ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တီဗီအသံ ဆူညံ ေၾကာင္း ေျပာဆိုရာမွ ညီအစ္ကို ခ်င္း စကားမ်ားရန္ျဖစ္ကာ ညီျဖစ္ သူက ေရပိုက္ျပင္သည့္ခြျဖင့္ ႐ိုက္ ႏွက္သျဖင့္ အစ္ကိုျဖစ္သူ (၄၈)ႏွစ္ အရြယ္ အမ်ဳိးသားေသဆံုးေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖြဲ႕႐ံုးမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕ နယ္ (၁၂) ရပ္ကြက္အတြင္းေန ထုိင္သည့္ ဦးသန္းတိုးသည္ ႏိုဝင္ဘာ ၁၄ ရက္ ည ၁၀ နာရီခြဲ ခန္႔က ေနအိမ္၌ မိသားစုႏွင့္အတူ တီဗီၾကည့္ေနစဥ္ ၎၏ ညီဦးသန္းေနာင္ အလုပ္မွျပန္လာရာမွ စတင္ျဖစ္ပြားခဲ့ေၾကာင္း ဒဂံုအေရွ႕ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ထို႔ေနာက္ အလုပ္မွျပန္ ေရာက္လာသည့္ ဦးသန္းေနာင္ သည္ ေနအိမ္တြင္ တီဗီၾကည့္ေန သူမ်ားကို ဆူညံေၾကာင္းေျပာဆို ရာ ဦးသန္းတိုးႏွင့္ စကားမ်ား ရန္ျဖစ္ကာ လံုးေထြးသတ္ပုတ္ခဲ့ ၾကေၾကာင္း ၎က ဆက္လက္ ရွင္းျပသည္။

ထုိသို႔ ႐ိုက္ႏွက္ခဲ့ေသာ ေၾကာင့္ ဦးသန္းတိုး၏ ဦးေခါင္း တြင္ ဒဏ္ရာမ်ား ရရွိေသဆံုးခဲ့ ေၾကာင္း ရဲအရာရွိကဆိုသည္။

(၃၈)ႏွစ္ အရြယ္ ေခ်ာႀကီး(ခ)သန္းႏိုင္ကို ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕မရဲစခန္းက လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာဖမ္းဆီး အေရးယူထားေၾကာင္း ဒဂံုအေရွ႕ ၿမိဳ႕ မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ယခုႏွစ္ မတ္လ ၁၁ ရက္ ညေနက ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕နယ္ (၁၃၃) ရပ္ကြက္တြင္ ေနထိုင္သည့္ (၃၂)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးသည္ အရက္မူး ကာ ေနအိမ္ျပန္လာၿပီး (၅၄)ႏွစ္ အရြယ္ ဖခင္အားထုိးႀကိတ္ခဲ့ သျဖင့္ ဖခင္ေသဆံုးမႈ ျဖစ္ပြားခဲ့ေသးသည္။

ရန္ကုန္တုိင္းေဒသႀကီး အတြင္း ၿပီးခဲ့သည့္ ေအာက္တုိ ဘာအတြင္း  လူသတ္မႈ ၁၂ မႈ ျဖစ္ပြားခဲ့ၿပီး စက္တင္ ဘာအတြင္း လူသတ္မႈတစ္မႈ ပိုမိုျဖစ္ပြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


တီဗီအသံ ဆူညံ ကြောင်း ပြောဆိုရာမှ ညီအစ်ကို ချင်း စကားများရန်ဖြစ်ကာ ညီဖြစ် သူက ရေပိုက်ပြင်သည့်ခွဖြင့် ရိုက် နှက်သဖြင့် အစ်ကိုဖြစ်သူ (၄၈)နှစ် အရွယ် အမျိုးသားသေဆုံးကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့ နယ် (၁၂) ရပ်ကွက်အတွင်းနေ ထိုင်သည့် ဦးသန်းတိုးသည် နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီခွဲ ခန့်က နေအိမ်၌ မိသားစုနှင့်အတူ တီဗီကြည့်နေစဉ် ၎င်း၏ ညီဦးသန်းနောင် အလုပ်မှပြန်လာရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ဒဂုံအရှေ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့နောက် အလုပ်မှပြန် ရောက်လာသည့် ဦးသန်းနောင် သည် နေအိမ်တွင် တီဗီကြည့်နေ သူများကို ဆူညံကြောင်းပြောဆို ရာ ဦးသန်းတိုးနှင့် စကားများ ရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ခဲ့ ကြကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ထိုသို့ ရိုက်နှက်ခဲ့သော ကြောင့် ဦးသန်းတိုး၏ ဦးခေါင်း တွင် ဒဏ်ရာများ ရရှိသေဆုံးခဲ့ ကြောင်း ရဲအရာရှိကဆိုသည်။

(၃၈)နှစ် အရွယ် ချောကြီး(ခ)သန်းနိုင်ကို ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာဖမ်းဆီး အရေးယူထားကြောင်း ဒဂုံအရှေ့ မြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုနှစ် မတ်လ ၁၁ ရက် ညနေက ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် (၁၃၃) ရပ်ကွက်တွင် နေထိုင်သည့် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အရက်မူး ကာ နေအိမ်ပြန်လာပြီး (၅၄)နှစ် အရွယ် ဖခင်အားထိုးကြိတ်ခဲ့ သဖြင့် ဖခင်သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြီးခဲ့သည့် အောက်တို ဘာအတွင်း  လူသတ်မှု ၁၂ မှု ဖြစ်ပွားခဲ့ပြီး စက်တင် ဘာအတွင်း လူသတ်မှုတစ်မှု ပိုမိုဖြစ်ပွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top