Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တိုက်ိဳၿမိဳ႕က ကြင္းဆက္ လူသတ္သမား ဟာ သူ႔ရဲ႕ဓားစားခံေတြကိုသတ္ခဲ့ၿပီးတိုင္း ဓားစားခံ ေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုသိမ္းဖို႔ အမိႈက္ပံုး ေတြနဲ႔ အေအးခံပံုး ေတြကို ၀ယ္ယူခဲ့တယ္လို႔ ၀န္ခံေျပာဆိုခဲ့တယ္ဆိုၿပီး တိုက်ိဳရဲတပ္ဖြဲ႔က ေျပာလိုက္ပါတယ္။တာကာဟီ႐ို႐ွီရာအီ႐ွီဟာ အေလာင္းေတြကို စြန္႔ပစ္တယ္လို႔ သံသယ ႐ွိတဲ့အတြက္ တိုက်ိဳ ရဲတပ္ဖြဲ႔က ႏို၀င္ဘာလ(၁)ရက္မွာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

တိုက်ိဳၿမိဳ႕အေနာက္ပိုင္း ဇာမာၿမိဳ႕မွာ႐ွိတဲ့ တာကာဟီ႐ီု ရဲ႕ေနအိမ္ မွာ အေလာင္း(၉) ေလာင္းကိုေတြ႔ခဲ့ရတယ္လို႔ တိုက်ိဳရဲတပ္ဖြဲ႔က အေစာပိုင္းမွာ သတင္းထုတ္ျပန္ထားပါတယ္။ ႐ွီရာအီ႐ွီဟာ အဲ့ဒီ အေလာင္း ေတြဟာ သူသတ္ခဲ့တဲ့ သူေတြရဲ႕အေလာင္းေတြျဖစ္တယ္လို႔ ၀န္ခံေျပာဆို ထားတယ္ဆိုၿပီး တိုက်ိဳရဲတပ္ဖြဲ႔ကေျပာပါတယ္။ခုတ္ျဖတ္ထားတဲ့လူေသ အေလာင္းအစိတ္အပိုင္း ေတြကို အမႈိက္ပံုး ေတြနဲ႔ အေအးခံပံုး ေတြထဲမွာ ထည့္ထားတာကို ေတြ႔ခဲ့ရတယ္လို႔လည္း ရဲေတြက ေျပာထားပါတယ္။႐ွီရာအီ႐ွီဟာ အသတ္ခံရသူေတြရဲ႕မိုဘိုင္းဖုန္းေတြနဲ႔ ပိုက္ဆံအိတ္ေတြကို အမႈိက္ပံုး ေတြထဲမွာ စြန္႔ပစ္ထားခဲ့တယ္ဆိုၿပီး ၀န္ခံေျပာဆိုထားတယ္လို႔ တိုက်ိဳရဲတပ္ဖြဲ႔ကေျပာပါတယ္။

႐ွီရာအီ႐ွီဟာ လူသတ္မႈ ေတြကို ဖံုးကြယ္ဖို႔ႀကိဳးစားခဲ့ၿပီး သက္ေသေတြကို ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့တယ္လို႔ သံသယ႐ွိေနတယ္လို႕ တိုက်ိဳရဲတပ္ဖြဲ႔က ေျပာထားပါတယ္။႐ွီရာအီ႐ွီသတ္ခဲ့ တယ္လို႔ ယူဆရသူ(၉)ဦးမွာ (၈)ဦးကအမ်ိဳးသမီးေတြျဖစ္တယ္လို႔လည္း တိုက်ိဳရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
တိုကျိုမြို့က ကွင်းဆက် လူသတ်သမား ဟာ သူ့ရဲ့ဓားစားခံတွေကိုသတ်ခဲ့ပြီးတိုင်း ဓားစားခံ တွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသိမ်းဖို့ အမှိုက်ပုံး တွေနဲ့ အအေးခံပုံး တွေကို ဝယ်ယူခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တယ်ဆိုပြီး တိုကျိုရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။တာကာဟီရိုရှီရာအီရှီဟာ အလောင်းတွေကို စွန့်ပစ်တယ်လို့ သံသယ ရှိတဲ့အတွက် တိုကျို ရဲတပ်ဖွဲ့က နိုဝင်ဘာလ(၁)ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တိုကျိုမြို့အနောက်ပိုင်း ဇာမာမြို့မှာရှိတဲ့ တာကာဟီရီု ရဲ့နေအိမ် မှာ အလောင်း(၉) လောင်းကိုတွေ့ခဲ့ရတယ်လို့ တိုကျိုရဲတပ်ဖွဲ့က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ရှီရာအီရှီဟာ အဲ့ဒီ အလောင်း တွေဟာ သူသတ်ခဲ့တဲ့ သူတွေရဲ့အလောင်းတွေဖြစ်တယ်လို့ ဝန်ခံပြောဆို ထားတယ်ဆိုပြီး တိုကျိုရဲတပ်ဖွဲ့ကပြောပါတယ်။ခုတ်ဖြတ်ထားတဲ့လူသေ အလောင်းအစိတ်အပိုင်း တွေကို အမှိုက်ပုံး တွေနဲ့ အအေးခံပုံး တွေထဲမှာ ထည့်ထားတာကို တွေ့ခဲ့ရတယ်လို့လည်း ရဲတွေက ပြောထားပါတယ်။ရှီရာအီရှီဟာ အသတ်ခံရသူတွေရဲ့မိုဘိုင်းဖုန်းတွေနဲ့ ပိုက်ဆံအိတ်တွေကို အမှိုက်ပုံး တွေထဲမှာ စွန့်ပစ်ထားခဲ့တယ်ဆိုပြီး ဝန်ခံပြောဆိုထားတယ်လို့ တိုကျိုရဲတပ်ဖွဲ့ကပြောပါတယ်။

ရှီရာအီရှီဟာ လူသတ်မှု တွေကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပြီး သက်သေတွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ သံသယရှိနေတယ်လို့ တိုကျိုရဲတပ်ဖွဲ့က ပြောထားပါတယ်။ရှီရာအီရှီသတ်ခဲ့ တယ်လို့ ယူဆရသူ(၉)ဦးမှာ (၈)ဦးကအမျိုးသမီးတွေဖြစ်တယ်လို့လည်း တိုကျိုရဲတပ်ဖွဲ့က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top