Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္ဝမ္ ႐ုပ္ရွင္ မင္းသမီး Terri Kwan က သူမရဲ့ အသက္ ၂ ႏွစ္အရြယ္ သမီးငယ္ေလး ကို ေဟာ္လိုဝင္း ပါတီ အတြက္ ဝတ္စုံစီစဥ္ေပးရာမွာ ကေလး ရဲ့ အသက္အရြယ္ နဲ႔ မလိုက္ဖက္ေအာင္ တိုျပတ္လြန္းသည့္ ဝတ္စုံ ဆင္ျမန္းေပးခဲ့တဲ့အတြက္ ေဝဖန္ထိုးႏွက္မွုမ်ား ျပင္းထန္ခဲ့ပါတယ္။

ေဖာ္ျပပါပုံအတိုင္း ဗစ္တိုးရီးယားစီးခရတ္ အမွတ္တံဆိပ္ နတ္သမီး ဝတ္စုံ ဟာ ကေလး အတြက္ အရိုင္းဆန္လြန္းေနၿပီး ဒီလိုဝတ္စုံကို ဆင္ျမန္းေပးခဲ့တဲ့အတြက္ သူမဟာ ဘယ္လိုအေမမ်ိဳးပါလိမ့္လို႔ ကေလး ကို အုပ္ထိန္းမွုပုံစံနဲ႔ ပက္သက္ၿပီး ေဝဖန္ခံေနရပါတယ္။

ပုံမွန္အားျဖင့္ ေဟာ္လိုဝင္း ပါတီေတြမွာ ကေလးငယ္ ေလးေတြကို သူတို႔ႏွစ္သက္တဲ့ စူပါဟီးရိုးဒီဇိုင္းေတြ ဒါမွမဟုတ္ သရဲတေစၧပုံစံမ်ိဳးေတြကိုသာ ခ်စ္စရာေကာင္းေအာင္ မိဘ ေတြက ျပင္ဆင္ေပးေလ့ရွိတဲ့အတြက္ Kwan ရဲ့ သမီးေလး ကို ဝတ္စားဆင္ယင္ေစမွုဟာ လူတိုင္းမ်က္လုံးျပဴးခဲ့ရပါတယ္။

လူအေတာ္မ်ားမ်ားက Kwan ဟာ သူ႔ရဲ့ သမီးေလး ကို Sexy Model ျဖစ္လာေအာင္ လမ္းေၾကာင္းေပးေနသလိုပဲလို႔ ေဝဖန္သလို ဒါဟာ တစ္ခ်ိဳ႕အက်င့္မေကာင္းတဲ့ လူေတြက ကေလး ေတြအေပၚကို မဖြယ္မရာစိတ္နဲ႔ မ်က္စိက်လာနိုင္တယ္လို႔ ေဝဖန္ခဲ့ၾကပါတယ္။

Kwan က ကေလး ကို ေဟာ္လိုဝင္းပြဲ မွာသာ ဒီလိုဝတ္ဆင္ေစခဲ့ျခင္းမဟုတ္ပဲ ပါတီတစ္ခုမွာလည္း ဆက္ဆီနတ္စ္မ စတိုင္ ဝတ္စုံကို ေပးဝတ္ခဲ့ေသးလို႔ အျခား ကေလး ေတြရဲ့ အျပင္အဆင္ေတြၾကားမွာ ထင္းထင္းႀကီး ျဖစ္ေနခဲ့ပါတယ္။

Kwan ကေတာ့ သူရဲ့ သမီးေလး ကို ငယ္ငယ္ထဲက စိတ္ႀကိဳက္ဝတ္စုံေလးေတြ ဆင္ေပးရတာ အရမ္းသေဘာက်တယ္လို႔ဆိုပါတယ္။ သမီးက တစ္ျဖည္းျဖည္း ႀကီးျပင္းလာမွာျဖစ္လို႔ သူ႔သမီးကို သူကိုယ္တိုင္ ဝတ္စုံ ေတြ ေရြးခ်ယ္ဝတ္ေပးခြင့္မရေတာ့မယ့္ အခ်ိန္ကို ေရာက္လာမွာ အရမ္းစိုးရိမ္ေနမိတယ္လို႔ ဆိုပါတယ္။

ပရိသတ္ႀကီးရဲ့ အျမင္ကေရာ ကေလး တစ္ေယာက္ကို ဒီလို ဝတ္စုံ မ်ိဳးေတြ ဝတ္ေပးတာ သင့္ေတာ္တယ္လို႔ ထင္ျမင္မိပါသလား။ အျမင္ေလးကို ေဝမၽွခဲ့ပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#


ထိုင်ဝမ် ရုပ်ရှင် မင်းသမီး Terri Kwan က သူမရဲ့ အသက် ၂ နှစ်အရွယ် သမီးငယ်လေး ကို ဟော်လိုဝင်း ပါတီ အတွက် ဝတ်စုံစီစဉ်ပေးရာမှာ ကလေး ရဲ့ အသက်အရွယ် နဲ့ မလိုက်ဖက်အောင် တိုပြတ်လွန်းသည့် ဝတ်စုံ ဆင်မြန်းပေးခဲ့တဲ့အတွက် ဝေဖန်ထိုးနှက်မှုများ ပြင်းထန်ခဲ့ပါတယ်။

ဖော်ပြပါပုံအတိုင်း ဗစ်တိုးရီးယားစီးခရတ် အမှတ်တံဆိပ် နတ်သမီး ဝတ်စုံ ဟာ ကလေး အတွက် အရိုင်းဆန်လွန်းနေပြီး ဒီလိုဝတ်စုံကို ဆင်မြန်းပေးခဲ့တဲ့အတွက် သူမဟာ ဘယ်လိုအမေမျိုးပါလိမ့်လို့ ကလေး ကို အုပ်ထိန်းမှုပုံစံနဲ့ ပက်သက်ပြီး ဝေဖန်ခံနေရပါတယ်။

ပုံမှန်အားဖြင့် ဟော်လိုဝင်း ပါတီတွေမှာ ကလေးငယ် လေးတွေကို သူတို့နှစ်သက်တဲ့ စူပါဟီးရိုးဒီဇိုင်းတွေ ဒါမှမဟုတ် သရဲတစ္ဆေပုံစံမျိုးတွေကိုသာ ချစ်စရာကောင်းအောင် မိဘ တွေက ပြင်ဆင်ပေးလေ့ရှိတဲ့အတွက် Kwan ရဲ့ သမီးလေး ကို ဝတ်စားဆင်ယင်စေမှုဟာ လူတိုင်းမျက်လုံးပြူးခဲ့ရပါတယ်။

လူအတော်များများက Kwan ဟာ သူ့ရဲ့ သမီးလေး ကို Sexy Model ဖြစ်လာအောင် လမ်းကြောင်းပေးနေသလိုပဲလို့ ဝေဖန်သလို ဒါဟာ တစ်ချို့အကျင့်မကောင်းတဲ့ လူတွေက ကလေး တွေအပေါ်ကို မဖွယ်မရာစိတ်နဲ့ မျက်စိကျလာနိုင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

Kwan က ကလေး ကို ဟော်လိုဝင်းပွဲ မှာသာ ဒီလိုဝတ်ဆင်စေခဲ့ခြင်းမဟုတ်ပဲ ပါတီတစ်ခုမှာလည်း ဆက်ဆီနတ်စ်မ စတိုင် ဝတ်စုံကို ပေးဝတ်ခဲ့သေးလို့ အခြား ကလေး တွေရဲ့ အပြင်အဆင်တွေကြားမှာ ထင်းထင်းကြီး ဖြစ်နေခဲ့ပါတယ်။

Kwan ကတော့ သူရဲ့ သမီးလေး ကို ငယ်ငယ်ထဲက စိတ်ကြိုက်ဝတ်စုံလေးတွေ ဆင်ပေးရတာ အရမ်းသဘောကျတယ်လို့ဆိုပါတယ်။ သမီးက တစ်ဖြည်းဖြည်း ကြီးပြင်းလာမှာဖြစ်လို့ သူ့သမီးကို သူကိုယ်တိုင် ဝတ်စုံ တွေ ရွေးချယ်ဝတ်ပေးခွင့်မရတော့မယ့် အချိန်ကို ရောက်လာမှာ အရမ်းစိုးရိမ်နေမိတယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးရဲ့ အမြင်ကရော ကလေး တစ်ယောက်ကို ဒီလို ဝတ်စုံ မျိုးတွေ ဝတ်ပေးတာ သင့်တော်တယ်လို့ ထင်မြင်မိပါသလား။ အမြင်လေးကို ဝေမျှခဲ့ပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top