×

အသက္ ၁၄ ႏွစ္အ႐ြယ္ စိတ္မႏွံ႔ သည့္ အမ်ိဳးသမီးတစ္ဦးအား အသက္ (၆၀) ဝန္းက်င္ အမ်ိဳးသား ႏွစ္ဦးမွ အဓမၼ ျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ေထာင္ေကးရပ္ကြက္တြင္ အသက္(၁၄) ႏွစ္အ႐ြယ္ စိတ္မႏွံ႔သည့္ အမ်ိဳးသမီးတစ္ဦးအား အမ်ိဳးသားႀကီးႏွစ္ဦးက အဓမၼ ျပဳက်င့္သည္ဟုဆိုၿပီး ႏိုဝင္ဘာလ(၁၀) ရက္၊ ည(၁၁)နာရီခန႔္က အမႈလာေရာက္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ သားမယားျပဳက်င့္ခံရတဲ့ကေလးမေလးကအသက္(၁၄)ႏွစ္ပါ။ ေတာ္ေတာ္ညနက္ေနၿပီအမႈလာဖြင့္ေတာ့။ တရားလိုတင္ျပတဲ့အတိုင္း ကြၽန္ေတာ္ေျပာျပရရင္ ၃.၁၁.၁၇ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကေပါ့ဗ်ာ။ အဲဒီအခ်ိန္ ညေနသုံးနာရီက မဝါဝါခိုင္ကို ေဒၚျဖဴ နဲ႔ မႏြဲ႕က လာေခၚတယ္ ၊ နင့္ညီမ ဝမ္းကြဲကိုဦးေငြသိန္း(ခ)အက်စ္(၆၀)ႏွစ္ ကသားမယားျပဳက်င့္ေနတယ္လို႔ေျပာတယ္။မလိုက္သြားဘူး။
ညေနငါးနာရီမွာေဒၚျဖဴ ၊ မႏြဲ႕ နဲ႔ မငယ္ သုံးေရာက္ က မဝါဝါခိုင္ကို ေနာက္ထပ္လာေခၚတယ္။ နင့္ညီမကိုခ်ီးဖူး(၅၇) ႏွစ္ကသားမယားျပဳက်င့္လို႔ နင့္အစ္ကို ဦးထြန္းၾကည္နဲ႔ ဦးခ်ီးဖူးရန္ျဖစ္ေနတယ္ ဆိုၿပီးလာေခၚတယ္။ သားမယားျပဳက်င့္တာကမနက္ (၈) နာရီ ေလာက္မွာပါ။ အခုမွဘာလို႔လာဖြင့္တာလဲဆိုတာေတာ့ မေျပာခ်င္ဘူးဗ်ာ။

ကေလးမေလးကလည္း စိတ္မႏွံ႔ သူ႔အေဖကလည္းစိတ္မမွန္ဆိုေတာ့မေျပာခ်င္ဘူးဗ်ာ။ ည (၁၁)နာရီေလာက္မွာလႊတ္ေတာ္အမတ္က မဝါဝါခိုင္ကိုတြဲေခၚလာၿပီး အမႈဖြင့္တာပဲ” ဟုကမာဝက္နယ္ေျမရဲစခန္းက အမႈစစ္ရဲအုပ္ညီညီေထြးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

လက္ရွိ ဦးေငြသိန္း(ခ)အက်စ္(၆၀)ႏွစ္ ကိုဖမ္းဆီးရမိထားၿပီး ေနာက္တစ္ဦးျဖစ္သူဦးခ်ီးဖူး(၅၇)ႏွစ္ မွာလယ္ထဲဆင္းသြားရာမွ ရွာမေတြ႕ေသးေၾကာင္း ရဲအုပ္ညီညီေထြးထံမွ သိရသည္။

ထိုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဦးေငြသိန္း(ခ)အက်စ္(၆၀)ႏွစ္ အား (ပ) ၇၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္လည္းေကာင္း၊ ဦးခ်ီးဖူး(၅၇)ႏွစ္ အား (ပ) ၇၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္လည္းေကာင္း အမႈတည္ေဆာက္ကာ စုံစမ္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akonthi
#Unicode Version#
အသက် ၁၄ နှစ်အရွယ် စိတ်မနှံ့ သည့် အမျိုးသမီးတစ်ဦးအား အသက် (၆၀) ဝန်းကျင် အမျိုးသား နှစ်ဦးမှ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ထောင်ကေးရပ်ကွက်တွင် အသက်(၁၄) နှစ်အရွယ် စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦးအား အမျိုးသားကြီးနှစ်ဦးက အဓမ္မ ပြုကျင့်သည်ဟုဆိုပြီး နိုဝင်ဘာလ(၁၀) ရက်၊ ည(၁၁)နာရီခန့်က အမှုလာရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ သားမယားပြုကျင့်ခံရတဲ့ကလေးမလေးကအသက်(၁၄)နှစ်ပါ။ တော်တော်ညနက်နေပြီအမှုလာဖွင့်တော့။ တရားလိုတင်ပြတဲ့အတိုင်း ကျွန်တော်ပြောပြရရင် ၃.၁၁.၁၇ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပေါ့ဗျာ။ အဲဒီအချိန် ညနေသုံးနာရီက မဝါဝါခိုင်ကို ဒေါ်ဖြူ နဲ့ မနွဲ့က လာခေါ်တယ် ၊ နင့်ညီမ ဝမ်းကွဲကိုဦးငွေသိန်း(ခ)အကျစ်(၆၀)နှစ် ကသားမယားပြုကျင့်နေတယ်လို့ပြောတယ်။မလိုက်သွားဘူး။
ညနေငါးနာရီမှာဒေါ်ဖြူ ၊ မနွဲ့ နဲ့ မငယ် သုံးရောက် က မဝါဝါခိုင်ကို နောက်ထပ်လာခေါ်တယ်။ နင့်ညီမကိုချီးဖူး(၅၇) နှစ်ကသားမယားပြုကျင့်လို့ နင့်အစ်ကို ဦးထွန်းကြည်နဲ့ ဦးချီးဖူးရန်ဖြစ်နေတယ် ဆိုပြီးလာခေါ်တယ်။ သားမယားပြုကျင့်တာကမနက် (၈) နာရီ လောက်မှာပါ။ အခုမှဘာလို့လာဖွင့်တာလဲဆိုတာတော့ မပြောချင်ဘူးဗျာ။

ကလေးမလေးကလည်း စိတ်မနှံ့ သူ့အဖေကလည်းစိတ်မမှန်ဆိုတော့မပြောချင်ဘူးဗျာ။ ည (၁၁)နာရီလောက်မှာလွှတ်တော်အမတ်က မဝါဝါခိုင်ကိုတွဲခေါ်လာပြီး အမှုဖွင့်တာပဲ” ဟုကမာဝက်နယ်မြေရဲစခန်းက အမှုစစ်ရဲအုပ်ညီညီထွေးက အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိ ဦးငွေသိန်း(ခ)အကျစ်(၆၀)နှစ် ကိုဖမ်းဆီးရမိထားပြီး နောက်တစ်ဦးဖြစ်သူဦးချီးဖူး(၅၇)နှစ် မှာလယ်ထဲဆင်းသွားရာမှ ရှာမတွေ့သေးကြောင်း ရဲအုပ်ညီညီထွေးထံမှ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးငွေသိန်း(ခ)အကျစ်(၆၀)နှစ် အား (ပ) ၇၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊ ဦးချီးဖူး(၅၇)နှစ် အား (ပ) ၇၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း အမှုတည်ဆောက်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Akonthi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top