Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သန္လ်င္ အမွတ္(၂) ကုလားဝဲတံတားေပၚမွာ ကုန္တင္တြဲကားက ပရိုေဘာက္ကားကုိ ဘရိတ္ေပါက္ၿပီး ဝင္တုိက္ခဲ့တာေၾကာင့္ လူသံုးဦးပြဲခ်င္းၿပီး ေသဆံုးကာ တစ္ဦးဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ႏိုဝင္ဘာ ၁၂ ရက္ ညေန ၄ နာရီ ၁၅ မိနစ္ေလာက္က သီလဝါဘက္ကေန ေမာင္းႏွင္လာတဲ့ ကုန္တင္တြဲကားက ဘရိတ္ေပါက္ကာ တံတားေပၚမွာ စက္ဘီးစီးသူႏွစ္ဦး၊ Probox အိမ္စီးကားတစ္စီးနဲ႔ လမ္းသြားလာသူတခ်ိဳ႕ကို တိုက္မိခဲ့တာလို႔ သြားေရာက္ကူညီတဲ့ ပရဟိတအဖြဲ႕ဝင္တစ္ဦးက ေျပာၾကားပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ စက္ဘီးစီးလာသူ အမ်ိဳးသားႏွစ္ဦးနဲ႔ Probox ယာဥ္ေမာင္းႏွင္လာသူ အမ်ိဳးသားတစ္ဦး ေနရာတြင္ ပြဲခ်င္းၿပီး ေသဆံုးခဲ့ၿပီး စက္ဘီးစီးနင္းလာသူေနာက္ တစ္ဦးမွာ ဒဏ္ရာအျပင္းအထန္ရခဲ့လို႔ ရန္ကုန္ေဆး႐ံုႀကီးကုိ ပို႔ေဆာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

အတိုက္ခံရေသာ Probox အိမ္စီးကားက ေလအိတ္ပြင့္ခဲ့ေပမယ့္ ထိခိုက္မႈ ျပင္းထန္လို႔ ေသဆံုးမႈမ်ားခဲ့တာလို႔ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။ အဆိုပါ ကုန္တင္တြဲကား ေမာင္းႏွင္တဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္အကူတို႔ကို ဖမ္းဆီးထားၿပီး ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ရဲစခန္းမွာ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈ၊ ယာဥ္တိုက္မႈတို႔နဲ႔ အမႈဖြင့္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သန်လျင် အမှတ်(၂) ကုလားဝဲတံတားပေါ်မှာ ကုန်တင်တွဲကားက ပရိုဘောက်ကားကို ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့တာကြောင့် လူသုံးဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်လောက်က သီလဝါဘက်ကနေ မောင်းနှင်လာတဲ့ ကုန်တင်တွဲကားက ဘရိတ်ပေါက်ကာ တံတားပေါ်မှာ စက်ဘီးစီးသူနှစ်ဦး၊ Probox အိမ်စီးကားတစ်စီးနဲ့ လမ်းသွားလာသူတချို့ကို တိုက်မိခဲ့တာလို့ သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားပါတယ်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာသူ အမျိုးသားနှစ်ဦးနဲ့ Probox ယာဉ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စက်ဘီးစီးနင်းလာသူနောက် တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အတိုက်ခံရသော Probox အိမ်စီးကားက လေအိတ်ပွင့်ခဲ့ပေမယ့် ထိခိုက်မှု ပြင်းထန်လို့ သေဆုံးမှုများခဲ့တာလို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဆိုပါ ကုန်တင်တွဲကား မောင်းနှင်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ကို ဖမ်းဆီးထားပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းမှာ ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်တိုက်မှုတို့နဲ့ အမှုဖွင့်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top