Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီး၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ကိုးေတာင္ျပည့္အရိုးအိုး ငါးမ်က္ႏွာေစတီေတာ္မွ ဘုရားဆင္းတုေတာ္ ခိုးယူသူ ညီအစ္ကိုႏွစ္ဦးအား နိုဝင္ဘာလ ၅ ရက္ေန႔ နံနက္ ၆ နာရီ ၃၀ မိနစ္အခ်ိန္ခန္ ့က ဖမ္းဆီးအေရးယူထား ေၾကာင္း သိရပါသည္။

ကုန္းသာေက်းရြာအုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္နိုင္စိုး(၄၀)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္ ရြာေနာက္ပိုင္းတြင္ေနထိုင္သည့္ ဆန္းဦး(၄၅)ႏွစ္ႏွင့္ ဆန္းထူး(၄၃)ႏွစ္တို႔ ညီအစ္ကုိ(၂)ဦးသည္ ဘုရားဆင္းတု ေတာ္မ်ားအား ၎တို႔ေနအိမ္သို႔ ခိုးယူသယ္ေဆာင္သြားေၾကာင္း သတင္းအရ သြားေရာက္ ၾကည့္ရႈရာမွ ဖမ္းဆီးမိျခင္းျဖစ္သည္။

အဆုိပါ ညီအစ္ ၂ ဦးေနထုိင္သည့္ ေနအိမ္ႏြားစာတဲအတြင္းမွ ဉာဏ္ေတာ္ ၁ ေပ ၂ လက္မရွိ စက်င္ေက်ာက္ ဆင္းတု ေတာ္(၁)ဆူႏွင့္ ဉာဏ္ေတာ္ ၁ ေပ ၁ လက္မရွိ စက်င္ေက်ာက္ဆင္းတုေတာ္(၁)ဆူတို႔အား ေတြ႕ရွိသျဖင့္ ေမးျမန္းရာ ရြာအေရွ႕ဘက္ရွိ ကိုးေတာင္ျပည့္အရိုးအိုး ငါးမ်က္ႏွာေစတီေတာ္မွ ခိုးယူ လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွ အေရးယူေပးရန္ တိုင္တန္းခ်က္အရ ဆန္းဦးႏွင့္ ဆန္းထူး တို႔(၂) ဦးအား ၿမိဳ႕သာနယ္ေျမရဲစခန္း(ပ)၃၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၂၉၅ ျဖင့္ အမွုဖြင့္အေရးယူ ထားေၾကာင္း ျမန္မာႏုိင္ငံ ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
 မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကိုးတောင်ပြည့်အရိုးအိုး ငါးမျက်နှာစေတီတော်မှ ဘုရားဆင်းတုတော် ခိုးယူသူ ညီအစ်ကိုနှစ်ဦးအား နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖမ်းဆီးအရေးယူထား ကြောင်း သိရပါသည်။

ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်စိုး(၄၀)နှစ်သည် နေအိမ်၌ရှိနေစဉ် ရွာနောက်ပိုင်းတွင်နေထိုင်သည့် ဆန်းဦး(၄၅)နှစ်နှင့် ဆန်းထူး(၄၃)နှစ်တို့ ညီအစ်ကို(၂)ဦးသည် ဘုရားဆင်းတု တော်များအား ၎င်းတို့နေအိမ်သို့ ခိုးယူသယ်ဆောင်သွားကြောင်း သတင်းအရ သွားရောက် ကြည့်ရှုရာမှ ဖမ်းဆီးမိခြင်းဖြစ်သည်။

အဆိုပါ ညီအစ် ၂ ဦးနေထိုင်သည့် နေအိမ်နွားစာတဲအတွင်းမှ ဉာဏ်တော် ၁ ပေ ၂ လက်မရှိ စကျင်ကျောက် ဆင်းတု တော်(၁)ဆူနှင့် ဉာဏ်တော် ၁ ပေ ၁ လက်မရှိ စကျင်ကျောက်ဆင်းတုတော်(၁)ဆူတို့အား တွေ့ရှိသဖြင့် မေးမြန်းရာ ရွာအရှေ့ဘက်ရှိ ကိုးတောင်ပြည့်အရိုးအိုး ငါးမျက်နှာစေတီတော်မှ ခိုးယူ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ အရေးယူပေးရန် တိုင်တန်းချက်အရ ဆန်းဦးနှင့် ဆန်းထူး တို့(၂) ဦးအား မြို့သာနယ်မြေရဲစခန်း(ပ)၃၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top