Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကင္ဆာ ေရာဂါေဝဒနာရွင္ေတြအတြက္ နာက်င္မႈ သက္သာေစတဲ့ ေဆးေတြကို အင္းစိန္ေဆးဝါးစက္႐ုံမွာ ပထမဆုံးအျဖစ္ ထုတ္လုပ္ျဖန႔္ခ်ိေနၿပီလို႔ စက္႐ုံတာဝန္ရွိသူက ေျပာပါတယ္။

ဒီေဆးကို ေဆးရည္နဲ႔ ေဆးျပားပါ ႏွစ္မ်ိဳး ထုတ္လုပ္ထားၿပီး ျဖစ္ၿပီး Morphine Sulfate Tablet (10 mg) နဲ႔ Morphine Sulfate Syrup (1mg/ ml) တို႔ ျဖစ္ပါတယ္။

အင္းစိန္ေဆးဝါးစက္႐ုံမႉး ေဒါက္တာ ေအာင္ေဇာ္က “ဒီေဆးက မူးယစ္အႏြယ္ဝင္ ေဆးျဖစ္လို႔ ျပည္သူ႔ေဆး႐ုံေတြဆိုရင္ ေဆး႐ုံအုပ္ႀကီး လက္မွတ္နဲ႔ ျဖန႔္ျဖဴးေပးမွာ ျဖစ္ၿပီး ပုဂၢလိက ေဆး႐ုံေတြ ဆိုရင္ေတာ့ အထူးထိန္းခ်ဳပ္ေဆးဝါးေရာင္းခ်ခြင့္ လိုင္စင္ရွိတဲ့ ေဆး႐ုံေတြကို ေရာင္းခ်မွာပါ။ ျပည္သူ႔ေဆး႐ုံေတြအတြက္ ျဖန႔္ၿပီးလို႔ ပိုမွ ပုဂၢလိကေဆး႐ုံေတြကို ေရာင္းမွာပါ” လို႔ ေျပာပါတယ္။

ေဈးႏႈန္းကေတာ့ ေဆးရည္တပုလင္းကို ၃ ေသာင္းက်ပ္ျဖစ္ၿပီး ေဆးလုံး ၁၀၀ ပါ တဗူးကို ၂ ေသာင္းခြဲ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါဟာ ျပင္ပေဈးကြက္မွာ ရွိေနတဲ့ႏႈန္းထက္ေတာ့ အမ်ားႀကီး သက္သာတာ ျဖစ္ပါတယ္။

ဒီႏွစ္မွာ HIV ေဝဒနာရွင္ေတြ ေသာက္သုံးတဲ့ေဆး အပါအဝင္ Anti Biotic ေဆးေတြ၊ အဆီက်ေဆး၊ မူးယစ္ျဖတ္ေဆး စတဲ့ ေဆးအမယ္သစ္ ၁၁ မ်ိဳးကို ဆက္ၿပီး ထုတ္လုပ္သြားမယ္လို႔လည္း ေဒါက္တာေအာင္ေဇာ္က ေျပာပါတယ္။

အင္းစိန္ေဆးဝါးစက္႐ုံက ေဆးအမယ္ေပါင္း ၁၈၆ မ်ိဳး ထုတ္လုပ္ေနတာ ျဖစ္ၿပီး ႏွစ္ကုန္ရင္ အမ်ိဳး ၂၀၀ ေလာက္ ျဖစ္လာဖို႔ရွိပါတယ္။

အင္းစိန္ေဆးဝါးစက္႐ုံ အေရာင္းဆိုင္မွာ ေႁမြဆိပ္ေျဖေဆးေတြကိုလည္း လိုသေလာက္ ေရာင္းခ်ေပးေနတဲ့အျပင္ ေရွးဦးသူနာျပဳ အေရးေပၚသုံး ေဆးဝါးနဲ႔ ေဆးပစၥည္း ၃၀ ေက်ာ္ပါတဲ့ ေဆးအိတ္ (FIRST AID KIT) ေတြကို ဒီအပတ္ထဲမွာ ျဖန႔္ေတာ့မယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
#Unicode Version#
ကင်ဆာ ရောဂါဝေဒနာရှင်တွေအတွက် နာကျင်မှု သက်သာစေတဲ့ ဆေးတွေကို အင်းစိန်ဆေးဝါးစက်ရုံမှာ ပထမဆုံးအဖြစ် ထုတ်လုပ်ဖြန့်ချိနေပြီလို့ စက်ရုံတာဝန်ရှိသူက ပြောပါတယ်။

ဒီဆေးကို ဆေးရည်နဲ့ ဆေးပြားပါ နှစ်မျိုး ထုတ်လုပ်ထားပြီး ဖြစ်ပြီး Morphine Sulfate Tablet (10 mg) နဲ့ Morphine Sulfate Syrup (1mg/ ml) တို့ ဖြစ်ပါတယ်။

အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်က “ဒီဆေးက မူးယစ်အနွယ်ဝင် ဆေးဖြစ်လို့ ပြည်သူ့ဆေးရုံတွေဆိုရင် ဆေးရုံအုပ်ကြီး လက်မှတ်နဲ့ ဖြန့်ဖြူးပေးမှာ ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံတွေ ဆိုရင်တော့ အထူးထိန်းချုပ်ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိတဲ့ ဆေးရုံတွေကို ရောင်းချမှာပါ။ ပြည်သူ့ဆေးရုံတွေအတွက် ဖြန့်ပြီးလို့ ပိုမှ ပုဂ္ဂလိကဆေးရုံတွေကို ရောင်းမှာပါ” လို့ ပြောပါတယ်။

ဈေးနှုန်းကတော့ ဆေးရည်တပုလင်းကို ၃ သောင်းကျပ်ဖြစ်ပြီး ဆေးလုံး ၁၀၀ ပါ တဗူးကို ၂ သောင်းခွဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ပြင်ပဈေးကွက်မှာ ရှိနေတဲ့နှုန်းထက်တော့ အများကြီး သက်သာတာ ဖြစ်ပါတယ်။

ဒီနှစ်မှာ HIV ဝေဒနာရှင်တွေ သောက်သုံးတဲ့ဆေး အပါအဝင် Anti Biotic ဆေးတွေ၊ အဆီကျဆေး၊ မူးယစ်ဖြတ်ဆေး စတဲ့ ဆေးအမယ်သစ် ၁၁ မျိုးကို ဆက်ပြီး ထုတ်လုပ်သွားမယ်လို့လည်း ဒေါက်တာအောင်ဇော်က ပြောပါတယ်။

အင်းစိန်ဆေးဝါးစက်ရုံက ဆေးအမယ်ပေါင်း ၁၈၆ မျိုး ထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်ကုန်ရင် အမျိုး ၂၀၀ လောက် ဖြစ်လာဖို့ရှိပါတယ်။

အင်းစိန်ဆေးဝါးစက်ရုံ အရောင်းဆိုင်မှာ မြွေဆိပ်ဖြေဆေးတွေကိုလည်း လိုသလောက် ရောင်းချပေးနေတဲ့အပြင် ရှေးဦးသူနာပြု အရေးပေါ်သုံး ဆေးဝါးနဲ့ ဆေးပစ္စည်း ၃၀ ကျော်ပါတဲ့ ဆေးအိတ် (FIRST AID KIT) တွေကို ဒီအပတ်ထဲမှာ ဖြန့်တော့မယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top