Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝိုင္နီေသာက္သံုးျခင္းဟာ ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္သလို ေခ်ာကလက္စားျခင္းကလည္း ႏွလံုးနဲ႔ဦးေႏွာက္ကို က်န္းမာေစတဲ့အေၾကာင္း ယခင္ရလဒ္ေပါင္းမ်ားစြာက သက္ေသျပခဲ့ၿပီး ျဖစ္ပါတယ္။

ငယ္႐ြယ္ႏုပ်ိဳေနေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ဟာ ေခ်ာကလက္စားျခင္းနဲ႔ ဝိုင္နီေသာက္သံုးျခင္း ျဖစ္တယ္လို႔ သုေတသီမ်ားက ဆုိလိုက္ပါတယ္။ ဒီႏွစ္မ်ိဳးလုံးဟာ အိုမင္းေနတဲ့ဆဲလ္ေတြကို ျပန္လည္ႏုပ်ိဳလာေအာင္ အားသစ္ေလာင္းေပးၿပီး ပိုမိုႏုပ်ိဳလာေစကာ ပိုေကာင္းတဲ့ဆဲလ္အသစ္ေတြထြက္လာေစသလိုမ်ိဳး ရလာဒ္ေတြျဖစ္ေပၚေစေၾကာင္း သိပၸံပညာ႐ွင္ေတြက ေလ့လာေတြ႔႐ွိခဲ့ၾကပါတယ္။

အသက္အ႐ြယ္ႀကီးရင့္လာတဲ့အခါ ဆဲလ္ေတြထဲမွာ႐ွိတဲ့ DNA အမွ်င္ေလးေတြဟာ တျဖည္းျဖည္းေလ်ာ့ရဲလာၿပီး telomeres လို႔ေခၚတဲ့ အကာကြယ္ကလည္း ေလ်ာ့က်လာပါတယ္။ Telomere ဟာ ႐ႈးဖိနပ္ႀကိဳးရဲ႕ထိပ္ဖ်ားက ပလတ္စတစ္စေလးလို လုပ္ေဆာင္ခ်က္ေတြ လုပ္ပါတယ္။ Telomere ေလ်ာ့ရဲလာေတာ့ အေရးအေၾကာင္းေတြ ျဖစ္ေပၚလာရပါတယ္။

သုေတသီေတြဟာ ေခ်ာကလက္၊ စပ်စ္သီးနီ၊ ဘလူးဘယ္ရီနဲ႔ ဝိုင္နီထဲမွာပါတဲ့ သဘာဝ ဓာတုျဒပ္ေပါင္းေတြကို ဆဲလ္ထဲကို ေပါင္းစပ္ထည့္သြင္းၿပီး ေလ့လာခဲ့ၾကတာပါ။ ဒီအစားအေသာက္ေတြဟာ အနံ႔အရသာျပည့္စံုၿပီး ဓာတ္တုိးဆန္႔က်င္ဂုဏ္သတၱိေတြလည္း ႐ွိၾကတဲ့အရာေတြ ျဖစ္ပါတယ္။ ဓာတ္ခြဲခန္းထဲမွာ ေလ့လာစမ္းသပ္မႈျပဳလုပ္ၿပီး နာရီပိုင္းအတြင္းမွာတင္ ထူးျခားမႈကို ေတြ႔လာရပါတယ္။ အိုမင္းေနတဲ့ ဆဲလ္ေတြဟာ ကြဲထြက္သြားၿပီး telomeres လုပ္ေဆာင္ခ်က္ ပိုၾကာျမင့္လာတာ ေတြ႔ရပါတယ္။ ဒါေၾကာင့္မုိ႔လို႔ ဒီအစားအေသာက္ေတြကို အရြယ္တင္ႏုပ်ိဳေစတဲ့ ကုသနည္းေတြမွာ အဓိကဦးေဆာင္ၿပီး အသံုးျပဳႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ရပါတယ္။

ေလ့လာမႈကိုေတာ့ Exeter University က ျပဳလုပ္ခဲ့တာျဖစ္ၿပီး Brighton University က သုေတသီေတြကလည္း ပူးေပါင္းကူညီေပးခဲ့ၾကပါတယ္။ ဝိုင္နီေသာက္သံုးျခင္းဟာ ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္သလို ေခ်ာကလက္စားျခင္းကလည္း ႏွလံုးနဲ႔ဦးေႏွာက္ကို က်န္းမာေစတဲ့အေၾကာင္း ယခင္ရလဒ္ေပါင္းမ်ားစြာက သက္ေသျပခဲ့ၿပီး ျဖစ္ပါတယ္။ ႏုပ်ိဳက်န္းမာခ်င္ရင္ ေခ်ာကလက္နက္နဲ႔ ဝိုင္နီကို ပံုမွန္ေလး မွီဝဲသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဝိုင်နီသောက်သုံးခြင်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို ချောကလက်စားခြင်းကလည်း နှလုံးနဲ့ဦးနှောက်ကို ကျန်းမာစေတဲ့အကြောင်း ယခင်ရလဒ်ပေါင်းများစွာက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ငယ်ရွယ်နုပျိုနေစေမယ့် လျှို့ဝှက်ချက်ဟာ ချောကလက်စားခြင်းနဲ့ ဝိုင်နီသောက်သုံးခြင်း ဖြစ်တယ်လို့ သုတေသီများက ဆိုလိုက်ပါတယ်။ ဒီနှစ်မျိုးလုံးဟာ အိုမင်းနေတဲ့ဆဲလ်တွေကို ပြန်လည်နုပျိုလာအောင် အားသစ်လောင်းပေးပြီး ပိုမိုနုပျိုလာစေကာ ပိုကောင်းတဲ့ဆဲလ်အသစ်တွေထွက်လာစေသလိုမျိုး ရလာဒ်တွေဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဆဲလ်တွေထဲမှာရှိတဲ့ DNA အမျှင်လေးတွေဟာ တဖြည်းဖြည်းလျော့ရဲလာပြီး telomeres လို့ခေါ်တဲ့ အကာကွယ်ကလည်း လျော့ကျလာပါတယ်။ Telomere ဟာ ရှုးဖိနပ်ကြိုးရဲ့ထိပ်ဖျားက ပလတ်စတစ်စလေးလို လုပ်ဆောင်ချက်တွေ လုပ်ပါတယ်။ Telomere လျော့ရဲလာတော့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာရပါတယ်။

သုတေသီတွေဟာ ချောကလက်၊ စပျစ်သီးနီ၊ ဘလူးဘယ်ရီနဲ့ ဝိုင်နီထဲမှာပါတဲ့ သဘာဝ ဓာတုဒြပ်ပေါင်းတွေကို ဆဲလ်ထဲကို ပေါင်းစပ်ထည့်သွင်းပြီး လေ့လာခဲ့ကြတာပါ။ ဒီအစားအသောက်တွေဟာ အနံ့အရသာပြည့်စုံပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေလည်း ရှိကြတဲ့အရာတွေ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ လေ့လာစမ်းသပ်မှုပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာတင် ထူးခြားမှုကို တွေ့လာရပါတယ်။ အိုမင်းနေတဲ့ ဆဲလ်တွေဟာ ကွဲထွက်သွားပြီး telomeres လုပ်ဆောင်ချက် ပိုကြာမြင့်လာတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီအစားအသောက်တွေကို အရွယ်တင်နုပျိုစေတဲ့ ကုသနည်းတွေမှာ အဓိကဦးဆောင်ပြီး အသုံးပြုနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။

လေ့လာမှုကိုတော့ Exeter University က ပြုလုပ်ခဲ့တာဖြစ်ပြီး Brighton University က သုတေသီတွေကလည်း ပူးပေါင်းကူညီပေးခဲ့ကြပါတယ်။ ဝိုင်နီသောက်သုံးခြင်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို ချောကလက်စားခြင်းကလည်း နှလုံးနဲ့ဦးနှောက်ကို ကျန်းမာစေတဲ့အကြောင်း ယခင်ရလဒ်ပေါင်းများစွာက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ နုပျိုကျန်းမာချင်ရင် ချောကလက်နက်နဲ့ ဝိုင်နီကို ပုံမှန်လေး မှီဝဲသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top