Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×






Credit: Duwun
#Unicode Version#
စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးတွေကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ကြုံလာတဲ့အခါ ခေါင်းကိုက်ဝေဒနာကို ခံစားရဖူးကြမှာပါ။

၂ မိနစ်အတွင်း ခေါင်းကိုက်ပျောက်သွားစေနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။

နှာခေါင်းပေါက် ၂ ပေါက်နဲ့မရှူဘဲ နှာခေါင်းပေါက်တစ်ပေါက်စီနဲ့ ရှူရမှာပါ။ များသောအားဖြင့် အမျိုးသမီးများဟာ ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အသက်ရှူလေ့ရှိတာမို့ ခင်တတ်တယ်၊ ဖော်ရွေပြီး အေးဆေးတဲ့သဘောရှိတယ်။ အမျိုးသားတွေကတော့ ညာဘက်နဲ့ရှူတာများပြီး ဒေါသထွက်လွယ်၊ စိတ်လှုပ်ရှားလွယ်၊ ခက်ထန်တင်းမာလွယ်ပါတယ်။ တကယ်က ညာဘက်နှာခေါင်းက နေမင်းကို ကိုယ်စားပြုပြီး ဘယ်ဘက်ကတော့ လမင်းကို ကိုယ်စားပြုလို့ပါ။

အိပ်ယာကထတာနဲ့ ဘယ်နှာခေါင်းပေါက်နဲ့ ပိုပြီးအားစိုက်ပြီး ရှူသလဲဆိုတာကို သတိထားကြည့်ကြည့်ပါ။ ဘယ်ဘက်လား၊ ညာဘက်လား စသဖြင့် သတိထားကြည့်ပါ။ တကယ်လို့ ဘယ်ဘက်ကို ပိုအားပြုနေတယ်ဆိုရင် သင်တော်တော်ကို ပင်ပန်းနွမ်းနယ်နေပါပြီ။ ဘယ်ဘက်နှာခေါင်းပေါက်ကို လက်နဲ့ အသာဖိပိတ်ပြီး ညာဘက်နှာခေါင်းပေါက်နဲ့ ဖိရှုလိုက်ပါ။ တစ်ခဏအတွင်းမှာပဲ ကြည်လင်လန်းဆန်းသွားစေပါလိမ့်မယ်။

ခေါင်းကိုက်လာတဲ့အခါ ညာဘက်နှာခေါင်းပေါက်ကို လက်နဲ့ ဖိပိတ်ပြီး ဘယ်ဘက်တစ်ဖက်တည်းနဲ့ ရှူကြည့်ပါ။ ၅ မိနစ်အကြာမှာ ခေါင်းကိုက်ဝေဒနာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကို မကြာခဏလုပ်ပေးခြင်းဖြင့် တစ်လအကြာမှာ နာတာရှည် ခေါင်းကိုက်ဝေဒနာကို လုံးဝပျောက်ကင်းသွားစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top