ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အတုတပ္မွပဲ ရမယ္ထင္တယ္။

လက္သည္းအ႐ွည္ကို အေရာင္အမ်ိဳးမ်ိဳး၊ ပန္းခ်ီအမ်ိဳးမ်ိဳး ျခယ္လိုက္ သလိုက္နဲ႔ အလွႀကိဳက္တဲ့ မမေတြက လက္သည္းဒီဇိုင္းကိုေရာ ေျပာင္းဖုိ႔ စိတ္ကူးမ႐ွိဘူးလား။ မ်ားေသာအားျဖင့္ေတာ့ လက္သည္း႐ွည္ထားရင္ အယ္လ္မြန္ေစ့လို႔ ထိပ္ခၽြန္ခၽြန္နဲ႔ ထားရင္ထား ဒါမွမဟုတ္ အဖ်ားပိုင္း တံုးတိေလးနဲ႔ ထားျဖစ္ၾကတယ္။ ခုတေလာ အင္စတာဂရမ္မွာ ေတြ႕လာရတာက အဖ်ားကားကားနဲ႔ သံုးေျမာင့္ႀတိဂံလို လက္သည္းဒီဇုိင္းေတြပါ။

ႀတိဂံပံု လက္သည္းဒီဇိုင္းေတြက ခုမွာ ေပၚလာတာေတာ့မဟုတ္ပါဘူး။ ၁၉၇၀ ျပည့္ႏွစ္ေတြမွာ မိန္းကေလးေတြၾကား ေရပန္းစားခဲ့ဖူးတယ္ေလ။ အဲ့ဒီတုန္းကေတာ့ မဒီတုိ႔ ပ်ိဳေမေလးတုိ႔က ေမြးေတာင္ မေမြးေသးဘူးဆုိေတာ့ မသိလိုက္တာေပါ့။ ၂၀၁၇ ခုႏွစ္မွာ ဒီလိုမ်ိဳးလက္သည္းေတြ ျပန္ၿပီး ေရပန္းစားဦးမလားဆုိတာလည္း စိတ္ဝင္စားစရာပါပဲ။ လက္သည္းဒီဇိုင္းက ဘဲေျခေထာက္နဲ႔လည္းတူတယ္။ အရင္းပိုင္းေသးၿပီး အဖ်ားမွာ ကားသြားတာေလ။

ဖက္႐ွင္ဆိုတာကလည္း သူမ်ားလုပ္တဲ့အတိုင္း ေနာက္ကလုိက္လုပ္ရတာ ပ်င္းစရာေကာင္းတာကိုး။ သူမ်ားေတြက လက္သည္းခၽြန္ခၽြန္ေတြ ထားေနခ်ိန္မွာ ဘဲေျခေထာက္ လက္သည္းေတြက ပိုၿပီး ေပၚလြင္တယ္ေလ။ အေရာင္လွလွေလး ဆိုးတတ္ဖုိ႔ေတာ့ လိုပါတယ္။

အင္စတာဂရမ္ကို ဖြင့္ၿပီး search box မွာ #flarenail လို႔ ႐ိုက္ၿပီး ႐ွာၾကည့္လိုက္ပါ။ ပို႔စ္ေတြ အမ်ားႀကီး ထြက္လာပါလိမ့္မယ္။ မ်ားေသာအားျဖင့္ေတာ့ Flare Nail ေတြဟာ ေရာင္ေျပးေလးေတြ၊ အေရာင္ေတာက္ေတာက္ေလးေတြနဲ႔ ဆိုးထားၾကတာ ေတြ႔ရတယ္။ အတုတပ္ၿပီး ေပၚပင္လုပ္သူေတြလည္းရွိ၊ ကိုယ့္လက္သည္းအစစ္ကိုပဲ ပံုသြင္းၿပီး အဖ်ားကားေအာင္ လုပ္သူေတြလည္း ႐ွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အတုတပ်မှပဲ ရမယ်ထင်တယ်။

လက်သည်းအရှည်ကို အရောင်အမျိုးမျိုး၊ ပန်းချီအမျိုးမျိုး ခြယ်လိုက် သလိုက်နဲ့ အလှကြိုက်တဲ့ မမတွေက လက်သည်းဒီဇိုင်းကိုရော ပြောင်းဖို့ စိတ်ကူးမရှိဘူးလား။ များသောအားဖြင့်တော့ လက်သည်းရှည်ထားရင် အယ်လ်မွန်စေ့လို့ ထိပ်ချွန်ချွန်နဲ့ ထားရင်ထား ဒါမှမဟုတ် အဖျားပိုင်း တုံးတိလေးနဲ့ ထားဖြစ်ကြတယ်။ ခုတလော အင်စတာဂရမ်မှာ တွေ့လာရတာက အဖျားကားကားနဲ့ သုံးမြောင့်တြိဂံလို လက်သည်းဒီဇိုင်းတွေပါ။

တြိဂံပုံ လက်သည်းဒီဇိုင်းတွေက ခုမှာ ပေါ်လာတာတော့မဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်တွေမှာ မိန်းကလေးတွေကြား ရေပန်းစားခဲ့ဖူးတယ်လေ။ အဲ့ဒီတုန်းကတော့ မဒီတို့ ပျိုမေလေးတို့က မွေးတောင် မမွေးသေးဘူးဆိုတော့ မသိလိုက်တာပေါ့။ ၂၀၁၇ ခုနှစ်မှာ ဒီလိုမျိုးလက်သည်းတွေ ပြန်ပြီး ရေပန်းစားဦးမလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ လက်သည်းဒီဇိုင်းက ဘဲခြေထောက်နဲ့လည်းတူတယ်။ အရင်းပိုင်းသေးပြီး အဖျားမှာ ကားသွားတာလေ။

ဖက်ရှင်ဆိုတာကလည်း သူများလုပ်တဲ့အတိုင်း နောက်ကလိုက်လုပ်ရတာ ပျင်းစရာကောင်းတာကိုး။ သူများတွေက လက်သည်းချွန်ချွန်တွေ ထားနေချိန်မှာ ဘဲခြေထောက် လက်သည်းတွေက ပိုပြီး ပေါ်လွင်တယ်လေ။ အရောင်လှလှလေး ဆိုးတတ်ဖို့တော့ လိုပါတယ်။

အင်စတာဂရမ်ကို ဖွင့်ပြီး search box မှာ #flarenail လို့ ရိုက်ပြီး ရှာကြည့်လိုက်ပါ။ ပို့စ်တွေ အများကြီး ထွက်လာပါလိမ့်မယ်။ များသောအားဖြင့်တော့ Flare Nail တွေဟာ ရောင်ပြေးလေးတွေ၊ အရောင်တောက်တောက်လေးတွေနဲ့ ဆိုးထားကြတာ တွေ့ရတယ်။ အတုတပ်ပြီး ပေါ်ပင်လုပ်သူတွေလည်းရှိ၊ ကိုယ့်လက်သည်းအစစ်ကိုပဲ ပုံသွင်းပြီး အဖျားကားအောင် လုပ်သူတွေလည်း ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top