Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္လိုင္စင္ထုတ္ ေပးထားသည့္ တကၠစီမ်ား ဒီဇင္ ဘာလကုန္ ေနာက္ဆံုးထား၍ စီးတီးတကၠစီ မွတ္ပံုတင္ရမည္ျဖစ္ ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ အ တြင္းေရးမွဴး ေဒါက္တာေမာင္ ေအာင္က ေျပာသည္။

ထိုသို႔ ရန္ကုန္လုိင္စင္မ်ား စီးတီးတကၠစီအျဖစ္ ေျပာင္းလဲၿပီး ပါက နယ္လိုင္စင္တကၠစီမ်ား ရန္ ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနမႈမ်ားကို စိစစ္အေရးယူမည္ဟု  ၎က ဆက္လက္ေျပာသည္။

‘‘ဒီဇင္ဘာ ေနာက္ဆံုးပတ္ လုပ္ရမယ္လို႔ ေျပာထားတယ္။ ဒါ ၿပီးရင္ စစ္ထုတ္ရမယ္။ နယ္လိုင္ စင္ေတြကို ညအိပ္ခြန္ေကာက္ ေတြ ဘာေတြ ေကာက္ရမယ္’’ဟု ေဒါက္တာေမာင္ေအာင္က ေျပာ သည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ စီးတီးတကၠစီ အစီးေရ ေျခာက္ေသာင္းေက်ာ္ရွိေၾကာင္း ကညနလုပ္ငန္းလိုင္စင္႐ံုးက ထုတ္ျပန္သည္။  ရန္ကုန္ၿမိဳ႕ ယာဥ္ေၾကာ က်ပ္တည္းမႈကို ေျဖေလွ်ာ့ေရး ရန္ ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕ က တကၠစီမ်ားကို ထိန္းခ်ဳပ္ရန္ စီစဥ္ျခင္းျဖစ္သည္။

‘‘နယ္တကၠစီေတြက ေျပးဆြဲ ခြင့္မရွိတာ။ သူတို႔ တုိင္းထဲမွာအ တြက္ပဲ ထုတ္ေပးထားတာ။ သူ တုိ႔ ရန္ကုန္မွာ လာေျပးဆြဲေနတာ ဥပေဒနဲ႔ မညီဘူး။ ရန္ကုန္မွာ တကၠစီမ်ားလြန္းေနေတာ့ တကၠစီသမားေတြ ဒုကၡေရာက္ေနတယ္’’ ဟု Hello Cab တကၠစီကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္ ဝင္းက ေျပာသည္။

ထိုသို႔ လုပ္ေဆာင္ျခင္းသည္ ဥပေဒအရ ႀကီးၾကပ္ျခင္းျဖစ္ၿပီး ရန္ကုန္လုိင္စင္ တကၠစီသမားမ်ား အတြက္ အသက္႐ွဴေခ်ာင္ေစမည္ ဟု ၎က ဆုိသည္။

ျမန္မာႏုိင္ငံ ေမာ္ေတာ္ယာဥ္ ဥပေဒအရ ေမာ္ေတာ္ယာဥ္တုိင္း သည္ ႏုိင္ငံတစ္ဝန္း မည္သည့္ေန ရာတြင္မဆို ေမာင္းႏွင္ခြင့္ရွိရမည္ ဟု တာေမြၿမိဳ႕နယ္ေန တကၠစီ ယာဥ္ေမာင္း ဦးေအာင္သန္းဝင္း က ေျပာသည္။

စီးတီးတကၠစီမ်ား သက္ တမ္းတုိးျခင္းကို ၿပီးခဲ့သည့္ အစိုးရလက္ထက္၌ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္က ကိုင္တြယ္ခဲ့ၿပီး ေနာက္ ပိုင္းတြင္ မထသက လႊဲေျပာင္းရ ယူခဲ့သည္။ ထို႔ေနာက္ စီးတီးတကၠ စီသက္တမ္းတိုးျခင္းႏွင့္ မွတ္ပံု တင္ျခင္းလုပ္ငန္းကို ရန္ကုန္တုိင္း ေဒသႀကီး သယ္ယူပုိ႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အ ဖြဲ႕ (ဗဟို) (YRTA)က လႊဲေျပာင္း ရယူခဲ့သည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာနယ္နိမိတ္အတြင္း နယ္ နံပါတ္ကားမ်ားႏွင့္ ညအိပ္ခြန္ မေဆာင္ထားသည့္ကားမ်ား ည အိပ္ခြင့္မရွိေၾကာင္းႏွင့္ ညအိပ္ခြန္ ေပးေဆာင္ထားျခင္း မရွိသည့္ ယာဥ္မ်ားကို အေရးယူမည္ဟု ရန္ ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ေၾကညာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရန်ကုန်လိုင်စင်ထုတ် ပေးထားသည့် တက္ကစီများ ဒီဇင် ဘာလကုန် နောက်ဆုံးထား၍ စီးတီးတက္ကစီ မှတ်ပုံတင်ရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အ တွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောသည်။

ထိုသို့ ရန်ကုန်လိုင်စင်များ စီးတီးတက္ကစီအဖြစ် ပြောင်းလဲပြီး ပါက နယ်လိုင်စင်တက္ကစီများ ရန် ကုန်မြို့တွင်း ပြေးဆွဲနေမှုများကို စိစစ်အရေးယူမည်ဟု  ၎င်းက ဆက်လက်ပြောသည်။

‘‘ဒီဇင်ဘာ နောက်ဆုံးပတ် လုပ်ရမယ်လို့ ပြောထားတယ်။ ဒါ ပြီးရင် စစ်ထုတ်ရမယ်။ နယ်လိုင် စင်တွေကို ညအိပ်ခွန်ကောက် တွေ ဘာတွေ ကောက်ရမယ်’’ဟု ဒေါက်တာမောင်အောင်က ပြော သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ စီးတီးတက္ကစီ အစီးရေ ခြောက်သောင်းကျော်ရှိကြောင်း ကညနလုပ်ငန်းလိုင်စင်ရုံးက ထုတ်ပြန်သည်။  ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့ရေး ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တက္ကစီများကို ထိန်းချုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

‘‘နယ်တက္ကစီတွေက ပြေးဆွဲ ခွင့်မရှိတာ။ သူတို့ တိုင်းထဲမှာအ တွက်ပဲ ထုတ်ပေးထားတာ။ သူ တို့ ရန်ကုန်မှာ လာပြေးဆွဲနေတာ ဥပဒေနဲ့ မညီဘူး။ ရန်ကုန်မှာ တက္ကစီများလွန်းနေတော့ တက္ကစီသမားတွေ ဒုက္ခရောက်နေတယ်’’ ဟု Hello Cab တက္ကစီကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင် ဝင်းက ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ဥပဒေအရ ကြီးကြပ်ခြင်းဖြစ်ပြီး ရန်ကုန်လိုင်စင် တက္ကစီသမားများ အတွက် အသက်ရှူချောင်စေမည် ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တိုင်း သည် နိုင်ငံတစ်ဝန်း မည်သည့်နေ ရာတွင်မဆို မောင်းနှင်ခွင့်ရှိရမည် ဟု တာမွေမြို့နယ်နေ တက္ကစီ ယာဉ်မောင်း ဦးအောင်သန်းဝင်း က ပြောသည်။

စီးတီးတက္ကစီများ သက် တမ်းတိုးခြင်းကို ပြီးခဲ့သည့် အစိုးရလက်ထက်၌ ရန်ကုန်မြို့တော် စည်ပင်က ကိုင်တွယ်ခဲ့ပြီး နောက် ပိုင်းတွင် မထသက လွှဲပြောင်းရ ယူခဲ့သည်။ ထို့နောက် စီးတီးတက္က စီသက်တမ်းတိုးခြင်းနှင့် မှတ်ပုံ တင်ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့ (ဗဟို) (YRTA)က လွှဲပြောင်း ရယူခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း နယ် နံပါတ်ကားများနှင့် ညအိပ်ခွန် မဆောင်ထားသည့်ကားများ ည အိပ်ခွင့်မရှိကြောင်းနှင့် ညအိပ်ခွန် ပေးဆောင်ထားခြင်း မရှိသည့် ယာဉ်များကို အရေးယူမည်ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top