ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေခတ္မီဆန္းသစ္တဲ့ ဝက္ဘ္ဆိုက္ေတြကို စနစ္တက် ေရးဆြဲတတ္ေစဖို႔ ရည္႐ြယ္ ၿပီး ဝက္ဘ္ဆိုက္ေရးဆြဲနည္း သင္တန္းကို Myanmar WWW Institute (M3 WI) က ေန ဖြင့္လွစ္ သင္ၾကားေပးမယ္လို႔  သိရပါတယ္။

အဲသည္သင္တန္းမွာ ဝက္ဘ္ ဆိုက္တစ္ခု ဖန္တီးပုံကို အေျခခံကစၿပီး ကြၽမ္းက်င္အဆင့္အထိ  ေရာက္ေအာင္ သင္ၾကားေပးမွာ ျဖစ္ပါတယ္။ အဲသည္ သင္တန္းမွာ  အင္တာနက္ေပၚမွာ မိမိသိရွိလိုတဲ့  အေၾကာင္းအရာေတြကို မည္ကဲ့သို႔   ရွာေဖြရမည္ မည္ကဲ့သို႔  အသုံး ျပဳရမည္ကို သိရွိေစဖို႔အတြက္ Introduction to Internet & WWW, web page ေတြ ေရးသား ဖို႔ အတြက္ မရွိမျဖစ္ အေရးပါ တဲ့ HTML,  Web Page ေတြကို စနစ္တက် ျပဳလုပ္ႏိုင္တဲ့ CSS, User ထည့္သြင္းထားတဲ့ ေဒတာေတြကို စစ္ေဆးဖို႔ အတြက္ Java Script, Responsive Web Page ဖန္တီး ေရး သားႏိုင္ေစဖို႔အတြက္ web  page ေတြ ေရးသားရာမွာပါဝင္မယ့္ အခ်က္ေတြနဲ႔ လိုက္နာရမယ့္ အခ်က္ေတြကို သင္ၾကားေပးမယ့္ web design စတဲ့ ဘာသာရပ္ ေတြကို သင္ယူရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ web page ေတြကို အလြယ္တကူ ဖန္တီးႏိုင္ဖို႔ Dreamweaver , Animation ေတြ ျပဳလုပ္ဖို႔ Adobe Photoshop & Flash အပါအဝင္ eMarketing ဘာသာရပ္ေတြလည္း ပါဝင္မွာ ျဖစ္ပါတယ္။ သင္တန္းခ်ိန္မွာ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာ ၉း၁၅ နာရီကေန ၁၂း၁၅ နာရီအထိ ျဖစ္ ၿပီး သင္တန္းကာလမွာ ႏွစ္လခြဲခန႔္ ၾကာျမင့္မွာ ျဖစ္ပါတယ္။

အဲသည္  သင္တန္းေတြနဲ႔ ပတ္သက္ၿပီး  Myanmar WWW Institute (M3 WI) သင္တန္းတည္ ရွိရာ အ ေဆာင္ (၅)၊ အခန္း(၄) ၊ MICT Park , လႈိင္တကၠသိုလ္ နယ္ေျမ၊ ရန္ကုန္ၿမိဳ႕   ဖုန္း ၅၂၁၁၂၅၊  ၆၅၂၂ ၈၈၊ ဝ၉၉၇၂၅၁၄၁၀၃ တို႔သို႔ ဆက္ သြယ္စုံစမ္းႏိုင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ခေတ်မီဆန်းသစ်တဲ့ ဝက်ဘ်ဆိုက်တွေကို စနစ်တကျ ရေးဆွဲတတ်စေဖို့ ရည်ရွယ် ပြီး ဝက်ဘ်ဆိုက်ရေးဆွဲနည်း သင်တန်းကို Myanmar WWW Institute (M3 WI) က နေ ဖွင့်လှစ် သင်ကြားပေးမယ်လို့  သိရပါတယ်။

အဲသည်သင်တန်းမှာ ဝက်ဘ် ဆိုက်တစ်ခု ဖန်တီးပုံကို အခြေခံကစပြီး ကျွမ်းကျင်အဆင့်အထိ  ရောက်အောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဲသည် သင်တန်းမှာ  အင်တာနက်ပေါ်မှာ မိမိသိရှိလိုတဲ့  အကြောင်းအရာတွေကို မည်ကဲ့သို့   ရှာဖွေရမည် မည်ကဲ့သို့  အသုံး ပြုရမည်ကို သိရှိစေဖို့အတွက် Introduction to Internet & WWW, web page တွေ ရေးသား ဖို့ အတွက် မရှိမဖြစ် အရေးပါ တဲ့ HTML,  Web Page တွေကို စနစ်တကျ ပြုလုပ်နိုင်တဲ့ CSS, User ထည့်သွင်းထားတဲ့ ဒေတာတွေကို စစ်ဆေးဖို့ အတွက် Java Script, Responsive Web Page ဖန်တီး ရေး သားနိုင်စေဖို့အတွက် web  page တွေ ရေးသားရာမှာပါဝင်မယ့် အချက်တွေနဲ့ လိုက်နာရမယ့် အချက်တွေကို သင်ကြားပေးမယ့် web design စတဲ့ ဘာသာရပ် တွေကို သင်ယူရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် web page တွေကို အလွယ်တကူ ဖန်တီးနိုင်ဖို့ Dreamweaver , Animation တွေ ပြုလုပ်ဖို့ Adobe Photoshop & Flash အပါအဝင် eMarketing ဘာသာရပ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ သင်တန်းချိန်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၉း၁၅ နာရီကနေ ၁၂း၁၅ နာရီအထိ ဖြစ် ပြီး သင်တန်းကာလမှာ နှစ်လခွဲခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

အဲသည်  သင်တန်းတွေနဲ့ ပတ်သက်ပြီး  Myanmar WWW Institute (M3 WI) သင်တန်းတည် ရှိရာ အ ဆောင် (၅)၊ အခန်း(၄) ၊ MICT Park , လှိုင်တက္ကသိုလ် နယ်မြေ၊ ရန်ကုန်မြို့   ဖုန်း ၅၂၁၁၂၅၊  ၆၅၂၂ ၈၈၊ ဝ၉၉၇၂၅၁၄၁၀၃ တို့သို့ ဆက် သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top