ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကုိယ္ခ်စ္ရတဲ့ သူေတြအေပၚ တစ္ေယာက္နဲ႔တစ္ေယာက္ ေပးဆပ္ အနစ္နာခံမႈေတြက မတူညီတတ္ပါ။ကုိယ္ ခ်စ္ရသူက ဘာေတြကုိ ပုိလုိခ်င္တာလဲ ဆုိတာအေပၚ မူတည္ပီး ကြဲျပားျခားနား တတ္ပါတယ္။

၁) အခ်ိန္ ေပးပါ

လူသားတုိင္းကုိ သဘာဝတရားႀကီးက အခ်ိန္ ၂၄ နာရီ အညီအမ်ွ ေပးထားပါတယ္။ ထမင္းစားဖုိ႔ လူတုိင္း အလုပ္လုပ္ရသလုိ ဘဝတုိက္ပြဲ ကုိလည္း လူသားတုိင္း တုိက္ပြဲဝင္ရတာခ်င္း အတူတူ အခ်ိန္ မေပးႏူိင္ဘူး ဆုိတဲ့ အေၾကာင္းျပခ်က္ တစ္ခုနဲ႔ ကုိယ့္ခ်စ္ရသူရဲ႕ ရင္ထဲကုိ အနာေတြ ထည့္မေပးလုိက္ပါနဲ႔။ ထမင္းစားဖုိ႔ အိပ္ဖုိ႔ အခ်ိန္ ႐ွိေနရင္ ကုိယ့္ ခ်စ္သူ အတြက္ သတ္မွတ္ထားတဲ့ အခ်ိန္ တစ္ခုေတာ့ ေပးဆပ္ရပါ့မယ္။

၂) နားေထာင္ ေပးပါ

ခ်စ္သူ ဆုိတာက မိဘ ပီးရင္ ဒုတိယ အရင္းႏွီးဆုံး လူသားပါ။ လူ႔သဘာဝက ရင္ထဲမွာ မေက်နပ္ခ်က္ေတြ သိမ္းဆည္းထားတတ္ပီး သူတုိ႔စိတ္ထဲက အယုံၾကည္ရဆုံးႏွင့္ အရင္းႏွီးဆုံး သူကုိပဲ ရင္ဖြင့္တတ္ၾကတယ္။ကုိယ့္ ခ်စ္သူ ခံစားခ်က္ေတြကုိ ဂ႐ုတစုိက္ နားေထာင္ ေပးပီး ႏွစ္သိမ့္ေပးျခင္းက သံ​ေယာဇဥ္​ၾကဳိး ကုိ ခုိင္မာေစပီး တစ္ေယာက္ရဲ႕စိတ္ကုိ တစ္ေယာက္က နားလည္မႈ ျမင့္မားလာေစတယ္။

၃) ေႏြးေထြး ၾကင္နာ ပါ

လူတစ္ေယာက္က အေဖာ္႐ွာတယ္ ဆုိတာက ဘဝတစ္ခုလုံး အတြက္ အားငယ္ခ်ိန္ ၊ မက်န္းမာခ်ိန္ ၊ ဘဝတုိက္ပြဲကုိ ရင္ဆုိင္ဖုိ႔အတြက္ တီးတုိးေဖာ္ကုိ လုိအပ္ေနလုိ႔ပါ။ ဘဝတစ္ခုလုံးစာအတြက္ နားခုိးရာ ရင္ခြင္တစ္စုံကုိ ကုိယ့္ခ်စ္ရသူဆီက မိန္းကေလးျဖစ္ျဖစ္ ေယာက်္ားေလးျဖစ္ျဖစ္ လုိခ်င္ေတာင့္တမိတာပဲ Sex ကိစၥတစ္ခုတည္းအတြက္ အေဖာ္လုိအပ္ေနတာ မဟုတ္ဘဲ ေႏြးေထြး ၾကင္နာမူွေတြက sex ထက္ ပုိပီး အရမ္း အေရးပါေနတတ္တယ္ ။ေႏြးေထြးၾကင္နာျခင္းဆုိတာ လူမေျပာပါနဲ႔ တိရစၧာန္​ေတြေတာင္ ကုိယ့္သခင္ရဲ႕ ေႏြးေထြးမူွကုိ ေမ်ွာ္လင့္ေနတတ္ၾကတယ္။

၄) အသိပညာ အတတ္ပညာ မ်ွေဝေပးပါ

ခ်စ္သူႏွင့္ လင္မယားၾကားမွာ အထင္ႀကီး ေလးစားမူွဆုိတာ လုိအပ္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ အားသာခ်က္ေတြက မတူညီတတ္ပါဘူး။တစ္ခ်ဳိ့က လုပ္ရည္ကုိင္ရည္ ေကာင္းတယ္ ဒါေပမယ့္ မေစ့စပ္ဘူး။ တစ္ခ်ဳိ့က အလုပ္လုပ္တာ ေႏွးပီး စည္းစနစ္က်တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အားသာခ်က္ အားနည္ခ်က္ေတြကုိ ညႇိႏူွိင္းရင္းနဲ႔ ကုိယ့္ခ်စ္သူ အေတြးေတြ မွားေနရင္ ပညာသားပါပါ တည့္မတ္ေပးပါ။ ကုိယ္ခ်စ္ရသူကုိ အသိပညာ အတတ္ပညာ မ်ွေဝေပးတာက ခင္ပြန္းေကာင္း မယားျမတ္ေတြရဲ႕ လုပ္ရပ္ပါ။

၅) ေပ်ာ္ရႊင္မူွ ေတြ မ်ွေဝေပးပါ

ကုိယ့္ရဲ႕ေပ်ာ္ရႊင္ေနရတဲ့ ေအာင္ျမင္မူွ အေၾကာင္းေတြကုိ ကုိယ့္ ခ်စ္ရသူ ဆီ မ်ွေဝေပးသလုိ သူ႔ရဲ႕ ေပ်ာ္ရႊင္မူွေတြကုိလည္း ကုိယ္စိတ္ညစ္စရာ ႐ွိေနရင္ေတာင္ လႈိက္​လႈိက္​လွဲလွဲ မ်က္ႏွာမပ်က္ဘဲ အတူတူေပ်ာ္ေပးပါ။ ေပ်ာ္ရႊင္မူွ ဆုိတာ လူတုိင္း လုိခ်င္ေနတဲ့ ဆုလာဘ္ ျဖစ္ပီး ကုိယ္ေပ်ာ္ေနရသလုိ သူ႔ကုိလည္း ေပ်ာ္ေစပါ။

၆) ေ႐ွာင္သင့္တာကုိ ေ႐ွာင္ပါ

ကုိယ့္ခ်စ္သူ မၾကဳိက္တဲ့ အမူအက်င့္ေတြကုိ ျပင္ဆင္ ေ႐ွာင္႐ွားျခင္းက ကုိယ္မၾကဳိက္တဲ့ ကိစၥေတြမွာလည္း ကုိယ့္ ခ်စ္သူက အလုိက္တသိ ျပင္ဆင္ေနထုိင္ ပါလိမ့္မယ္။ တစ္ခ်ဳိ္ေသာ လမ္းခြဲျခင္း ေတြမွာ ဘာမဟုတ္တဲ့ အရြဲ႔တုိက္ အမူအက်င့္ဆုိးေလး တစ္ခုေၾကာင့္ သည္းခံမူွေတြ ကုန္ဆုံးပီး စိတ္ကုန္ျခင္းေတြ ႀကီးစုိးလာကာ
နားလည္မႈ ေတြ ကုန္ခမ္းလာျခင္းပါ။

၇) အလုိက္သိပါ

အလုိက္သိ မႈ ဆုိတာက ေမြးလာကတည္းက ပါလာတာ မဟုတ္ပါဘူး လူတစ္ေယာက္ကုိ တကယ္ ခ်စ္မိမွသာ ကုိယ့္ခ်စ္သူ ဘာလုိခ်င္တာ ဘာျဖစ္ခ်င္တာ ဆုိတာကုိ စိတ္ထဲက အလုိလုိ သိလာပီး လုိက္ေလ်ာသင့္တာကုိ မေတာင္းဘဲ ၊ မေျပာခင္ ကတည္းက အလုိက္တသိ ျဖည့္ဆည္းေပးတာမ်ဳိးပါ။လူ႔သဘာဝက ကုိယ့္အေပၚ အတတ္ႏူိင္ဆုံး နားလည္ေပးပီး အလုိက္သိတဲ့သူမ်ဳိးကုိ ေသသြားရင္ေတာင္ မေမ့တတ္ၾကဘဲ မခ်စ္ဘဲ ကုိယ့္ကုိ အေပ်ာ္တြဲေနတဲ့သူေတာင္ ကုိယ္က စစ္မွန္တဲ့ ေမတၱာေပးပီး အလုိက္သိေနခဲ့ရင္ ကုိယ့္အေပၚ ေမတၱာသက္ဝင္ လာတာမ်ဳိးပါ။

လူတစ္ေယာက္ကုိ ကုိယ္က ခ်စ္မိရင္ေတာ့ စြန္႔လႊတ္ အနစ္နာခံျခင္းဆုိတာ ျဖစ္ေပၚလာမွာျဖစ္ပီး ကုိယ့္ရဲ႕တစ္ခ်ဳိ့ေသာ အက်င့္စ႐ုိက္ေတြကုိ စြန္႔လႊတ္ေပးရတာလည္း ႐ွိေနတတ္တယ္။ တစ္ခါတစ္ခါမွာ ခ်စ္သူ နဲ႔ အက်ဳိးစီးပြား ႏႈိင္းယွဥ္လာရင္ ခ်စ္သူကုိ ဦးစားေပးရတာ ႐ွိေနတတ္ပီး တစ္ခါတေလ က်ေတာ့ မာနနဲ႔ ဂုဏ္သိကၡာေတြပါ ေပးဆပ္ခဲ့ၾကရတယ္။

ေပးဆပ္တယ္ ဆုိတာကုိ လူတစ္ခ်ဳိ့က အေသြးအသားကုိ ေပးဆပ္ရတယ္လုိ႔ ထင္ေနတတ္ၾကတယ္…
အေသြးအသား ေပးဆပ္တယ္ဆုိတာက ခ်ည္ေႏွာင္မႈနဲ႔ ေမ်ွာ္လင့္ခ်က္ ေတြ ပါဝင္တတ္တယ္။

ကုိယ့္ ခ်စ္သူ လုိအပ္ခ်က္ေတြကုိ ကုိယ္က အနစ္နာခံပီး ေမ်ွာ္လင့္ခ်က္ မဲ့ စိတ္ထဲက အလုိလုိ လုိလုိလားလား ေပးဆပ္ျခင္းကသာ စစ္မွန္ေသာ ေပးဆပ္ျခင္းပါ။
💓💓💓💓💓💓💓💓

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇင္းနစ္ မေကြး
#Unicode Version#
ကိုယ်ချစ်ရတဲ့ သူတွေအပေါ် တစ်ယောက်နဲ့တစ်ယောက် ပေးဆပ် အနစ်နာခံမှုတွေက မတူညီတတ်ပါ။ကိုယ် ချစ်ရသူက ဘာတွေကို ပိုလိုချင်တာလဲ ဆိုတာအပေါ် မူတည်ပီး ကွဲပြားခြားနား တတ်ပါတယ်။

၁) အချိန် ပေးပါ

လူသားတိုင်းကို သဘာဝတရားကြီးက အချိန် ၂၄ နာရီ အညီအမျှ ပေးထားပါတယ်။ ထမင်းစားဖို့ လူတိုင်း အလုပ်လုပ်ရသလို ဘဝတိုက်ပွဲ ကိုလည်း လူသားတိုင်း တိုက်ပွဲဝင်ရတာချင်း အတူတူ အချိန် မပေးနိူင်ဘူး ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ ကိုယ့်ချစ်ရသူရဲ့ ရင်ထဲကို အနာတွေ ထည့်မပေးလိုက်ပါနဲ့။ ထမင်းစားဖို့ အိပ်ဖို့ အချိန် ရှိနေရင် ကိုယ့် ချစ်သူ အတွက် သတ်မှတ်ထားတဲ့ အချိန် တစ်ခုတော့ ပေးဆပ်ရပါ့မယ်။

၂) နားထောင် ပေးပါ

ချစ်သူ ဆိုတာက မိဘ ပီးရင် ဒုတိယ အရင်းနှီးဆုံး လူသားပါ။ လူ့သဘာဝက ရင်ထဲမှာ မကျေနပ်ချက်တွေ သိမ်းဆည်းထားတတ်ပီး သူတို့စိတ်ထဲက အယုံကြည်ရဆုံးနှင့် အရင်းနှီးဆုံး သူကိုပဲ ရင်ဖွင့်တတ်ကြတယ်။ကိုယ့် ချစ်သူ ခံစားချက်တွေကို ဂရုတစိုက် နားထောင် ပေးပီး နှစ်သိမ့်ပေးခြင်းက သံယောဇဉ်ကြိုး ကို ခိုင်မာစေပီး တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က နားလည်မှု မြင့်မားလာစေတယ်။

၃) နွေးထွေး ကြင်နာ ပါ

လူတစ်ယောက်က အဖော်ရှာတယ် ဆိုတာက ဘဝတစ်ခုလုံး အတွက် အားငယ်ချိန် ၊ မကျန်းမာချိန် ၊ ဘဝတိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် တီးတိုးဖော်ကို လိုအပ်နေလို့ပါ။ ဘဝတစ်ခုလုံးစာအတွက် နားခိုးရာ ရင်ခွင်တစ်စုံကို ကိုယ့်ချစ်ရသူဆီက မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ် လိုချင်တောင့်တမိတာပဲ Sex ကိစ္စတစ်ခုတည်းအတွက် အဖော်လိုအပ်နေတာ မဟုတ်ဘဲ နွေးထွေး ကြင်နာမူှတွေက sex ထက် ပိုပီး အရမ်း အရေးပါနေတတ်တယ် ။နွေးထွေးကြင်နာခြင်းဆိုတာ လူမပြောပါနဲ့ တိရစ္ဆာန်တွေတောင် ကိုယ့်သခင်ရဲ့ နွေးထွေးမူှကို မျှော်လင့်နေတတ်ကြတယ်။

၄) အသိပညာ အတတ်ပညာ မျှဝေပေးပါ

ချစ်သူနှင့် လင်မယားကြားမှာ အထင်ကြီး လေးစားမူှဆိုတာ လိုအပ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အားသာချက်တွေက မတူညီတတ်ပါဘူး။တစ်ချို့က လုပ်ရည်ကိုင်ရည် ကောင်းတယ် ဒါပေမယ့် မစေ့စပ်ဘူး။ တစ်ချို့က အလုပ်လုပ်တာ နှေးပီး စည်းစနစ်ကျတယ်။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်ချက်တွေကို ညှိနူှိင်းရင်းနဲ့ ကိုယ့်ချစ်သူ အတွေးတွေ မှားနေရင် ပညာသားပါပါ တည့်မတ်ပေးပါ။ ကိုယ်ချစ်ရသူကို အသိပညာ အတတ်ပညာ မျှဝေပေးတာက ခင်ပွန်းကောင်း မယားမြတ်တွေရဲ့ လုပ်ရပ်ပါ။

၅) ပျော်ရွှင်မူှ တွေ မျှဝေပေးပါ

ကိုယ့်ရဲ့ပျော်ရွှင်နေရတဲ့ အောင်မြင်မူှ အကြောင်းတွေကို ကိုယ့် ချစ်ရသူ ဆီ မျှဝေပေးသလို သူ့ရဲ့ ပျော်ရွှင်မူှတွေကိုလည်း ကိုယ်စိတ်ညစ်စရာ ရှိနေရင်တောင် လှိုက်လှိုက်လှဲလှဲ မျက်နှာမပျက်ဘဲ အတူတူပျော်ပေးပါ။ ပျော်ရွှင်မူှ ဆိုတာ လူတိုင်း လိုချင်နေတဲ့ ဆုလာဘ် ဖြစ်ပီး ကိုယ်ပျော်နေရသလို သူ့ကိုလည်း ပျော်စေပါ။

၆) ရှောင်သင့်တာကို ရှောင်ပါ

ကိုယ့်ချစ်သူ မကြိုက်တဲ့ အမူအကျင့်တွေကို ပြင်ဆင် ရှောင်ရှားခြင်းက ကိုယ်မကြိုက်တဲ့ ကိစ္စတွေမှာလည်း ကိုယ့် ချစ်သူက အလိုက်တသိ ပြင်ဆင်နေထိုင် ပါလိမ့်မယ်။ တစ်ချိုသော လမ်းခွဲခြင်း တွေမှာ ဘာမဟုတ်တဲ့ အရွဲ့တိုက် အမူအကျင့်ဆိုးလေး တစ်ခုကြောင့် သည်းခံမူှတွေ ကုန်ဆုံးပီး စိတ်ကုန်ခြင်းတွေ ကြီးစိုးလာကာ
နားလည်မှု တွေ ကုန်ခမ်းလာခြင်းပါ။

၇) အလိုက်သိပါ

အလိုက်သိ မှု ဆိုတာက မွေးလာကတည်းက ပါလာတာ မဟုတ်ပါဘူး လူတစ်ယောက်ကို တကယ် ချစ်မိမှသာ ကိုယ့်ချစ်သူ ဘာလိုချင်တာ ဘာဖြစ်ချင်တာ ဆိုတာကို စိတ်ထဲက အလိုလို သိလာပီး လိုက်လျောသင့်တာကို မတောင်းဘဲ ၊ မပြောခင် ကတည်းက အလိုက်တသိ ဖြည့်ဆည်းပေးတာမျိုးပါ။လူ့သဘာဝက ကိုယ့်အပေါ် အတတ်နိူင်ဆုံး နားလည်ပေးပီး အလိုက်သိတဲ့သူမျိုးကို သေသွားရင်တောင် မမေ့တတ်ကြဘဲ မချစ်ဘဲ ကိုယ့်ကို အပျော်တွဲနေတဲ့သူတောင် ကိုယ်က စစ်မှန်တဲ့ မေတ္တာပေးပီး အလိုက်သိနေခဲ့ရင် ကိုယ့်အပေါ် မေတ္တာသက်ဝင် လာတာမျိုးပါ။

လူတစ်ယောက်ကို ကိုယ်က ချစ်မိရင်တော့ စွန့်လွှတ် အနစ်နာခံခြင်းဆိုတာ ဖြစ်ပေါ်လာမှာဖြစ်ပီး ကိုယ့်ရဲ့တစ်ချို့သော အကျင့်စရိုက်တွေကို စွန့်လွှတ်ပေးရတာလည်း ရှိနေတတ်တယ်။ တစ်ခါတစ်ခါမှာ ချစ်သူ နဲ့ အကျိုးစီးပွား နှိုင်းယှဉ်လာရင် ချစ်သူကို ဦးစားပေးရတာ ရှိနေတတ်ပီး တစ်ခါတလေ ကျတော့ မာနနဲ့ ဂုဏ်သိက္ခာတွေပါ ပေးဆပ်ခဲ့ကြရတယ်။

ပေးဆပ်တယ် ဆိုတာကို လူတစ်ချို့က အသွေးအသားကို ပေးဆပ်ရတယ်လို့ ထင်နေတတ်ကြတယ်…
အသွေးအသား ပေးဆပ်တယ်ဆိုတာက ချည်နှောင်မှုနဲ့ မျှော်လင့်ချက် တွေ ပါဝင်တတ်တယ်။

ကိုယ့် ချစ်သူ လိုအပ်ချက်တွေကို ကိုယ်က အနစ်နာခံပီး မျှော်လင့်ချက် မဲ့ စိတ်ထဲက အလိုလို လိုလိုလားလား ပေးဆပ်ခြင်းကသာ စစ်မှန်သော ပေးဆပ်ခြင်းပါ။
💓💓💓💓💓💓💓💓

ဖိုးသူတော် (www.phothutaw.com)
Credit: ဇင်းနစ် မကွေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top