Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×






#Unicode Version#
မန်းလေး ကန်တော်ကြီး နော်။ဒါကတော့ကျတော့သူငယ်ချင်းတစ်ယောက်သူကြုံခဲ့တာလေးပြောပြမယ်နော်။ဒီကောင့်နာမည်ကနိုင်ဝင်းပါရည်းစားလဲတစ်ခါမှမထားဖူးဘူး။
အဲရည်းစားလေးလဲရလိုက်ရောဗျာ ကန်တော်ကြီးကိုချောင်းေ ပါက်မတတ်သွားလိုက်ကျတာ ညတိုင်းလိုလို ။ တစ်ရက်ပေါ့ အဲဒီနေ့ကစသူတို့နှစ်ယောကခုထိကန်တော်ကြီးဘက်ဆိုမသွားရဲတော့ဘူးလေ။
ကန်တော်ကြီးမြောက်ဖက်ခြမ်းအပင်လေးတွေကကွယ်နေတဲ့နေရာလေးပါ။

သူတို့နှစ်ယောက်စကားပြောရင်းအချိန်ကုန်မှန်းမသိတော့ညကတဖြည်းဖြည်းနက်လာတာ။
စကားတွေပြောနေရင်းသူ့ကောင်မလေးကနိုင်ဝင်းကျောပေးထားတဲ့ဖက်ကိုကြည့်ပီးပြောလိုက်တာ”ဟင်အကိုကြည့်စမ်းပါဦးပေါ်တင်ကြီးကြည့်နေတာ”အဲဒီလိုပြောလိုက်တော့နိုင်ဝင်းလဲတင်းသွားပီးလှည့်ကြည့်တော့”ဘယ်မှာလဲသဲကလဲဘယ်သူမှမရှိပါဘူးကွ”…
သူ့စော်က ဟိုမှာလေအကိုက လဲငုတ်တုတ်ကြီးထိုင်ကြည့်နေတာမမြင်ဘူးလား “ဘုဘောက်ပြောလို့နိုင်ဝင်းဘာမှ ဆက် မပြောတော့ဘူးစကားလမ်းကြောင်းလွှဲပီးဆက်စကားပြောနေတုန်းသူ့စော်ကတစ်ခါပြောပြန်ရော”ဟောလာနေပီအကို့”လို့ပြောပီးသူ့စော်ရဲ့ပုံစံကမကျေမနပ်ပုံနဲ့နိုင်ဝင်းကျောဘက်ကိုလူတစ်ယောက်ကိုဘုကြည့်ကြည့်တဲ့ပုံစံမျိုးနဲ့လမ်းလျှောက်သွားတဲ့လူကိုလိုက်ကြည့်သလိုကြည့်နေတော့နိုင်ဝင်းလန့်လာပီသူ့စော်ပုံစံကြည့်ပီး။

ဟုတ်တယ်လေသူ့စော်ပြောလို့ကြည့်တာပဲသူတို့အတွဲကိုချောင်းတဲ့သူမှမရှိတာခုသူ့စော်လုပ်နေတဲ့ပုံကိုကြည့်ဦးလေဘယ်သူမှမရှိတဲ့နေရာကိုသူတစ်ယောက်ထဲမြင်နေသလိုလုပ်နေတော့နိုင်ဝင်းစိတ်ထဲမသန့်တော့ဘူးပေါ။
ဒါနဲ့နိုင်ဝင်းကစိတ်ထဲမသန့်သလိုဖြစ်နေတော့”ကဲပါပြန်ရအောင်ပါနော်”လို့ပြောတော့သူစော်ကပြန်သေးဘူးတဲ့ဘာဖြစ်လို့လဲမေးတော့”ဟိုမှာလေအားမနာဘူးသူများအတွဲကိုမပြန်သေးပဲခါးတောင်မှထောက်ကြည့်နေလိုက်သေးတယ်”သူ့စော်အတော်ကိုတင်းနေပီ။

စော်ဒီလိုပြောလေနိုင်ဝင်းမနေနိုင်တော့ဘူးဆိုင်ကယ်ဒေါက်ဖြုတ်ပီး”ကဲလာပါကွာမိုးလဲချုပ်နေပါဘီနောက်ရက်မှလာတာပေါ့”ဒီလိုချော့ခေါ်လာတာ။
စော်ကတော့မကျေနပ်နိုင်သလိုပါးစပ်ကပွစိပွစိနဲ့ နိုင်ဝင်းလဲလမ်းကျမှ” သဲခုနကဘာမြင်လို့လဲ “စော်စိတ်တိုပီး နိုင်ဝ င်းေ ကျာ ထုပါလေရော”နေပါဦးသဲကလဲခုနကလူတစ်ယောက် တကယ်မြင်တာလား”စော်ကဆံပင်တွေပါဆွဲပါလေရော”နေ ပါဦးကိုယ့်စကားဆုံးအောင်နားထောင်ပါဦးသဲကသာပြောနေမြင်နေတာကိုတို့နားမှာလူတစ်ယောက်မှမရှိဘူးလေကွာသဲတကယ်မြင်တယ်ဆိုရင်ဒါလူမဟုတ်လောက်ဖူးသရဲခြောက်ခံနေရတာသဲသိလား…..

ဒါ့ကြောင့်ကိုမသင်္ကာလို့အမြန်ပြန်လာတာပဲ”နိုင်ဝင်းပြောလိုက်မှသူ့စော်က”အကိုမနောက်နဲ့နော်သဲကသရဲတော့ကြေက်တယ်”ခုနကတော့ပါးသွားရိုက်မှာလိုလိုနဲ့ခုတော့”ကိုသိတယ်သဲစပြောထဲကဘာမှမရှိဘဲကိုးဒါ့ကြောင့်ကိုဇွတ်ပြန်လာတာပေါ့ခုနကနေရာမှာကိုပြောလိုက်ရင်သဲကြောက်တတ်တာသိလို့ခုမှပြောတာပေါ့”ဟုတ်ကဲ့အဲဒီနောက်ပိုင်းသူစော်လဲကန်တော်ကြီးဘက်မချိန်းကျတော့တာခုကလေးတစ်ယောက်ရတဲ့အထိပါပဲ
မန်ဘာတို့ကောကန်တော်ကြီးဘက်ညမိုးချုပ်တဲ့အထိမနေနဲ့နော်သရဲနဲ့မတွေ့တောင်မှလူပျက်တော့မကောင်းတဲ့သူနဲ့တွေ့မှာဆိုးလိုပါ

ဖိုးသူတော် (www.phothutaw.com)
Credit:  – BuzzFeed Myanmar

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top