Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ႏြားႏုိ႔ေသာက္တဲ့ အခါ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ေခ်ာကလက္မႈန္႔၊ သၾကား၊ ခရင္မ္ေတြ ထည့္ၿပီးေသာက္ တာထက္ နႏြင္း ထည့္ေသာက္ ၾကည့္ဖုိ႔ တိုက္တြန္း လိုက္ပါတယ္။ ႏြားႏို႔ပူပူထဲကို နႏြင္း လက္ဖက္ရည္ဇြန္း ဝက္ ဒါမွမဟုတ္ လတ္လတ္ ဆတ္ဆတ္ နႏြင္းတက္ တစ္လက္မ အရြယ္ေလာက္ ထည့္ၿပီး ၁၅ မိနစ္ ေလာက္ေန ရင္ ေသာက္လို႔ရပါၿပီ။

နႏြင္းက သဘာဝေဆးဖက္ဝင္ ပစၥည္းျဖစ္တာ မို႔ ႏြားႏို႔ နဲ႔ေရာေသာက္ေပးတဲ့ အခါ အေအးမိ၊ ေခ်ာင္း ဆိုး ေဝဒနာ အမ်ဳိး မ်ဳိးအတြက္ အျမန္ဆံုးေပ်ာက္ကင္းေစဖို႔ ေထာက္ကူပါတယ္။

ေနာက္ၿပီး ေသြးမ်ားကို သန္႔စင္ေစကာ ေသြးလည္ ပတ္မႈ ေကာင္း မြန္ေစၿပီး အသည္း က်န္းမာေရး အတြက္ပါ အက်ဳိးျပဳပါတယ္။ နႏြင္း မွာ ေရာင္ရမ္းတာေတြ သက္သာေစႏိုင္စြမ္း ရွိတာေၾကာင့္ အဆစ္ အျမစ္နာက်င္ ကိုက္ခဲတာ၊ ေရာင္ရမ္းတာေတြ ျဖစ္ရင္ အေကာင္းဆံုးသဘာဝ ေဆးျဖစ္လို႔ အ႐ိုး အဆစ္ေတြသန္ မာဖို႔အတြက္ဆိုရင္ ပံုမွန္ေသာက္ေပးသင့္ပါတယ္။

နႏြင္းမွာ ဓာတ္တိုးဆန္႔က်င္ ဂုဏ္သတၱိနဲ႔ အာဟာရ ဓာတ္ေတြ ရွိတာေၾကာင့္ ေခါင္းကိုက္တာ ေတြ သက္သာေပ်ာက္ကင္းေစ ပါတယ္။ အထူးသျဖင့္ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ျဖစ္တဲ့ေခါင္းကိုက္ တာမ်ဳိးေတြကို အထူးသက္သာေစတယ္လို႔ ဆိုပါတယ္။

ဒါတင္မက ကိုယ္ခံစြမ္းအား ကိုျမႇင့္တင္ေပးႏိုင္စြမ္းရွိၿပီး ေရာဂါပိုးမႊားေတြ မဝင္ေအာင္လည္း ကာ ကြယ္ေပးႏိုင္ ကာ အသည္းေရာင္အသားဝါ၊ ကင္ဆာနဲ႔ မွတ္ဉာဏ္ခ်ဳိ႕ယြင္းတဲ့ အယ္လ္ဇုိင္းမားေရာ ဂါေတြ မျဖစ္ေအာင္လည္း ကာကြယ္ႏိုင္ ပါတယ္။

အိပ္မေပ်ာ္သူေတြဆိုရင္လည္း အိပ္ခါနီးမွာ နႏြင္းေရာထားတဲ့ႏြားႏို႔ ပူပူေလးေသာက္ေပးရင္ စိတ္ဖိစီးမႈေတြ ကင္းေဝးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။ အမ်ဳိးသမီးေတြ ဓမၼတာေၾကာင့္ နာက်င္ကိုက္ခဲရင္ နႏြင္းႏြားႏို႔ပူပူေလး ေသာက္ေပးသင့္ တယ္လို႔ ဆုိပါတယ္။

ေနာက္ၿပီး နႏြင္းႏို႔က အသားအေရကို အရြယ္တင္ႏုပ်ဳိ က်န္းမာေစတာေၾကာင့္ လွခ်င္ပခ်င္သူေတြေတာ့ အႀကိဳက္ေတြ႕ၾကမွာပါ။ နႏြင္းက ခႏၶာကိုယ္ထဲက အဆီေတြကို ဖယ္ရွားေပးတာမို႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ ခ်ခ်င္သူေတြ ႏြားႏို႔ထဲ သၾကားေတြထည့္ေသာက္မယ့္အစား နႏြင္းထည့္ၿပီးေသာက္ၾကည့္လိုက္ပါ။

—Ref: healthmeup

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

# Unicode Version ျဖင့္ ဖတ္ပါ #

နွားနို့သောက်တဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေ ထည့်ပြီးသောက် တာထက် နနွင်း ထည့်သောက် ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်း လက်ဖက်ရည်ဇွန်း ဝက် ဒါမှမဟုတ် လတ်လတ် ဆတ်ဆတ် နနွင်းတက် တစ်လက်မ အရွယ်လောက် ထည့်ပြီး ၁၅ မိနစ် လောက်နေ ရင် သောက်လို့ရပါပြီ။

နနွင်းက သဘာဝဆေးဖက်ဝင် ပစ္စည်းဖြစ်တာ မို့ နွားနို့ နဲ့ရောသောက်ပေးတဲ့ အခါ အအေးမိ၊ ချောင်း ဆိုး ဝေဒနာ အမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။

နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည် ပတ်မှု ကောင်း မွန်စေပြီး အသည်း ကျန်းမာရေး အတွက်ပါ အကျိုးပြုပါတယ်။ နနွင်း မှာ ရောင်ရမ်းတာတွေ သက်သာစေနိုင်စွမ်း ရှိတာကြောင့် အဆစ် အမြစ်နာကျင် ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်ရင် အကောင်းဆုံးသဘာဝ ဆေးဖြစ်လို့ အရိုး အဆစ်တွေသန် မာဖို့အတွက်ဆိုရင် ပုံမှန်သောက်ပေးသင့်ပါတယ်။

နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရ ဓာတ်တွေ ရှိတာကြောင့် ခေါင်းကိုက်တာ တွေ သက်သာပျောက်ကင်းစေ ပါတယ်။ အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက် တာမျိုးတွေကို အထူးသက်သာစေတယ်လို့ ဆိုပါတယ်။

ဒါတင်မက ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါပိုးမွှားတွေ မဝင်အောင်လည်း ကာ ကွယ်ပေးနိုင် ကာ အသည်းရောင်အသားဝါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမားရော ဂါတွေ မဖြစ်အောင်လည်း ကာကွယ်နိုင် ပါတယ်။

အိပ်မပျော်သူတွေဆိုရင်လည်း အိပ်ခါနီးမှာ နနွင်းရောထားတဲ့နွားနို့ ပူပူလေးသောက်ပေးရင် စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အမျိုးသမီးတွေ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲရင် နနွင်းနွားနို့ပူပူလေး သောက်ပေးသင့် တယ်လို့ ဆိုပါတယ်။

နောက်ပြီး နနွင်းနို့က အသားအရေကို အရွယ်တင်နုပျို ကျန်းမာစေတာကြောင့် လှချင်ပချင်သူတွေတော့ အကြိုက်တွေ့ကြမှာပါ။ နနွင်းက ခန္ဓာကိုယ်ထဲက အဆီတွေကို ဖယ်ရှားပေးတာမို့ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေ နွားနို့ထဲ သကြားတွေထည့်သောက်မယ့်အစား နနွင်းထည့်ပြီးသောက်ကြည့်လိုက်ပါ။

—Ref: healthmeup

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top