ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စကားေျပာေဒါသထြက္တဲ့အခါ၊ စိတ္လႈပ္ရွားတဲ့အခါ စတဲ့အေျခအေနမ်ိဳးေတြမွာ သင္ေျပာတဲ့ စကားသံဟာ မပီမသျဖစ္တတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ မပီသတာဟာ ကိစၥမရွိေပမယ့္ ပံုမွန္အေျခအေနမ်ိဳးမွာ သင့္စကားကို တစ္ဖက္လူက အားစိုက္နားေထာင္ေနရတယ္ဆိုရင္ေတာ့ ျပင္ဆင္သင့္ပါတယ္။ စကားသံမပီသတာဟာ ေျဖရွင္းလို႔ ရတဲ့ ျပႆနာမ်ိဳးျဖစ္ျပီး ေလ့က်င့္ ျပင္လို႔ရပါတယ္။
၁ – မွန္ၾကည့္ျပီး ျပင္
မွန္ၾကည့္ျပီး စကားေျပာၾကည့္ပါ။ စကားေျပာတဲ့အခါ သင့္ပါးစပ္ဟာ လႈပ္ရွားမႈ ထင္ထင္ရွားရွား မရွိဘူးဆိုရင္ ျပင္သင့္ပါတယ္။ စကားေျပာကိရိယာေတြျဖစ္တဲ့ လွ်ာ၊ ႏႈတ္ခမ္း၊ သြား စတာေတြကို သိသိသာသာ ထင္ထင္ရွားရွား သံုးသင့္တာ ျဖစ္ပါတယ္။ စကားေျပာကိရိယာေတြကို သိသိသာသာ သံုးေပးမွ သင့္စကားသံေတြက ထင္ရွားမွာ ျဖစ္ပါတယ္။ မွန္ထဲကိုၾကည့္ျပီး ျဖည္းျဖည္းခ်င္းေလ့က်င့္သင့္ပါတယ္။

၂ – လွ်ာ
စကားေျပာတဲ့အခါ လွ်ာလႈပ္ရွားမႈရွိရမွာ ျဖစ္ေပမယ့္ သင့္စကားသံမပီျခင္းဟာ လွ်ာကို ထိေရာက္စြာ မလႈပ္ရွားတာေၾကာင့္ ျဖစ္ပါတယ္။ ဒီ့အတြက္ လွ်ာကို ပါးစပ္ေရွ႕ထုတ္ျပီး ျပန္သြင္းတာမ်ိဳးကို ေလ့က်င့္သင့္ပါတယ္။ ျပန္သြင္းတဲ့အခါမွာ ေအာက္သြားရဲ႕ေအာက္ေျခကို ထိေပးရမွာ ျဖစ္ပါတယ္။
၃ – မတ္မတ္ရပ္
မတ္မတ္ရပ္ ခါးကိုဆန္႔ထားျပီး အသက္ျပင္းျပင္းရွဴသြင္း ရႈထုတ္လုပ္တဲ့ ေလ့က်င့္ခန္းကလည္း စကားသံပီသဖို႔အတြက္ အေထာက္အကူျဖစ္ပါတယ္။ အသက္ဝဝရႈရေလ သင့္စကားသံက ရွင္းလင္းေလ ျဖစ္ပါတယ္။ မ်က္ႏွာကို တည့္တည့္ထားျပီး ေျပာတဲ့အခါ လည္ေခ်ာင္းကိုဖိထားျခင္းမ်ိဳး မရွိေတာ့ဘဲ စကားသံ ပိုၾကည္လင္ေစပါတယ္။ သင့္အရပ္ေလာက္ရွိတဲ့ လူနဲ႔စကားေျပာတဲ့အခါ မ်က္လံုးတည့္တည့္ၾကည့္ျခင္းကေန မ်က္ႏွာက ေအာက္ကို စိုက္မသြားေအာင္ ထိန္းထားလို႔ရပါတယ္။

၄ – ျဖည္းျဖည္းမွန္မွန္ေျပာ
လူအခ်ိဳ႕မွာ စကားသံ မပီရတဲ့ အဓိကအေၾကာင္းအရင္းဟာ စကားျမန္ျမန္ေျပာတာေၾကာင့္ ျဖစ္တတ္ပါတယ္။ ျမန္ျမန္ေျပာတဲ့အခါ စကားေတြက လံုးေထြးသြားတာျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ စကားကို ျဖည္းျဖည္းခ်င္းေျပာတာျဖစ္ပါတယ္။ အလ်င္စလို ေျပာမယ့္အစား တစ္ေၾကာင္းျခင္း ရွင္းလင္းစြာ ေျပာသင့္ပါတယ္။
(သင္စိတ္ဝင္စားႏုိင္တဲ့ ေဆာင္းပါး – စာပံုမွန္လုပ္တဲ့ အေလ့အက်င့္ရေအာင္ ဘယ္လိုလုပ္မလဲ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒေါသထွက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ သင်ပြောတဲ့ စကားသံဟာ မပီမသဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မပီသတာဟာ ကိစ္စမရှိပေမယ့် ပုံမှန်အခြေအနေမျိုးမှာ သင့်စကားကို တစ်ဖက်လူက အားစိုက်နားထောင်နေရတယ်ဆိုရင်တော့ ပြင်ဆင်သင့်ပါတယ်။ စကားသံမပီသတာဟာ ဖြေရှင်းလို့ ရတဲ့ ပြဿနာမျိုးဖြစ်ပြီး လေ့ကျင့် ပြင်လို့ရပါတယ်။
၁ – မှန်ကြည့်ပြီး ပြင်
မှန်ကြည့်ပြီး စကားပြောကြည့်ပါ။ စကားပြောတဲ့အခါ သင့်ပါးစပ်ဟာ လှုပ်ရှားမှု ထင်ထင်ရှားရှား မရှိဘူးဆိုရင် ပြင်သင့်ပါတယ်။ စကားပြောကိရိယာတွေဖြစ်တဲ့ လျှာ၊ နှုတ်ခမ်း၊ သွား စတာတွေကို သိသိသာသာ ထင်ထင်ရှားရှား သုံးသင့်တာ ဖြစ်ပါတယ်။ စကားပြောကိရိယာတွေကို သိသိသာသာ သုံးပေးမှ သင့်စကားသံတွေက ထင်ရှားမှာ ဖြစ်ပါတယ်။ မှန်ထဲကိုကြည့်ပြီး ဖြည်းဖြည်းချင်းလေ့ကျင့်သင့်ပါတယ်။

၂ – လျှာ
စကားပြောတဲ့အခါ လျှာလှုပ်ရှားမှုရှိရမှာ ဖြစ်ပေမယ့် သင့်စကားသံမပီခြင်းဟာ လျှာကို ထိရောက်စွာ မလှုပ်ရှားတာကြောင့် ဖြစ်ပါတယ်။ ဒီ့အတွက် လျှာကို ပါးစပ်ရှေ့ထုတ်ပြီး ပြန်သွင်းတာမျိုးကို လေ့ကျင့်သင့်ပါတယ်။ ပြန်သွင်းတဲ့အခါမှာ အောက်သွားရဲ့အောက်ခြေကို ထိပေးရမှာ ဖြစ်ပါတယ်။
၃ – မတ်မတ်ရပ်
မတ်မတ်ရပ် ခါးကိုဆန့်ထားပြီး အသက်ပြင်းပြင်းရှူသွင်း ရှုထုတ်လုပ်တဲ့ လေ့ကျင့်ခန်းကလည်း စကားသံပီသဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ အသက်ဝဝရှုရလေ သင့်စကားသံက ရှင်းလင်းလေ ဖြစ်ပါတယ်။ မျက်နှာကို တည့်တည့်ထားပြီး ပြောတဲ့အခါ လည်ချောင်းကိုဖိထားခြင်းမျိုး မရှိတော့ဘဲ စကားသံ ပိုကြည်လင်စေပါတယ်။ သင့်အရပ်လောက်ရှိတဲ့ လူနဲ့စကားပြောတဲ့အခါ မျက်လုံးတည့်တည့်ကြည့်ခြင်းကနေ မျက်နှာက အောက်ကို စိုက်မသွားအောင် ထိန်းထားလို့ရပါတယ်။

၄ – ဖြည်းဖြည်းမှန်မှန်ပြော
လူအချို့မှာ စကားသံ မပီရတဲ့ အဓိကအကြောင်းအရင်းဟာ စကားမြန်မြန်ပြောတာကြောင့် ဖြစ်တတ်ပါတယ်။ မြန်မြန်ပြောတဲ့အခါ စကားတွေက လုံးထွေးသွားတာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စကားကို ဖြည်းဖြည်းချင်းပြောတာဖြစ်ပါတယ်။ အလျင်စလို ပြောမယ့်အစား တစ်ကြောင်းခြင်း ရှင်းလင်းစွာ ပြောသင့်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး – စာပုံမှန်လုပ်တဲ့ အလေ့အကျင့်ရအောင် ဘယ်လိုလုပ်မလဲ)

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top