ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ (၃၀) မျပည္႔ခင္ ခရီးသြားမယ္ဆိုရင္ ေအာက္ကအခ်က္ေလးေတြကို သိထားဖို႔ေတာ႔ လိုမယ္ေနာ္။

အသက္ (၂၀) ေက်ာ္ဆိုတာ လူငယ္၊ လူရြယ္တုိ႔ရဲ႕ အခ်ိန္ပိုင္းျဖစ္ပါတယ္။ အသက္ (၂၀) မျပည္႔ခင္ ဆယ္ေက်ာ္သက္အရြယ္ တံုးကက်ေတာ႔ ေက်ာင္းေတြတက္ရတယ္၊ စာေတြက်က္ရတယ္၊ အရာရာမွာ မိဘေပၚမွာ မွီခိုေနရေတာ႔ ကိုယ္လုပ္ခ်င္တာကို စိတ္ရွိတိုင္း လုပ္လို႔မရပါဘူး။

အသက္ (၂၀) ေက်ာ္ၿပီဆိုရင္ေတာ႔ အလုပ္အကိုင္ေလးကလည္း ရွိေနႏိုင္ၿပီး ကိုယ္႔ပိုက္ဆံကိုယ္ ရွာသံုးႏိုင္ၿပီဆိုေတာ႔ လုပ္ခ်င္တာေလးေတြ လုပ္ႏိုင္ၿပီေပါ႔။ အဲဒီထဲမွာ ခရီးသြားျခင္းလည္း ပါမွာပဲေလ။ အသက္ (၃၀) မျပည္႔ခင္ ခရီးသြားမယ္ဆိုရင္ ေအာက္ကအခ်က္ေလးေတြကို သိထားဖို႔ေတာ႔ လိုမယ္ေနာ္။

၁။ ေပါ႔ေပါ႔ပါးပါး ခရီးသြားပါ

ခရီးသြားတယ္ဆိုတာ စိတ္လက္ေပါ႔ပါးမႈ ရွိဖို႔က အဓိကေလ။ ဒါေၾကာင္႔ ခရီးေဆာင္အိတ္ထဲမွာ အမွတ္တရေတြထည္႔ဖို႔ ေနရာခ်န္ထားလိုက္ပါ။ မရွိမျဖစ္ လိုအပ္တာေလးေတြပဲ ယူၿပီး ေပါ႔ေပါ႔ပါးပါး ခရီးသြားၾကည္႔လိုက္ပါ။ အေတြ႕အၾကံဳသစ္ေတြကို ရရွိပါလိမ္႔မယ္။

၂။ လြတ္လပ္မႈကို အသံုုးခ်ပါ

အသက္ (၃၀) ေက်ာ္သြားရင္ တာဝန္ေတြပိုမ်ားလာၿပီး အလုပ္ေတြ ပိုရႈပ္လာမွာပါ။ အလုပ္တာဝန္၊ အိမ္ေထာင္႔တာဝန္ေတြ ဖိစီးၿပီး ငယ္ရြယ္စဥ္ကလို ခရီးတစ္ခုကို လြတ္လြတ္လပ္လပ္ သြားရေတာ႔မွာ မဟုတ္ပါဘူး။ ဒါေၾကာင္႔ ငယ္ရြယ္စဥ္မွာ အားလပ္ခ်ိန္နဲ႔ စိတ္လက္ေပါ႔ပါးမႈေတြကို ေကာင္းေကာင္းအသံုးခ်ၿပီး ခရီးတစ္ခုကို ေပါ႔ေပါ႔ပါးပါး ထြက္လိုက္ပါ။

၃။ နယ္ခံအစားအစာတစ္ခုကို ကိုယ္တိုင္ခ်က္ျပဳတ္ၾကည္႔ပါ

ရွမ္းျပည္ဘက္ကို ခရီးထြက္တယ္ဆိုရင္ ရွမ္းေခါက္ဆြဲတစ္ပြဲေလာက္ ကိုယ္တုိင္ခ်က္စားၾကည္႔ပါ။ ရခိုင္ဘက္ကို ခရီးထြက္တယ္ဆိုရင္ ရခိုင္မုန္႔တီကို ကိုယ္တိုင္ရေအာင္ ခ်က္ၾကည္႔ပါ။ အိမ္ျပန္ေရာက္ရင္ ကိုယ္႔မွာ ခ်က္နည္းျပဳတ္နည္း ဗဟုသုေတေတြ တိုးလာၿပီး အေပါင္းအသင္းေတြၾကားမွာ ၾကြယ္လို႔ရသလို ကိုယ္သြားခဲ႔တဲ႔ ခရီးစဥ္အတြက္ အမွတ္တရေကာင္းေလးေတြလည္း ရရွိေစႏိုင္မွာပါ။

၄။ နယ္ခံေတြနဲ႔ မိတ္ေဆြဖြဲ႕ပါ

မိတ္ေဆြ၊ သူငယ္ခ်င္း ေပါမ်ားလို႔ ဆိုးက်ိဳးမရွိပါဘူး။ သူတို႔ေတြဟာ ကိုယ္သူတို႔ၿမိဳ႕ကို အလည္အပတ္ေရာက္ေနခ်ိန္မွာ အိမ္ရွင္ေကာင္းပီသေအာင္ ဧည္႔ဝတ္ျပဳပါလိမ္႔မယ္။ ေနာက္ၿပီး မေတာ္တဆ ျပႆနာတစ္ခုခု ၾကံဳႀကိဳက္ရရင္လည္း သူတို႔ကပဲ ကူညီေျဖရွင္းေပးပါလိမ္႔မယ္။ ငယ္ငယ္က ကြ်န္ေတာ္တို႔သင္ခဲ႔ရတဲ႔ ေက်ာင္းဖတ္စာအုပ္ထဲကလိုပဲ... "တစ္ရြာတစ္က်ီ ေဆာက္လိုက္ပါ" ။

၅။ ျဖစ္ႏိုင္ရင္ တစ္ေယာက္တည္း ခရီးသြားပါ

ဆိုရိုးစကားတစ္ခုေတာင္ ရွိပါေသးတယ္။ "လူတစ္ေယာက္ရဲ႕ စိတ္ရင္းကိုသိခ်င္ရင္ ခရီးတူတူသြားၾကည္႔" တဲ႔။ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ခရီးတူတူသြားရတာ ေပ်ာ္ဖို႔ေတာ႔ေကာင္းပါတယ္။ ဒါေပမယ္႔ တစ္ေယာက္တည္း ခရီးသြားရတဲ႔ အရသာကိုလည္း ျမည္းစမ္းၾကည္႔ပါဦး။ ကိုယ္သြားခ်င္တဲ႔ေနရာကို သြားခ်င္တဲ႔အခ်ိန္မွာ သြားခ်င္သလိုစား၊ စားခ်င္တာကို စားခ်င္သလိုစားရတဲ႔ လြတ္လပ္မႈ၊ ေပ်ာ္ရႊင္မႈကို တစ္ေယာက္တည္း ခရီးသြားရာမွ ရရွိႏိုင္ပါတယ္။

၆။ အေတြ႕အၾကံဳသစ္ေတြကို ရွာမွီးပါ

ႏိုင္ငံတိုင္း၊ ေဒသတိုင္းမွာ တစ္မူကြဲျပားတဲ႔ အေတြ႕အၾကံဳေတြဆိုတာ ရွိပါတယ္။ အဲဒီအေတြ႕အၾကံဳသစ္ေတြကို ေလ႔လာရွာမွီးၾကည္႔ပါ။ ဒါေတြက ေနာင္တစ္ခ်ိန္မွာ ကိုယ္႔အတြက္ အမွတ္တရေတြအျဖစ္ က်န္ေနခဲ႔ပါလိမ္႔မယ္။

၇။ ရည္ရြယ္ခ်က္ေလးေတာ႔ ရွိပါေစ

ခရီးသြားတာ စိတ္လက္ေပါ႔ပါးဖို႔ ဆိုေပမယ္႔ ကိုယ္ခရီးသြားရတဲ႔ ရည္ရြယ္ခ်က္ေလးေတာ႔ ကိုယ္သိပါေစ။ ေန႕စဥ္ဘဝရဲ႕ မြန္းက်ပ္မႈ ေတြထဲက လြတ္ေျမာက္ဖို႔၊ အေတြ႕အၾကံဳသစ္ေတြ ရရွိဖို႔ အစရွိတဲ႔ ရည္ရြယ္ခ်က္ေတြအတိုင္း ခရီးသြားရင္ လူေတြနဲ႔ေတြ႕ဆံုရတာ ပိုအဓိပၸာယ္ရွိၿပီး မေမ႔ႏိုင္တဲ႔ ခရီးသြားအေတြ႕အၾကံဳေလးကိုလည္း ရရွိမွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အသက် (၃၀) မပြည့်ခင် ခရီးသွားမယ်ဆိုရင် အောက်ကအချက်လေးတွေကို သိထားဖို့တော့ လိုမယ်နော်။

အသက် (၂၀) ကျော်ဆိုတာ လူငယ်၊ လူရွယ်တို့ရဲ့ အချိန်ပိုင်းဖြစ်ပါတယ်။ အသက် (၂၀) မပြည့်ခင် ဆယ်ကျော်သက်အရွယ် တုံးကကျတော့ ကျောင်းတွေတက်ရတယ်၊ စာတွေကျက်ရတယ်၊ အရာရာမှာ မိဘပေါ်မှာ မှီခိုနေရတော့ ကိုယ်လုပ်ချင်တာကို စိတ်ရှိတိုင်း လုပ်လို့မရပါဘူး။

အသက် (၂၀) ကျော်ပြီဆိုရင်တော့ အလုပ်အကိုင်လေးကလည်း ရှိနေနိုင်ပြီး ကိုယ့်ပိုက်ဆံကိုယ် ရှာသုံးနိုင်ပြီဆိုတော့ လုပ်ချင်တာလေးတွေ လုပ်နိုင်ပြီပေါ့။ အဲဒီထဲမှာ ခရီးသွားခြင်းလည်း ပါမှာပဲလေ။ အသက် (၃၀) မပြည့်ခင် ခရီးသွားမယ်ဆိုရင် အောက်ကအချက်လေးတွေကို သိထားဖို့တော့ လိုမယ်နော်။

၁။ ပေါ့ပေါ့ပါးပါး ခရီးသွားပါ

ခရီးသွားတယ်ဆိုတာ စိတ်လက်ပေါ့ပါးမှု ရှိဖို့က အဓိကလေ။ ဒါကြောင့် ခရီးဆောင်အိတ်ထဲမှာ အမှတ်တရတွေထည့်ဖို့ နေရာချန်ထားလိုက်ပါ။ မရှိမဖြစ် လိုအပ်တာလေးတွေပဲ ယူပြီး ပေါ့ပေါ့ပါးပါး ခရီးသွားကြည့်လိုက်ပါ။ အတွေ့အကြုံသစ်တွေကို ရရှိပါလိမ့်မယ်။

၂။ လွတ်လပ်မှုကို အသုံုးချပါ

အသက် (၃၀) ကျော်သွားရင် တာဝန်တွေပိုများလာပြီး အလုပ်တွေ ပိုရှုပ်လာမှာပါ။ အလုပ်တာဝန်၊ အိမ်ထောင့်တာဝန်တွေ ဖိစီးပြီး ငယ်ရွယ်စဉ်ကလို ခရီးတစ်ခုကို လွတ်လွတ်လပ်လပ် သွားရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ အားလပ်ချိန်နဲ့ စိတ်လက်ပေါ့ပါးမှုတွေကို ကောင်းကောင်းအသုံးချပြီး ခရီးတစ်ခုကို ပေါ့ပေါ့ပါးပါး ထွက်လိုက်ပါ။

၃။ နယ်ခံအစားအစာတစ်ခုကို ကိုယ်တိုင်ချက်ပြုတ်ကြည့်ပါ

ရှမ်းပြည်ဘက်ကို ခရီးထွက်တယ်ဆိုရင် ရှမ်းခေါက်ဆွဲတစ်ပွဲလောက် ကိုယ်တိုင်ချက်စားကြည့်ပါ။ ရခိုင်ဘက်ကို ခရီးထွက်တယ်ဆိုရင် ရခိုင်မုန့်တီကို ကိုယ်တိုင်ရအောင် ချက်ကြည့်ပါ။ အိမ်ပြန်ရောက်ရင် ကိုယ့်မှာ ချက်နည်းပြုတ်နည်း ဗဟုသုတေတွေ တိုးလာပြီး အပေါင်းအသင်းတွေကြားမှာ ကြွယ်လို့ရသလို ကိုယ်သွားခဲ့တဲ့ ခရီးစဉ်အတွက် အမှတ်တရကောင်းလေးတွေလည်း ရရှိစေနိုင်မှာပါ။

၄။ နယ်ခံတွေနဲ့ မိတ်ဆွေဖွဲ့ပါ

မိတ်ဆွေ၊ သူငယ်ချင်း ပေါများလို့ ဆိုးကျိုးမရှိပါဘူး။ သူတို့တွေဟာ ကိုယ်သူတို့မြို့ကို အလည်အပတ်ရောက်နေချိန်မှာ အိမ်ရှင်ကောင်းပီသအောင် ဧည့်ဝတ်ပြုပါလိမ့်မယ်။ နောက်ပြီး မတော်တဆ ပြဿနာတစ်ခုခု ကြုံကြိုက်ရရင်လည်း သူတို့ကပဲ ကူညီဖြေရှင်းပေးပါလိမ့်မယ်။ ငယ်ငယ်က ကျွန်တော်တို့သင်ခဲ့ရတဲ့ ကျောင်းဖတ်စာအုပ်ထဲကလိုပဲ... "တစ်ရွာတစ်ကျီ ဆောက်လိုက်ပါ" ။

၅။ ဖြစ်နိုင်ရင် တစ်ယောက်တည်း ခရီးသွားပါ

ဆိုရိုးစကားတစ်ခုတောင် ရှိပါသေးတယ်။ "လူတစ်ယောက်ရဲ့ စိတ်ရင်းကိုသိချင်ရင် ခရီးတူတူသွားကြည့်" တဲ့။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခရီးတူတူသွားရတာ ပျော်ဖို့တော့ကောင်းပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း ခရီးသွားရတဲ့ အရသာကိုလည်း မြည်းစမ်းကြည့်ပါဦး။ ကိုယ်သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန်မှာ သွားချင်သလိုစား၊ စားချင်တာကို စားချင်သလိုစားရတဲ့ လွတ်လပ်မှု၊ ပျော်ရွှင်မှုကို တစ်ယောက်တည်း ခရီးသွားရာမှ ရရှိနိုင်ပါတယ်။

၆။ အတွေ့အကြုံသစ်တွေကို ရှာမှီးပါ

နိုင်ငံတိုင်း၊ ဒေသတိုင်းမှာ တစ်မူကွဲပြားတဲ့ အတွေ့အကြုံတွေဆိုတာ ရှိပါတယ်။ အဲဒီအတွေ့အကြုံသစ်တွေကို လေ့လာရှာမှီးကြည့်ပါ။ ဒါတွေက နောင်တစ်ချိန်မှာ ကိုယ့်အတွက် အမှတ်တရတွေအဖြစ် ကျန်နေခဲ့ပါလိမ့်မယ်။

၇။ ရည်ရွယ်ချက်လေးတော့ ရှိပါစေ

ခရီးသွားတာ စိတ်လက်ပေါ့ပါးဖို့ ဆိုပေမယ့် ကိုယ်ခရီးသွားရတဲ့ ရည်ရွယ်ချက်လေးတော့ ကိုယ်သိပါစေ။ နေ့စဉ်ဘဝရဲ့ မွန်းကျပ်မှု တွေထဲက လွတ်မြောက်ဖို့၊ အတွေ့အကြုံသစ်တွေ ရရှိဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေအတိုင်း ခရီးသွားရင် လူတွေနဲ့တွေ့ဆုံရတာ ပိုအဓိပ္ပာယ်ရှိပြီး မမေ့နိုင်တဲ့ ခရီးသွားအတွေ့အကြုံလေးကိုလည်း ရရှိမှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top