Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ၊ လမ္ပန္ၿမိဳ႕က ေဆးခန္းတစ္ခုမွာ ရင္သားခြဲစိတ္ျပဳျပင္မႈ လုပ္ ၿပီးေနာက္ပိုင္း ေသဆံုးသြားခဲ့တဲ့ လိင္ေျပာင္းအမ်ိဳးသမီးတစ္ေယာက္ေၾကာင့္ အလွအပေရးရာ ခြဲစိတ္ဆရာဝန္ အေယာင္ေဆာင္တစ္ေယာက္ကို ပတၱယားၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံ ကန္နာယာအိုခ႐ိုင္ေန အသက္၂၉ႏွစ္ရွိ သာနက္ပြန္ဂ်က္သာရာ ပီရြန္ကို သူတည္းေနတဲ့ ပတၱယား စိုင္းဆမ္လမ္းက ကြန္ဒိုတိုက္ခန္းမွာ စေနေန႕က မႈခင္းရဲတပ္ဖြဲ႕နဲ႕ပတၱယားအရာရွိ တို႔ ပူးေပါင္းၿပီး အငိုက္ဝင္ဖမ္းဆီးခဲ့ပါတယ္။
သာရာပီရြန္ေခၚ ဂ်ီရာဒတ္ကတ္ထရာတာနာကူဟာ သည္ျပစ္မႈကို ဝန္ခံခဲ့ၿပီး ႐ံုးတင္စစ္ေဆးမႈမလုပ္ခင္ သူ႕ကိုအခ်ဳပ္မွာ ထိန္းသိမ္းထားပါတယ္။

လမ္ပန္ၿမိဳ႕ေဆးခန္းမွာ လိင္ေျပာင္းထားသူ အမ်ိဳးသမီးတစ္ေယာက္ ရင္သားခြဲစိတ္မႈကို ေအာက္တိုဘာ ၂၈ ရက္မွာ ျပဳ လုပ္ခဲ့ၿပီးေနာက္ ေသဆံုးသြားခဲ့ပါတယ္။

သည္ေသဆံုးတဲ့သတင္းျပန္႔သြားၿပီး ေနာက္မွာ သည္ေဆးခန္းမွာ ျပဳျပင္ခဲ့ဖူး သူေတြက သူတို႕နစ္နာခ်က္ေတြကို အ ေနာက္ပိုင္းခ႐ိုင္ရဲစခန္းကို သြားေရာက္ တိုင္ၾကားခဲ႔ပါတယ္။ သည္ေဆးခန္းဟာ ခြဲစိတ္ကုသဖို႕အတြက္လည္း လိုင္စင္မရွိ ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

သူကိုယ္တိုင္ကလည္း ေဆးပညာ ဘြဲ႕မရွိေၾကာင္း၊ ဒါေပမဲ့ အလွအပျပဳျပင္တဲ့ေဆးခန္းမွာ အလုပ္လုပ္ခဲ့ဖူးၿပီး ခြဲစိတ္ဆရာဝန္ေတြ ခြဲစိတ္တာကို ေလ့လာဖူးေၾကာင္း၊ ေနာက္ပိုင္းမွာေလ့လာၿပီး ကိုယ္ပိုင္ေဆးခန္းကို လမ္ပန္မွာ ဖြင့္လွစ္တာ ရွစ္လၾကာၿပီလို႕ ဝန္ခံေျပာဆိုခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ထိုင်းနိုင်ငံ၊ လမ်ပန်မြို့က ဆေးခန်းတစ်ခုမှာ ရင်သားခွဲစိတ်ပြုပြင်မှု လုပ် ပြီးနောက်ပိုင်း သေဆုံးသွားခဲ့တဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ကြောင့် အလှအပရေးရာ ခွဲစိတ်ဆရာဝန် အယောင်ဆောင်တစ်ယောက်ကို ပတ္တယားမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ကန်နာယာအိုခရိုင်နေ အသက်၂၉နှစ်ရှိ သာနက်ပွန်ဂျက်သာရာ ပီရွန်ကို သူတည်းနေတဲ့ ပတ္တယား စိုင်းဆမ်လမ်းက ကွန်ဒိုတိုက်ခန်းမှာ စနေနေ့က မှုခင်းရဲတပ်ဖွဲ့နဲ့ပတ္တယားအရာရှိ တို့ ပူးပေါင်းပြီး အငိုက်ဝင်ဖမ်းဆီးခဲ့ပါတယ်။
သာရာပီရွန်ခေါ် ဂျီရာဒတ်ကတ်ထရာတာနာကူဟာ သည်ပြစ်မှုကို ဝန်ခံခဲ့ပြီး ရုံးတင်စစ်ဆေးမှုမလုပ်ခင် သူ့ကိုအချုပ်မှာ ထိန်းသိမ်းထားပါတယ်။

လမ်ပန်မြို့ဆေးခန်းမှာ လိင်ပြောင်းထားသူ အမျိုးသမီးတစ်ယောက် ရင်သားခွဲစိတ်မှုကို အောက်တိုဘာ ၂၈ ရက်မှာ ပြု လုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

သည်သေဆုံးတဲ့သတင်းပြန့်သွားပြီး နောက်မှာ သည်ဆေးခန်းမှာ ပြုပြင်ခဲ့ဖူး သူတွေက သူတို့နစ်နာချက်တွေကို အ နောက်ပိုင်းခရိုင်ရဲစခန်းကို သွားရောက် တိုင်ကြားခဲ့ပါတယ်။ သည်ဆေးခန်းဟာ ခွဲစိတ်ကုသဖို့အတွက်လည်း လိုင်စင်မရှိ ကြောင်း တွေ့ရှိခဲ့ရပါတယ်။

သူကိုယ်တိုင်ကလည်း ဆေးပညာ ဘွဲ့မရှိကြောင်း၊ ဒါပေမဲ့ အလှအပပြုပြင်တဲ့ဆေးခန်းမှာ အလုပ်လုပ်ခဲ့ဖူးပြီး ခွဲစိတ်ဆရာဝန်တွေ ခွဲစိတ်တာကို လေ့လာဖူးကြောင်း၊ နောက်ပိုင်းမှာလေ့လာပြီး ကိုယ်ပိုင်ဆေးခန်းကို လမ်ပန်မှာ ဖွင့်လှစ်တာ ရှစ်လကြာပြီလို့ ဝန်ခံပြောဆိုခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top