Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခုိင္ျပည္နယ္ ဘူးသီး ေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္အ တြင္း ပဋိပကၡျဖစ္ပြားရာေနရာမ်ား သို႔ ေစတနာ့ဝန္ထမ္းလူငယ္လုပ္ အားေပးအဖြဲ႕မ်ားက ကြင္းဆင္း ကူညီမႈ လုပ္ငန္းမ်ား ႏိုဝင္ဘာ ၁၃ ရက္၌ စတင္ေဆာင္ရြက္ေန ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ေက်ာ္မိုးက ေျပာသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူေသာ ရခုိင္ျပည္နယ္အတြင္း လူသား ခ်င္းစာနာမႈ  အကူအညီ  အ ေထာက္အပံ့ေပးေရး၊ ျပန္လည္ ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံ ကိန္း (UEHRD) ၏ အစီအစဥ္အ ရ ေမာင္ေတာေဒသ ေက်းရြာမ်ား သို႔ ကြင္းဆင္း၍ လုပ္အားေပးရန္ ေစတနာ့ဝန္ထမ္း လူငယ္အဖြဲ႕ကို ပထမဆံုးအႀကိမ္ ေစလႊတ္ျခင္း ျဖစ္သည္။

 ‘‘ဒီေန႔ စတာပါ။ ဘူးသီး ေတာင္၊ ေမာင္ေတာၿမိဳ႕နယ္ႏွစ္ခု ကို ႏွစ္ဖြဲ႕ခြဲၿပီးလုပ္တာ။ တစ္ဖြဲ႕ကို ၃၇ ေယာက္ေလာက္စီပါတာ ေပါ့။ ဒီလို နယ္စြန္နယ္ဖ်ားလာၿပီး ေတာ့ ပဋိပကၡျဖစ္ပြားထားတဲ့ေန ရာကို လာေရာက္ကူညီတာျဖစ္ တဲ့အတြက္ တကယ္ကို အားရ ေက်နပ္စရာေကာင္းပါတယ္’’ဟု ဦးေအာင္ေက်ာ္မိုးက ေျပာၾကားသည္။

ေစတနာ့ဝန္ထမ္း လူငယ္အ ဖြဲ႕သည္ ေမာင္ေတာေဒသ ေက်း ရြာမ်ားသို႔ ကြင္းဆင္း၍ ႏိုဝင္ဘာ ၂၁ ရက္အထိ ကူညီေရးလုပ္ငန္း မ်ား ေဆာင္ရြက္မည္ျဖစ္သည္။ လူငယ္အဖြဲ႕တစ္ဖြဲ႕  အေနျဖင့္ တစ္ေန႔လွ်င္ ေက်းရြာသံုးရြာခန္႔ သြားေရာက္၍ ကူညီေရး၊ အိမ္ ေထာင္စုဆုိင္ရာအပါအဝင္ စာရင္းအခ်က္အလက္ ေကာက္ ယူေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ရည္ရြယ္ထားေၾကာင္း ဦးေအာင္ေက်ာ္မိုးက ဆုိသည္။

‘‘လူသားခ်င္းစာနာေထာက္ ထားမႈ အကူအညီေပးမွာ။ သူတို႔ အတြက္ ဘာလိုအပ္ခ်က္ေတြရွိလဲဆုိတာ စာရင္းေကာက္မယ္။ လတ္တေလာ စားဝတ္ေနေရးအ ဆင္ေျပေအာင္လို႔ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္။ ဒီကုန္ပစၥည္းရွစ္မ်ိဳး ေလာက္ကို ေထာက္ပံ့ေပးမွာပါ’’ ဟု ၎က ဆုိသည္။

UEHRD ၏ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ ပိုမိုထိေရာက္စြာ ေဆာင္ရြက္ႏုိင္ ရန္ လူမ်ိဳးဘာသာေပါင္းစံုမွ ေစ တနာ့ဝန္ထမ္း လူငယ္မ်ား အ သုတ္လိုက္ေစလႊတ္၍ ကူညီေရး လုပ္ငန္းမ်ား ေဆာင္ရြက္ရန္ စီစဥ္ထားသည္။

‘‘ဒါက ျပည္ေထာင္စုစီမံ ကိန္း UEHRD မွာ လူငယ္ေတြက စတင္ၿပီးေတာ့ ပဋိပကၡျဖစ္ေနတဲ့ ေဒသမွာ ရွိတဲ့ျပည္သူအားလံုးကို ကူညီေထာက္ပံ့မွာ ျဖစ္တဲ့အ တြက္ ႏုိင္ငံအတြက္ေရာ၊ လူငယ္ ေတြအတြက္ေရာ အက်ိဳးရွိတဲ့ လုပ္ငန္းျဖစ္တယ္။ ျပည္တြင္း အားကို လူငယ္ေတြအားနဲ႔ စၿပီး ေတာ့ ေဖာ္ထုတ္တာျဖစ္တဲ့အ တြက္ လူငယ္ေတြ အတြင္းမွာ လည္း တကယ့္ကူညီခ်င္တဲ့ ဆႏၵ ေတြရွိတယ္၊ လူငယ္ေတြမွာ ေစ တနာ့ဝန္ထမ္းစိတ္ရွိတယ္ဆုိတာ ကို ျပသရာေရာက္တာေပါ့’’ဟု ဦးေအာင္ေက်ာ္မိုးက ေျပာသည္။

UEHRD ေစတနာ့ဝန္ထမ္း လူငယ္မ်ား လုပ္အားေပးအစီအ စဥ္ ဒုတိယအဖြဲ႕ကို ယခုလ ၂၅ ရက္တြင္လည္းေကာင္း၊ တတိယ အဖြဲ႕ကို  ဒီဇင္ဘာတြင္လည္း ေကာင္း  ေစလႊတ္မည္ျဖစ္ရာ ပါဝင္လိုေသာ လူငယ္မ်ားအေန ျဖင့္ UEHRD-Youth Volunteers Program Facebook စာမ်က္ႏွာ သို႔ ဆက္သြယ္ႏိုင္သည္။ ေစတနာ့ဝန္ထမ္းလူငယ္မ်ား လုပ္အားေပး အစီအစဥ္တြင္ ပါဝင္လိုသူမ်ား သည္ အသက္ (၁၈)ႏွစ္မွ (၃၅) ႏွစ္အတြင္း ျဖစ္ရမည္ဟု သတ္ မွတ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရခိုင်ပြည်နယ် ဘူးသီး တောင်နှင့် မောင်တောမြို့နယ်အ တွင်း ပဋိပက္ခဖြစ်ပွားရာနေရာများ သို့ စေတနာ့ဝန်ထမ်းလူငယ်လုပ် အားပေးအဖွဲ့များက ကွင်းဆင်း ကူညီမှု လုပ်ငန်းများ နိုဝင်ဘာ ၁၃ ရက်၌ စတင်ဆောင်ရွက်နေ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ရခိုင်ပြည်နယ်အတွင်း လူသား ချင်းစာနာမှု  အကူအညီ  အ ထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံ ကိန်း (UEHRD) ၏ အစီအစဉ်အ ရ မောင်တောဒေသ ကျေးရွာများ သို့ ကွင်းဆင်း၍ လုပ်အားပေးရန် စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့ကို ပထမဆုံးအကြိမ် စေလွှတ်ခြင်း ဖြစ်သည်။

 ‘‘ဒီနေ့ စတာပါ။ ဘူးသီး တောင်၊ မောင်တောမြို့နယ်နှစ်ခု ကို နှစ်ဖွဲ့ခွဲပြီးလုပ်တာ။ တစ်ဖွဲ့ကို ၃၇ ယောက်လောက်စီပါတာ ပေါ့။ ဒီလို နယ်စွန်နယ်ဖျားလာပြီး တော့ ပဋိပက္ခဖြစ်ပွားထားတဲ့နေ ရာကို လာရောက်ကူညီတာဖြစ် တဲ့အတွက် တကယ်ကို အားရ ကျေနပ်စရာကောင်းပါတယ်’’ဟု ဦးအောင်ကျော်မိုးက ပြောကြားသည်။

စေတနာ့ဝန်ထမ်း လူငယ်အ ဖွဲ့သည် မောင်တောဒေသ ကျေး ရွာများသို့ ကွင်းဆင်း၍ နိုဝင်ဘာ ၂၁ ရက်အထိ ကူညီရေးလုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်သည်။ လူငယ်အဖွဲ့တစ်ဖွဲ့  အနေဖြင့် တစ်နေ့လျှင် ကျေးရွာသုံးရွာခန့် သွားရောက်၍ ကူညီရေး၊ အိမ် ထောင်စုဆိုင်ရာအပါအဝင် စာရင်းအချက်အလက် ကောက် ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဦးအောင်ကျော်မိုးက ဆိုသည်။

‘‘လူသားချင်းစာနာထောက် ထားမှု အကူအညီပေးမှာ။ သူတို့ အတွက် ဘာလိုအပ်ချက်တွေရှိလဲဆိုတာ စာရင်းကောက်မယ်။ လတ်တလော စားဝတ်နေရေးအ ဆင်ပြေအောင်လို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်။ ဒီကုန်ပစ္စည်းရှစ်မျိုး လောက်ကို ထောက်ပံ့ပေးမှာပါ’’ ဟု ၎င်းက ဆိုသည်။

UEHRD ၏ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန် လူမျိုးဘာသာပေါင်းစုံမှ စေ တနာ့ဝန်ထမ်း လူငယ်များ အ သုတ်လိုက်စေလွှတ်၍ ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားသည်။

‘‘ဒါက ပြည်ထောင်စုစီမံ ကိန်း UEHRD မှာ လူငယ်တွေက စတင်ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာ ရှိတဲ့ပြည်သူအားလုံးကို ကူညီထောက်ပံ့မှာ ဖြစ်တဲ့အ တွက် နိုင်ငံအတွက်ရော၊ လူငယ် တွေအတွက်ရော အကျိုးရှိတဲ့ လုပ်ငန်းဖြစ်တယ်။ ပြည်တွင်း အားကို လူငယ်တွေအားနဲ့ စပြီး တော့ ဖော်ထုတ်တာဖြစ်တဲ့အ တွက် လူငယ်တွေ အတွင်းမှာ လည်း တကယ့်ကူညီချင်တဲ့ ဆန္ဒ တွေရှိတယ်၊ လူငယ်တွေမှာ စေ တနာ့ဝန်ထမ်းစိတ်ရှိတယ်ဆိုတာ ကို ပြသရာရောက်တာပေါ့’’ဟု ဦးအောင်ကျော်မိုးက ပြောသည်။

UEHRD စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအ စဉ် ဒုတိယအဖွဲ့ကို ယခုလ ၂၅ ရက်တွင်လည်းကောင်း၊ တတိယ အဖွဲ့ကို  ဒီဇင်ဘာတွင်လည်း ကောင်း  စေလွှတ်မည်ဖြစ်ရာ ပါဝင်လိုသော လူငယ်များအနေ ဖြင့် UEHRD-Youth Volunteers Program Facebook စာမျက်နှာ သို့ ဆက်သွယ်နိုင်သည်။ စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေး အစီအစဉ်တွင် ပါဝင်လိုသူများ သည် အသက် (၁၈)နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်ဟု သတ် မှတ်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top