Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္နာရီခန္႔ၾကာ သည္း ထန္စြာရြာသြန္းခဲ့သည့္ မိုးေၾကာင့္ ဧရာဝတီတုိင္းအတြင္းရွိ ၿမိဳ႕နယ္ အခ်ဳိ႕၌ ကိုင္းစိုက္ခင္းမ်ား ဧက ေထာင္ႏွင့္ခ်ီ ပ်က္စီးခဲ့ေၾကာင္း ကိုင္းစိုက္ေတာင္သူမ်ားက ေျပာ ၾကားသည္။

ႏိုဝင္ဘာ ၁၀ ရက္ ည ၁၀ နာရီေက်ာ္မွ ၁၁ နာရီခန္႔အထိ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေရဝင္သျဖင့္ စိုက္ပ်ဳိးထားသည့္ ကိုင္းခင္းမ်ား ပ်က္စီးခဲ့ေၾကာင္း၊ ထြန္ယက္ထားသည့္ ေျမတြင္ ေတာင္သူမ်ားက ပဲမ်ားႀကဲ၍ သီးပင္စားပင္ငယ္မ်ား စတင္စိုက္ ပ်ဳိးဆဲျဖစ္ၿပီး ယင္းကဲ့သို႔ မုိးရြာ သြန္းမႈေၾကာင့္ ထုိအပင္ငယ္မ်ား ေျမက်ပ္ကာ ပ်က္စီးဆံုး႐ံႈးခဲ့ေၾကာင္း သာေပါင္းၿမိဳ႕နယ္ေန ကိုင္းေတာင္သူမ်ားက ေျပာ သည္။

‘‘ဒီဘက္က ေတာင္သူေတြ ကေတာ့ ပဲအမ်ဳိးမ်ဳိးစိုက္တယ္။ စိုက္တာ ရက္သားပဲရွိေသးတယ္။ မုိးရြာေတာ့ အားလံုး ေျမက်ပ္ၿပီး ေသကုန္မွာပါ။ ရွင္တဲ့အပင္လည္း အပင္ေကာင္း မျဖစ္ႏိုင္ေတာ့ဘူး။ အားလံုး ပ်က္စီးကုန္တယ္’’ ဟု သာေပါင္းၿမိဳ႕နယ္ သရက္ေတာ ေက်းရြာအုပ္စုေန ေတာင္သူ ဦးသိန္းေဇာ္က ေျပာသည္။

ကိုင္းသီးႏွံမ်ား စိုက္ပ်ဳိးရာ တြင္ စိုက္ပ်ဳိးမည့္သီးႏွံတန္ဖုိး မပါ ဘဲ ေျမျပဳျပင္ခ တစ္ဧက က်ပ္ သံုးေသာင္းခြဲမွငါးေသာင္း ကုန္ က်သည္။ ပဲမ်ဳိးမ်ားသည္ မတ္ပဲ တစ္တင္းလွ်င္ က်ပ္တစ္ေသာင္း ရွစ္ေထာင္ရွိၿပီး အျခားပဲမ်ဳိးသည္ တစ္တင္းလွ်င္ က်ပ္သံုးေသာင္းမွ က်ပ္ခုနစ္ေသာင္းေစ်းအထိရွိ ေၾကာင္း ပဲစိုက္ေတာင္သူမ်ားက ေျပာသည္။

‘‘ေတာင္သူေတြဆီမွာ မ်ဳိးက တစ္ႀကိမ္စာပဲ ရွိတာေပါ့။ အခု လည္း ကိုယ့္ရွိတဲ့ေငြနဲ႔ မေလာက္ ေတာ့ ေခ်းငွားၿပီး စိုက္ထားရတာ။ အခုလိုမိုးက ဖ်က္လိုက္ေတာ့ အကုန္လံုး ဆံုး႐ံႈးတယ္။ စိုက္ ဘဏ္ကလည္း မထုတ္ရေသး၊ မ်ဳိးကလည္း မရွိေတာ့ဘူး။ ထပ္ ၿပီး စိုက္ဖို႔ အခက္အခဲေတြရွိ တယ္’’ဟု သရက္ေတာေက်းရြာ အုပ္စုမွ ဦးသိန္းေထြးက ေျပာ သည္။

သာေပါင္းၿမိဳ႕နယ္တြင္မုိးရြာ သြန္းမႈေၾကာင့္ ကိုင္းစိုက္ဧက ေထာင္ႏွင့္ခ်ီ ပ်က္စီးႏုိင္ၿပီး အျခား ၿမိဳ႕နယ္မ်ား၌လည္း ပ်က္စီးမႈ မ်ား ရွိႏုိင္ေၾကာင္း ေတာင္သူမ်ား က ေျပာသည္။ ကိုင္းစိုက္ခင္းမ်ား ပ်က္စီးေနမႈကို လက္ရွိအခ်ိန္ အထိ သက္ဆုိင္ရာ စိုက္ပ်ဳိးေရး ဌာနမွ လာေရာက္စစ္ေဆးမႈမ်ား မရွိေသးေၾကာင္း၊ ယင္းဌာနအေန ျဖင့္ ေတာင္သူမ်ားအားပညာေပး ျခင္း၊ မ်ဳိးေကာင္းမ်ဳိးသန္႔မ်ား ခ်ထားေပးျခင္းလည္း မရွိေၾကာင္း သရက္ေတာေက်းရြာမွ ေဒသခံ မ်ားက ေျပာသည္။ အဆုိပါကိစၥ ႏွင့္ပတ္သက္၍ သာေပါင္းၿမိဳ႕နယ္ စိုက္ပ်ဳိးေရးဦးစီးဌာနသို႔ ဆက္ သြယ္ေသာ္လည္း ဆက္သြယ္၍ မရေပ။

 ဘဂၤလားပင္လယ္ေအာ္ တြင္ ျဖစ္ေပၚေနသည့္ ေလဖိအား နည္း ရပ္ဝန္းေၾကာင့္ ႏိုဝင္ဘာ ၁၀ ရက္တြင္ ဧရာဝတီတိုင္းအပါ အဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္အခ်ဳိ႕၌ မိုးထစ္ခ်ဳန္းရြာမည္ ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ ၾကားမႈဦးစီးဌာနက ႀကိဳတင္ေၾက ညာထားသည္။ ဧရာဝတီတုိင္း အတြင္း လပြတၱာ၊ မအူပင္၊ ေညာင္တုန္းၿမိဳ႕တို႔၌ မိုးရြာသြန္းခဲ့ ေၾကာင္း၊ လပြတၱာၿမိဳ႕၌ ႏုိဝင္ဘာ ၁၀ ရက္တြင္ ရြာသြန္းခဲ့ေသာ  မိုးေရခ်ိန္ ၀ ဒသမ ၄၃ လက္မရွိ ၿပီး မအူပင္ၿမိဳ႕၌ ၀ ဒသမ ၁၂ လက္မရွိေၾကာင္း မုိးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


တစ်နာရီခန့်ကြာ သည်း ထန်စွာရွာသွန်းခဲ့သည့် မိုးကြောင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့၌ ကိုင်းစိုက်ခင်းများ ဧက ထောင်နှင့်ချီ ပျက်စီးခဲ့ကြောင်း ကိုင်းစိုက်တောင်သူများက ပြော ကြားသည်။

နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာရီကျော်မှ ၁၁ နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေဝင်သဖြင့် စိုက်ပျိုးထားသည့် ကိုင်းခင်းများ ပျက်စီးခဲ့ကြောင်း၊ ထွန်ယက်ထားသည့် မြေတွင် တောင်သူများက ပဲများကြဲ၍ သီးပင်စားပင်ငယ်များ စတင်စိုက် ပျိုးဆဲဖြစ်ပြီး ယင်းကဲ့သို့ မိုးရွာ သွန်းမှုကြောင့် ထိုအပင်ငယ်များ မြေကျပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သာပေါင်းမြို့နယ်နေ ကိုင်းတောင်သူများက ပြော သည်။

‘‘ဒီဘက်က တောင်သူတွေ ကတော့ ပဲအမျိုးမျိုးစိုက်တယ်။ စိုက်တာ ရက်သားပဲရှိသေးတယ်။ မိုးရွာတော့ အားလုံး မြေကျပ်ပြီး သေကုန်မှာပါ။ ရှင်တဲ့အပင်လည်း အပင်ကောင်း မဖြစ်နိုင်တော့ဘူး။ အားလုံး ပျက်စီးကုန်တယ်’’ ဟု သာပေါင်းမြို့နယ် သရက်တော ကျေးရွာအုပ်စုနေ တောင်သူ ဦးသိန်းဇော်က ပြောသည်။

ကိုင်းသီးနှံများ စိုက်ပျိုးရာ တွင် စိုက်ပျိုးမည့်သီးနှံတန်ဖိုး မပါ ဘဲ မြေပြုပြင်ခ တစ်ဧက ကျပ် သုံးသောင်းခွဲမှငါးသောင်း ကုန် ကျသည်။ ပဲမျိုးများသည် မတ်ပဲ တစ်တင်းလျှင် ကျပ်တစ်သောင်း ရှစ်ထောင်ရှိပြီး အခြားပဲမျိုးသည် တစ်တင်းလျှင် ကျပ်သုံးသောင်းမှ ကျပ်ခုနစ်သောင်းဈေးအထိရှိ ကြောင်း ပဲစိုက်တောင်သူများက ပြောသည်။

‘‘တောင်သူတွေဆီမှာ မျိုးက တစ်ကြိမ်စာပဲ ရှိတာပေါ့။ အခု လည်း ကိုယ့်ရှိတဲ့ငွေနဲ့ မလောက် တော့ ချေးငှားပြီး စိုက်ထားရတာ။ အခုလိုမိုးက ဖျက်လိုက်တော့ အကုန်လုံး ဆုံးရှုံးတယ်။ စိုက် ဘဏ်ကလည်း မထုတ်ရသေး၊ မျိုးကလည်း မရှိတော့ဘူး။ ထပ် ပြီး စိုက်ဖို့ အခက်အခဲတွေရှိ တယ်’’ဟု သရက်တောကျေးရွာ အုပ်စုမှ ဦးသိန်းထွေးက ပြော သည်။

သာပေါင်းမြို့နယ်တွင်မိုးရွာ သွန်းမှုကြောင့် ကိုင်းစိုက်ဧက ထောင်နှင့်ချီ ပျက်စီးနိုင်ပြီး အခြား မြို့နယ်များ၌လည်း ပျက်စီးမှု များ ရှိနိုင်ကြောင်း တောင်သူများ က ပြောသည်။ ကိုင်းစိုက်ခင်းများ ပျက်စီးနေမှုကို လက်ရှိအချိန် အထိ သက်ဆိုင်ရာ စိုက်ပျိုးရေး ဌာနမှ လာရောက်စစ်ဆေးမှုများ မရှိသေးကြောင်း၊ ယင်းဌာနအနေ ဖြင့် တောင်သူများအားပညာပေး ခြင်း၊ မျိုးကောင်းမျိုးသန့်များ ချထားပေးခြင်းလည်း မရှိကြောင်း သရက်တောကျေးရွာမှ ဒေသခံ များက ပြောသည်။ အဆိုပါကိစ္စ နှင့်ပတ်သက်၍ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက် သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

 ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်း ရပ်ဝန်းကြောင့် နိုဝင်ဘာ ၁၀ ရက်တွင် ဧရာဝတီတိုင်းအပါ အဝင် တိုင်းဒေသကြီးနှင့် ပြည် နယ်အချို့၌ မိုးထစ်ချုန်းရွာမည် ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ကြိုတင်ကြေ ညာထားသည်။ ဧရာဝတီတိုင်း အတွင်း လပွတ္တာ၊ မအူပင်၊ ညောင်တုန်းမြို့တို့၌ မိုးရွာသွန်းခဲ့ ကြောင်း၊ လပွတ္တာမြို့၌ နိုဝင်ဘာ ၁၀ ရက်တွင် ရွာသွန်းခဲ့သော  မိုးရေချိန် ၀ ဒသမ ၄၃ လက်မရှိ ပြီး မအူပင်မြို့၌ ၀ ဒသမ ၁၂ လက်မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top