Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

  ရခိုင္ေဒသ ပဋိပကၡျဖစ္ ပြားရာေနရာမ်ားသို႔ ေျမျပင္ကြင္း ဆင္း ကူညီေရးလုပ္ငန္းမ်ားတြင္ ရခိုင္ျပည္နယ္အတြင္းရွိ အရပ္ ဘက္ လူမႈအဖဲြ႕အစည္းမ်ား ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္ ကိုယ္စားလွယ္ေရြးခ်ယ္မႈကို ႏုိ၀င္ဘာ ၁၅ ရက္တြင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕၌ ျပဳလုပ္မည္ဟု လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညႇိႏႈိင္းေရး လူငယ္အဖဲြ႕ (HCYT) တာ၀န္ခံ ကိုထက္ပိုင္စိုးက ေျပာ သည္။

လက္ရွိတြင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာ၀န္ ယူထားသည့္ ရခိုင္ျပည္နယ္အ တြင္း လူသားခ်င္းစာနာမႈအကူအ ညီ အေထာက္အပံ့ေပးေရး၊ ျပန္ လည္ေနရာခ်ထားေရး၊ ဖံြ႕ၿဖိဳးေရး စီမံကိန္း(UEHRD) အဖဲြ႕ႏွင့္ ပူး ေပါင္းေဆာင္ရြက္ရန္ ဗဟိုညႇိႏႈိင္း ေရးအဖဲြ႕ႏွင့္ ေဒသဆုိင္ရာညႇိႏႈိင္း ေရးအဖဲြ႕ဟူ၍ ဖဲြ႕စည္းထားရာ ယင္းအဖဲြ႕မ်ားတြင္ ရခိုင္လူမႈအဖဲြ႕ အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား ပါ၀င္ႏုိင္ေရး ေရြးခ်ယ္မည္ျဖစ္သည္။


 ‘‘ဗဟိုညႇိႏႈိင္းေရးအဖဲြ႕နဲ႔ ေဒသဆုိင္ရာ ညႇိႏႈိင္းေရးအဖဲြ႕မွာ CSO ေတြ ပါ၀င္ဖုိ႔ ေနရာေတြရွိ တယ္။ သူတို႔ CSO ေတြက တရား ၀င္ ေရြးခ်ယ္ျခင္းမရွိေသးတဲ့အ တြက္ အဲဒီေနရာေတြမွာ လူေတြမေပးႏုိင္ေသးဘူး။ အခု CSO ေတြ႕ဆုံပဲြကေန လူေတြေရြးခ်ယ္ၿပီး ဗဟိုညႇိႏႈိင္းေရးအဖဲြ႕နဲ႔ ေဒသဆုိင္ရာညႇိႏႈိင္းေရးအဖဲြ႕တို႔မွာ ပါ၀င္မွာပါ’’ဟု ကိုထက္ပိုင္စိုးက ေျပာၾကားသည္။

 ဗဟိုညႇိႏႈိင္းေရးအဖဲြ႕ကို အစိုးရကိုယ္စားလွယ္မ်ား၊ လူ ငယ္မ်ားျဖင့္ ဖဲြ႕စည္းထားၿပီး ယခုလူမႈအဖဲြ႕အစည္းမွ ပုဂၢိဳလ္မ်ားကို ပါ ထပ္မံတုိးခ်ဲ႕ဖဲြ႕စည္းရန္ စီစဥ္ ေနသည္။

ရခိုင္ျပည္နယ္အတြင္း ေျမ ျပင္ကြင္းဆင္း ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ေရး ျပည္နယ္ရွိ လူမႈအဖဲြ႕အစည္းမ်ား ပါ၀င္ရန္ ရခိုင္ ျပည္နယ္အစုိးရက ဖိတ္ၾကားထားသည္။

 ဗဟိုညႇိႏႈိင္းေရးအဖဲြ႕တြင္ ရခိုင္ျပည္နယ္ရွိ လူမႈအဖဲြ႕အ စည္းမ်ားမွ ကိုယ္စားလွယ္သုံးဦး ထည့္သြင္းဖဲြ႕စည္းမည္ျဖစ္ၿပီး ေဒသဆုိင္ရာ ညႇိႏႈိင္းေရးအဖဲြ႕တြင္ ရခုိင္ လူမႈအဖဲြ႕အစည္းမ်ားမွ ကိုယ္စားလွယ္ငါးဦး ထည့္သြင္း ဖဲြ႕စည္းမည္ျဖစ္ရာ ႏုိ၀င္ဘာ ၁၅ ရက္တြင္ က်င္းပမည့္ လူမႈအဖဲြ႕အစည္းမ်ား အစည္းအေ၀း၌ မဲစနစ္ျဖင့္ ေရြးခ်ယ္မည္ျဖစ္သည္။

 ရခုိင္လူမႈအဖဲြ႕အစည္းမ်ား မွ ကိုယ္စားလွယ္ေရြးခ်ယ္ေရးျပဳ လုပ္မည့္ ရခိုင္ျပည္နယ္အစုိးရအ ဖဲြ႕ႏွင့္ ျပည္နယ္အတြင္း လူမႈအဖဲြ႕ အစည္းမ်ား ေတြ႕ဆုံပဲြသို႔ ရခိုင္ ျပည္နယ္ ၿမိဳ႕နယ္အသီးသီးမွ လူ မႈအဖဲြ႕အစည္းမ်ားအားလုံး တက္ ေရာက္ႏုိင္ၿပီး လူဦးေရကန္႔သတ္ မထားေၾကာင္း ျပည္နယ္၀န္ႀကီး ခ်ဳပ္ ဦးညီပုက ၎၏ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ သတင္းထုတ္ျပန္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
  ရခိုင်ဒေသ ပဋိပက္ခဖြစ် ပွားရာနေရာများသို့ မြေပြင်ကွင်း ဆင်း ကူညီရေးလုပ်ငန်းများတွင် ရခိုင်ပြည်နယ်အတွင်းရှိ အရပ် ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်ရွေးချယ်မှုကို နိုဝင်ဘာ ၁၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ်မည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး လူငယ်အဖွဲ့ (HCYT) တာဝန်ခံ ကိုထက်ပိုင်စိုးက ပြော သည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် ရခိုင်ပြည်နယ်အ တွင်း လူသားချင်းစာနာမှုအကူအ ညီ အထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD) အဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်ရန် ဗဟိုညှိနှိုင်း ရေးအဖွဲ့နှင့် ဒေသဆိုင်ရာညှိနှိုင်း ရေးအဖွဲ့ဟူ၍ ဖွဲ့စည်းထားရာ ယင်းအဖွဲ့များတွင် ရခိုင်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး ရွေးချယ်မည်ဖြစ်သည်။


 ‘‘ဗဟိုညှိနှိုင်းရေးအဖွဲ့နဲ့ ဒေသဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှာ CSO တွေ ပါဝင်ဖို့ နေရာတွေရှိ တယ်။ သူတို့ CSO တွေက တရား ဝင် ရွေးချယ်ခြင်းမရှိသေးတဲ့အ တွက် အဲဒီနေရာတွေမှာ လူတွေမပေးနိုင်သေးဘူး။ အခု CSO တွေ့ဆုံပွဲကနေ လူတွေရွေးချယ်ပြီး ဗဟိုညှိနှိုင်းရေးအဖွဲ့နဲ့ ဒေသဆိုင်ရာညှိနှိုင်းရေးအဖွဲ့တို့မှာ ပါဝင်မှာပါ’’ဟု ကိုထက်ပိုင်စိုးက ပြောကြားသည်။

 ဗဟိုညှိနှိုင်းရေးအဖွဲ့ကို အစိုးရကိုယ်စားလှယ်များ၊ လူ ငယ်များဖြင့် ဖွဲ့စည်းထားပြီး ယခုလူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကို ပါ ထပ်မံတိုးချဲ့ဖွဲ့စည်းရန် စီစဉ် နေသည်။

ရခိုင်ပြည်နယ်အတွင်း မြေ ပြင်ကွင်းဆင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရေး ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများ ပါဝင်ရန် ရခိုင် ပြည်နယ်အစိုးရက ဖိတ်ကြားထားသည်။

 ဗဟိုညှိနှိုင်းရေးအဖွဲ့တွင် ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အ စည်းများမှ ကိုယ်စားလှယ်သုံးဦး ထည့်သွင်းဖွဲ့စည်းမည်ဖြစ်ပြီး ဒေသဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွင် ရခိုင် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ငါးဦး ထည့်သွင်း ဖွဲ့စည်းမည်ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပမည့် လူမှုအဖွဲ့အစည်းများ အစည်းအဝေး၌ မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။

 ရခိုင်လူမှုအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်ရွေးချယ်ရေးပြု လုပ်မည့် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့နှင့် ပြည်နယ်အတွင်း လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲသို့ ရခိုင် ပြည်နယ် မြို့နယ်အသီးသီးမှ လူ မှုအဖွဲ့အစည်းများအားလုံး တက် ရောက်နိုင်ပြီး လူဦးရေကန့်သတ် မထားကြောင်း ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် သတင်းထုတ်ပြန် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top