ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ့္အသားအေရနဲ႔ လိုက္ဖက္မယ့္ အေကာင္းဆံုး ေအာက္ခံမိတ္ကပ္ေရြးခ်ယ္နည္းမ်က္ႏွာေလးကိုလွပေအာင္ျပင္ဆင္ျခယ္သတာကလည္း အနုပညာတစ္ရပ္ပါ။ ပင္ကိုယ္ကသိပ္မလွရင္ေတာင္မွ ကိုယ့္အသားအေရနဲ႔လိုက္ဖက္မယ့္ အလွကုန္ပစၥည္းမ်ိဳးကိုေရြးခ်ယ္သံုးစြဲေပးမယ္ဆိုရင္လွပမႈကိုပိုင္ဆိုင္ႏိုင္မွာ အေသအခ်ာပါပဲ။ မိတ္ကပ္ၾကိဳက္တဲ့ေလဒီေတြအေနနဲ႔ လွပမႈကိုပိုင္ဆိုင္လိုတယ္ဆိုရင္ သတိထားရမယ့္ အခ်က္ တစ္ခုက ေအာက္ခံေဖာင္ေဒးရွင္းကိုမွန္ကန္စြာေရြးခ်ယ္တတ္ဖို႔ပါ။ အသားအေရာင္နဲ႔မလိုက္တာမ်ိဳး အသားအေရ အမ်ိဳးအစားနဲ႔ မလိုက္တာမ်ိဳးကိုေရြးမိမယ္ဆိုရင္ေတာ့ လွပတယ္ဆိုတဲ့ခံစားမႈထက္ စိတ္တိုင္းမက်ဘူးဆိုတဲ့ ခံစားခ်က္ကိုပဲ ပိုမိုခံစားရပါလိမ့္မယ္။

မွန္ကန္တဲ့မိတ္ကပ္ေဖာင္ေဒးရွင္းကိုလိမ္းျခယ္မႈက အသားအေရကိုေခ်ာေမြ႔ေျပျပစ္ေအာင္ အေထာက္အပံ့ ေပးႏိုင္ ပါတယ္။ ေအာက္ခံမိတ္ကပ္က မ်က္ႏွာေပၚမွာရွိတဲ့ အမ်ားကို မျမင္ေစခ်င္တဲ့အနာအဆာေတြကို ဖံုးကြယ္ေပးတဲ့ ဇာတ္လိုက္ပါ။ ေအာက္ခံမိတ္ကပ္ေရြးခ်ယ္မႈကေတာ္ေတာ္ေလးအေရးပါပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္က အသားအေရခ်င္း မတူတာေၾကာင့္ ေအာက္ခံမိတ္ကပ္အေရာင္လည္းမတူႏုိင္ပါဘူး။ အဲဒါေၾကာင့္အျခားသူ တစ္ေယာက္ ရဲ႕ ေအာက္ခံမိတ္ကပ္ကို အလြယ္တကူယူလိမ္းတာမ်ိဳးက ကိုယ့္အသားေရနဲ႔ မကိုက္ညီဘဲ မလွမပၾကီး ျဖစ္ေနတတ္ ပါတယ္။ ဒီေတာ့ အမ်ိဳးသမီးေတြမွာ ကိုယ့္အသားေရနဲ႔လိုက္ဖက္တဲ့ေအာက္ခံမိတ္ကပ္ကိုရွာရတာက အင္မတန္ခက္ခဲတဲ့ အလုပ္ၾကီးတစ္ခုျဖစ္ေနရပါတယ္။ ကိုယ္နဲ႔အကိုက္ညီဆံုးရွာမရတဲ့အခါ ႏွစ္မ်ိဳးသံုးမ်ိဳးစပ္ျပီး ေရာလိမ္းရတာေတြေတာင္ ရွိေနပါတယ္။

ေအာက္ခံမိတ္ကပ္ေတြရဲ႕ အေရာင္ အႏု၊အရင့္၊ ထုတ္လုပ္ထားတဲ့စနစ္ေတြကြာျခားမႈကိုလိုက္ျပီး အသားအေရကို အက်ိဳးျပဳပံုခ်င္းမတူၾကပါဘူး။ အခ်ိဳ႕ေအာက္ခံမိတ္ကပ္ေတြက ေျခာက္ေသြ႔တဲ့အသားအေရေတြအတြက္ အစိုဓာတ္ ထိန္းေပးတဲ့အာနိသင္ထည့္သြင္းထုတ္လုပ္ထားသလို အခ်ိဳ႕ကလည္းဝက္ျခံထြက္တဲ့သူေတြအတြက္ သီးသန္႔ ထုတ္ထား တာမ်ိဳးပါ။ ပံုမွန္အသားအေရပိုင္ရွင္ေတြအတြက္ အသားအေရကို အာဟာရျဖည့္ေပးႏုိင္ေအာင္ ထုတ္ထားတဲ့ ေအာက္ခံမိတ္ကပ္မ်ိဳး လည္းရွိပါတယ္။
ေအာက္ခံမိတ္ကပ္မဝယ္ခင္ ဒီအခ်က္ေလးေတြကို အရင္စဥ္းစားပါ။

    ေအာက္ခံမိတ္ကပ္ဝယ္ေတာ့မယ္ဆိုရင္ အရင္ဆံုးသိထားသင့္တာတစ္ခုက ကိုယ့္ကဘယ္လို အသားအေရပိုင္ရွင္လဲဆိုတာကိုပါ။ ေျခာက္ေသြ႔တဲ့အသားအေရပိုင္ရွင္လား၊ အဆီျပန္တတ္ လား၊တံု႔ျပန္လြယ္တာလား၊ေပါင္းစပ္အသားအေရလားဆိုတာကို အရင္ဆံုးစဥ္းစားပါ။
    အသားအေရမွာ ဝက္ျခံရွိေနတာလား၊ အသက္အရြယ္ရလာလို႔ ထြက္လာတဲ့အမဲစက္ေတြ ရွိေနလား၊ ေနေလာင္ကြက္ေတြ ရွိေနလားဆိုတာကိုလည္း ေသခ်ာေအာင္လုပ္ဖို႔လိုပါမယ္။
    ေနာက္တစ္ခ်က္ကေတာ့ အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ခ်င္တာလားဆိုတာပါ။ မ်က္ႏွာေပၚမွာ ေနေရာင္ေၾကာင့္ ထိခိုက္ပ်က္စီးေနတာမ်ိဳးေတြ၊ အေရးအေၾကာင္းေတြျဖစ္ေနတာမ်ိဳးေတြ ရွိတယ္ဆိုရင္ေတာ့ ဂရုတစိုက္အသားအေရထိန္းသိမ္းဖို႔လိုပါလိမ့္မယ္။
    ေအာက္ခံမိတ္ကပ္ေရြးတဲ့အခါ လုပ္ေနက်အေလ့အထေတြ ကိုလည္း ေမ့ထားလို႔မရပါဘူး။ ေဆးလိပ္ ေသာက္တတ္လား၊ ေနပူထဲအၾကာၾကီးထြက္ရတတ္တဲ့သူလား၊ ေန႔စဥ္ ဗီတာမင္အားျဖည့္ ေဆးေသာက္လား၊ ညီညြတ္မွ်တတဲ့ အစားအစာ စားသံုးသူ လားဆိုတာနဲ႔  အျခားအသားအေရအေပၚ သက္ေရာက္ႏိုင္တဲ့ အေလ့အထ ေတြကိုပါ ထည့္တြက္ရပါမယ္။
    အသားအေရအေရာင္ကလည္း စဥ္းစားရမယ့္အခ်က္ပါ။
    ေအာက္ခံမိတ္ကပ္ေရြးတဲ့အခါ ေတာ္ေတာ္ေလးသတိထားေရြးခ်ယ္မွ အသားအေရနဲ႔အလိုက္ဖက္ဆံုးဆိုတဲ့ အရာကိုေရြးခ်ယ္မိနိုင္မွာ အေသအခ်ာပါပဲ။

အသားအေရအမ်ိဳးအစားအလိုက္ ေအာက္ခံမိတ္ကပ္ေရြးၾကမယ္

ေျခာက္ေသြ႔တဲ့အသားအေရ

အသားအေရေျခာက္ေသြ႔သူေတြအေနနဲ႔ကေတာ့ ေရဓာတ္ျဖည့္ေပးတဲ့ ေအာက္ခံမိတ္ကပ္အရည္ကိုအသံုးျပဳေပးလို႔ရပါတယ္။ အသားအေရကို အစိုဓာတ္ထိန္းေပးျပီး ပံုမွန္လိမ္းေနက် ေအာက္ခံမိတ္ကပ္ေတြထက္ ေျပျပစ္လွပေစပါတယ္။

အဆီျပန္တဲ့ အသားအေရ

အဆီမပါဝင္တဲ့ ေအာက္ခံမိတ္ကပ္အရည္ (သို႔မဟုတ္) Stick Type တို႔ကိုေရြးခ်ယ္အသံုးျပဳေပးလို႔ရပါတယ္။ အဆီပါဝင္မႈမရွိတဲ့ေအာက္ခံမိတ္ကပ္အရည္ကို ေပါင္ဒါနဲ႔တြဲဖက္အသံုးျပဳတဲ့အခါ အဆီေတြကိုစုပ္ယူႏိုင္ေအာင္ အေထာက္အကူျပဳနိုင္မွာျဖစ္ပါတယ္။ salicylic acid နဲ႔ benzoyl peroxide တို႔ပါဝင္တဲ့ ေအာက္ခံမိတ္ကပ္အသံုးျပဳေပးတာကလည္း အဆီမျပန္ေအာင္အေထာက္အကူရရွိပါလိမ့္မယ္။

ေပါင္းစပ္အသားအေရ

ေပါင္းစပ္အသားအေရပိုင္ရွင္ေတြက အသားအေရေျခာက္ေသြ႔တာမ်ိဳးမရွိသလို အဆီျပန္တာကိုလည္း မခံစားရ ပါဘူး။ ေအာက္ခံမိတ္ကပ္အရည္ေရာ၊ေပါင္ဒါကိုပါအသံုးျပဳေပးလို႔ရပါတယ္။ မ်က္ႏွာရဲ႕ T-Zone မွာေပါင္ဒါမႈန္႔ကို အသံုးျပဳမယ္ဆိုရင္ မ်က္ႏွာေပၚက အဆီေတြကို စုပ္ယူေပးႏုိင္မွာ ျဖစ္ပါတယ္။ ေအာက္ခံမိတ္ကပ္ အရည္ကိုေတာ့ မ်က္ႏွာျပင္အႏွံ႔မွာ အသံုးျပဳေပးလို႔ရပါတယ္။
ေအာက္ခံမိတ္ကပ္ကို မွန္ကန္စြာေရြးခ်ယ္မယ္

ေအာက္ခံမိတ္ကပ္ကို stick type၊ liquid type၊ cream type ဆိုျပီး ပံုစံအမ်ိဳးမ်ိဳးနဲ႔ ရရွိႏိုင္ပါတယ္။

အရည္ နဲ႔ ခရင္မ္ပံုစံေအာက္ခံမိတ္ကပ္ေတြ – ေအာက္ခံမိတ္ကပ္အရည္ေတာ္ေတာ္မ်ားမ်ားက  အသားအေရ အမ်ိဳးအစား ေတာ္ေတာ္မ်ားမ်ားနဲ႕ သင့္ေတာ္ၿပီး သံုးရလြယ္ကူပါတယ္။ ေအာက္ခံမိတ္ကပ္ အရည္ကို မိတ္ကပ္လူးတဲ့ ဘရက္ရွ္ (သို႔မဟုတ္) ေရျမွဳပ္နဲ႔လူးေပးတာက အေကာင္းဆံုးပါ။

Stick Type ေအာက္ခံမိတ္ကပ္ –  stick  type ေအာက္ခံမိတ္ကပ္ေတြေတြက ပိုပ်စ္ျပီး ေအာက္ခံမိတ္ကပ္ အရည္ေတြထက္ မ်က္ႏွာေပၚက အနာအဆာေတြကို ပိုမိုဖံုးအုပ္ေပးႏိုင္ပါတယ္။ေရျမွဳပ္ ခပ္ထူထူေလး အသံုးျပဳျပီး သိပ္သိပ္လူးေပးတာက အဆင္ေျပပါလိမ့္မယ္။

အသားအေရနဲ႔လိုက္ဖက္မယ့္ ေအာက္ခံမိတ္ကပ္ေရြးခ်ယ္ရတာကလည္းေတာ္ေတ္ာေလးကို ခက္ခဲပါတယ္။ အသားအေရအမ်ိဳးအစားနဲ႔ ကိုယ့္ရဲ႕ skintone ကို မသိတာေၾကာင့္ တစ္ခါတေလမွာ ေအာက္ခံမိတ္ကပ္ေရြးခ်ယ္တဲ့အခါ ေတာ္ေတာ္ေလးခက္ခဲပါတယ္။ ေနာက္ဆံုး ေအာက္ခံမိတ္ကပ္ ႏွစ္မ်ိဳးေလာက္ကိုေရာစပ္အသံုးျပဳလိုက္မွ အဆင္ေျပ သြားတာမ်ိဳးေတြေတာင္ရွိတတ္ပါတယ္။ ကၽြန္မတို႔ ျမန္မာအမ်ိဳးသမီးေတြဆိုရင္ ေဒသအလိုက္ အသားအေရ အေရာင္ ကြဲျပားတာမ်ိဳးရွိသလို အသားအေရအမ်ိဳးအစားကလည္း ေတာ္ေတာ္ေလးကြာျခားၾကပါတယ္။ ဒီလိုမ်ိဳး ေရြးခ်ယ္ရ ခက္ေနတဲ့ ပ်ိဳေမေတြအေနနဲ႔ L’Oreal Paris ကေနထုတ္တဲ့  True Match ေအာက္ခံမိတ္ကပ္ကို ညႊန္းေပးခ်င္ပါတယ္။ ဒီေအာက္ခံမိတ္ကပ္က အသားအေရအမ်ိဳးအစားအားလံုး အသံုးျပဳနိုင္ေအာင္အေရာင္စံုစံုလင္လင္ ထုတ္လုပ္ ထားတဲ့အျပင္ အသားအေရအတြက္လိုအပ္တဲ့အာဟာရဓာတ္ေတြပါ ပါဝင္ေအာင္ထုတ္လုပ္ထားတာေၾကာင့္ ကိုယ့္အသားအေရနဲ႔လိုက္ဖက္မယ့္ေအာက္ခံမိတ္ကပ္ကိုေရြးခ်ယ္ရအခက္ေတြ႔ေနတဲ့ ေလဒီေတြအတြက္လည္း အရမ္းအဆင္ေျပေစမွာပါ။ ျမန္မာႏုိင္ငံမွာရွိသမွ် Skin tone တုိင္းနဲ ႔လိုက္ဖက္ေအာင္ ကာလာ (၁၀) ေရာင္  ထုတ္လုပ္ထားတဲ့အတြက္ ကိုယ့္အသားေရာင္နဲ႔အလုိက္ဖက္ဆံုးကို ေရြးခ်ယ္၀ယ္ယူႏုိင္မွာပါ။

ဆယ္ေက်ာ္သက္အခ်ိဳ႕က မ်က္ႏွာအသားအေရေပၚက အနာအဆာေတြ နဲ႔ အသားအေရမညီညာတာေတြကို ဖံုးကြယ္ဖို႔ အတြက္ေအာက္ခံမိတ္ကပ္အစား cover sticks ကိုအသံုးျပဳၾကတာမ်ိဳးရွိပါတယ္။ မိတ္ကပ္မလူးဘဲ Cover Sticks အသံုးျပဳတာက မ်က္ႏွာေပၚကအနာအဆာေတြကို ဖံုးကြယ္ေပးႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ခုေတာ့မဟုတ္ပါဘူး။ Cover Sticks အစားေအာက္ခံမိတ္ကပ္ကိုအသံုျပဳလိုက္တာကမွ အသားအေရကိုညီညာျပီးလွပေစမွာပါ။

မ်က္ႏွာကိုလွပေအာင္ျပင္ဆင္တဲ့ေနရာမွာအေရးအၾကီးဆံုးက အသားအေရအမ်ိဳးအစား၊ အသားအေရာင္နဲ႔လိုက္ဖက္မယ့္ ေအာက္ခံမိတ္ကပ္ကိုေရြးခ်ယ္အသံုးျပဳဖို႔ကလည္းေတာ္ေတာ္ေလးအေရးပါပါတယ္။ အေပၚမွာေရးထားတာေလးေတြ ကိုဖတ္ျပီး အလွအပကိုျမတ္ႏိုးတဲ့ပ်ိဳေမေလးေတြလည္း မွန္ကန္တဲ့ေအာက္ခံမိတ္ကပ္ကိုေရြးခ်ယ္ျပီး စမတ္က်က် လွပႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
မျက်နှာလေးကိုလှပအောင်ပြင်ဆင်ခြယ်သတာကလည်း အနုပညာတစ်ရပ်ပါ။ ပင်ကိုယ်ကသိပ်မလှရင်တောင်မှ ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် အလှကုန်ပစ္စည်းမျိုးကိုရွေးချယ်သုံးစွဲပေးမယ်ဆိုရင်လှပမှုကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ မိတ်ကပ်ကြိုက်တဲ့လေဒီတွေအနေနဲ့ လှပမှုကိုပိုင်ဆိုင်လိုတယ်ဆိုရင် သတိထားရမယ့် အချက် တစ်ခုက အောက်ခံဖောင်ဒေးရှင်းကိုမှန်ကန်စွာရွေးချယ်တတ်ဖို့ပါ။ အသားအရောင်နဲ့မလိုက်တာမျိုး အသားအရေ အမျိုးအစားနဲ့ မလိုက်တာမျိုးကိုရွေးမိမယ်ဆိုရင်တော့ လှပတယ်ဆိုတဲ့ခံစားမှုထက် စိတ်တိုင်းမကျဘူးဆိုတဲ့ ခံစားချက်ကိုပဲ ပိုမိုခံစားရပါလိမ့်မယ်။

မှန်ကန်တဲ့မိတ်ကပ်ဖောင်ဒေးရှင်းကိုလိမ်းခြယ်မှုက အသားအရေကိုချောမွေ့ပြေပြစ်အောင် အထောက်အပံ့ ပေးနိုင် ပါတယ်။ အောက်ခံမိတ်ကပ်က မျက်နှာပေါ်မှာရှိတဲ့ အများကို မမြင်စေချင်တဲ့အနာအဆာတွေကို ဖုံးကွယ်ပေးတဲ့ ဇာတ်လိုက်ပါ။ အောက်ခံမိတ်ကပ်ရွေးချယ်မှုကတော်တော်လေးအရေးပါပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်က အသားအရေချင်း မတူတာကြောင့် အောက်ခံမိတ်ကပ်အရောင်လည်းမတူနိုင်ပါဘူး။ အဲဒါကြောင့်အခြားသူ တစ်ယောက် ရဲ့ အောက်ခံမိတ်ကပ်ကို အလွယ်တကူယူလိမ်းတာမျိုးက ကိုယ့်အသားရေနဲ့ မကိုက်ညီဘဲ မလှမပကြီး ဖြစ်နေတတ် ပါတယ်။ ဒီတော့ အမျိုးသမီးတွေမှာ ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့အောက်ခံမိတ်ကပ်ကိုရှာရတာက အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးတစ်ခုဖြစ်နေရပါတယ်။ ကိုယ်နဲ့အကိုက်ညီဆုံးရှာမရတဲ့အခါ နှစ်မျိုးသုံးမျိုးစပ်ပြီး ရောလိမ်းရတာတွေတောင် ရှိနေပါတယ်။

အောက်ခံမိတ်ကပ်တွေရဲ့ အရောင် အနု၊အရင့်၊ ထုတ်လုပ်ထားတဲ့စနစ်တွေကွာခြားမှုကိုလိုက်ပြီး အသားအရေကို အကျိုးပြုပုံချင်းမတူကြပါဘူး။ အချို့အောက်ခံမိတ်ကပ်တွေက ခြောက်သွေ့တဲ့အသားအရေတွေအတွက် အစိုဓာတ် ထိန်းပေးတဲ့အာနိသင်ထည့်သွင်းထုတ်လုပ်ထားသလို အချို့ကလည်းဝက်ခြံထွက်တဲ့သူတွေအတွက် သီးသန့် ထုတ်ထား တာမျိုးပါ။ ပုံမှန်အသားအရေပိုင်ရှင်တွေအတွက် အသားအရေကို အာဟာရဖြည့်ပေးနိုင်အောင် ထုတ်ထားတဲ့ အောက်ခံမိတ်ကပ်မျိုး လည်းရှိပါတယ်။
အောက်ခံမိတ်ကပ်မဝယ်ခင် ဒီအချက်လေးတွေကို အရင်စဉ်းစားပါ။

    အောက်ခံမိတ်ကပ်ဝယ်တော့မယ်ဆိုရင် အရင်ဆုံးသိထားသင့်တာတစ်ခုက ကိုယ့်ကဘယ်လို အသားအရေပိုင်ရှင်လဲဆိုတာကိုပါ။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်လား၊ အဆီပြန်တတ် လား၊တုံ့ပြန်လွယ်တာလား၊ပေါင်းစပ်အသားအရေလားဆိုတာကို အရင်ဆုံးစဉ်းစားပါ။
    အသားအရေမှာ ဝက်ခြံရှိနေတာလား၊ အသက်အရွယ်ရလာလို့ ထွက်လာတဲ့အမဲစက်တွေ ရှိနေလား၊ နေလောင်ကွက်တွေ ရှိနေလားဆိုတာကိုလည်း သေချာအောင်လုပ်ဖို့လိုပါမယ်။
    နောက်တစ်ချက်ကတော့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာမျိုးမဖြစ်အောင်ကာကွယ်ချင်တာလားဆိုတာပါ။ မျက်နှာပေါ်မှာ နေရောင်ကြောင့် ထိခိုက်ပျက်စီးနေတာမျိုးတွေ၊ အရေးအကြောင်းတွေဖြစ်နေတာမျိုးတွေ ရှိတယ်ဆိုရင်တော့ ဂရုတစိုက်အသားအရေထိန်းသိမ်းဖို့လိုပါလိမ့်မယ်။
    အောက်ခံမိတ်ကပ်ရွေးတဲ့အခါ လုပ်နေကျအလေ့အထတွေ ကိုလည်း မေ့ထားလို့မရပါဘူး။ ဆေးလိပ် သောက်တတ်လား၊ နေပူထဲအကြာကြီးထွက်ရတတ်တဲ့သူလား၊ နေ့စဉ် ဗီတာမင်အားဖြည့် ဆေးသောက်လား၊ ညီညွတ်မျှတတဲ့ အစားအစာ စားသုံးသူ လားဆိုတာနဲ့  အခြားအသားအရေအပေါ် သက်ရောက်နိုင်တဲ့ အလေ့အထ တွေကိုပါ ထည့်တွက်ရပါမယ်။
    အသားအရေအရောင်ကလည်း စဉ်းစားရမယ့်အချက်ပါ။
    အောက်ခံမိတ်ကပ်ရွေးတဲ့အခါ တော်တော်လေးသတိထားရွေးချယ်မှ အသားအရေနဲ့အလိုက်ဖက်ဆုံးဆိုတဲ့ အရာကိုရွေးချယ်မိနိုင်မှာ အသေအချာပါပဲ။

အသားအရေအမျိုးအစားအလိုက် အောက်ခံမိတ်ကပ်ရွေးကြမယ်

ခြောက်သွေ့တဲ့အသားအရေ

အသားအရေခြောက်သွေ့သူတွေအနေနဲ့ကတော့ ရေဓာတ်ဖြည့်ပေးတဲ့ အောက်ခံမိတ်ကပ်အရည်ကိုအသုံးပြုပေးလို့ရပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ပုံမှန်လိမ်းနေကျ အောက်ခံမိတ်ကပ်တွေထက် ပြေပြစ်လှပစေပါတယ်။

အဆီပြန်တဲ့ အသားအရေ

အဆီမပါဝင်တဲ့ အောက်ခံမိတ်ကပ်အရည် (သို့မဟုတ်) Stick Type တို့ကိုရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ အဆီပါဝင်မှုမရှိတဲ့အောက်ခံမိတ်ကပ်အရည်ကို ပေါင်ဒါနဲ့တွဲဖက်အသုံးပြုတဲ့အခါ အဆီတွေကိုစုပ်ယူနိုင်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ salicylic acid နဲ့ benzoyl peroxide တို့ပါဝင်တဲ့ အောက်ခံမိတ်ကပ်အသုံးပြုပေးတာကလည်း အဆီမပြန်အောင်အထောက်အကူရရှိပါလိမ့်မယ်။

ပေါင်းစပ်အသားအရေ

ပေါင်းစပ်အသားအရေပိုင်ရှင်တွေက အသားအရေခြောက်သွေ့တာမျိုးမရှိသလို အဆီပြန်တာကိုလည်း မခံစားရ ပါဘူး။ အောက်ခံမိတ်ကပ်အရည်ရော၊ပေါင်ဒါကိုပါအသုံးပြုပေးလို့ရပါတယ်။ မျက်နှာရဲ့ T-Zone မှာပေါင်ဒါမှုန့်ကို အသုံးပြုမယ်ဆိုရင် မျက်နှာပေါ်က အဆီတွေကို စုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။ အောက်ခံမိတ်ကပ် အရည်ကိုတော့ မျက်နှာပြင်အနှံ့မှာ အသုံးပြုပေးလို့ရပါတယ်။
အောက်ခံမိတ်ကပ်ကို မှန်ကန်စွာရွေးချယ်မယ်

အောက်ခံမိတ်ကပ်ကို stick type၊ liquid type၊ cream type ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

အရည် နဲ့ ခရင်မ်ပုံစံအောက်ခံမိတ်ကပ်တွေ – အောက်ခံမိတ်ကပ်အရည်တော်တော်များများက  အသားအရေ အမျိုးအစား တော်တော်များများနဲ့ သင့်တော်ပြီး သုံးရလွယ်ကူပါတယ်။ အောက်ခံမိတ်ကပ် အရည်ကို မိတ်ကပ်လူးတဲ့ ဘရက်ရှ် (သို့မဟုတ်) ရေမြှုပ်နဲ့လူးပေးတာက အကောင်းဆုံးပါ။

Stick Type အောက်ခံမိတ်ကပ် –  stick  type အောက်ခံမိတ်ကပ်တွေတွေက ပိုပျစ်ပြီး အောက်ခံမိတ်ကပ် အရည်တွေထက် မျက်နှာပေါ်က အနာအဆာတွေကို ပိုမိုဖုံးအုပ်ပေးနိုင်ပါတယ်။ရေမြှုပ် ခပ်ထူထူလေး အသုံးပြုပြီး သိပ်သိပ်လူးပေးတာက အဆင်ပြေပါလိမ့်မယ်။

အသားအရေနဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ရွေးချယ်ရတာကလည်းတော်တေ်ာလေးကို ခက်ခဲပါတယ်။ အသားအရေအမျိုးအစားနဲ့ ကိုယ့်ရဲ့ skintone ကို မသိတာကြောင့် တစ်ခါတလေမှာ အောက်ခံမိတ်ကပ်ရွေးချယ်တဲ့အခါ တော်တော်လေးခက်ခဲပါတယ်။ နောက်ဆုံး အောက်ခံမိတ်ကပ် နှစ်မျိုးလောက်ကိုရောစပ်အသုံးပြုလိုက်မှ အဆင်ပြေ သွားတာမျိုးတွေတောင်ရှိတတ်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဆိုရင် ဒေသအလိုက် အသားအရေ အရောင် ကွဲပြားတာမျိုးရှိသလို အသားအရေအမျိုးအစားကလည်း တော်တော်လေးကွာခြားကြပါတယ်။ ဒီလိုမျိုး ရွေးချယ်ရ ခက်နေတဲ့ ပျိုမေတွေအနေနဲ့ L’Oreal Paris ကနေထုတ်တဲ့  True Match အောက်ခံမိတ်ကပ်ကို ညွှန်းပေးချင်ပါတယ်။ ဒီအောက်ခံမိတ်ကပ်က အသားအရေအမျိုးအစားအားလုံး အသုံးပြုနိုင်အောင်အရောင်စုံစုံလင်လင် ထုတ်လုပ် ထားတဲ့အပြင် အသားအရေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပါ ပါဝင်အောင်ထုတ်လုပ်ထားတာကြောင့် ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့်အောက်ခံမိတ်ကပ်ကိုရွေးချယ်ရအခက်တွေ့နေတဲ့ လေဒီတွေအတွက်လည်း အရမ်းအဆင်ပြေစေမှာပါ။ မြန်မာနိုင်ငံမှာရှိသမျှ Skin tone တိုင်းနဲ့လိုက်ဖက်အောင် ကာလာ (၁၀) ရောင်  ထုတ်လုပ်ထားတဲ့အတွက် ကိုယ့်အသားရောင်နဲ့အလိုက်ဖက်ဆုံးကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။

ဆယ်ကျော်သက်အချို့က မျက်နှာအသားအရေပေါ်က အနာအဆာတွေ နဲ့ အသားအရေမညီညာတာတွေကို ဖုံးကွယ်ဖို့ အတွက်အောက်ခံမိတ်ကပ်အစား cover sticks ကိုအသုံးပြုကြတာမျိုးရှိပါတယ်။ မိတ်ကပ်မလူးဘဲ Cover Sticks အသုံးပြုတာက မျက်နှာပေါ်ကအနာအဆာတွေကို ဖုံးကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။ Cover Sticks အစားအောက်ခံမိတ်ကပ်ကိုအသုံပြုလိုက်တာကမှ အသားအရေကိုညီညာပြီးလှပစေမှာပါ။

မျက်နှာကိုလှပအောင်ပြင်ဆင်တဲ့နေရာမှာအရေးအကြီးဆုံးက အသားအရေအမျိုးအစား၊ အသားအရောင်နဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ကိုရွေးချယ်အသုံးပြုဖို့ကလည်းတော်တော်လေးအရေးပါပါတယ်။ အပေါ်မှာရေးထားတာလေးတွေ ကိုဖတ်ပြီး အလှအပကိုမြတ်နိုးတဲ့ပျိုမေလေးတွေလည်း မှန်ကန်တဲ့အောက်ခံမိတ်ကပ်ကိုရွေးချယ်ပြီး စမတ်ကျကျ လှပနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top