လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ၾကက္ဆူဆီ ဆိုတာ ဘာလဲ။

ၾကက္ဆူပင္ဟာ အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္ေလ့ရွိျပီး ဒီအပင္ကရတဲ့ အေစ့ေတြကို ၾကက္ဆူဆီထုတ္လုပ္ဖို႕အတြက္ အသုံးျပဳပါတယ္။ၾကက္ဆူဆီဟာ သင့္အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါ မ်ားစြာ အက်ိဳးရွိလွပါတယ္။ၾကက္ဆူဆီကို ပဋိသေႏၶတားေဆးအျဖစ္ အခ်ိဳ႕က အသုံးျပဳၾကပါေသးတယ္။ ဒါတင္မကေသးပါဘူး။ ၾကက္ဆူဆီကို ကေလးမီးဖြားတဲ့အခ်ိန္မွာ အသုံးျပဳႏိုင္သလို မီးဖြားျပီးခ်ိန္မွာလည္း မိခင္ႏို႕ေကာင္းေကာင္းထြက္ဖို႕အတြက္ အသုံးျပဳႏိုင္ပါေသးတယ္။တခ်ိဳ႕ေတြက်ျပန္ေတာ့ မ်က္လုံးထဲဝင္ေနတဲ့ အမႈန္အမႊားစေတြကို ဖယ္ထုတ္ဖို႕ ၾကက္ဆူဆီကို အသုံးျပဳၾကပါတယ္။

တကယ္ေတာ့ ကုန္က်စရိတ္သက္သာျပီး အက်ိဳးသက္ေရာက္မႈေကာင္းတဲ့ အလွအပထိန္းသိမ္းေရးပစၥည္းအျဖစ္ ၾကက္ဆူဆီကို လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာကတည္းက သုံးစြဲခဲ့ၾကတာျဖစ္ပါတယ္။ၾကက္ဆူဆီကို လိမ္းေပးမယ္ဆိုရင္ သင့္အသားအေရကို က်န္းမာလွပႏုပ်ိဳေစမွာပဲ ျဖစ္ပါတယ္။ဝက္ျခံကုသရာမွာ ဒါမွမဟုတ္ အမာရြတ္ေတြ ဖယ္ရွားပစ္ရာမွာလည္း ၾကက္ဆူဆီကို သုံးႏိုင္ပါတယ္။
ဝက္ျခံအမာရြတ္ေတြကို ၾကက္ဆူဆီက ဘယ္လိုသက္သာေစသလဲ။

ၾကက္ဆူဆီမွာ အုိမီဂါသရီးဖက္တီးအက္ဆစ္ေတြ ပါဝင္ပါတယ္။ ေလ့လာခ်က္ေတြအရ အိုမီဂါသရီးဖက္တီးအက္ဆစ္ေတြဟာ အနာက်က္ျမန္ေစျပီး ခႏၶာကိုယ္မွာ အမာရြတ္ျဖစ္ေပၚမႈကိုလည္း ေလ်ာ့နည္းေစပါတယ္။ ၾကက္ဆူဆီဟာ အေရျပားေအာက္ေျခအထိ စိမ့္ဝင္ျပီး က်န္းမာေကာင္းမြန္တဲ့ ဆဲလ္အသစ္ေတြကို ျဖစ္ေပၚေစတာေၾကာင့္ အေရျပားတစ္႐ႉးအသစ္ေတြေပၚထြက္လာေစပါတယ္။ဒါေပမယ့္ ၾကက္ဆူဆီကို ဒီေန့သုံးျပီး မနက္ျဖန္ အက်ိဳးသက္ေရာက္မႈလိုခ်င္လို႕ေတာ့ မရပါဘူး။သင့္အမာရြတ္ေတြကို သက္သာေပ်ာက္ကင္းသြားေစဖို႕ အခ်ိန္အတိုင္းအတာတခုေတာ့ ၾကာမွာ ျဖစ္ျပီး အမာရြတ္ေတြအေနနဲ႕ ျဖည္းျဖည္းခ်င္း သက္သာလာမွာ ျဖစ္ပါတယ္။
အသုံးျပဳနည္း

ၾကက္ဆူဆီဟာ ဝက္ျခံကို ကုသေပးႏိုင္ျပီး အမာရြတ္ေတြကိုလည္း သက္သာေစႏိုင္တာမို႕ သင့္အတြက္ အက်ိဳးရွိေစပါမယ္။သင့္အေရျပားေပၚက ဝက္ျခံအမာရြတ္ေတြကို ဖယ္ရွားပစ္ဖို႕နည္းလမ္းေတြကို ေအာက္မွာေဖာ္ျပထားပါတယ္။
ေရေႏြးနဲ႕ မ်က္ႏွာသစ္ေဆး အသုံးျပဳျပီး သင့္မ်က္ႏွာကို သန္႕စင္ပါ။ဒီလိုလုပ္ေပးျခင္းဟာ အေရျပားေပၚက အညစ္အေၾကးေတြနဲ႕ မလိုလားအပ္တဲ့ အဆီေတြကို ဖယ္ရွားေပးႏိုင္တာမို႕ ေမြးညွင္းေပါက္ေတြကို ပြင့္ေစပါလိမ့္မယ္။

သင့္လက္ေခ်ာင္းထိပ္ေလးကို အသုံးျပဳျပီး အမာရြတ္ရွိတဲ့ေနရာေတြကို ၾကက္ဆူဆီ လိမ္းေပးပါ။နည္းနည္းပဲ လိမ္းဖို႕လိုပါတယ္။
လိမ္းျပီးတဲ့ ေနရာေတြကို သံုးမိနစ္ေလာက္ ႏွိပ္ေပးပါ။ဒီလိုလုပ္ေပးျခင္းဟာ ေမြးညင္းေပါက္ေတြကို ပြင့္ေစတဲ့အတြက္ ၾကက္ဆူဆီေတြကို အေရျပားေအာက္ေျခနက္နက္ထိ စိမ့္ဝင္ေစျပီး အမာရြတ္ကို ႏူးညံ့သြားေစပါတယ္။ႏွိပ္တဲ့အခါ အသာအယာႏွိပ္ရမွာျဖစ္ျပီး နာက်င္လာတာမ်ိဳး ဒါမွမဟုတ္ ကသိကေအာင့္ျဖစ္လာတာမ်ိဳး ခံစားရရင္ ႏွိပ္ေနတာကို ခ်က္ခ်င္းရပ္လိုက္ပါ။ ၾကက္ဆူဆီကို အနာေတြထဲ၊ေဟာင္းေလာင္းေပါက္ျဖစ္ေနတဲ့ ဝက္ျခံေတြထဲ ဒါမွမဟုတ္ မ်က္လုံးထဲ မထည့္ရပါ။

ဆပ္ျပာနဲ႕ ေရကို အသုံးျပဳျပီး သင့္လက္ကို စင္ၾကယ္ေအာင္ ေဆးပါ။အဝတ္အစားမွာ ၾကက္ဆူဆီေတြ ကပ္ေနတာမ်ိဳးရွိရင္ ေလွ်ာ္ပစ္ပါ။
အမာရြတ္ေတြကို ဖယ္ရွားႏိုင္ဖို႕အတြက္ အထက္ေဖာ္ျပပါ နည္းစဥ္အတိုင္း တစ္ေန႔ကို တစ္ၾကိမ္ ဒါမွမဟုတ္ ႏွစ္ၾကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။အမာရြတ္ေတြအေပၚ ၾကက္ဆူဆီရဲ့ အာနိသင္ျပသဖို႕အတြက္ ၁၅ ရက္ေလာက္ ၾကာႏိုင္ပါတယ္။
လိမ္းျပီးတဲ့အခါ သင့္အေရျပားကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ေနဖို႕လိုျပီး နီရဲေရာင္ရမ္းတာ ဒါမွမဟုတ္ ေသြးထြက္တာ အစရွိတဲ့ လကၡဏာေတြ ေပၚေပါက္လာရင္ ၾကက္ဆူဆီအသုံးျပဳတာကို ခ်က္ခ်င္းရပ္ရမွာ ျဖစ္ျပီး ဆရာဝန္နဲ႕ အျမန္ဆုံးျပသရပါမယ္။

ၾကက္ဆူဆီကို ေရာဂါဘယေတြ ကုသဖို႕အတြက္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အသုံးျပဳခဲ့ၾကတာပါ။ဒါေၾကာင့္ ၾကက္ဆူဆီကို လိမ္းေပးမယ္ဆိုရင္ သင့္ဝက္ျခံအမာရြတ္ေတြကို ေပ်ာက္ကင္းေစမယ္ဆိုတာ အံ့ဩစရာေတာ့ မရွိပါဘူး။ဒါေပမယ့္ ျပင္းထန္ဆိုးရြားတဲ့ ဓာတ္မတည့္မႈ ျပႆနာေတြနဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ေရွာင္ရွားႏိုင္ဖို႕အတြက္ ၾကက္ဆူဆီကို အသုံးမျပဳခင္မွာ အေရျပားအထူးကုဆရာဝန္နဲ႕ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

ကြက်ဆူဆီ ဆိုတာ ဘာလဲ။

ကြက်ဆူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး ဒီအပင်ကရတဲ့ အစေ့တွေကို ကြက်ဆူဆီထုတ်လုပ်ဖို့အတွက် အသုံးပြုပါတယ်။ကြက်ဆူဆီဟာ သင့်အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ များစွာ အကျိုးရှိလှပါတယ်။ကြက်ဆူဆီကို ပဋိသန္ဓေတားဆေးအဖြစ် အချို့က အသုံးပြုကြပါသေးတယ်။ ဒါတင်မကသေးပါဘူး။ ကြက်ဆူဆီကို ကလေးမီးဖွားတဲ့အချိန်မှာ အသုံးပြုနိုင်သလို မီးဖွားပြီးချိန်မှာလည်း မိခင်နို့ကောင်းကောင်းထွက်ဖို့အတွက် အသုံးပြုနိုင်ပါသေးတယ်။တချို့တွေကျပြန်တော့ မျက်လုံးထဲဝင်နေတဲ့ အမှုန်အမွှားစတွေကို ဖယ်ထုတ်ဖို့ ကြက်ဆူဆီကို အသုံးပြုကြပါတယ်။

တကယ်တော့ ကုန်ကျစရိတ်သက်သာပြီး အကျိုးသက်ရောက်မှုကောင်းတဲ့ အလှအပထိန်းသိမ်းရေးပစ္စည်းအဖြစ် ကြက်ဆူဆီကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ကြက်ဆူဆီကို လိမ်းပေးမယ်ဆိုရင် သင့်အသားအရေကို ကျန်းမာလှပနုပျိုစေမှာပဲ ဖြစ်ပါတယ်။ဝက်ခြံကုသရာမှာ ဒါမှမဟုတ် အမာရွတ်တွေ ဖယ်ရှားပစ်ရာမှာလည်း ကြက်ဆူဆီကို သုံးနိုင်ပါတယ်။
ဝက်ခြံအမာရွတ်တွေကို ကြက်ဆူဆီက ဘယ်လိုသက်သာစေသလဲ။

ကြက်ဆူဆီမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေဟာ အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ အမာရွတ်ဖြစ်ပေါ်မှုကိုလည်း လျော့နည်းစေပါတယ်။ ကြက်ဆူဆီဟာ အရေပြားအောက်ခြေအထိ စိမ့်ဝင်ပြီး ကျန်းမာကောင်းမွန်တဲ့ ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေတာကြောင့် အရေပြားတစ်ရှူးအသစ်တွေပေါ်ထွက်လာစေပါတယ်။ဒါပေမယ့် ကြက်ဆူဆီကို ဒီနေ့သုံးပြီး မနက်ဖြန် အကျိုးသက်ရောက်မှုလိုချင်လို့တော့ မရပါဘူး။သင့်အမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေဖို့ အချိန်အတိုင်းအတာတခုတော့ ကြာမှာ ဖြစ်ပြီး အမာရွတ်တွေအနေနဲ့ ဖြည်းဖြည်းချင်း သက်သာလာမှာ ဖြစ်ပါတယ်။
အသုံးပြုနည်း

ကြက်ဆူဆီဟာ ဝက်ခြံကို ကုသပေးနိုင်ပြီး အမာရွတ်တွေကိုလည်း သက်သာစေနိုင်တာမို့ သင့်အတွက် အကျိုးရှိစေပါမယ်။သင့်အရေပြားပေါ်က ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပစ်ဖို့နည်းလမ်းတွေကို အောက်မှာဖော်ပြထားပါတယ်။
ရေနွေးနဲ့ မျက်နှာသစ်ဆေး အသုံးပြုပြီး သင့်မျက်နှာကို သန့်စင်ပါ။ဒီလိုလုပ်ပေးခြင်းဟာ အရေပြားပေါ်က အညစ်အကြေးတွေနဲ့ မလိုလားအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တာမို့ မွေးညှင်းပေါက်တွေကို ပွင့်စေပါလိမ့်မယ်။

သင့်လက်ချောင်းထိပ်လေးကို အသုံးပြုပြီး အမာရွတ်ရှိတဲ့နေရာတွေကို ကြက်ဆူဆီ လိမ်းပေးပါ။နည်းနည်းပဲ လိမ်းဖို့လိုပါတယ်။
လိမ်းပြီးတဲ့ နေရာတွေကို သုံးမိနစ်လောက် နှိပ်ပေးပါ။ဒီလိုလုပ်ပေးခြင်းဟာ မွေးညင်းပေါက်တွေကို ပွင့်စေတဲ့အတွက် ကြက်ဆူဆီတွေကို အရေပြားအောက်ခြေနက်နက်ထိ စိမ့်ဝင်စေပြီး အမာရွတ်ကို နူးညံ့သွားစေပါတယ်။နှိပ်တဲ့အခါ အသာအယာနှိပ်ရမှာဖြစ်ပြီး နာကျင်လာတာမျိုး ဒါမှမဟုတ် ကသိကအောင့်ဖြစ်လာတာမျိုး ခံစားရရင် နှိပ်နေတာကို ချက်ချင်းရပ်လိုက်ပါ။ ကြက်ဆူဆီကို အနာတွေထဲ၊ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ဝက်ခြံတွေထဲ ဒါမှမဟုတ် မျက်လုံးထဲ မထည့်ရပါ။

ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သင့်လက်ကို စင်ကြယ်အောင် ဆေးပါ။အဝတ်အစားမှာ ကြက်ဆူဆီတွေ ကပ်နေတာမျိုးရှိရင် လျှော်ပစ်ပါ။
အမာရွတ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အထက်ဖော်ပြပါ နည်းစဉ်အတိုင်း တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။အမာရွတ်တွေအပေါ် ကြက်ဆူဆီရဲ့ အာနိသင်ပြသဖို့အတွက် ၁၅ ရက်လောက် ကြာနိုင်ပါတယ်။
လိမ်းပြီးတဲ့အခါ သင့်အရေပြားကို ဂရုတစိုက် စောင့်ကြည့်နေဖို့လိုပြီး နီရဲရောင်ရမ်းတာ ဒါမှမဟုတ် သွေးထွက်တာ အစရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာရင် ကြက်ဆူဆီအသုံးပြုတာကို ချက်ချင်းရပ်ရမှာ ဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

ကြက်ဆူဆီကို ရောဂါဘယတွေ ကုသဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာပါ။ဒါကြောင့် ကြက်ဆူဆီကို လိမ်းပေးမယ်ဆိုရင် သင့်ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေမယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး။ဒါပေမယ့် ပြင်းထန်ဆိုးရွားတဲ့ ဓာတ်မတည့်မှု ပြဿနာတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကြက်ဆူဆီကို အသုံးမပြုခင်မှာ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top