြက္ သင့္ရင္ ႏႈတ္၊ စိတ္ျဖင့္ႀကံသင့္ရင္ စိတ္အားျဖင့္ျပဳလုပ္အားထုတ္သင့္တယ္မဟုတ္လား။

နတ္သမီး လ့ု႔ံလျပဳလုိ႕ဘာအက်ဳိးရွိမွာလဲ ဆိုတာကို ငါအေထြအထူးဘာေျပာစရာလိုေသးမွာလဲ။ ခုၾကည့္ သမုဒၵရာမွာငါႏွင့္အတူ သေဘၤာသားခုႏွစ္ရာလံုးသေဘၤာပ်က္ၿပီးနစ္ၾကရတယ္။ နစ္ၾကတာခ်င္းအတူတူ
ဟိုလူေတြအားလံုးလံု႔လမျပဳလုိ႕ငါးလိပ္ေတြရဲ႕အစာေတြျဖစ္ၿပီးေသကုန္ၾကတယ္။ ငါကေတာ့ လံု႕လကို မေလွ်ာ့ခဲ့လို႔ ငါးလိပ္တို႔ေဘးကလည္းလြတ္ကင္းခဲ့ၿပီ။ လူသာမန္ေတြျမင္ရခဲတဲ့သင္နတ္သမီးကိုေတာင္ နီးနီးကပ္ကပ္ မွတ္မွတ္ထင္ထင္ ငါျမင္ၿပီး စကားေတာင္ေျပာရၿပီ။ ဒါေတြဟာလံု႔လရဲ႕အက်ဳိးေတြပဲေပါ့။ ခုသင္ကယ္လွ်င္လည္း ငါရွင္မယ္။ သင္မကယ္လို႔ငါေသဆံုးသြားလည္း လံု႔လရဲ႕အက်ဳိးငါ့မွာမရွိၿပီလို႔
ရဲရဲတင္းတင္း ၿမဲၿမံခုိင္ၿမဲတဲ့ စိတ္ႏွင့္ေျဖလိုက္ပါတယ္။

ဒီတင္နတ္သမီးလည္း ဘုရားေလာင္းမင္းသားရဲ႕ ဇြဲလံု႔လ၀ီရိယႏွင့္ ဇြဲသတၱိခုိင္မာတဲ့စိတ္ဓါတ္ႏွင့္ျပင္းထန္ တဲ့ ဆႏၵကိုမခ်ီးက်ဴးဘဲမေနႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္နတ္သမီးက ေယာ တြံဧ၀ံ ဂေတ ၾသေဃ အစခ်ီတဲ့ ဂါထာႏွင့္ခ်ီးမြမ္းပါတယ္။ ဂါထာရဲ႕အဓိပၸါယ္ကေတာ့................
မင္းသား သင္ဟာ အေျပာက်ယ္လွတဲ့ ဒီမဟာသမုဒၵရာရဲ႕အလယ္မွာ သူတစ္ပါး ျပဳႏုိင္ခဲလွတဲ့ ၿမဲၿမံခုိင္ခံံ့တဲ့ စိတ္ႏွင့္တြန္႔လိပ္ ဆုတ္နစ္ျခင္းမရွိ မိမိလိုရာေရာက္ေၾကာင္း ေကာင္းျမတ္ေျဖာင့္စင္းတဲ့ လံု႔လႏွင့္ျပည့္စံု
တာကေတာ ့အမွန္ပါပဲ။ ဒီလံု႔လေၾကာင့္လည္း ငါးလိပ္တို႔ရဲ႕ ေဘးရန္ကလြတ္ေျမာက္ၿပီး ဒီသမုဒၵရာႀကီး ထဲ မွာ မနစ္မႊန္းဘဲခ်မ္းသာ ခဲ့တာလည္း အမွန္ပါပဲ။ ကဲခုသင္မင္း ေရာက္လိုရာ အရပ္ကိုသာ ေျပာပါေတာ့၊ ငါသင့္ကိုဆယ္တင္ေတာ့မယ္တဲ့။

ဘ၀ခရီးမွာ ဒုကၡေတြ၊ ေဘးအႏၱရာယ္ေတြ အခက္အခဲေတြ ရင္ဆိုင္ႀကံဳေတြ႕ၾကရတာဟာ လူသားေတြ အဖို႔ စိတ္ဓါတ္က်စရာအေၾကာင္းမဟုတ္ပါဘူး။ ဧ၀ရက္ေတာင္တက္သမားေတြခံယူထားၾကသလို ဒုကၡ အႏၱ ရာယ္ေတြကို ရင္ဆိုင္ျဖတ္ေက်ာ္ရတာဟာ လူသားတို႔မွာရွိတဲ့ အစြမ္းသတၱိအေလ်ာက္အဲဒီအခက္အခဲ က လြတ္ေျမာက္ေအာက္အားထုတ္ႏုိင္သူကို လူသားေတြက ေအာင္ႏုိင္သူအျဖစ္ သတ္မွတ္ၾကတာလည္း ဓမၼတာပါ။

ဒါေၾကာင့္ ဘ၀ရဲ႕အစမ္းသပ္ခံရတဲ့ လူတိုင္းဟာ ေအာင္ျမင္မႈႏွင့္နီးစပ္ေနတဲ့လူျဖစ္ေနပါၿပီ။ အားကစား မွာခ်န္ပီယံဘြဲ႕ကိုရဖို႔အတြက္လူတစ္ေယာက္ဟာ အားစမ္းပြဲအဆင့္ဆင့္ကို ရင္ဆိုင္ေက်ာ္ျဖတ္ရမွာပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆန္းလြင္
ေရႊေတာင္တက္ဒႆန


# Unicode Version ျဖင့္ ဖတ္ပါ #

ရှေးပဝေသဏီအခါက ပင်လယ်တွင်းမှာ လေပြင်းမုန်တိုင်းမိပြီး သင်္ဘောကြီးနစ်သွားတဲ့အခါ မဆုတ်မနစ် တဲ့ လုံ့လနဲ့ ပင်လယ်ပြင်ကိုလက်ပစ်ကူးခဲ့ကြတဲ့ ဘုရားလောင်းဇနက မင်းသားအကြောင်းကို ကြားဖူးသူတွေ များကြပါလိမ့်မယ်။

ပင်လယ်ပြင်မှာ သင်္ဘောနစ်တဲ့အခါ ကြုံဆုံလာတဲ့ဘေးကို ငိုကြွေးပြီးရင်ဆိုင်နေကြတဲ့  ခရီးသွားအဖော်တွေ ရဲ့အဖြစ်တွေကိုမြင်တော့ ဘုရားလောင်းကသူ့ကိုယ်သူဆုံးမပါတယ်။

ရောက်လာသောဘေးကို ငိုကြွေး၍လွတ်မည်မဟုတ်။ အားထုတ်သော ယောက်ျားတို့၏ အစွမ်းသာလျှင်
ဘေးလွတ်ကြောင်းဖြစ်၏တဲ့။

ဘုရားလောင်းရဲ့ဒီအတွေးဟာ ရှင်းလင်းပြတ်သားတဲ့အပြင် လူ့လောကတည်ရှိနေမယ့် ကာလပတ်လုံး မှန် ကန်နေမယ့်အတွေးအမြင်လည်းဖြစ်ပါတယ်။ ဇနကမင်းသားဟာ မှန်ကန်တဲ့ အတွေးအမြင်ကို ရရှိတာနှင့် တစ်ပြိုင်နက်ကြုံဆုံလာပြီဖြစ်တဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်း သင့်တယ်ဆိုတဲ့ နည်းလမ်းစကိုရပါတော့ တယ်။

ငိုကြွေးခြင်းဟာဘေးလွတ်ကြောင်းမဟုတ်တဲ့အတွက် သူဟာမငိုကြွေးဘူး။ သမုဒ္ဒရာနတ်တွေကိုလည်းရှိခိုး
ပြီးအချိန်ဖြုန်းမနေဘူး။ သင်္ဘောနစ်တာနဲ့တပြိုင်နက် သူဟာ သတိကိုမွေးမြူလိုက်ပါတယ်။ ပြီးတော့ထော ပတ်နဲ့သကြားကိုနယ်ပြီးတော့ ဗိုက်ဝအောင်စားလိုက်ပါတယ်။ သူဗိုက်ဝအောင်စားတာက သမုဒ္ဒရာအတွင်း
လှိုင်းလုံးတွေကြားထဲမှာ ကူးခပ်တဲ့အခါ အားရှိဖို့ရယ်၊ဗိုက်ဆာပြီးမွတ်သိပ်တဲ့ဝေဒနာကြောင့် ပင်ပန်းခြင်း
ဆင်းရဲလွတ်ကင်းဖို့ရယ် အတွက်ကြောင့်ဖြစ်ပါတယ်။


ဗိုက်ပြည့်ပြီဆိုတော့ ဘုရားလောင်းဟာအင်မတန်ချောမွတ်ခိုင်ခံ့တဲ့ ပုဆိုးနှစ်ထည်ကို ရေမဝင်အောင်ဆီတွေနဲ့သုပ်လိမ်းပြီး ဝတ်ပါတယ်။ အားလုံးပြည့်စုံပြီဆိုမှ တစ်စတစ်စနစ်နေတဲ့ သင်္ဘောရဲ့ လင်းယဉ်တိုင်ထိပ်ကို တက်လိုက်ပါတယ်။

ရွက်တိုင်ထိပ်ဖျားကနေအောက်ကို ကြည့်လိုက်တော့ သင်္ဘောပေါ်မှာပါလာတဲ့ လူခုနှစ်ရာလောက်ဟာလုံ့လပြုဖို့ကိုတော့ အားမထုတ်ဘူး။ ကယ်ပါယူပါ တစာစာနှင့်ငိုကြွေးမည်တမ်းနေတာကိုတွေ့ရပါတယ် ။ ဒီလို ငိုကြွေးရင်းနဲ့ပဲသူတို့ဟာ ငါးလိပ်မကန်းတို့ရဲ့ အစာတွေဖြစ်သွားကြတာကိုလည်းမြင်ရပါတယ်။

သင်္ဘော ပတ်ဝန်း ကျင်တစ်ခုလုံးဟာသွေးတွေနဲ့လွှမ်းနေပါတယ်။ ခြင်းခြင်းနီနေတဲ့သွေးအပြင်ကိုမြင်ရတော့ မိတ္ထိလာပြည်ရှိရာအရပ်ကို မျက်နှာမူပြီးတော့ မဟာဇနကမင်းသားဟာသွေးအပြင်ကို လွတ်အောင်ရွက်တိုင် ထိပ် ကနေ အားစိုက်ပြီး ပင်လယ်ထဲကိုလွှားကနဲခုန်ချလိုက် ပါတယ်။ လှိုင်းတွေ ထန်နေတဲ့ သမုဒ္ဒရာ ပြင် ကျယ်ကြီးထဲကိုလဲရောက်ရော မင်းသားဟာရဲရင့်တင်း မာတဲ့စိတ်နှင့်ကိုယ်လိုရာအရပ်ကိုအမြန်ရောက်
ကြောင်း ကောင်းမြတ်တဲ့လုံ့လကိုပြုပြီးမဆုတ် မတွန့်အားထုတ်ပြီး ကူးခတ်ရင်းသာ အချိန်တွေကို ကုန် လွန်သွားစေခဲ့ပါတယ်။

ဒီလိုကမ်းမမြင်တဲ့ မဟာသမုဒ္ဒရာရေပြင်ကျယ်ကြီးထဲမှာ မနေမနားကြိုးစားပြီးကူးခတ်နေတာဟာ ခုနှစ်ရက် တိတိကြာခဲ့ပါပြီ။ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ ကမ်းမမြင်တဲ့သမုဒ္ဒရာရေပြင်ကျယ်အလယ်မှာ မမျှော်လင့် တဲ့ အသံတစ်ခု ကိုကြားလိုက်ပါတယ်။ အသံကတော့.......

အို အမောင်၊ သင်ဟာ ဒီသမုဒ္ဒရာထဲမှာ ဒီလိုကူးခတ်နေတာဟာ စိတ်မှကောင်းသေးရဲ့လား။ ရူးနေတာ လားတဲ့။

မင်းသားဟာမမျှော်လင့်တဲ့အသံကိုကြားလိုက်ရတဲ့အတွက် အ့ံ့သြခြင်းဝမ်းမြောက်ခြင်းနှင့်အတူ ပင်လယ်ပြင် မှာကူးရင်း အသံလာရာကိုလှမ်းကြည့်လိုက်မိတယ်။

မင်းသားရဲ့ရှေ့စူးစူးကောင်းကင်မှာ နတ်သမီးတစ်ပါးကိုတွေ့ရတယ်။ ဒီတော့ နတ်သမီးက သူ့ကိုမေးပြန် တယ်။

အပြောကျယ်လှတဲ့ သမုဒ္ဒရာအလယ်မှာ ဘယ်လိုလှမ်းကြည့်လို့မှ ကမ်းကိုမမြင်နိုင်ပါဘဲနဲ့ ရဲရဲစူးစူးကူးနေ တာ ဘယ်သူလဲ။တစ်ဖက်ကမ်းကိုမရောက်နိုင်တဲ့ ဒီမဟာသမုဒ္ဒရာကြီးထဲမှာ အပင်ပန်းခံပြီးကူးနေ
လို့ ဘာအကျိုးရှိမှာလဲ။ သင့်ဆန္ဒပြည့်မယ်လို့ထင်နေလို့များ ဒီလိုမရပ်မနားကူးနေတာလား။ သင်ဒီလိုကူးနေ လို့ဘာအကျိုးထူူးမှာလဲ တဲ့။

နတ်သမီးရဲ့မေးခွန်းက မင်းသားရဲ့မနောကို စူးစမ်းလိုက်ပါပြီ။ မင်းသားရဲ့စိတ်ထဲမှာတော့ ဒီသမုဒ္ဒရာထဲမှာ ငါကူးခတ်နေတာခုနှစ်ရက်တောင်ရှိပြီ။ ဘာအသံမှမကြားခဲ့ရဘူး။ ခု ထူးထူးခြားခြားဒီအသံကိုကြားရတယ်။ ထူးတော့ထူးပြီလို့တွေးပြီး နတ်သမီးကိုကြည့်လိုက်ပါတယ်။ပြီးမှ ဘုရားလောင်းက ဒီလိုပြန်ဖြေပါတယ်။

လောကမှာ ဒီလိုလုပ်ရင် ဒီအပြစ်မျိုးဖြစ်တယ်။ ဒီလိုလုပ်ရင် ဒီအပြစ်ကလွတ်တယ် ဆိုတဲ့သဘော တရားမျိုးရှိ ပါ တယ်။ ဒီအလုပ် မျိုးလုပ်ရင်တော့ သံသရာမှာပါအကျိုးရှိ တယ်ဆိုတဲ့ လူတွေကျင့်အပ်တဲ့ အကျင့်စရိုက်
တွေလည်းရှိပါတယ်တဲ့။ ပြီးတော့ ပစ္စုပ္ပန် သံသရာ မျက်မှောက်မျက်ကွယ် အပြစ်လွတ်အောင် ယောက်ျား
တွေ ဟာ ကောင်းစွာအားထုတ်သင့်တယ်ဆိုတဲ့ လူ့သဘောမျိုးလည်းရှိပါတယ်။ ဒီလိုကောင်းစွာ အားထုတ် သင့်တဲ့ယောက်ျားတို့ရဲ့ လုံ့လဟာအကျိုးမရှိဘူးဆိုတာ မရှိပါဘူး။ ဒီလိုအားထုတ်လို့ရှိရင် ပစ္စုပ္ပန်သံသရာ တစ်ခုခုမှာချမ်းသာသုခကို မလွတ်တမ်းမုချခံစားရမှာပဲလို့ ငါဟာ ဆင်ခြင်တွေးမြင်ခဲ့တဲ့လူပါ။ ဒါကြောင့်
ဒီအပြောကျယ်လှတဲ့ သမုဒ္ဒရာထဲမှာ လည်း ငါဟာယောက်ျားတို့ရဲ့လုံ့လကို မလျှော့ဘဲနှင့်ကူးတယ်။ အားထုတ်ခြင်းဟာ အကျိုးမဲ့မဖြစ်ဘူးလို့ ငါယုံကြည်တယ်။ ဒီတော့ ကမ်းကိုမမြင်ရုံအကြောင်းလောက်နှင့် ငါဟာဘာဖြစ်လို့ ယောက်ျားတို့ရဲ့ဇွဲလုံ့လကို လျှော့ရမှာလဲ။ ကမ်းကိုမြင်မြင် မမြင်မြင် အကျိုးကိုမြင်လို့ငါကူး
ခပ်တယ်လို့ ဆိုလိုက်ပါတယ်။
ဒီအခါ နတ်သမီးက မင်းသားရဲ့စိတ်ကိုထပ်ပြီး စမ်းလိုတဲ့အတွက် မေးပြန်ပါတယ်။

လုလင်ပျို ယောက်ျားတို့ရဲ့လုံ့လဟာ အကျိုးရှိဖို့အကြောင်းသာဖြစ်တယ်ဆို တဲ့ သင်ပြောတဲ့စကားဟာ တခြားကိစ္စမှာတော့ မှန်ချင်မှမှန်လိမ့်မယ်။ အစောက် အပြောအားဖြင့် မရေမတွက်နိုင်အောင်ကျယ်လှ တဲ့ ဒီမဟာသမုဒ္ဒရာကြီးထဲမှာ လက်ပစ်ကူးနေလို့တော့ဖြင့် ကမ်းကိုလည်း ရောက်မှာမဟုတ်ဘူး။ အကျိုးမဲ့
ပျက်စီးခြင်းကိုသာ မုချရောက်မှာမလွဲဘူး။ သင်ဒီလိုကြိုးစားအားထုတ်နေတာဟာ နေရာမကျဘူး။ အရာ မဟုတ်ဘဲကြိုးစားနေလည်း အပိုပဲ။ အချည်းနှီးဖြစ်ပြီး ကိုယ်ပင်ပန်းတာပဲအဖတ်တင်မယ်မဟုတ်လားတဲ့။ ဒီတော့ မင်းသားကယတိပြတ်စကားတစ်ခွန်းကိုဆိုလိုက်ပါတယ်။

နတ်သမီး ကမ်းကိုမရောက်လို့ သေရင်လည်း အပြစ်ကင်းအောင်သေမယ်။ယောက်ျားဖြစ်ပြီး လုံ့လကိုမပြုဘဲ အသေခံသွားတယ်လို့တော့ အကဲ့ရဲ့မခံဘူး။ လုံ့လမပြုလို့သေရတယ်လို့ ကိုယ့်ကိုယ် ကိုယ် နောင်တရ
အောင်လည်း ငါမလုပ်ဘူး။ ဒါ့ကြောင့် သေချင်သေ၊ နောင်လူတို့ အပြစ်တင်လွတ်အောင် ငါလုံ့လပြုတယ်တဲ့။

လောကမှာ လုံ့လပြုရင်း သေသွားတဲ့အဖြစ်ဟာ လောကရဲ့ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်းက လွတ်တယ်ဆိုတဲ့ အတွေးအမြင်(ဒဿန)ကို ပေးတဲ့ မဟာဇနကရဲ့ စကားဟာ မှတ်ဖွယ်ကောင်းပါတယ်။

ဒီအခါ နတ်သမီးက လုံ့လအပြုမှားပုံသဘောကို ပြောပြန်တယ်။

မင်းသား လူတွေဟာ လုံ့လမပြုအပ်တဲ့ကိစ္စမှာ လုံ့လပြုရင် လုံ့လပြုမှားတယ်လို့ဆိုရပါမယ်။ ဒီလိုလုံ့လမျိုး ဟာအရာမကျတဲ့အတွက်လိုအပ်တဲ့ကိစ္စလည်းမပြီးဘူး။ မတော်ရင်သေချင်ရင်သေမယ်။ ကိုယ်စိတ်ပင်ပန်း
ဆင်းရဲမယ်။ ပရိသတ်အလယ်မှာ အရှက်သော်လည်းရမယ်။ ခုမင်းသားလည်း ကမ်းမမြင်တဲ့ သမုဒ္ဒရာမှာ ကူးနေတာဟာ နေရာကျတဲ့ လုံ့လလို့ဆိုနိုင်မလားတဲ့။

ဒီမေးခွန်းကို မဟာဇနကမင်းသားဟာ အလွန်လေးနက်ခိုင်ခံ့တဲ့ အဖြေတွေနှင့်ဖြေပါတယ်။ ဘယ်လိုဖြေ သလဲဆိုတော့

ဆိုပါတော့ နတ်သမီး။ ငါယခု သမုဒ္ဒရာကို လက်ပစ်ကူးသလို လူတွေမှာ ဆောင်ရွက်လို့ မပြီးနိုင်တဲ့ကိစ္စကြီး ငယ်တွေရှိတဲ့အခါဟာ ငါဘယ်လောက်လုပ်နေလုပ်နေပြီးမှာမှ မဟုတ်တာလို့ဆိုပြီး လုံ့လကိုလျှော့မယ်။
မလုပ်ပဲနေမယ်ဆိုရင်ပဲဖြစ်ဖြစ်ကံကြမ္မာ အတိုင်းသာဖြစ်ပါစေတော့လို့ဆိုပြီးကံကြမ္မာကိုပုံချပြီး လုံ့လမပြု ဘဲနေရင်ပဲဖြစ်ဖြစ်လူ့ကိစ္စကို မပြောပါနှင့်၊ လောကမှာ တိရစ္ဆာန်ကို စောင့်ထိန်းတဲ့ လူတောင်ပြင်းပြတဲ့ကိစ္စတွေမှာ ငါမွေးထားတဲ့ တိရစ္ဆာန်တွေသက်သာပါစေတော့ ဆိုတဲ့ စိတ်နှင့်သက်သာရာ သက်သာကြောင်း ပြုလုပ်ဆောင်ရွက်မပေးဘဲနှင့် ပစ်ထားမယ်ဆိုရင်ပဲဖြစ်ဖြစ် အဲဒီလူကို လောကမှာ လူပျင်းလူတန်လို့
ဆိုပြီး အပြစ်မတင်ကြပေဘူးလား။

ကိုယ့်ဆီရောက်ပြီး ရင်ဆိုင်ရတော့မယ့် ကိစ္စဖြစ်လာမှာတော့ တန်တန်မတန်တန်ရာရာမရာရာ ဒါတွေ ပြော
နေလို့လည်းဖြစ်တာမှမဟုတ်တာ။ အောင်တာမအောင်တာလည်းအပထား။ လုံ့လကိုတော့မလျှော့ထိုက်ဘူး။ ကိုယ်တတ်နိုင်သလောက်တော့ဆောင်ရွက်ကြရမှာပဲ။

ခုသင်နတ်သမီးပြောနေတဲ့ စကားတွေဟာ လောကမှာ လူပျင်းလူတန်တွေပြောနေတဲ့အလုပ်မှန်သမျှ ကို ဆောင်ရွက်လိုသည်ဖြစ်စေ၊ မဆောင်ရွက်လိုသည်ဖြစ်စေ၊ကိုယ့်အလိုဆန္ဒပြည့်စုံမယ်လို့ အမှန်သိရင်
ပျင်းရိနေလို့ ဖြစ်ပါ့မလား။ ကောင်းမြတ်တဲ့လုံ့လကို ကိုယ်နှင့်လုပ်သင့်ရင်ကိုယ် နှုတ် နှင့်ဆောင်ရွက် သင့်ရင် နှုတ်၊ စိတ်ဖြင့်ကြံသင့်ရင် စိတ်အားဖြင့်ပြုလုပ်အားထုတ်သင့်တယ်မဟုတ်လား။

နတ်သမီး လ့ုံ့လပြုလို့ဘာအကျိုးရှိမှာလဲ ဆိုတာကို ငါအထွေအထူးဘာပြောစရာလိုသေးမှာလဲ။ ခုကြည့် သမုဒ္ဒရာမှာငါနှင့်အတူ သင်္ဘောသားခုနှစ်ရာလုံးသင်္ဘောပျက်ပြီးနစ်ကြရတယ်။ နစ်ကြတာချင်းအတူတူ
ဟိုလူတွေအားလုံးလုံ့လမပြုလို့ငါးလိပ်တွေရဲ့အစာတွေဖြစ်ပြီးသေကုန်ကြတယ်။ ငါကတော့ လုံ့လကို မလျှော့ခဲ့လို့ ငါးလိပ်တို့ဘေးကလည်းလွတ်ကင်းခဲ့ပြီ။ လူသာမန်တွေမြင်ရခဲတဲ့သင်နတ်သမီးကိုတောင် နီးနီးကပ်ကပ် မှတ်မှတ်ထင်ထင် ငါမြင်ပြီး စကားတောင်ပြောရပြီ။ ဒါတွေဟာလုံ့လရဲ့အကျိုးတွေပဲပေါ့။ ခုသင်ကယ်လျှင်လည်း ငါရှင်မယ်။ သင်မကယ်လို့ငါသေဆုံးသွားလည်း လုံ့လရဲ့အကျိုးငါ့မှာမရှိပြီလို့
ရဲရဲတင်းတင်း မြဲမြံခိုင်မြဲတဲ့ စိတ်နှင့်ဖြေလိုက်ပါတယ်။

ဒီတင်နတ်သမီးလည်း ဘုရားလောင်းမင်းသားရဲ့ ဇွဲလုံ့လဝီရိယနှင့် ဇွဲသတ္တိခိုင်မာတဲ့စိတ်ဓါတ်နှင့်ပြင်းထန် တဲ့ ဆန္ဒကိုမချီးကျူးဘဲမနေနိုင်တော့ပါဘူး။ ဒါကြောင့်နတ်သမီးက ယော တွံဧဝံ ဂတေ သြဃေ အစချီတဲ့ ဂါထာနှင့်ချီးမွမ်းပါတယ်။ ဂါထာရဲ့အဓိပ္ပါယ်ကတော့................
မင်းသား သင်ဟာ အပြောကျယ်လှတဲ့ ဒီမဟာသမုဒ္ဒရာရဲ့အလယ်မှာ သူတစ်ပါး ပြုနိုင်ခဲလှတဲ့ မြဲမြံခိုင်ခံံ့တဲ့ စိတ်နှင့်တွန့်လိပ် ဆုတ်နစ်ခြင်းမရှိ မိမိလိုရာရောက်ကြောင်း ကောင်းမြတ်ဖြောင့်စင်းတဲ့ လုံ့လနှင့်ပြည့်စုံ
တာကတော့အမှန်ပါပဲ။ ဒီလုံ့လကြောင့်လည်း ငါးလိပ်တို့ရဲ့ ဘေးရန်ကလွတ်မြောက်ပြီး ဒီသမုဒ္ဒရာကြီး ထဲ မှာ မနစ်မွှန်းဘဲချမ်းသာ ခဲ့တာလည်း အမှန်ပါပဲ။ ကဲခုသင်မင်း ရောက်လိုရာ အရပ်ကိုသာ ပြောပါတော့၊ ငါသင့်ကိုဆယ်တင်တော့မယ်တဲ့။

ဘဝခရီးမှာ ဒုက္ခတွေ၊ ဘေးအန္တရာယ်တွေ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ကြရတာဟာ လူသားတွေ အဖို့ စိတ်ဓါတ်ကျစရာအကြောင်းမဟုတ်ပါဘူး။ ဧဝရက်တောင်တက်သမားတွေခံယူထားကြသလို ဒုက္ခ အန္တ ရာယ်တွေကို ရင်ဆိုင်ဖြတ်ကျော်ရတာဟာ လူသားတို့မှာရှိတဲ့ အစွမ်းသတ္တိအလျောက်အဲဒီအခက်အခဲ က လွတ်မြောက်အောက်အားထုတ်နိုင်သူကို လူသားတွေက အောင်နိုင်သူအဖြစ် သတ်မှတ်ကြတာလည်း ဓမ္မတာပါ။

ဒါကြောင့် ဘဝရဲ့အစမ်းသပ်ခံရတဲ့ လူတိုင်းဟာ အောင်မြင်မှုနှင့်နီးစပ်နေတဲ့လူဖြစ်နေပါပြီ။ အားကစား မှာချန်ပီယံဘွဲ့ကိုရဖို့အတွက်လူတစ်ယောက်ဟာ အားစမ်းပွဲအဆင့်ဆင့်ကို ရင်ဆိုင်ကျော်ဖြတ်ရမှာပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဆန်းလွင်
ရွှေတောင်တက်ဒဿန

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top