Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေနအိမ္တြင္ အရက္မူး ကာ ဆဲဆုိေနသည့္ (၁၉) ႏွစ္အ ရြယ္ လူငယ္ကို တားျမစ္ရန္ သြားေရာက္သည့္ ရဲတပ္ၾကပ္တစ္ဦး ဓားထိုးခံရေၾကာင္း ေျမာက္ပိုင္း ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

လိႈင္သာယာၿမိဳ႕မရဲစခန္း တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ၾကပ္ ေနလိႈင္းကိုကိုသည္ ႏိုဝင္ဘာ ၉ ရက္ ည ၁၀ နာရီခန္႔ တြင္ ရဲတပ္သားတစ္ဦး၊ ေရဥကၠံ ေက်းရြာ ရာအိမ္မွဴးႏွင့္ စက္မႈဇုန္ လံုၿခံဳေရးအမ်ိဳးသားႏွစ္ဦးတုိ႔ႏွင့္ အတူနာက်င္ေစမႈျဖင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ အမ်ိဳးသားႏွစ္ဦးကို ဖမ္းဆီးရန္ထြက္လာစဥ္ ျဖစ္ပြားခဲ့ေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

ထိုသို႔ ထြက္လာစဥ္ ေရဥကၠံ ေက်းရြာ နဝေဒးလမ္းရွိ က်ဴးေက်ာ္တဲမ်ားအနီးသို႔အေရာက္တြင္ အမ်ိဳးသမီးတစ္ဦး ထြက္လာကာ ၎၏ သားျဖစ္သူ ေနအိမ္တြင္ အရက္မူးကာ ဆဲဆိုေန၍ တားျမစ္ေပးရန္ အကူအညီေတာင္းသျဖင့္ ဆုိင္ကယ္ရပ္စဥ္ လူငယ္တစ္ဦးက ဓားျဖင့္ေျပးထိုးကာ ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း လိႈင္သာယာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ  ရဲအရာရွိတစ္ဦးက ေျပာသည္။

ရဲတပ္ၾကပ္ ေနလိႈင္းကိုကို ကို ဓားျဖင့္ထိုးသူသည္ သက္ဦးထြန္း (ခ) သိၾကားမင္းဆုိသူျဖစ္ၿပီး ၎ကို နဝေဒးပတ္လမ္းေပၚတြင္ ဖမ္းဆီးမိခဲ့ေၾကာင္း  အဆိုပါရဲအရာရွိက ဆက္လက္ေျပာသည္။

အရက္မူးကာ ဆဲဆုိေနသူ လူငယ္က  ဓားျဖင့္ထိုးေသာ ေၾကာင့္ ရဲတပ္ၾကပ္ ေနလိႈင္းကိုကို ၏ ညာဘက္ညႇပ္႐ိုးေအာက္တြင္ ဓားဒဏ္ရာတစ္ခ်က္ရရွိခဲ့၍ အင္း စိန္ေဆး႐ံုသို႔ တင္ပို႔ကုသထားၿပီး အသက္အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေန မရွိေတာ့ေၾကာင္း လိႈင္သာယာၿမိဳ႕မရဲစခန္းမွ ရဲအ ရာရွိတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 နေအိမ်တွင် အရက်မူး ကာ ဆဲဆိုနေသည့် (၁၉) နှစ်အ ရွယ် လူငယ်ကို တားမြစ်ရန် သွားရောက်သည့် ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရကြောင်း မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

လှိုင်သာယာမြို့မရဲစခန်း တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ် နေလှိုင်းကိုကိုသည် နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခန့် တွင် ရဲတပ်သားတစ်ဦး၊ ရေဥက္ကံ ကျေးရွာ ရာအိမ်မှူးနှင့် စက်မှုဇုန် လုံခြုံရေးအမျိုးသားနှစ်ဦးတို့နှင့် အတူနာကျင်စေမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရန်ထွက်လာစဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထိုသို့ ထွက်လာစဉ် ရေဥက္ကံ ကျေးရွာ နဝဒေးလမ်းရှိ ကျူးကျော်တဲများအနီးသို့အရောက်တွင် အမျိုးသမီးတစ်ဦး ထွက်လာကာ ၎င်း၏ သားဖြစ်သူ နေအိမ်တွင် အရက်မူးကာ ဆဲဆိုနေ၍ တားမြစ်ပေးရန် အကူအညီတောင်းသဖြင့် ဆိုင်ကယ်ရပ်စဉ် လူငယ်တစ်ဦးက ဓားဖြင့်ပြေးထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ကြပ် နေလှိုင်းကိုကို ကို ဓားဖြင့်ထိုးသူသည် သက်ဦးထွန်း (ခ) သိကြားမင်းဆိုသူဖြစ်ပြီး ၎င်းကို နဝဒေးပတ်လမ်းပေါ်တွင် ဖမ်းဆီးမိခဲ့ကြောင်း  အဆိုပါရဲအရာရှိက ဆက်လက်ပြောသည်။

အရက်မူးကာ ဆဲဆိုနေသူ လူငယ်က  ဓားဖြင့်ထိုးသော ကြောင့် ရဲတပ်ကြပ် နေလှိုင်းကိုကို ၏ ညာဘက်ညှပ်ရိုးအောက်တွင် ဓားဒဏ်ရာတစ်ချက်ရရှိခဲ့၍ အင်း စိန်ဆေးရုံသို့ တင်ပို့ကုသထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top