ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေလဆာအေရျပားကုထံုးဆိုတာဘာလဲ

နည္းပညာတိုးတက္မႈေတြေၾကာင့္ အသားအေရအရြယ္တင္နုပ်ိဳေစမယ့္နည္းလမ္းေတြမ်ားစြာရွိလာတဲ့အထဲမွာ laser skin resurfacing ကို လူၾကိဳက္မ်ားပါတယ္။Laser resurfacing ကအေရးအေၾကာင္းေတြ၊ အသားအေရ မညီျခင္းေတြ၊ အမာရြတ္ေတြ၊ အျခားအသက္ႀကီးျခင္းေၾကာင့္ ျဖစ္လာတဲ့ အစက္အေျပာက္ေတြကို ျပန္လည္ေကာင္းမြန္ေစဖို႔ အလင္းတန္းကို အသံုးျပဳၿပီး အေရျပားအလႊာမ်ိဳးစံုကို ကုသေပးတာျဖစ္ပါတယ္။

ဒီနည္းက အလင္းတန္းေတြသံုးျပီး ထိခိုက္ပ်က္စီးေနတဲ့အေရျပားအလႊာေတြကို ဖ်က္ဆီးေပးပါတယ္။ အနာျပန္က်က္တာနဲ႔ ေလဆာကုထံုးလုပ္ေဆာင္ေနစဥ္က ဖယ္ရွားပစ္လိုက္တဲ့ မေကာင္းတဲ့အေရျပားေနရာမွာ အေရျပားအသစ္ျပန္လည္ျဖစ္ေပၚလာပါတယ္။ တခ်ိဳ႕ေလဆာကုထံုးေတြကေတာ့ အေရျပားကို မဖ်က္ဆီးပစ္ဘဲ အပူဓာတ္နဲ႔တင္းရင္းေအာင္သာလုပ္ေပးတာျဖစ္ပါတယ္။

Laser skin resurfacing နည္းလမ္းႏွစ္မ်ိဳးရွိပါတယ္။

    Ablative laser ဟာ ဝက္ျခံေတြနဲ႔ အျခားအမာရြတ္ေတြ၊ အသက္ႀကီးျခင္းေၾကာင့္ ျဖစ္တဲ့ အေရးအေၾကာင္းေတြကို ေလ်ာ့နည္းေစဖို႔အတြက္ အေရျပား အလႊာပါးကို ဖယ္ထုတ္လိုက္ပါတယ္။
    Non-ablative laser ကေတာ့ collagen ထုတ္လုပ္မႈကို အားေပးၿပီး ေအာက္ခံအေရျပားကို တင္းရင္းေစပါတယ္။ ဒီနည္းလမ္းဟာ ablative laser resurfacing နည္းထက္ ထိေရာက္မႈ အာနိသင္ နည္းပါးပါတယ္။

ဘာေၾကာင့္အသံုးျပဳၾကတာလဲ

ေလဆာအေရျပားတင္းရင္းေစျခင္း ကုထံုးကို အေရးအေၾကာင္းရွိသူေတြ၊ဝက္ျခံနဲ႔အမာရြတ္ရွိသူေတြ၊တင္းတိတ္မွဲ႕ေျခာက္ရွိသူေတြ၊ အသားအေရာင္မညီသူေတြ၊အသက္အရြယ္ေၾကာင့္ျဖစ္လာတဲ့ အစက္အေျပာက္ရွိသူေတြ၊ ခြဲစိတ္မႈ၊ထိခိုက္မႈေတြေၾကာင့္မေပ်ာက္နိုင္တဲ့အမာရြတ္ရွိသူေတြမွာအသားအေရ ပိုၾကည့္ေကာင္းေစဖို႔၊ နုပ်ိဳတင္းရင္းလွပေစဖို႔ ကုသမႈခံယူၾကတာမ်ားပါတယ္။

ဘာေဘးထြက္ဆိုးက်ိဳးေတြရွိသလဲ

skin resurfacing က အသားအေရမွာ ျပစ္ခ်က္နည္းေစဖို႔၊ တင္းရင္းလွပေစဖို႔ ျမန္ဆန္တဲ့ထိေရာက္မႈရွိတယ္ဆိုေပမယ့္ ကုထံုးေၾကာင့္ ျဖစ္လာနိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးနဲ႔ ေနာက္ဆက္တြဲျပႆနာေတြကိုလည္း သိထားသင့္ပါတယ္ –

    ေလဆာအပူေၾကာင့္ ေလာင္ျခင္း သို႔မဟုတ္ ထိခိုက္ျခင္း
    အမာရြတ္ျဖစ္ျခင္း
    အသားအေရာင္ေျပာင္းလဲျခင္း( ကုသမႈခံယူလိုက္တဲ့အေရျပားဧရိယာက ေဘးတဝိုက္ဧရိယာထက္ပိုမည္းလာတာ၊ပိုျဖဴသြားတာမ်ိဳး)
    ေရယုန္ျပန္ျဖစ္ျခင္း
    မျပင္းထန္ေသာေရာင္ရမ္းျခင္း၊ ယားယံျခင္း၊ အသားအေရအေပၚယံမာတင္းျခင္း၊ နာက်င္ျခင္းတို႔ျဖစ္နုိင္ပါတယ္။
    အေရျပားနီရဲျခင္း။ ပံုမွန္အားျဖင့္ ၆ ပတ္ကေန ၁၂ ပတ္အထိၾကာတတ္ေပမယ့္ ၆လအထိလည္းျဖစ္နုိင္ပါတယ္။ တခ်ိဳ႕ေတြမွာ စိတ္ဖိစီးေနခ်ိန္ ဒါမွမဟုတ္ ပင္ပန္းေနခ်ိန္ေတြမွာ ပံုမွန္ထက္ပိုျပီး အသားနီရဲေနတတ္ပါတယ္။
    အေရျပားျပႆနာျဖစ္ျခင္း( အရင္ကဝက္ျခံထြက္တတ္သူေတြမွာ ဝက္ျခံေတြေပၚလာတာမ်ိဳး)
    အေရျပားမွာ ဘက္တီးရီးယား သို႔မဟုတ္ မိႈပိုးဝင္ျခင္း။ ပိုးဝင္တဲ့အခါ ခႏၶာကိုယ္ရဲ႕တျခားအစိတ္အပိုင္းေတြကိုပါ ကူးစက္နိုင္ပါတယ္။
    ေအာက္မ်က္ခမ္းလန္ျခင္း (ectropion)။ ဒီအေျခအေနက ျဖစ္ခဲပါတယ္။ ေအာက္မ်က္ခမ္းနားမွာ ablative laser resurfacing  လုပ္ျခင္းက မ်က္ခမ္းလန္ျပီး အတြင္းမ်က္သားေပၚလာျခင္းကိုျဖစ္ေစနိုင္ပါတယ္။ ဒီလိုျဖစ္လာရင္ေတာ့ ခြဲစိတ္ကုသဖို႔လိုလာပါလိမ့္မယ္။

ကိုယ့္မွာ အေရျပားျပႆနာရွိေနရင္၊ အသားအရမ္းညိဳသူျဖစ္ရင္၊ မ်က္ႏွာမွာလတ္တေလာဝက္ျခံေတြရွိေနရင္၊autoimmune သို႔မဟုတ္ ကိုယ္ခံအားနည္းေစတဲ့ေရာဂါတစ္ခုခုရွိေနရင္၊ အမာရြတ္ျဖစ္က်န္တတ္တဲ့အသားအေရပိုင္ရွင္ျဖစ္ရင္ ေလဆာကုထံုးကို ခံယူလို႔မရနုိင္ပါဘူး။ ေလဆာပစ္ခ်ိန္မွာလည္း ကိုယ္ျပဳျပင္မယ့္အမ်ိဳးအစားကိုလိုက္ျပီး နာက်င္မႈရွိတတ္တာေတြရွိပါတယ္။ ေလဆာကုထံုးနဲ႔ပတ္သက္ျပီး ဒီလို သတိထားစရာေတြ၊ ေနာက္ဆက္တြဲဆိုးက်ိဳးေတြအျပင္ ကုထံုုးတစ္ၾကိမ္ကို သိန္းနဲ႔ခ်ီ ကုန္က်နိုင္တာေၾကာင့္ စဥ္းစားေနရသူေတြရွိပါတယ္။ နာရက်င္ရမွာေၾကာက္သူေတြ၊ ေလဆာကိုေၾကာက္သူေတြ၊ ကုန္က်စရိတ္မ်ားမွာစိုးရိမ္ေနသူေတြအတြက္ေတာ့ အဆင္မေျပေလာက္ပါဘူး။

ေလဆာကုထံုးက အစြမ္းထက္ေပမယ့္ ေဘးထြက္ဆုိးက်ိဳးမ်ားျပီး ကုန္က်စရိတ္ၾကီးျမင့္တဲ့အတြက္ေၾကာင့္ ေလဆာကုထံုးအသံုးျပဳဖို႔လက္တြန္႔ေနတဲ့သူေတြအတြက္ ေနာက္ထပ္အေျဖတစ္ခုရွိပါတယ္။ အဲဒါကေတာ့ ေလဆာကုထံုးထက္ ၃ ဆ ပိုအစြမ္းထက္တဲ့ L’Oréal Paris ရဲ႕ Revitalift Laser x 3 series ပါ။ Revitalift Laser x 3 အမ်ိဳးအစားေတြက အသားအေရကို ျပန္လည္တင္းရင္းေစတဲ့အျပင္ Collagen နဲ႔ Cells ေတြကို ျပန္လည္နိုးၾကားေစျပီး အေရးအေၾကာင္းေတြကို ေလ်ာ႔နည္းေစပါတယ္။ သိသာတဲ့ အက်ိဳးရလာဒ္ေတြကေတာ့-

    Revitalift Laser x3 Serum က ေခၽြးေပါက္ေတြကို က်ဥ္းေစၿပီး အေရးေၾကာင္းေတြကို သက္သာေစတာမို႔ အသားအေရကို ေခ်ာေမြ႔ၿပီး ညီညာေစတယ္။
    Revitalift Laser x3 Power Water ကဆိုရင္ ေရဓာတ္ျပည့္ဝျပီး အသားအေရကို နုပ်ိဳေစတယ္။
    Revitalift Laser x3 Anti Ageing Transforming Eye Cream ကမ်က္ဝန္းတစ္ဝိုက္အသားအေရကို တင္းရင္းေစဖုိ႔ ျပဳျပင္ေပးျပီး မ်က္အိတ္ေဖာင္းျခင္းကို သက္သာေစနိုင္တယ္။
    Revitalift Laser x3 Total Care Spot Corrector SPF 27 PA+++ က အသားအေရကို ျပန္လည္တင္းရင္းျပီး collagen နဲ႔ ဆဲလ္ေတြကိုျပန္လည္ႏိုးၾကြေစတဲ့အျပင္ ေနေလာင္ဒဏ္၊ အစက္အေျပာက္နဲ႔ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးပါတယ္။
    အသားအေရ၏ ဒုတိယလႊာ Dermis ကို ျပန္လည္ျပဳျပင္ အားျဖည္႔ေပးျပီး အေရးအေၾကာင္းေလ်ာ့နည္းေစရန္ ကူညီေပးေသာ စြမ္းအားျပည္႔ႏုပ်ိဳေစသည့္ အာနိသင္ရွိတဲ့အျပင္ L’Oreal skin care မ်ားထဲတြင္ အျမင့္မားဆံုးႏွင့္ အထိေရာက္ဆံုး ပါ၀င္ေသာဓာတ္ျဖစ္သည့္ 3% PRO-XYLANE ပါဝင္တဲ့ Revitalift Laser x3 Day Cream လည္းရွိပါတယ္။
    အရမ္းပါးလႊာၿပီး က်ံဳ႕ႏိုင္စြမ္းေသာမ်က္ႏွာျပင္ျဖစ္ေပၚေစရန္ ဖန္တီးေပးၿပီး အသားအေရကို ညဖက္မွာ အားျဖည့္ေပးနုိင္တဲ့ Revitalift Laser x 3 Night Cream Mask ကိုလည္း အားထားနိုင္ပါတယ္။

တစ္ခုပဲသိထားသင့္တာကေတာ့ ဒီနည္းလမ္းက ေလဆာကုထံုးလိုေတာ့ ခ်က္ျခင္းၾကီး ေျပာင္းလဲသြားတာမ်ိဳးမဟုတ္ဘဲ အနည္းငယ္အခ်ိန္ယူရပါတယ္။ ဒါေပမယ့္ ေလဆာကုထံုးလို   ေဘးထြက္ဆိုးက်ိဳးေတြနဲ႔ ကုန္က်စရိတ္ေတြကေတာ့ မရွိပါဘူး။ ဒီေတာ့ ေဘးထြက္ဆိုးက်ိဳးကင္းစြာနဲ႔ အေရးအေၾကာင္းကင္း၊ နုပ်ိဳလွပတဲ့အသားအေရကို ပိုင္ဆိုင္နိုင္ဖို႔ Revitalift Laser x 3 ကို ေရြးခ်ယ္ဖုိ႔ မေမ့နဲ႔ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
လေဆာအရေပြားကုထုံးဆိုတာဘာလဲ

နည်းပညာတိုးတက်မှုတွေကြောင့် အသားအရေအရွယ်တင်နုပျိုစေမယ့်နည်းလမ်းတွေများစွာရှိလာတဲ့အထဲမှာ laser skin resurfacing ကို လူကြိုက်များပါတယ်။Laser resurfacing ကအရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။

ဒီနည်းက အလင်းတန်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရေပြားအလွှာတွေကို ဖျက်ဆီးပေးပါတယ်။ အနာပြန်ကျက်တာနဲ့ လေဆာကုထုံးလုပ်ဆောင်နေစဉ်က ဖယ်ရှားပစ်လိုက်တဲ့ မကောင်းတဲ့အရေပြားနေရာမှာ အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်လာပါတယ်။ တချို့လေဆာကုထုံးတွေကတော့ အရေပြားကို မဖျက်ဆီးပစ်ဘဲ အပူဓာတ်နဲ့တင်းရင်းအောင်သာလုပ်ပေးတာဖြစ်ပါတယ်။

Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။

    Ablative laser ဟာ ဝက်ခြံတွေနဲ့ အခြားအမာရွတ်တွေ၊ အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့နည်းစေဖို့အတွက် အရေပြား အလွှာပါးကို ဖယ်ထုတ်လိုက်ပါတယ်။
    Non-ablative laser ကတော့ collagen ထုတ်လုပ်မှုကို အားပေးပြီး အောက်ခံအရေပြားကို တင်းရင်းစေပါတယ်။ ဒီနည်းလမ်းဟာ ablative laser resurfacing နည်းထက် ထိရောက်မှု အာနိသင် နည်းပါးပါတယ်။

ဘာကြောင့်အသုံးပြုကြတာလဲ

လေဆာအရေပြားတင်းရင်းစေခြင်း ကုထုံးကို အရေးအကြောင်းရှိသူတွေ၊ဝက်ခြံနဲ့အမာရွတ်ရှိသူတွေ၊တင်းတိတ်မှဲ့ခြောက်ရှိသူတွေ၊ အသားအရောင်မညီသူတွေ၊အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်ရှိသူတွေ၊ ခွဲစိတ်မှု၊ထိခိုက်မှုတွေကြောင့်မပျောက်နိုင်တဲ့အမာရွတ်ရှိသူတွေမှာအသားအရေ ပိုကြည့်ကောင်းစေဖို့၊ နုပျိုတင်းရင်းလှပစေဖို့ ကုသမှုခံယူကြတာများပါတယ်။

ဘာဘေးထွက်ဆိုးကျိုးတွေရှိသလဲ

skin resurfacing က အသားအရေမှာ ပြစ်ချက်နည်းစေဖို့၊ တင်းရင်းလှပစေဖို့ မြန်ဆန်တဲ့ထိရောက်မှုရှိတယ်ဆိုပေမယ့် ကုထုံးကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း သိထားသင့်ပါတယ် –

    လေဆာအပူကြောင့် လောင်ခြင်း သို့မဟုတ် ထိခိုက်ခြင်း
    အမာရွတ်ဖြစ်ခြင်း
    အသားအရောင်ပြောင်းလဲခြင်း( ကုသမှုခံယူလိုက်တဲ့အရေပြားဧရိယာက ဘေးတဝိုက်ဧရိယာထက်ပိုမည်းလာတာ၊ပိုဖြူသွားတာမျိုး)
    ရေယုန်ပြန်ဖြစ်ခြင်း
    မပြင်းထန်သောရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အသားအရေအပေါ်ယံမာတင်းခြင်း၊ နာကျင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
    အရေပြားနီရဲခြင်း။ ပုံမှန်အားဖြင့် ၆ ပတ်ကနေ ၁၂ ပတ်အထိကြာတတ်ပေမယ့် ၆လအထိလည်းဖြစ်နိုင်ပါတယ်။ တချို့တွေမှာ စိတ်ဖိစီးနေချိန် ဒါမှမဟုတ် ပင်ပန်းနေချိန်တွေမှာ ပုံမှန်ထက်ပိုပြီး အသားနီရဲနေတတ်ပါတယ်။
    အရေပြားပြဿနာဖြစ်ခြင်း( အရင်ကဝက်ခြံထွက်တတ်သူတွေမှာ ဝက်ခြံတွေပေါ်လာတာမျိုး)
    အရေပြားမှာ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးဝင်ခြင်း။ ပိုးဝင်တဲ့အခါ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုပါ ကူးစက်နိုင်ပါတယ်။
    အောက်မျက်ခမ်းလန်ခြင်း (ectropion)။ ဒီအခြေအနေက ဖြစ်ခဲပါတယ်။ အောက်မျက်ခမ်းနားမှာ ablative laser resurfacing  လုပ်ခြင်းက မျက်ခမ်းလန်ပြီး အတွင်းမျက်သားပေါ်လာခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ခွဲစိတ်ကုသဖို့လိုလာပါလိမ့်မယ်။

ကိုယ့်မှာ အရေပြားပြဿနာရှိနေရင်၊ အသားအရမ်းညိုသူဖြစ်ရင်၊ မျက်နှာမှာလတ်တလောဝက်ခြံတွေရှိနေရင်၊autoimmune သို့မဟုတ် ကိုယ်ခံအားနည်းစေတဲ့ရောဂါတစ်ခုခုရှိနေရင်၊ အမာရွတ်ဖြစ်ကျန်တတ်တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် လေဆာကုထုံးကို ခံယူလို့မရနိုင်ပါဘူး။ လေဆာပစ်ချိန်မှာလည်း ကိုယ်ပြုပြင်မယ့်အမျိုးအစားကိုလိုက်ပြီး နာကျင်မှုရှိတတ်တာတွေရှိပါတယ်။ လေဆာကုထုံးနဲ့ပတ်သက်ပြီး ဒီလို သတိထားစရာတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေအပြင် ကုထုံုးတစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျနိုင်တာကြောင့် စဉ်းစားနေရသူတွေရှိပါတယ်။ နာရကျင်ရမှာကြောက်သူတွေ၊ လေဆာကိုကြောက်သူတွေ၊ ကုန်ကျစရိတ်များမှာစိုးရိမ်နေသူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။

လေဆာကုထုံးက အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးများပြီး ကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက်ကြောင့် လေဆာကုထုံးအသုံးပြုဖို့လက်တွန့်နေတဲ့သူတွေအတွက် နောက်ထပ်အဖြေတစ်ခုရှိပါတယ်။ အဲဒါကတော့ လေဆာကုထုံးထက် ၃ ဆ ပိုအစွမ်းထက်တဲ့ L’Oréal Paris ရဲ့ Revitalift Laser x 3 series ပါ။ Revitalift Laser x 3 အမျိုးအစားတွေက အသားအရေကို ပြန်လည်တင်းရင်းစေတဲ့အပြင် Collagen နဲ့ Cells တွေကို ပြန်လည်နိုးကြားစေပြီး အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။ သိသာတဲ့ အကျိုးရလာဒ်တွေကတော့-

    Revitalift Laser x3 Serum က ချွေးပေါက်တွေကို ကျဉ်းစေပြီး အရေးကြောင်းတွေကို သက်သာစေတာမို့ အသားအရေကို ချောမွေ့ပြီး ညီညာစေတယ်။
    Revitalift Laser x3 Power Water ကဆိုရင် ရေဓာတ်ပြည့်ဝပြီး အသားအရေကို နုပျိုစေတယ်။
    Revitalift Laser x3 Anti Ageing Transforming Eye Cream ကမျက်ဝန်းတစ်ဝိုက်အသားအရေကို တင်းရင်းစေဖို့ ပြုပြင်ပေးပြီး မျက်အိတ်ဖောင်းခြင်းကို သက်သာစေနိုင်တယ်။
    Revitalift Laser x3 Total Care Spot Corrector SPF 27 PA+++ က အသားအရေကို ပြန်လည်တင်းရင်းပြီး collagen နဲ့ ဆဲလ်တွေကိုပြန်လည်နိုးကြွစေတဲ့အပြင် နေလောင်ဒဏ်၊ အစက်အပြောက်နဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
    အသားအရေ၏ ဒုတိယလွှာ Dermis ကို ပြန်လည်ပြုပြင် အားဖြည့်ပေးပြီး အရေးအကြောင်းလျော့နည်းစေရန် ကူညီပေးသော စွမ်းအားပြည့်နုပျိုစေသည့် အာနိသင်ရှိတဲ့အပြင် L’Oreal skin care များထဲတွင် အမြင့်မားဆုံးနှင့် အထိရောက်ဆုံး ပါဝင်သောဓာတ်ဖြစ်သည့် 3% PRO-XYLANE ပါဝင်တဲ့ Revitalift Laser x3 Day Cream လည်းရှိပါတယ်။
    အရမ်းပါးလွှာပြီး ကျုံ့နိုင်စွမ်းသောမျက်နှာပြင်ဖြစ်ပေါ်စေရန် ဖန်တီးပေးပြီး အသားအရေကို ညဖက်မှာ အားဖြည့်ပေးနိုင်တဲ့ Revitalift Laser x 3 Night Cream Mask ကိုလည်း အားထားနိုင်ပါတယ်။

တစ်ခုပဲသိထားသင့်တာကတော့ ဒီနည်းလမ်းက လေဆာကုထုံးလိုတော့ ချက်ခြင်းကြီး ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ အနည်းငယ်အချိန်ယူရပါတယ်။ ဒါပေမယ့် လေဆာကုထုံးလို   ဘေးထွက်ဆိုးကျိုးတွေနဲ့ ကုန်ကျစရိတ်တွေကတော့ မရှိပါဘူး။ ဒီတော့ ဘေးထွက်ဆိုးကျိုးကင်းစွာနဲ့ အရေးအကြောင်းကင်း၊ နုပျိုလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ Revitalift Laser x 3 ကို ရွေးချယ်ဖို့ မမေ့နဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top