Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကိုယ္နဲ႔ရင္းႏွီးသူကို ေနာက္ေက်ာဓားထုိးတဲ့လုပ္ရပ္မ်ိဳး လုပ္ဖူးတယ္ဆုိ သတိသာထား။

ဘဝအတြက္ အလုပ္လုပ္ေနရသလို သူငယ္ခ်င္းမိတ္ေဆြေတြ ႐ွိေနဖို႔ကလည္း အေရးႀကီးတယ္မဟုတ္လား။ အလုပ္ထဲမွာ မိတ္ေဆြ သူငယ္ခ်င္းေတြ ႐ွိေနျခင္းဟာ ကိုယ့္အတြက္ အမ်ားႀကီးေကာင္းပါတယ္။ ဒါေပမဲ့ ယံုၾကည္လို႔မရႏိုင္တဲ့ လုပ္ေဖာ္ကိုင္ဖက္ကိုေတာ့ မ်က္စိစံုမွိတ္ၿပီး မယံုလိုက္နဲ႔ေနာ္။ အထူးသျဖင့္ ဒီလိုလကၡဏာေတြ ႐ွိေနရင္ေပါ့။

၁။ တစ္ကိုယ္ေကာင္းသမား

အလုပ္ဆုိတာ အားလံုး ကိုယ့္တာဝန္ကိုယ္ေက်ေအာင္လုပ္မွ ကုမၸဏီတုိးတက္ေအာင္ျမင္မွာ။ ကိုယ္တစ္ေယာက္တည္းကြက္ၿပီး ေတာ္ေန တတ္ေနတယ္။ သူမ်ားေတြကိုေတာ့ အကူအညီမေပးဘူး။ တစ္ဌာနလံုးမွာ သူအေတာ္ဆံုး၊ ဒါေပမဲ့ သူမ်ားေတြကို ကူညီေပးဖုိ႔ ျငင္းတတ္တယ္။

၂။ ရလာဒ္ေကာင္းရင္ သူ႔ေၾကာင့္လို႔ပဲဂုဏ္ယူတယ္

တစ္ခုခု အမွားအယြင္းရွိရင္ တစ္ဖြဲ႔လံုးမွားတာေပါ့။ အဲ... ေကာင္းတာေလး တစ္ခုခု ျဖစ္လာၿပီဆုိ သူစြမ္းေဆာင္လို႔၊ သူႀကိဳးစားလို႔ ဆုိၿပီး ဂုဏ္ေဖာ္တယ္။

၃။ ႐ွိသမွ်လူအေၾကာင္း အတင္းအုပ္တယ္

တစ္႐ံုးတည္းမွာ အတူတူလုပ္ေနၾကတဲ့ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြအေၾကာင္းကို ေနာက္ကြယ္မွာ အတင္းအုပ္တယ္။ တစ္ေယာက္တစ္ေလေတာင္မဟုတ္ဘူး။ ႐ွိသမွ်လူေတြရဲ႕အေၾကာင္းကို အတင္းအုပ္တာ။ အဆင့္အတန္းမ႐ွိ စ႐ိုက္ဆန္တဲ့လုပ္ရပ္မ်ိဳးက လူေကာင္းတစ္ေယာက္ရဲ႕အဂၤါရပ္မဟုတ္ဘူးေနာ္။

၄။ တိုင္ေၾကာထူ

လူတုိင္းမွာေတာ့ ခ်ိဳ႕ယြင္းခ်က္ေတြ ႐ွိတတ္တယ္။ အျပစ္ေတြလုပ္မိတတ္တယ္။ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ေဖးမကူညီရမယ့္အစား အထက္လူႀကီးကို သြားသြားတုိင္တယ္။ ျဖစ္တာထက္ပိုၿပီး ေခ်ာက္တြန္းတတ္တယ္။

၅။ ေနာက္ေက်ာကိုဓားနဲ႔ထိုးဖူးတယ္

သူ႔ေနာက္ေၾကာင္းကို စံုစမ္းၾကည့္လိုက္။ ကိုယ္နဲ႔ရင္းႏွီးသူကို ေနာက္ေက်ာဓားထုိးတဲ့လုပ္ရပ္မ်ိဳး လုပ္ဖူးတယ္ဆုိ သတိသာထား။ ကိုယ့္ကိုယ္လည္း ဒါမ်ိဳးလုပ္ႏိုင္တယ္။
၆။ မေကာင္းတဲ့ feedback ေပးရင္ လက္မခံဘူး

သူဘာလုပ္လုပ္ အေကာင္းေျပာတာပဲႀကိဳက္တယ္။ မွားေနတယ္လို႔ ေထာက္ျပရင္ နည္းနည္းမွ လက္မခံဘူး။ အက်ိဳးဆက္က ဘာျဖစ္လာသလဲဆုိ ကိုယ့္အေပၚ ရန္ၿငိႇဳးဖြဲ႔လာေတာ့မွာ။

၇။ ကိုယ့္ကိုၾကဥ္ထားသလို ခံစားရေစတယ္

ဌာနထဲမွာ လူေတြအမ်ားႀကီး ႐ွိပါလ်က္နဲ႔ ကိုယ့္တစ္ေယာက္တည္းကို ကြက္ၿပီး အဖက္မလုပ္ဘူး။ ကိုယ္က အထီးက်န္၊ အပယ္ခံဘဝ ေရာက္ေနၿပီလို႔ ခံစားရေအာင္ လုပ္တယ္။ လူတိုင္းကို အဖက္လုပ္ေပမဲ့ ကိုယ့္တစ္ေယာက္တည္းကိုပဲကြက္ၿပီး အေခၚအေျပာမလုပ္ဘူး။

၈။ လိမ္တတ္တယ္

ဒါကေတာ့ အ႐ွင္းဆံုးပဲ။ သူ႕အက်င့္ကိုက လိမ္ညာတတ္တာ။ ကိုယ္ကလည္း ဒါကို ျမင္ခဲ့ဖူးတယ္ဆိုရင္ ဘာလို႔ယံုေနေတာ့မလဲ။

၉။ သူအေကာင္းဆံုးျဖစ္ဖုိ႔ ဘာမဆုိလုပ္မယ့္သူ

ယွဥ္ၿပိဳင္မႈေတြ႐ွိလာတဲ့အခါ တရားနည္းလမ္းက်က် မေတြးဘူး။ ကိုယ္အသာရဖုိ႔အတြက္ ဘာမဆိုလုပ္တယ္။ တရားနည္းလမ္းက်ဖုိ႔ေတြ ကိုယ္ခ်င္းစာဖို႔ေတြဆိုတာ ေခါင္းထဲမွာမ႐ွိဘူး။ ဘယ္သူေသေသ ငေတမာရင္ၿပီးေရာပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


ကိုယ်နဲ့ရင်းနှီးသူကို နောက်ကျောဓားထိုးတဲ့လုပ်ရပ်မျိုး လုပ်ဖူးတယ်ဆို သတိသာထား။

ဘဝအတွက် အလုပ်လုပ်နေရသလို သူငယ်ချင်းမိတ်ဆွေတွေ ရှိနေဖို့ကလည်း အရေးကြီးတယ်မဟုတ်လား။ အလုပ်ထဲမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေခြင်းဟာ ကိုယ့်အတွက် အများကြီးကောင်းပါတယ်။ ဒါပေမဲ့ ယုံကြည်လို့မရနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ကိုတော့ မျက်စိစုံမှိတ်ပြီး မယုံလိုက်နဲ့နော်။ အထူးသဖြင့် ဒီလိုလက္ခဏာတွေ ရှိနေရင်ပေါ့။

၁။ တစ်ကိုယ်ကောင်းသမား

အလုပ်ဆိုတာ အားလုံး ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်မှ ကုမ္ပဏီတိုးတက်အောင်မြင်မှာ။ ကိုယ်တစ်ယောက်တည်းကွက်ပြီး တော်နေ တတ်နေတယ်။ သူများတွေကိုတော့ အကူအညီမပေးဘူး။ တစ်ဌာနလုံးမှာ သူအတော်ဆုံး၊ ဒါပေမဲ့ သူများတွေကို ကူညီပေးဖို့ ငြင်းတတ်တယ်။

၂။ ရလာဒ်ကောင်းရင် သူ့ကြောင့်လို့ပဲဂုဏ်ယူတယ်

တစ်ခုခု အမှားအယွင်းရှိရင် တစ်ဖွဲ့လုံးမှားတာပေါ့။ အဲ... ကောင်းတာလေး တစ်ခုခု ဖြစ်လာပြီဆို သူစွမ်းဆောင်လို့၊ သူကြိုးစားလို့ ဆိုပြီး ဂုဏ်ဖော်တယ်။

၃။ ရှိသမျှလူအကြောင်း အတင်းအုပ်တယ်

တစ်ရုံးတည်းမှာ အတူတူလုပ်နေကြတဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကြောင်းကို နောက်ကွယ်မှာ အတင်းအုပ်တယ်။ တစ်ယောက်တစ်လေတောင်မဟုတ်ဘူး။ ရှိသမျှလူတွေရဲ့အကြောင်းကို အတင်းအုပ်တာ။ အဆင့်အတန်းမရှိ စရိုက်ဆန်တဲ့လုပ်ရပ်မျိုးက လူကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်မဟုတ်ဘူးနော်။

၄။ တိုင်ကြောထူ

လူတိုင်းမှာတော့ ချို့ယွင်းချက်တွေ ရှိတတ်တယ်။ အပြစ်တွေလုပ်မိတတ်တယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖေးမကူညီရမယ့်အစား အထက်လူကြီးကို သွားသွားတိုင်တယ်။ ဖြစ်တာထက်ပိုပြီး ချောက်တွန်းတတ်တယ်။

၅။ နောက်ကျောကိုဓားနဲ့ထိုးဖူးတယ်

သူ့နောက်ကြောင်းကို စုံစမ်းကြည့်လိုက်။ ကိုယ်နဲ့ရင်းနှီးသူကို နောက်ကျောဓားထိုးတဲ့လုပ်ရပ်မျိုး လုပ်ဖူးတယ်ဆို သတိသာထား။ ကိုယ့်ကိုယ်လည်း ဒါမျိုးလုပ်နိုင်တယ်။
၆။ မကောင်းတဲ့ feedback ပေးရင် လက်မခံဘူး

သူဘာလုပ်လုပ် အကောင်းပြောတာပဲကြိုက်တယ်။ မှားနေတယ်လို့ ထောက်ပြရင် နည်းနည်းမှ လက်မခံဘူး။ အကျိုးဆက်က ဘာဖြစ်လာသလဲဆို ကိုယ့်အပေါ် ရန်ငြှိုးဖွဲ့လာတော့မှာ။

၇။ ကိုယ့်ကိုကြဉ်ထားသလို ခံစားရစေတယ်

ဌာနထဲမှာ လူတွေအများကြီး ရှိပါလျက်နဲ့ ကိုယ့်တစ်ယောက်တည်းကို ကွက်ပြီး အဖက်မလုပ်ဘူး။ ကိုယ်က အထီးကျန်၊ အပယ်ခံဘဝ ရောက်နေပြီလို့ ခံစားရအောင် လုပ်တယ်။ လူတိုင်းကို အဖက်လုပ်ပေမဲ့ ကိုယ့်တစ်ယောက်တည်းကိုပဲကွက်ပြီး အခေါ်အပြောမလုပ်ဘူး။

၈။ လိမ်တတ်တယ်

ဒါကတော့ အရှင်းဆုံးပဲ။ သူ့အကျင့်ကိုက လိမ်ညာတတ်တာ။ ကိုယ်ကလည်း ဒါကို မြင်ခဲ့ဖူးတယ်ဆိုရင် ဘာလို့ယုံနေတော့မလဲ။

၉။ သူအကောင်းဆုံးဖြစ်ဖို့ ဘာမဆိုလုပ်မယ့်သူ

ယှဉ်ပြိုင်မှုတွေရှိလာတဲ့အခါ တရားနည်းလမ်းကျကျ မတွေးဘူး။ ကိုယ်အသာရဖို့အတွက် ဘာမဆိုလုပ်တယ်။ တရားနည်းလမ်းကျဖို့တွေ ကိုယ်ချင်းစာဖို့တွေဆိုတာ ခေါင်းထဲမှာမရှိဘူး။ ဘယ်သူသေသေ ငတေမာရင်ပြီးရောပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top