Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ အိႏိၵယ-ျမန္မာနယ္စပ္ဘက္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနေသာ ရကိၡဳင့္တပ္မေတာ္မွ တပ္သား ၃ ဦးသည္ မီဇိုရမ္ျပည္နယ္ ေလာင္တလိုင္ၿမိဳ႕ဘက္သို႔ ထြက္ေျပးၿပီး Christian ေဆးရံုတြင္ တင္ထားရသည္ဟု မီဇိုရမ္သတင္းဌာန DDK တြင္ေဖာ္ျပထားသည္။

ေလာင္တလိုင္ရဲစခန္းမွ တာ၀န္ရွိသူမ်ား၏ ေျပာဆိုခ်က္အရ ယခုရက္ပိုင္းအတြင္းျဖစ္ပြားလ်က္ရွိသည့္ တိုက္ပြဲအတြင္း ဒဏ္ရာရရွိလာၾကသည့္ ရကိၡဳင့္တပ္မေတာ္မွ ထြန္းထြန္း(၃၅)၊ ေက်ာ္ေက်ာ္(၂၇) ႏွင့္ ေအာင္ေအာင္(၂၁) တို႔သည္ မီဇိုရမ္ျပည္နယ္ နယ္စပ္ရြာ Hmawngbuchhuah ေက်းရြာအထိ ေလျဖင့္ ထြက္ေျပးလာခဲ့ၾကၿပီး ထိုမွတဆင့္ Maxi cab ကားျဖင့္ ေလာင္တလိုင္ၿမိဳ႕ Christian ေဆးရံုသို႔ ေရာက္ရွိလာျခင္းျဖစ္သည္ဟု DDK သတင္းတြင္ေရးသားထားသည္။

၎တို႔ (၃) အနက္ အႀကီးဆံုးျဖစ္ေသာ ထြန္းထြန္းဆိုသူသည္ လက္ေမာင္းတြင္ဒဏ္ရာရရွိၿပီး ဒဏ္ရာျပင္းထန္ျခင္းေၾကာင့္ ေလာင္တလိုင္တြင္ ကုသရန္မျဖစ္ႏုိင္သည္အတြက္ ၿမိဳ႕ေတာ္ အိုင္ေဇာလ္ဘက္သို႔ ပို႔ေဆာင္ၾကသည္ဟု သိရသည္။

က်န္ ၂ ဦး၏ အေျခအေနမွာ မစိုးရိမ္ရေၾကာင္း ၎တို႔ကို အာသံတပ္ဖြဲ႔မွ အနီးကပ္ေစာင့္ၾကည့္လ်က္ရွိၿပီး မီဇိုရမ္ျပည္နယ္သို႔ တရားမ၀င္ ၀င္ေရာက္လာမႈျဖင့္ ေလာင္တလိုင္ရဲစခန္း မွ အမႈဖြင့္ထားသည္ဟု သိရွိရသည္။

ရကိၡဳင့္တပ္မေတာ္ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ ယခုလဆန္းပိုင္းကစတင္ၿပီး ခ်င္းျပည္နယ္ ပလက္၀ေဒသတြင္ တိုက္ပြဲမ်ားျပန္လည္ျဖစ္ပြားေနၿပီး အဆိုပါတိုက္ပြဲေၾကာင့္ ေဒသခံျပည္သူ ၃၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin
#Unicode Version#
ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်မှ တပ်သား ၃ ဦးသည် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ဘက်သို့ ထွက်ပြေးပြီး Christian ဆေးရုံတွင် တင်ထားရသည်ဟု မီဇိုရမ်သတင်းဌာန DDK တွင်ဖော်ပြထားသည်။

လောင်တလိုင်ရဲစခန်းမှ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ ယခုရက်ပိုင်းအတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိလာကြသည့် ရက္ခိုင့်တပ်မတော်မှ ထွန်းထွန်း(၃၅)၊ ကျော်ကျော်(၂၇) နှင့် အောင်အောင်(၂၁) တို့သည် မီဇိုရမ်ပြည်နယ် နယ်စပ်ရွာ Hmawngbuchhuah ကျေးရွာအထိ လေဖြင့် ထွက်ပြေးလာခဲ့ကြပြီး ထိုမှတဆင့် Maxi cab ကားဖြင့် လောင်တလိုင်မြို့ Christian ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု DDK သတင်းတွင်ရေးသားထားသည်။

၎င်းတို့ (၃) အနက် အကြီးဆုံးဖြစ်သော ထွန်းထွန်းဆိုသူသည် လက်မောင်းတွင်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် လောင်တလိုင်တွင် ကုသရန်မဖြစ်နိုင်သည်အတွက် မြို့တော် အိုင်ဇောလ်ဘက်သို့ ပို့ဆောင်ကြသည်ဟု သိရသည်။

ကျန် ၂ ဦး၏ အခြေအနေမှာ မစိုးရိမ်ရကြောင်း ၎င်းတို့ကို အာသံတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့်လျက်ရှိပြီး မီဇိုရမ်ပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် လောင်တလိုင်ရဲစခန်း မှ အမှုဖွင့်ထားသည်ဟု သိရှိရသည်။

ရက္ခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့သည် ယခုလဆန်းပိုင်းကစတင်ပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top