Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ပန္းဖဲေခ်ာင္းေက်းရြာတြင္ ေနထိုင္သည့္ အဖြားအို တစ္ဦးသည္ ကားလမ္းျဖတ္ကူးစဥ္ ကားတိုက္ ေသဆံုးသြားခဲ့သည္ဟု သတင္းရရွိသည္။

၎အဖြားအို၏ အမည္မွာ ေဒၚမေစာေအး ( ၇၄ႏွစ္ ) ျဖစ္ေၾကာင္း၊ ႏိုဝင္ဘာလ ၁၁ ရက္ ညေန ၄နာရီခန္ ့က ပန္းဖဲေခ်ာင္းေက်းရြာနားတြင္ လမ္းျဖတ္ကူးစဥ္ ေက်ာက္ေတာ္ဘက္မွ ေမာင္းႏွင္လာသည့္ ကိုယ္ပိုင္ကားတစ္စီးမွ တိုက္သြားျခင္းျဖစ္ေၾကာင္း အေပါက္ဝရဲစခန္းမွ ရဲအုပ္ ေဌးေဇာ္မွ နိရဥၥရာသို႕ ေျပာၾကားသည္။

“ အဲဒီ အဖြားက လမ္းျဖတ္ကူးတာ ဒီေက်ာက္ေတာ္ဘက္ကလာတဲ့ ကိုယ္ပိုင္ ကားတစ္စီးက အရွိန္ မထိန္းနိုင္ဘဲ တိုက္သြားတာျဖစ္ပါတယ္” ဟု ရဲအုပ္ ေဌးေဇာ္မွ ဆက္လက္ ေျပာၾကားသည္။

ကားေမာင္းလာသူမွာ စစ္ေတြတြင္ ေခတၱ ေနထိုင္သူ ဦးေအာင္မ်ိဳးသန္႕ (၃၁ႏွစ္) ျဖစ္ေၾကာင္း၊ သူ႕အား အေပါက္ဝရဲစခန္းမွ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာတွင် နေထိုင်သည့် အဖွားအို တစ်ဦးသည် ကားလမ်းဖြတ်ကူးစဉ် ကားတိုက် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအဖွားအို၏ အမည်မှာ ဒေါ်မစောအေး ( ၇၄နှစ် ) ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက် ညနေ ၄နာရီခန့်က ပန်းဖဲချောင်းကျေးရွာနားတွင် လမ်းဖြတ်ကူးစဉ် ကျောက်တော်ဘက်မှ မောင်းနှင်လာသည့် ကိုယ်ပိုင်ကားတစ်စီးမှ တိုက်သွားခြင်းဖြစ်ကြောင်း အပေါက်ဝရဲစခန်းမှ ရဲအုပ် ဌေးဇော်မှ နိရဉ္စရာသို့ ပြောကြားသည်။

“ အဲဒီ အဖွားက လမ်းဖြတ်ကူးတာ ဒီကျောက်တော်ဘက်ကလာတဲ့ ကိုယ်ပိုင် ကားတစ်စီးက အရှိန် မထိန်းနိုင်ဘဲ တိုက်သွားတာဖြစ်ပါတယ်” ဟု ရဲအုပ် ဌေးဇော်မှ ဆက်လက် ပြောကြားသည်။

ကားမောင်းလာသူမှာ စစ်တွေတွင် ခေတ္တ နေထိုင်သူ ဦးအောင်မျိုးသန့် (၃၁နှစ်) ဖြစ်ကြောင်း၊ သူ့အား အပေါက်ဝရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top