ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခရီးသည္ႏွင့္ စကားမ်ားရာတြင္ သံတုတ္ကိုင္ခဲ့ျခင္းမွာ ခရီးသည္က ရန္ျပဳမည္ထင္ေသာေၾကာင့္ ျဖစ္သည္ဟု ရာသက္ပန္ထုတ္ပယ္ခံရေသာ ယာဥ္ေမာင္း ကိုသန္းထိုက္က ေျပာသည္။

ႏို၀င္ဘာလ ၁၄ ရက္က လိႈင္သာယာသို႔ ေျပးဆြဲေသာ YBS ၂၃ ကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး ဘတ္စ္ကား ဘဲလ္မွာ တစ္ခါတစ္ရံ မျမည္တတ္ဘဲ ရွိတက္သျဖင့္ မွတ္တိုင္တြင္ ဆင္းမည္ဆိုပါက ႀကိဳေျပာခိုင္းထား ေသာ္လည္း ၾကိဳမေျပာသျဖင့္ မွတ္တိုင္ေက်ာ္ရာမွ အစျပဳကာ ျပသနာျဖစ္ပြားခဲ့သည္ဟု သိရသည္။

"အဲဒါနဲ႔ ခရီးသည္ကကၽြန္ေတာ္႔ကို မရဘူးေပါ့ေနာ္ ။ ဒီမွာပဲရပ္ေပးဆိုၿပီးေတာ႔ ဆဲျပီး ဒီမွာပဲရပ္ဆိုၿပီးေတာ႔ ေျပာပါတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္လည္း တံခါးဖြင့္ေပးလိုက္တယ္။ သူက ကၽြန္ေတာ္႔ဆီကို   ေျပးေတာ႔မေျပးဘူး။ ခပ္သြက္သြက္လာပါတယ္ ရန္ျပဳမယ္႔ပံုနဲ႔လာတာ အဲဒါနဲ႔ကၽြန္ေတာ္လည္းကားေနာက္က အင္ဂ်င္ဖုန္းက သံပိုက္နဲ႔ ဆင္းၿပီးေတာ႔ အဝမွာ စကားတစ္ေယာက္တစ္ခြန္းမ်ားၿပီးေတာ႔ေပါ့"ဟု ယာဥ္ေမာင္းကိုသန္းထိုက္က ၄င္း၏ျဖစ္စဥ္ကို ေျပာျပသည္။

၎အေနနဲ႔ ယခင္ ယာဥ္ေမာင္းလာသည္႔သက္တမ္းတစ္ေလ်ာက္ ယခုကဲ႔သို႔အျဖစ္ပ်က္မ်ိဳး မႀကံဳဖူးေၾကာင္း ဆိုသည္။

ထို႔ကိစၥရပ္အေပၚ YBS စီအီးအို ဥိးေစာဘိုဘိုထံ တင္ျပခဲ႔ၿပီးေနာက္ သံတုတ္ကိုင္ကာ ခရီးသည္ျဖင့္ စကားမ်ားခဲ႔သည္႔ YBS၂၃(အေပၚလမ္း)ယာဥ္လိုင္းမွ ယာဥ္ေမာင္းတစ္ဦးကို ရာသက္ပန္ထုတ္ပယ္လိုက္ျပီး ယာဥ္ကိုပါ ရာသက္ပန္ထုတ္ပယ္ရန္ YBS စီအီးအို ဦးေစာဘိုဘိုက ညႊန္ၾကားထားေၾကာင္း သိရသည္။

"အဲဒီ တင္ျပမႈအေပၚမွာ စီအီးအိုကလည္း ကၽြန္ေတာ္႔ကိုလက္ရွိကားေရာလူေရာ ယာဥ္လုိင္းကေနၿပီး ထုတ္ပယ္ဖို႔အတြက္ကို သူကေနၿပီးေတာ႔မွ ႏႈတ္ျဖင့္ညႊန္ၾကားလိုက္တဲ႔အေပၚမွာ ကၽြန္ေတာ္ ဆက္လက္ ေဆာင္ရြက္ေနပါတယ္။ သူတို႔ဘက္က စာႏွင့္တကြအေရးယူတဲ႔အေပၚမွာလည္း ဆက္လက္ၿပီးေတာ႔ ေက်နပ္စြာနဲ႔ လက္ခံၿပီး သြားမယ္လို႔ ေျပာၾကားခ်င္ပါတယ္"ဟု GYCTကုမၸဏီ၏ YBS၂၃(အေပၚလမ္း)ကို တာဝန္ယူလုပ္ကိုင္ေနသည့္ မန္းေနးဂ်င္းဒါရုိက္တာ ဦးသန္းလြင္က ေျပာသည္။

ယာဥ္လိုင္းပံုရိပ္ႏွင့္ ခရီးသြားျပည္သူမ်ားအတြက္ ယခုကဲ႔သို႔ ယာဥ္ေမာင္းကိုအေရးယူ ထုတ္ပယ္ခဲ႔ေသာ္လည္း ယာဥ္လိုင္းအတြင္း ကိုသန္းထိုက္သည္ ယာဥ္ေမာင္းေကာင္းျဖစ္ခဲ႔သည္ကို စစ္ေဆးေတြ႔ခဲ႕ရသည္ဟု ဦးသန္းလြင္က ေျပာသည္။

"'ဒီယာဥ္ေမာင္းျခင္းနဲ႔ ပတ္သတ္တဲ႔ တျခားေသာ လုပ္ေဆာင္ခ်က္မ်ိဳးမွာ ကၽြန္ေတာ္သူ႔ကို စားဝတ္ေနေရး ေျပလည္ေအာင္ ကၽြန္ေတာ္႔ဘက္က တာဝန္ယူၿပီးေတာ႔ ကူညီေဆာင္ရြက္ေပးသြားမွာပါ" ဟု YBS၂၃ကို တာဝန္ယူထားသည့္ ဦးသန္းလြင္က ဆိုသည္။

YBS၂၃သည္ လိႈင္သာယာ အေပၚလမ္းႏွင့္ ေအာက္လမ္း ဟု ႏွစ္လမ္းရိွကာ ယခုျဖစ္စဥ္ပါကားမွာ သခင္ျမ ပန္းၿခံ၊ ဘုရင့္ေနာင္ေစ်း၊ ေပါက္ေတာဝ၊ ႀကိဳးတံတား၊ မီးခြက္ေစ်းသို႔ ေျပးဆြဲေနသည္႔ အေပၚလမ္းကား ျဖစ္သည္။

ယခုကဲ႔သို႔ ယာဥ္လိုင္းမွ ရာသက္ပန္ထုတ္ပယ္ခံရျခင္းအေပၚ မိသားစု(၄)ေယာက္ရွိသည္႔ ကိုသန္းထုိက္က "အခက္အခဲရွိတာဆိုတာ ေျပာရမယ္ဆို ဖခင္တစ္ေယာက္အေနနဲ႔ တစ္ေယာက္တည္းလုပ္ရေတာ႔ ေနာက္က မိသားစုက အရြယ္ေတြဘာေတြမေရာက္ေသးေတာ႔ စားဝတ္ေနေရးခဏေလာက္ေတာ႔ အဆင္မေျပျဖစ္မွာ ေပါ့"ဟု ၄င္း၏ အခက္အခဲကို ေျပာသည္။

အဆိုပါယာဥ္လိုင္းတြင္ ကိုရီးယားႏိုင္ငံထုတ္ ဟြန္ေဒးကားအစီးေရ ၄၄ စီး ရွိၿပီး တစ္ေန႔လွ်င္အနည္းဆံုး ၃၅ စီး ျဖင့္ ေျပးဆြဲေနသည္။

YBS စတင္သည္႔ ၂၀၁၇ ဇန္နဝါရီ ၁၆ရက္ေန႔မွ ယခု(၁၁)လတာအထိ တိုင္ၾကားမႈေပါင္း(၄၅၀၀)ရွိခဲ႔ၿပီး ၄င္းတို႔ ထဲမွ (၂၀)ရာခိုင္ႏူန္းအေပၚ အေရးယူေျဖရွင္းေပးခဲ႔ေၾကာင္း Yangon Bus Report ၏ ထုတ္ျပန္ခ်က္အရ သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ခရီးသည်နှင့် စကားများရာတွင် သံတုတ်ကိုင်ခဲ့ခြင်းမှာ ခရီးသည်က ရန်ပြုမည်ထင်သောကြောင့် ဖြစ်သည်ဟု ရာသက်ပန်ထုတ်ပယ်ခံရသော ယာဉ်မောင်း ကိုသန်းထိုက်က ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်က လှိုင်သာယာသို့ ပြေးဆွဲသော YBS ၂၃ ကားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကား ဘဲလ်မှာ တစ်ခါတစ်ရံ မမြည်တတ်ဘဲ ရှိတက်သဖြင့် မှတ်တိုင်တွင် ဆင်းမည်ဆိုပါက ကြိုပြောခိုင်းထား သော်လည်း ကြိုမပြောသဖြင့် မှတ်တိုင်ကျော်ရာမှ အစပြုကာ ပြသနာဖြစ်ပွားခဲ့သည်ဟု သိရသည်။

"အဲဒါနဲ့ ခရီးသည်ကကျွန်တော့်ကို မရဘူးပေါ့နော် ။ ဒီမှာပဲရပ်ပေးဆိုပြီးတော့ ဆဲပြီး ဒီမှာပဲရပ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း တံခါးဖွင့်ပေးလိုက်တယ်။ သူက ကျွန်တော့်ဆီကို   ပြေးတော့မပြေးဘူး။ ခပ်သွက်သွက်လာပါတယ် ရန်ပြုမယ့်ပုံနဲ့လာတာ အဲဒါနဲ့ကျွန်တော်လည်းကားနောက်က အင်ဂျင်ဖုန်းက သံပိုက်နဲ့ ဆင်းပြီးတော့ အဝမှာ စကားတစ်ယောက်တစ်ခွန်းများပြီးတော့ပေါ့"ဟု ယာဉ်မောင်းကိုသန်းထိုက်က ၎င်း၏ဖြစ်စဉ်ကို ပြောပြသည်။

၎င်းအနေနဲ့ ယခင် ယာဉ်မောင်းလာသည့်သက်တမ်းတစ်လျောက် ယခုကဲ့သို့အဖြစ်ပျက်မျိုး မကြုံဖူးကြောင်း ဆိုသည်။

ထို့ကိစ္စရပ်အပေါ် YBS စီအီးအို ဥိးစောဘိုဘိုထံ တင်ပြခဲ့ပြီးနောက် သံတုတ်ကိုင်ကာ ခရီးသည်ဖြင့် စကားများခဲ့သည့် YBS၂၃(အပေါ်လမ်း)ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကို ရာသက်ပန်ထုတ်ပယ်လိုက်ပြီး ယာဉ်ကိုပါ ရာသက်ပန်ထုတ်ပယ်ရန် YBS စီအီးအို ဦးစောဘိုဘိုက ညွှန်ကြားထားကြောင်း သိရသည်။

"အဲဒီ တင်ပြမှုအပေါ်မှာ စီအီးအိုကလည်း ကျွန်တော့်ကိုလက်ရှိကားရောလူရော ယာဉ်လိုင်းကနေပြီး ထုတ်ပယ်ဖို့အတွက်ကို သူကနေပြီးတော့မှ နှုတ်ဖြင့်ညွှန်ကြားလိုက်တဲ့အပေါ်မှာ ကျွန်တော် ဆက်လက် ဆောင်ရွက်နေပါတယ်။ သူတို့ဘက်က စာနှင့်တကွအရေးယူတဲ့အပေါ်မှာလည်း ဆက်လက်ပြီးတော့ ကျေနပ်စွာနဲ့ လက်ခံပြီး သွားမယ်လို့ ပြောကြားချင်ပါတယ်"ဟု GYCTကုမ္ပဏီ၏ YBS၂၃(အပေါ်လမ်း)ကို တာဝန်ယူလုပ်ကိုင်နေသည့် မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းလွင်က ပြောသည်။

ယာဉ်လိုင်းပုံရိပ်နှင့် ခရီးသွားပြည်သူများအတွက် ယခုကဲ့သို့ ယာဉ်မောင်းကိုအရေးယူ ထုတ်ပယ်ခဲ့သော်လည်း ယာဉ်လိုင်းအတွင်း ကိုသန်းထိုက်သည် ယာဉ်မောင်းကောင်းဖြစ်ခဲ့သည်ကို စစ်ဆေးတွေ့ခဲ့ရသည်ဟု ဦးသန်းလွင်က ပြောသည်။

"'ဒီယာဉ်မောင်းခြင်းနဲ့ ပတ်သတ်တဲ့ တခြားသော လုပ်ဆောင်ချက်မျိုးမှာ ကျွန်တော်သူ့ကို စားဝတ်နေရေး ပြေလည်အောင် ကျွန်တော့်ဘက်က တာဝန်ယူပြီးတော့ ကူညီဆောင်ရွက်ပေးသွားမှာပါ" ဟု YBS၂၃ကို တာဝန်ယူထားသည့် ဦးသန်းလွင်က ဆိုသည်။

YBS၂၃သည် လှိုင်သာယာ အပေါ်လမ်းနှင့် အောက်လမ်း ဟု နှစ်လမ်းရှိကာ ယခုဖြစ်စဉ်ပါကားမှာ သခင်မြ ပန်းခြံ၊ ဘုရင့်နောင်ဈေး၊ ပေါက်တောဝ၊ ကြိုးတံတား၊ မီးခွက်ဈေးသို့ ပြေးဆွဲနေသည့် အပေါ်လမ်းကား ဖြစ်သည်။

ယခုကဲ့သို့ ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်ခံရခြင်းအပေါ် မိသားစု(၄)ယောက်ရှိသည့် ကိုသန်းထိုက်က "အခက်အခဲရှိတာဆိုတာ ပြောရမယ်ဆို ဖခင်တစ်ယောက်အနေနဲ့ တစ်ယောက်တည်းလုပ်ရတော့ နောက်က မိသားစုက အရွယ်တွေဘာတွေမရောက်သေးတော့ စားဝတ်နေရေးခဏလောက်တော့ အဆင်မပြေဖြစ်မှာ ပေါ့"ဟု ၎င်း၏ အခက်အခဲကို ပြောသည်။

အဆိုပါယာဉ်လိုင်းတွင် ကိုရီးယားနိုင်ငံထုတ် ဟွန်ဒေးကားအစီးရေ ၄၄ စီး ရှိပြီး တစ်နေ့လျှင်အနည်းဆုံး ၃၅ စီး ဖြင့် ပြေးဆွဲနေသည်။

YBS စတင်သည့် ၂၀၁၇ ဇန်နဝါရီ ၁၆ရက်နေ့မှ ယခု(၁၁)လတာအထိ တိုင်ကြားမှုပေါင်း(၄၅၀၀)ရှိခဲ့ပြီး ၎င်းတို့ ထဲမှ (၂၀)ရာခိုင်နူန်းအပေါ် အရေးယူဖြေရှင်းပေးခဲ့ကြောင်း Yangon Bus Report ၏ ထုတ်ပြန်ချက်အရ သိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top