Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထုိင္းႏုိင္ငံ လတ္ဘူရီၿမိဳ႕ုခရုိင္ ဘန္ပံုေဒသတြင္  အသက္ ၁၇ ႏွစ္အရြယ္ ျမန္မာအိမ္အကူအမ်ဳိးသမီးတစ္ဦး ေသနတ္ဒဏ္ရာ ၂ ခ်က္ျဖင့္ ေသဆံုးမႈႏွင့္ ပတ္သက္၍ အခ်က္အလက္မ်ား ရယူရန္ ႏုိဝင္ဘာလ ၇ ရက္က ထုိင္းအလုပ္ရွင္၏ ေနအိမ္တြင္ နယ္ေျမခံ ရဲတပ္ဖြဲ႔တုိ႔ သြားေရာက္ စစ္ေဆးခဲ့သည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၆ ရက္ေန႔က လတ္ဘူရီခရုိင္ ဘန္းပံုေဒသရွိ ထုိင္းအလုပ္ရွင္၏ ေနအိမ္ခန္းတြင္ ကရင္တုိင္းရင္းသူ မညိဳညိဳေအး၏ ဦးေခါင္းတြင္ ေသနတ္ဒဏ္ရာ   ႏွစ္ခ်က္ျဖင့္ ေသဆံုးခဲ့ျခင္း ျဖစ္သည္။

ေသဆံုးမႈကို ေသေၾကာင္းၾကံစည္မႈဟု နယ္ေျမခံထိုင္းရဲက အမႈပိတ္သိမ္းျပီးေနာက္  ေသဆံူးသူ၏ မိခင္ႏွင့္ အစ္မတို႔က မညိဳညိဳေအး ေသဆံုးမႈကုိ မသကၤာသျဖင့္ ထုိင္းရာဇဝတ္မႈတုိက္ဖ်က္ေရးအထူးအဖြဲ႔(CSD)သုိ႔ တုိင္တန္းခဲ့ရာမွ ၃ လခန္႔အၾကာတြင္ အမႈကုိ ျပန္လည္ ေဖာ္ထုတ္စစ္ေဆးေနျခင္း ျဖစ္သည္။

ယေန႔ စစ္ေဆးမႈသည္ အသက္ ၁၇ ႏွစ္ မညိဳညိဳေအးသည္ ဦးေခါင္း၌ ေသနတ္ ဒဏ္ရာ ၂ ခ်က္ျဖင့္ျဖင့္ ေသဆံုးခဲ့သည့္ အခင္းျဖစ္ပြားမႈအေျခအေနမ်ားကုိ ျပန္လည္ သရုပ္ေဖာ္၍ စစ္ေဆးခဲ့ျခင္း ျဖစ္သည္ဟု ၄င္းအမႈတြင္ ကူညီေဆာင္ရြက္ေပးေသာ အလုပ္သမားမဟာမိတ္အဖြဲ႔ (AAC)က အေထြေထြတာဝန္ခံ ကုိရဲမင္းက ေျပာသည္။

“ျဖစ္ပံုျဖစ္နည္းေပါ့။ ေသပံုေသနည္း ေသတဲ့အခန္း၊ ေသနတ္ထားတဲ့ေနရာ၊ ေသတဲ့အေနအထားေတြ ေနာက္ၿပီးေတာ့ ေသနတ္ က်ည္ဆံ အဝင္အထြက္ေတြ အဲဒါေတြ သြားၿပီးေတာ့ သရုပ္ျပတာေတြ၊ ပံုစံ လုပ္တာေတြ အေနအထားေတြ သြားတြက္ၾကည့္တာပါ၊ အိမ္ရွင္ကေတာ့ စကားေတာ့ ကၽြန္ေတာ္တုိ႔နဲ႔ မေျပာဘူး။ ေသနတ္ထားတဲ့ေနရာျပတယ္ ဒီေလာက္ပဲ။ စကားမေျပာဘူး။ ႏႈတ္နဲ႔မေျပာဘူး။ ေသဆံုးသြားတဲ့ အေမနဲ႔အစ္မကုိလည္း မေျပာဘူး”ဟု ကုိရဲမင္းက ေျပာသည္။

အဆိုပါ အခင္းျဖစ္ပြားရာအိမ္သို႔  ယေန႔ သြားေရာက္စစ္ေဆးရာတြင္ အိမ္ရွင္အမ်ဳိးသား တစ္ဦးသာရွိၿပီး အိမ္ရွင္အမ်ဳိးသမီးႏွုင့္ မညိဳညိဳေအး ေသဆံုးေၾကာင္း ရဲစခန္းသုိ႔ အမႈဖြင့္ခဲ့ေသာ သမီးျဖစ္သူလည္း ေနအိမ္တြင္ မေတြ႔ခဲ့ေၾကာင္း သူက ေျပာသည္။

ယခု အမႈ စစ္ေဆးမႈအရ ရဲ က အေစာပုိင္းတြင္ မညိဳညိဳ၀င္းသည္ ကုိယ့္ကုိကုိယ္ သတ္ေသေၾကာင္း ေျပာဆုိခဲ့ေသာ္လည္း ယခုတြင္မူ ကုိယ့္ကုိကုိသတ္ေသေၾကာင္း ေျပာဆုိျခင္း မရွိဘဲ ေျပာဆုိႏုိင္ျခင္း မရွိေသးေၾကာင္းသာ ေျပာဆုိခဲ့သည္ဟု ကုိရဲမင္းက ေျပာသည္။

ႏုိဝင္ဘာလ ၂ ရက္ေန႔တြင္ ထုိင္း-ျမန္မာနယ္စပ္ ဆြန္ဖီးေဒသတြင္ မညိဳညိဳေအးကုိ ျမွဳပ္ႏွံထားေသာ အုတ္ဂူဖြင့္၍ အေလာင္းကုိ ျပန္လည္ ေဖာ္ထုတ္၍ ထုိင္းအမ်ဳိးသားရဲေဆးရံုတြင္ မညိဳညိဳေအး၏ အေလာင္းစစ္ေဆးေနဆဲ ျဖစ္သည္။

“အေလာင္းကုိ ဆံပင္ေတြ ရိတ္ၿပီးေတာ့ ေသနတ္က်ည္ဝင္ပံုေတြကုိ ေသခ်ာ စစ္ေဆးထားၿပီးၿပီ။ မုဒိမ္းက်င့္ခံရ မရ စစ္ေဆးထားတယ္။ ဒါေပမဲ့ အေျဖေတာ့ မေပးေသးဘူး။ ေသခ်ာတဲ့အေျဖတစ္ခုက   ေပးတယ္။ က်ည္ဆံက ပထမက ရဲေတြ သံုးသပ္ထားတာ ညာဘက္က ဝင္တာတဲ့။ အခု ဒီထုိ္င္းအမ်ဳိးသားရဲေဆးရံုက စစ္ခ်က္ထြက္လာတာက က်ည္ဆံက ဘယ္ဘက္ကပဲ ဝင္တယ္တဲ့။ အတိအက် ရဲေတြက မေျပာေသးဘူး”ဟု ကုိရဲမင္းက ေျပာသည္။

မညိဳညိဳေအး ေသဆံုးမႈ အမႈမွန္ေပၚေပါက္ေရးအတြက္ ျမန္မာသံရံုးမွအလုပ္သမားသံအရာရွိ ဦးမုိးေအာင္ခုိင္၊ ထုိင္းေရာက္ ေရႊ႕ေျပာင္း အလုပ္သမား အေရးေဆာင္ရြက္ေပးေနေသာ မဟာမိတ္အဖြဲ႔ (AAC)မွ တာဝန္ရွိသူမ်ား၊ ထုိင္းမႈခင္း တုိက္ဖ်က္ေရး အထူးအဖြဲ႔ (CSD)တို႔ ပူးေပါင္း လုပ္ေဆာင္ေနသျဖင့္ အမႈမွန္ေဖာ္ထုတ္ႏုိင္လိမ့္မည္ဟု ေမ်ာ္လင့္ထားသည္ဟု ကုိရဲမင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ထိုင်းနိုင်ငံ လတ်ဘူရီမြို့ခရိုင် ဘန်ပုံဒေသတွင်  အသက် ၁၇ နှစ်အရွယ် မြန်မာအိမ်အကူအမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ အချက်အလက်များ ရယူရန် နိုဝင်ဘာလ ၇ ရက်က ထိုင်းအလုပ်ရှင်၏ နေအိမ်တွင် နယ်မြေခံ ရဲတပ်ဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က လတ်ဘူရီခရိုင် ဘန်းပုံဒေသရှိ ထိုင်းအလုပ်ရှင်၏ နေအိမ်ခန်းတွင် ကရင်တိုင်းရင်းသူ မညိုညိုအေး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ   နှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးမှုကို သေကြောင်းကြံစည်မှုဟု နယ်မြေခံထိုင်းရဲက အမှုပိတ်သိမ်းပြီးနောက်  သေဆူံးသူ၏ မိခင်နှင့် အစ်မတို့က မညိုညိုအေး သေဆုံးမှုကို မသင်္ကာသဖြင့် ထိုင်းရာဇဝတ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့(CSD)သို့ တိုင်တန်းခဲ့ရာမှ ၃ လခန့်အကြာတွင် အမှုကို ပြန်လည် ဖော်ထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့ စစ်ဆေးမှုသည် အသက် ၁၇ နှစ် မညိုညိုအေးသည် ဦးခေါင်း၌ သေနတ် ဒဏ်ရာ ၂ ချက်ဖြင့်ဖြင့် သေဆုံးခဲ့သည့် အခင်းဖြစ်ပွားမှုအခြေအနေများကို ပြန်လည် သရုပ်ဖော်၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းအမှုတွင် ကူညီဆောင်ရွက်ပေးသော အလုပ်သမားမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ကိုရဲမင်းက ပြောသည်။

“ဖြစ်ပုံဖြစ်နည်းပေါ့။ သေပုံသေနည်း သေတဲ့အခန်း၊ သေနတ်ထားတဲ့နေရာ၊ သေတဲ့အနေအထားတွေ နောက်ပြီးတော့ သေနတ် ကျည်ဆံ အဝင်အထွက်တွေ အဲဒါတွေ သွားပြီးတော့ သရုပ်ပြတာတွေ၊ ပုံစံ လုပ်တာတွေ အနေအထားတွေ သွားတွက်ကြည့်တာပါ၊ အိမ်ရှင်ကတော့ စကားတော့ ကျွန်တော်တို့နဲ့ မပြောဘူး။ သေနတ်ထားတဲ့နေရာပြတယ် ဒီလောက်ပဲ။ စကားမပြောဘူး။ နှုတ်နဲ့မပြောဘူး။ သေဆုံးသွားတဲ့ အမေနဲ့အစ်မကိုလည်း မပြောဘူး”ဟု ကိုရဲမင်းက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာအိမ်သို့  ယနေ့ သွားရောက်စစ်ဆေးရာတွင် အိမ်ရှင်အမျိုးသား တစ်ဦးသာရှိပြီး အိမ်ရှင်အမျိုးသမီးနှုင့် မညိုညိုအေး သေဆုံးကြောင်း ရဲစခန်းသို့ အမှုဖွင့်ခဲ့သော သမီးဖြစ်သူလည်း နေအိမ်တွင် မတွေ့ခဲ့ကြောင်း သူက ပြောသည်။

ယခု အမှု စစ်ဆေးမှုအရ ရဲ က အစောပိုင်းတွင် မညိုညိုဝင်းသည် ကိုယ့်ကိုကိုယ် သတ်သေကြောင်း ပြောဆိုခဲ့သော်လည်း ယခုတွင်မူ ကိုယ့်ကိုကိုသတ်သေကြောင်း ပြောဆိုခြင်း မရှိဘဲ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းသာ ပြောဆိုခဲ့သည်ဟု ကိုရဲမင်းက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ဆွန်ဖီးဒေသတွင် မညိုညိုအေးကို မြှုပ်နှံထားသော အုတ်ဂူဖွင့်၍ အလောင်းကို ပြန်လည် ဖော်ထုတ်၍ ထိုင်းအမျိုးသားရဲဆေးရုံတွင် မညိုညိုအေး၏ အလောင်းစစ်ဆေးနေဆဲ ဖြစ်သည်။

“အလောင်းကို ဆံပင်တွေ ရိတ်ပြီးတော့ သေနတ်ကျည်ဝင်ပုံတွေကို သေချာ စစ်ဆေးထားပြီးပြီ။ မုဒိမ်းကျင့်ခံရ မရ စစ်ဆေးထားတယ်။ ဒါပေမဲ့ အဖြေတော့ မပေးသေးဘူး။ သေချာတဲ့အဖြေတစ်ခုက   ပေးတယ်။ ကျည်ဆံက ပထမက ရဲတွေ သုံးသပ်ထားတာ ညာဘက်က ဝင်တာတဲ့။ အခု ဒီထိုင်းအမျိုးသားရဲဆေးရုံက စစ်ချက်ထွက်လာတာက ကျည်ဆံက ဘယ်ဘက်ကပဲ ဝင်တယ်တဲ့။ အတိအကျ ရဲတွေက မပြောသေးဘူး”ဟု ကိုရဲမင်းက ပြောသည်။

မညိုညိုအေး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာသံရုံးမှအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်၊ ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက်ပေးနေသော မဟာမိတ်အဖွဲ့ (AAC)မှ တာဝန်ရှိသူများ၊ ထိုင်းမှုခင်း တိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)တို့ ပူးပေါင်း လုပ်ဆောင်နေသဖြင့် အမှုမှန်ဖော်ထုတ်နိုင်လိမ့်မည်ဟု မျော်လင့်ထားသည်ဟု ကိုရဲမင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top