Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မ်က္ႏွာ ဝိုင္းေတြက အျပင္မွာၾကည့္ရင္ ခ်စ္စရာေကာင္းေပမယ့္ ဓာတ္ပံုထဲမွာ ဆိုရင္ေတာ့ ျပည့္ဝန္းတဲ့ မ်က္ႏွာက် ပံုစံေၾကာင့္ မ်က္ႏွာႀကီး ၿပဲေနသလို ျဖစ္တတ္ပါတယ္

မ်က္ႏွာဝိုင္းတဲ့ သတို႔သမီးေလးေတြရွိလား
Marry ရဲ႕ သတို႔သမီး ေလးေတြထဲမွာ မ်က္ႏွာက် ဝိုင္းတဲ့ သတို႔သမီးေလးေတြ အတြက္ မ်က္ႏွာေလးကို ပိုၿပီး ၾကည့္ရ အဆင္ေျပေစဖို႔ ေအာက္ခံ မိတ္ကပ္ ဘယ္လို လိမ္းသင့္သလဲ ဆိုတာ Marry က ေျပာျပေပးခ်င္ပါတယ္။ အဓိကကေတာ့ မ်က္ႏွာက် အလွကို ပိုမို ေပၚလြင္ေစတဲ့ ေအာက္ခံ Shape ေဖာ္နည္းကို ေျပာျပေပးခ်င္တာပါ။

မ်က္ႏွာရဲ႕ ေကာက္ေၾကာင္း အလွကို ပိုမို ေပၚလြင္ေစတဲ့ ေမး႐ိုးခ်တာေတြ၊ ႏွာေခါင္း႐ိုးေဖာ္တာေတြက ေအာက္ခံ မ်က္ႏွာက် ေပၚမူတည္ၿပီး ျခယ္သရတာ မတူပါဘူး။ မ်က္ႏွာ ဝိုင္းဝိုင္းေလးေတြက အျပင္မွာၾကည့္ရင္ ခ်စ္စရာေကာင္းေပမယ့္ ဓာတ္ပံုထဲမွာ ဆိုရင္ေတာ့ ျပည့္ဝန္းတဲ့ မ်က္ႏွာက် ပံုစံေၾကာင့္ မ်က္ႏွာႀကီး ၿပဲေနသလို ျဖစ္တတ္ပါတယ္။ အဲ့ဒိပံုစံကို မႀကိဳက္ဘူးဆိုရင္ေတာ့ ဓာတ္ပံုထဲမွာလည္း မ်က္ႏွာေလး သြယ္လ်ေနဖို႔ ေမး႐ိုးခ်တာကို လုပ္ေပးရပါမယ္။

မ်က္ႏွာက်နဲ႔ ကိုက္ညီတဲ့ လိမ္းျခယ္မႈ လိုအပ္ပါတယ္
ေမး႐ိုးခ်ဖို႔အတြက္ေတာ့ မိတ္ကပ္အညိဳ ကို သံုးေပးရပါမယ္။ ေမး႐ိုးခ်ဖို႔ အတြက္ သပ္သပ္ ထုတ္လုပ္ထားတဲ့ Contouring makeup ေတြကိုလည္း သံုးႏိုင္ပါတယ္။ အလြယ္ေျပာရရင္ေတာ့ အသားအေရာင္ထက္ ပိုညိဳတာကို သံုးၿပီး ေမး႐ိုး ခ်ေပးရမွာပါ။ မ်က္ႏွာဝိုင္းတဲ့ ပ်ိဳေမေတြ အတြက္ေတာ့ နားရြက္ေအာက္နားကေန ေမးေစ့နားအထိ ေတာက္ေလွ်ာက္ အညိဳကို ျခယ္သေပးရပါမယ္။ ခ်ထားတဲ့ ေမး႐ိုးနဲ႔ လိုက္ဖက္ ညီဖို႔အတြက္ နဖူးရဲ႕ ေထာင့္ တစ္ဖက္စီကိုလည္း အညိဳ ျခယ္ေပးရပါမယ္။

ဒီအတိုင္း ျခယ္သေပးပါေနာ္
ေမး႐ိုးခ်တဲ့ Contouringနဲ႔ အတြဲအစပ္ကေတာ့ Highlighting ပါပဲ မ်က္ႏွာမွာ ရွိတဲ့ ပိုမို ေပၚလြင္ေစလိုတဲ့ အစိတ္အပိုင္းေတြကို ျခယ္သေပးရတာပါ။ ေငြေရာင္ Eye shadow ကို သံုးႏိုင္သလို Highlight လုပ္ဖို႔အတြက္ သီးသန္႔ ထုတ္လုပ္ထားတဲ့ Highlighter ေတြကိုလည္း သံုးလို႔ရပါတယ္။ မ်က္ႏွာဝိုင္း ေလးေတြအတြက္ေတာ့ Highlighter ကို နဖူးရဲ႕ အလယ္နား ၊ နွာေခါင္း႐ိုးေပၚ တေလွ်ာက္နဲ႔၊ မ်က္လံုးေအာက္မွာ ႀတိဂံ ပံုသ႑ာန္ ျခယ္သေပးရပါမယ္။

Marry အခုေျပာျပတဲ့အတိုင္း ျခယ္သေပးမယ္ဆိုရင္ မ်က္ႏွာဝိုင္းဝိုင္းနဲ႔ သတို႔သမီးေလးက ဓာတ္ပံုထဲမွာပဲ ျဖစ္ျဖစ္၊ အျပင္မွာပဲ ျဖစ္ျဖစ္ ၾကည့္ေကာင္းေနမွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry with
#Unicode Version#
မျက်နှာ ဝိုင်းတွေက အပြင်မှာကြည့်ရင် ချစ်စရာကောင်းပေမယ့် ဓာတ်ပုံထဲမှာ ဆိုရင်တော့ ပြည့်ဝန်းတဲ့ မျက်နှာကျ ပုံစံကြောင့် မျက်နှာကြီး ပြဲနေသလို ဖြစ်တတ်ပါတယ်

မျက်နှာဝိုင်းတဲ့ သတို့သမီးလေးတွေရှိလား
Marry ရဲ့ သတို့သမီး လေးတွေထဲမှာ မျက်နှာကျ ဝိုင်းတဲ့ သတို့သမီးလေးတွေ အတွက် မျက်နှာလေးကို ပိုပြီး ကြည့်ရ အဆင်ပြေစေဖို့ အောက်ခံ မိတ်ကပ် ဘယ်လို လိမ်းသင့်သလဲ ဆိုတာ Marry က ပြောပြပေးချင်ပါတယ်။ အဓိကကတော့ မျက်နှာကျ အလှကို ပိုမို ပေါ်လွင်စေတဲ့ အောက်ခံ Shape ဖော်နည်းကို ပြောပြပေးချင်တာပါ။

မျက်နှာရဲ့ ကောက်ကြောင်း အလှကို ပိုမို ပေါ်လွင်စေတဲ့ မေးရိုးချတာတွေ၊ နှာခေါင်းရိုးဖော်တာတွေက အောက်ခံ မျက်နှာကျ ပေါ်မူတည်ပြီး ခြယ်သရတာ မတူပါဘူး။ မျက်နှာ ဝိုင်းဝိုင်းလေးတွေက အပြင်မှာကြည့်ရင် ချစ်စရာကောင်းပေမယ့် ဓာတ်ပုံထဲမှာ ဆိုရင်တော့ ပြည့်ဝန်းတဲ့ မျက်နှာကျ ပုံစံကြောင့် မျက်နှာကြီး ပြဲနေသလို ဖြစ်တတ်ပါတယ်။ အဲ့ဒိပုံစံကို မကြိုက်ဘူးဆိုရင်တော့ ဓာတ်ပုံထဲမှာလည်း မျက်နှာလေး သွယ်လျနေဖို့ မေးရိုးချတာကို လုပ်ပေးရပါမယ်။

မျက်နှာကျနဲ့ ကိုက်ညီတဲ့ လိမ်းခြယ်မှု လိုအပ်ပါတယ်
မေးရိုးချဖို့အတွက်တော့ မိတ်ကပ်အညို ကို သုံးပေးရပါမယ်။ မေးရိုးချဖို့ အတွက် သပ်သပ် ထုတ်လုပ်ထားတဲ့ Contouring makeup တွေကိုလည်း သုံးနိုင်ပါတယ်။ အလွယ်ပြောရရင်တော့ အသားအရောင်ထက် ပိုညိုတာကို သုံးပြီး မေးရိုး ချပေးရမှာပါ။ မျက်နှာဝိုင်းတဲ့ ပျိုမေတွေ အတွက်တော့ နားရွက်အောက်နားကနေ မေးစေ့နားအထိ တောက်လျှောက် အညိုကို ခြယ်သပေးရပါမယ်။ ချထားတဲ့ မေးရိုးနဲ့ လိုက်ဖက် ညီဖို့အတွက် နဖူးရဲ့ ထောင့် တစ်ဖက်စီကိုလည်း အညို ခြယ်ပေးရပါမယ်။

ဒီအတိုင်း ခြယ်သပေးပါနော်
မေးရိုးချတဲ့ Contouringနဲ့ အတွဲအစပ်ကတော့ Highlighting ပါပဲ မျက်နှာမှာ ရှိတဲ့ ပိုမို ပေါ်လွင်စေလိုတဲ့ အစိတ်အပိုင်းတွေကို ခြယ်သပေးရတာပါ။ ငွေရောင် Eye shadow ကို သုံးနိုင်သလို Highlight လုပ်ဖို့အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ Highlighter တွေကိုလည်း သုံးလို့ရပါတယ်။ မျက်နှာဝိုင်း လေးတွေအတွက်တော့ Highlighter ကို နဖူးရဲ့ အလယ်နား ၊ နှာခေါင်းရိုးပေါ် တလျှောက်နဲ့၊ မျက်လုံးအောက်မှာ တြိဂံ ပုံသဏ္ဍာန် ခြယ်သပေးရပါမယ်။

Marry အခုပြောပြတဲ့အတိုင်း ခြယ်သပေးမယ်ဆိုရင် မျက်နှာဝိုင်းဝိုင်းနဲ့ သတို့သမီးလေးက ဓာတ်ပုံထဲမှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ကြည့်ကောင်းနေမှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry with
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top