Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဟုမၼလင္းၿမိဳ႕နယ္၊ ကတ္ သာ  ေက်းရြာတြင္ ေခါင္ရည္ ေသာက္ၿပီး ေနအိမ္သို႔  ျပန္လာ ေသာ အမ်ဳိးသမီးတစ္ဦး အဓမၼျပဳက်င့္ခံရေၾကာင္း ဟုမၼလင္းၿမိဳ႕ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ၾကည္စိုးက ေျပာသည္။

‘‘အရင္ကတည္းက တစ္ရြာတည္းရင္းႏွီးတဲ့သူေတြ ေခါင္ေရေသာက္ၾကတာပါ။ ေခါင္ေရ ေသာက္တဲ့သူထဲမွာ တျခားအမ်ဳိး သမီးေတြလည္း ပါတယ္။ အဲဒီ အမ်ဳိးသမီးက ေခါင္ရည္ေသာက္ ၿပီး အိမ္ျပန္တဲ့အခ်ိန္ အမ်ဳိးသား တစ္ဦးက ေနာက္ကေန လိုက္လာ ၿပီး သားမယားျပဳက်င့္တယ္လို႔ သိရပါတယ္။ အမႈဖြင့္တာက မေန႔က (ႏို၀င္ဘာ ၆ ရက္) ရဲစခန္းလာတိုင္တယ္။ ျဖစ္တာ ႏို၀င္ဘာ ၂ ရက္ေန႔ကပါ’’ဟု ဒုရဲမွဴး ၾကည္စိုးက ေျပာသည္။

  အဓမၼ ျပဳက်င့္ခံရသည့္ အမ်ဳိးသမီးသည္ အသက္ (၂၁) ႏွစ္ရွိၿပီး တစ္ရြာတည္းေန အမ်ဳိးသမီးတစ္ဦး၏ ေနအိမ္သို႔ သြားေရာက္လည္ပတ္စဥ္ ေပ်ာ္ပြဲစားရန္ ေခါင္ရည္၀ယ္ယူကာ အမ်ဳိးသားႏွစ္ဦး၊ အမ်ဳိးသမီး  သံုးဦးႏွင့္အတူ ေသာက္ခဲ့သည္။ ထို႔ေနာက္  ၎အမ်ဳိးသမီးသည္ သတိလက္လြတ္ ျဖစ္ခ်င္လာသ ျဖင့္ ေနအိမ္သို႔ ျပန္လာရာ အိမ္အနီးရွိ စာၾကည့္တိုက္အေရာက္ အမ်ဳိးသား တစ္ဦးက ေနာက္မွ လုိက္လာၿပီး ၿခိမ္းေျခာက္ေျပာ ဆိုကာ ခ်င္းတြင္းျမစ္ကမ္းေဘးရွိ ေညာင္ပင္ေအာက္သို႔ ေခၚေဆာင္ ၿပီး အလိုမတူဘဲ အဓမၼ ျပဳက်င့္ေနစဥ္ တစ္ရြာတည္းေန အမ်ဳိးသားႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာ၍ က်ဴးလြန္သူ အမ်ဳိးသားသည္ ထြက္ေျပးသြားေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပသည္။

ယင္းအမ်ဳိးသားကို အေရးယူေပးရန္ တုိင္ၾကားသျဖင့္ ဟုမၼလင္းၿမိဳ႕ၿမိဳ႕မရဲစခန္းက အဓမၼျပဳက်င့္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ဟုမ္မလင်းမြို့နယ်၊ ကတ် သာ  ကျေးရွာတွင် ခေါင်ရည် သောက်ပြီး နေအိမ်သို့  ပြန်လာ သော အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း ဟုမ္မလင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောသည်။

‘‘အရင်ကတည်းက တစ်ရွာတည်းရင်းနှီးတဲ့သူတွေ ခေါင်ရေသောက်ကြတာပါ။ ခေါင်ရေ သောက်တဲ့သူထဲမှာ တခြားအမျိုး သမီးတွေလည်း ပါတယ်။ အဲဒီ အမျိုးသမီးက ခေါင်ရည်သောက် ပြီး အိမ်ပြန်တဲ့အချိန် အမျိုးသား တစ်ဦးက နောက်ကနေ လိုက်လာ ပြီး သားမယားပြုကျင့်တယ်လို့ သိရပါတယ်။ အမှုဖွင့်တာက မနေ့က (နိုဝင်ဘာ ၆ ရက်) ရဲစခန်းလာတိုင်တယ်။ ဖြစ်တာ နိုဝင်ဘာ ၂ ရက်နေ့ကပါ’’ဟု ဒုရဲမှူး ကြည်စိုးက ပြောသည်။

  အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီးသည် အသက် (၂၁) နှစ်ရှိပြီး တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦး၏ နေအိမ်သို့ သွားရောက်လည်ပတ်စဉ် ပျော်ပွဲစားရန် ခေါင်ရည်ဝယ်ယူကာ အမျိုးသားနှစ်ဦး၊ အမျိုးသမီး  သုံးဦးနှင့်အတူ သောက်ခဲ့သည်။ ထို့နောက်  ၎င်းအမျိုးသမီးသည် သတိလက်လွတ် ဖြစ်ချင်လာသ ဖြင့် နေအိမ်သို့ ပြန်လာရာ အိမ်အနီးရှိ စာကြည့်တိုက်အရောက် အမျိုးသား တစ်ဦးက နောက်မှ လိုက်လာပြီး ခြိမ်းခြောက်ပြော ဆိုကာ ချင်းတွင်းမြစ်ကမ်းဘေးရှိ ညောင်ပင်အောက်သို့ ခေါ်ဆောင် ပြီး အလိုမတူဘဲ အဓမ္မ ပြုကျင့်နေစဉ် တစ်ရွာတည်းနေ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာ၍ ကျူးလွန်သူ အမျိုးသားသည် ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းအမျိုးသားကို အရေးယူပေးရန် တိုင်ကြားသဖြင့် ဟုမ္မလင်းမြို့မြို့မရဲစခန်းက အဓမ္မပြုကျင့်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top