Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အ၀တ္အစားမပါပဲ ညတိုင္းအိပ္စက္ျခင္းက သင့္ရဲ႕ ခႏၶာကိုယ္တြင္းက ေဟာ္မုန္းဓာတ္ေတြကို တိုးပြားေစပါတယ္။

အိပ္စက္ျခင္းဟာ အေရးၾကီးတဲ့ အနားယူျခင္းတစ္မ်ိဳးပါပဲ။ လံုေလာက္တဲ့ အခ်ိန္နာရီၾကာေအာင္အိပ္စက္ဖို႕လည္း လိုအပ္ပါတယ္။ အိပ္စက္တဲ့အခါ အ၀တ္အစားမပါပဲ အိပ္စက္ျခင္းကလည္း အက်ိဳးေက်းဇူး မ်ားစြာ ရရွိေစပါတယ္။ ဒါေၾကာင့္ အ၀တ္အစားမပါပဲ အိပ္စက္ျခင္းရဲ႕ ေကာင္းက်ိဳးေလးေတြကို မွ်ေ၀ေပးပါရေစ။

၁။ ေငြကုန္ေၾကးက် သက္သာေစျခင္း

ညအိပ္၀တ္စံု သင္ မ၀ယ္ျဖစ္ဘူးဆိုပါစို႕။ ဒါက ေငြေၾကးကို ေခၽြတာရာေတာင္ ေရာက္ပါေသးတယ္။ အ၀တ္အစားမပါပဲအိပ္စက္တာမို႕လုိ႕ အ၀တ္ေလွ်ာ္ရသက္သာေစတယ္ေလ။ ဒါေပမဲ့ သင့္ အိပ္ရာနဲ႕ အိပ္ရာခင္းေတြကိုေတာ့ မၾကာခဏသန္႕ရွင္းေရးလုပ္ဖို႕ေတာ့ လိုမယ္ေနာ္။

၂။ သင့္ခႏၶာကိုယ္အစိတ္အပိုင္းျခင္း ပိုမိုေကာင္းမြန္စြာ ထိေတြ႕ျခင္း

သင့္ရဲ႕ ဇနီး/ခင္ပြန္း  (သို႕) အတူေနခ်စ္သူနဲ႕ လြတ္လပ္စြာအိပ္စက္ေနခ်ိန္မွာဆိုရင္ တစ္ေယာက္အသား တစ္ေယာက္ထိေတြ႕ေနတာမ်ိဳး ရိွမွာေပါ့။ ဒါမွမဟုတ္ ေပြ႕ဖက္ျပီး အိပ္စက္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ေလ။ ဒီလိုထိေတြ႕ေနမႈက အိမ္ေထာင္ေရးကို သာယာေစတဲ့အျပင္ ခ်စ္ေရးခ်စ္ရာမွာလည္း ပိုမိုတက္ၾကြလာေစပါတယ္။ အသားခ်င္းထိေတြ႕မႈကတဆင့္ ရင္သိမ့္တုန္စရာ ခံစားမႈေတြ ျဖစ္ေပၚလာေစျပီး ၾကည္ႏူးစရာအခ်ိန္ေလးကို ပိုင္ဆိုင္ေစမွာပါ။

၃။ ေဟာ္မုန္းဓာတ္ တိုးပြားလာျခင္း

အ၀တ္အစားမပါပဲ ညတိုင္းအိပ္စက္ျခင္းက သင့္ရဲ႕ ခႏၶာကိုယ္တြင္းက ေဟာ္မုန္းဓာတ္ေတြကို တိုးပြားေစပါတယ္။ ဒီေဟာ္မုန္းဓာတ္ေတြက သင့္ရဲ႕ အိုမင္းရင့္ေရာ္မႈေတြကို တားဆီးေပးႏိုင္ျပီး က်န္းမာေရးအတြက္လည္း မရွိမျဖစ္လိုအပ္တယ္ေလ။ အ၀တ္အစားေတြနဲ႕အိပ္စက္ေနခ်ိန္မွာဆိုရင္ေတာ့ ခႏၶာကိုယ္အပူခ်ိန္တိုးလာျပီး ေဟာ္မုန္းဓာတ္ေတြကို အပူဓာတ္က တားဆီးပါေတာ့တယ္။ ဒါ့အျပင္ အိုမင္းရင့္ေရာ္မႈကိုလည္း အားေပးေသးတယ္ေလ။

၄။ လိင္အဂၤါသန္စြမ္းမႈကို အားေပးျခင္း

အဝတ္အစားမပါဘဲ ေအးေအးျမျမအိပ္ရတဲ့ အမ်ိဳးသားေတြဆိုရင္ သူတို႕ရဲ႕ လိင္အဂၤါကိုပါ ပိုမိုအားေကာင္းေစပါတယ္။ ဒါ့အျပင္ ဖိုမ်ိဳးဥ ျပန္လည္ျဖစ္ထြန္းမႈကို အေထာက္အကူျပဳေစပါတယ္။ အမ်ိဳးသမီးေတြဆိုရင္လည္း အညစ္အေၾကးမွတဆင့္ ဗိုင္းရပ္စ္ျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။ အမ်ိဳးသမီးအဂၤါကို ေျခာက္ေသြ႕ေစျပီးေတာ့ အနံ႕အသက္ဆိုးမ်ား ထြက္ေပၚျခင္းကိုလည္း ေလွ်ာ့ခ်ေပးပါေသးတယ္။

၅။ ေႏြရာသီရဲ႕ အပူဒဏ္ကို ခုခံႏိုင္ျခင္း

ပူျပင္းလွတဲ့ ေႏြဥတုရဲ႕ ညေပါင္းမ်ားစြာကို လြတ္လပ္စြာအိပ္စက္ျခင္းျဖင့္ ေက်ာ္လႊားႏိုင္တာေပါ့။ အကယ္၍မ်ား သင့္အိမ္မွာ ေလေအးေပးစက္ရွိမေနဘူးဆိုရင္ ေလ၀င္ေလထြက္ေကာင္းေအာင္ဖန္တီးထားတဲ့ အခန္းတြင္း၊ ျပတင္းေပါက္နား၊ တံခါးေပါက္နားတို႕မွာ အိပ္စက္သင့္ပါတယ္။ ေလႏုေအးေအးေလးက သင့္အေရျပားကို က်ီစယ္ေနာက္ေျပာင္ျခင္းကိုေတာင္ သင္ ခံစားသိရွိရမွာပါ။ နာဖ်ားေနစဥ္၊ အေအးေၾကာက္တတ္သူမ်ားဆိုရင္ေတာ့ အ၀တ္အစားအျပည့္နဲ႕သာ အိပ္စက္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အဝတ်အစားမပါပဲ ညတိုင်းအိပ်စက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်တွင်းက ဟော်မုန်းဓာတ်တွေကို တိုးပွားစေပါတယ်။

အိပ်စက်ခြင်းဟာ အရေးကြီးတဲ့ အနားယူခြင်းတစ်မျိုးပါပဲ။ လုံလောက်တဲ့ အချိန်နာရီကြာအောင်အိပ်စက်ဖို့လည်း လိုအပ်ပါတယ်။ အိပ်စက်တဲ့အခါ အဝတ်အစားမပါပဲ အိပ်စက်ခြင်းကလည်း အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။ ဒါကြောင့် အဝတ်အစားမပါပဲ အိပ်စက်ခြင်းရဲ့ ကောင်းကျိုးလေးတွေကို မျှဝေပေးပါရစေ။

၁။ ငွေကုန်ကြေးကျ သက်သာစေခြင်း

ညအိပ်ဝတ်စုံ သင် မဝယ်ဖြစ်ဘူးဆိုပါစို့။ ဒါက ငွေကြေးကို ချွေတာရာတောင် ရောက်ပါသေးတယ်။ အဝတ်အစားမပါပဲအိပ်စက်တာမို့လို့ အဝတ်လျှော်ရသက်သာစေတယ်လေ။ ဒါပေမဲ့ သင့် အိပ်ရာနဲ့ အိပ်ရာခင်းတွေကိုတော့ မကြာခဏသန့်ရှင်းရေးလုပ်ဖို့တော့ လိုမယ်နော်။

၂။ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းခြင်း ပိုမိုကောင်းမွန်စွာ ထိတွေ့ခြင်း

သင့်ရဲ့ ဇနီး/ခင်ပွန်း  (သို့) အတူနေချစ်သူနဲ့ လွတ်လပ်စွာအိပ်စက်နေချိန်မှာဆိုရင် တစ်ယောက်အသား တစ်ယောက်ထိတွေ့နေတာမျိုး ရှိမှာပေါ့။ ဒါမှမဟုတ် ပွေ့ဖက်ပြီး အိပ်စက်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒီလိုထိတွေ့နေမှုက အိမ်ထောင်ရေးကို သာယာစေတဲ့အပြင် ချစ်ရေးချစ်ရာမှာလည်း ပိုမိုတက်ကြွလာစေပါတယ်။ အသားချင်းထိတွေ့မှုကတဆင့် ရင်သိမ့်တုန်စရာ ခံစားမှုတွေ ဖြစ်ပေါ်လာစေပြီး ကြည်နူးစရာအချိန်လေးကို ပိုင်ဆိုင်စေမှာပါ။

၃။ ဟော်မုန်းဓာတ် တိုးပွားလာခြင်း

အဝတ်အစားမပါပဲ ညတိုင်းအိပ်စက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်တွင်းက ဟော်မုန်းဓာတ်တွေကို တိုးပွားစေပါတယ်။ ဒီဟော်မုန်းဓာတ်တွေက သင့်ရဲ့ အိုမင်းရင့်ရော်မှုတွေကို တားဆီးပေးနိုင်ပြီး ကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တယ်လေ။ အဝတ်အစားတွေနဲ့အိပ်စက်နေချိန်မှာဆိုရင်တော့ ခန္ဓာကိုယ်အပူချိန်တိုးလာပြီး ဟော်မုန်းဓာတ်တွေကို အပူဓာတ်က တားဆီးပါတော့တယ်။ ဒါ့အပြင် အိုမင်းရင့်ရော်မှုကိုလည်း အားပေးသေးတယ်လေ။

၄။ လိင်အင်္ဂါသန်စွမ်းမှုကို အားပေးခြင်း

အဝတ်အစားမပါဘဲ အေးအေးမြမြအိပ်ရတဲ့ အမျိုးသားတွေဆိုရင် သူတို့ရဲ့ လိင်အင်္ဂါကိုပါ ပိုမိုအားကောင်းစေပါတယ်။ ဒါ့အပြင် ဖိုမျိုးဥ ပြန်လည်ဖြစ်ထွန်းမှုကို အထောက်အကူပြုစေပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း အညစ်အကြေးမှတဆင့် ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးအင်္ဂါကို ခြောက်သွေ့စေပြီးတော့ အနံ့အသက်ဆိုးများ ထွက်ပေါ်ခြင်းကိုလည်း လျှော့ချပေးပါသေးတယ်။

၅။ နွေရာသီရဲ့ အပူဒဏ်ကို ခုခံနိုင်ခြင်း

ပူပြင်းလှတဲ့ နွေဥတုရဲ့ ညပေါင်းများစွာကို လွတ်လပ်စွာအိပ်စက်ခြင်းဖြင့် ကျော်လွှားနိုင်တာပေါ့။ အကယ်၍များ သင့်အိမ်မှာ လေအေးပေးစက်ရှိမနေဘူးဆိုရင် လေဝင်လေထွက်ကောင်းအောင်ဖန်တီးထားတဲ့ အခန်းတွင်း၊ ပြတင်းပေါက်နား၊ တံခါးပေါက်နားတို့မှာ အိပ်စက်သင့်ပါတယ်။ လေနုအေးအေးလေးက သင့်အရေပြားကို ကျီစယ်နောက်ပြောင်ခြင်းကိုတောင် သင် ခံစားသိရှိရမှာပါ။ နာဖျားနေစဉ်၊ အအေးကြောက်တတ်သူများဆိုရင်တော့ အဝတ်အစားအပြည့်နဲ့သာ အိပ်စက်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top