Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကိုယ္လက္လႈပ္ရွားမႈ ေလ့ က်င့္ခန္းျပဳလုပ္ျခင္းသည္ ႐ုပ္ပိုင္း ဆိုင္ရာက်န္းမာေရးအတြက္ ေကာင္း မြန္ေစၿပီး လူ႔သက္တမ္းကိုလည္း ျမင့္ တင္ေပးႏုိင္သည္မွာ အမ်ားစု သိရွိ လက္ခံထားပါသည္။ British Journal of Sports Medicine ဂ်ာနယ္တြင္ ပါ၀င္ခဲ့ေသာ သုေတသန တစ္ခုမွ အားကစားႏွင့္ ေရာဂါေၾကာင့္ ေသဆံုးမႈႏႈန္းတို႔အၾကား ဆက္ႏြယ္မႈ ကို ေလ့လာခဲ့ၿပီး မည္သည့္အားကစား အမ်ိဳးအစားမွာ ေသဆံုးမႈကိုေလ်ာ့ခ်ေပးႏုိင္သနည္းဆိုသည့္ အေျဖကို ရွာေဖြခဲ့က်သည္။ ၁၉၉၄ ခုႏွစ္မွ ၂၀၀၈ ခုႏွစ္အတြင္း အဂၤလန္ႏွင့္ စေကာ့တလန္တြင္ ျပဳလုပ္ခဲ့ေသာ ႏွစ္စဥ္က်န္းမာေရးစစ္တမ္း ၁၁ခုမွ အခ်က္အလက္မ်ားကို ရယူကာ ပ်မ္းမွ်သက္တမ္း ၅၂ ႏွစ္ ခန္႔ရွိသည့္ လူဦးေရ ၈၀၃၀၆ ေယာက္တို႔၏ အခ်က္အလက္မ်ားကို အသံုးျပဳ ေလ့လာခဲ့ၾကျခင္းျဖစ္သည္။

 ေလ့က်င့္ခန္းလံုး၀မျပဳလုပ္သူ မ်ားႏွင့္စာလွ်င္ တင္းနစ္၊ စားပြဲတင္ တင္းနစ္၊ ၾကက္ေတာင္ စသည့္ အား ကစားမ်ိဳး ျပဳလုပ္သူမ်ားတြင္ ေသဆံုး ႏုိင္မည့္ အႏၲရာယ္မွာ ၄၇ ရာခိုင္ႏႈန္း ျဖင့္ အမ်ားဆံုးေလ်ာ့ခ်ႏုိင္ခဲ့သည္ကို ေတြ႕ရွိခဲ့ၿပီး ယင္းေနာက္တြင္ ေရကူး အားကစားလိုက္စားသူမ်ားတြင္ ၂၈ ရာခုိင္ႏႈန္း၊ ေအ႐ိုးဗစ္အားကစားျပဳလုပ္သူမ်ားတြင္ ၂၇ ရာခုိင္ႏႈန္းႏွင့္ စက္ဘီးစီးအားကစားသမားမ်ားတြင္ ၁၅ ရာခိုင္ႏႈန္း ေလ်ာ့က်သြားေၾကာင္း ေတြ႕ရွိခဲ့ပါသည္။ စိတ္၀င္စားစရာ ေကာင္းသည့္အခ်က္မွာ ေဘာလံုး၊ ရက္ဂ္ဘီ၊ အေျပးအားကစားတို႔မွာ
ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ကို ကာကြယ္မႈမ်ားမေပးေၾကာင္း
ေတြ ့ရွိခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကိုယ်လက်လှုပ်ရှားမှု လေ့ ကျင့်ခန်းပြုလုပ်ခြင်းသည် ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးအတွက် ကောင်း မွန်စေပြီး လူ့သက်တမ်းကိုလည်း မြင့် တင်ပေးနိုင်သည်မှာ အများစု သိရှိ လက်ခံထားပါသည်။ British Journal of Sports Medicine ဂျာနယ်တွင် ပါဝင်ခဲ့သော သုတေသန တစ်ခုမှ အားကစားနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းတို့အကြား ဆက်နွယ်မှု ကို လေ့လာခဲ့ပြီး မည်သည့်အားကစား အမျိုးအစားမှာ သေဆုံးမှုကိုလျော့ချပေးနိုင်သနည်းဆိုသည့် အဖြေကို ရှာဖွေခဲ့ကျသည်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အင်္ဂလန်နှင့် စကော့တလန်တွင် ပြုလုပ်ခဲ့သော နှစ်စဉ်ကျန်းမာရေးစစ်တမ်း ၁၁ခုမှ အချက်အလက်များကို ရယူကာ ပျမ်းမျှသက်တမ်း ၅၂ နှစ် ခန့်ရှိသည့် လူဦးရေ ၈၀၃၀၆ ယောက်တို့၏ အချက်အလက်များကို အသုံးပြု လေ့လာခဲ့ကြခြင်းဖြစ်သည်။

 လေ့ကျင့်ခန်းလုံးဝမပြုလုပ်သူ များနှင့်စာလျှင် တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ကြက်တောင် စသည့် အား ကစားမျိုး ပြုလုပ်သူများတွင် သေဆုံး နိုင်မည့် အန္တရာယ်မှာ ၄၇ ရာခိုင်နှုန်း ဖြင့် အများဆုံးလျော့ချနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ပြီး ယင်းနောက်တွင် ရေကူး အားကစားလိုက်စားသူများတွင် ၂၈ ရာခိုင်နှုန်း၊ အေရိုးဗစ်အားကစားပြုလုပ်သူများတွင် ၂၇ ရာခိုင်နှုန်းနှင့် စက်ဘီးစီးအားကစားသမားများတွင် ၁၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့ပါသည်။ စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဘောလုံး၊ ရက်ဂ်ဘီ၊ အပြေးအားကစားတို့မှာ
နှလုံးသွေးကြောဆိုင်ရာရောဂါများ ကို ကာကွယ်မှုများမပေးကြောင်း
တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top