Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





ကျမ အပြင်သွားခါနီး








ဆက်ဆံတတ်တာ...

ကြည့်မရဖြစ်နေတာလား ?




နေတတ်ရမယ် ရှင့်...









ထင်နေဦးမှာလား ?



သိထားလိုက်ပါ ရှင့်....

Credit: ~WPH~
#Unicode Version#
ကျမ အလှပြင်တာ ပုရိသတွေကို

ဆွဲဆောင်ဖို့လို့ထင်နေလား ?

မိန်းကလေးမို့ အလှကြိုက်တယ် ဆိုတာထက်

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ အလှပြင်တာ ရှင့်...

ကျမ အပြင်သွားခါနီး

အဝတ်အစားရွေးနေရတာကြည့်ပြီး

လှောင်ပြုံးချင်နေတာလား ?

စတိုင်ထုတ်တာ စတားဖြစ်ချင်လို့မဟုတ်ဘူး

သူ့နေရာသူအချိုးကျကျ ဝတ်တတ်မှစမတ်ဖြစ်တယ်၊

တောင်းမှအကွပ် လူမှာအဝတ်တဲ့ ရှင့်..

လူကြီး၊လူရွယ်၊လူငယ်မရွေးပဲ

ဝင်ဆန့်အောင်နေပြီး ပွင့်လင်းရိုးရှင်း

ဆက်ဆံတတ်တာ...

ကြည့်မရဖြစ်နေတာလား ?

မိန်းကလေးဆိုတာ မျက်လွှာချပြီးနေမှ

အိနြေ္ဒရှင်လို့ ပြောရမယ့်ခေတ်မဟုတ်တော့ဘူး...

မကလက်ရင်ပြီးရော လူရာဝင်အောင်တော့

နေတတ်ရမယ် ရှင့်...

စာပေါင်းစုံ ဖတ်၊ဗဟုသုတပေါင်းစုံရှာတတ်တာ

အပိုအလုပ်တွေလို့ ပြောချင်နေတာလား ?

မိန်းကလေးမို့ မဖတ်သင့်တဲ့ စာ

မရှာသင့်တဲ့ ဗဟုသုတလို့ ရှိပါ့မလား၊

သိသင့်တာ သိအောင်တော့ လုပ်ထားရမယ်..

သိရက်နဲ့ မှားတဲ့ အမှားနဲ့ မသိလို့ မှားတဲ့အမှား

ဘယ်ဟာပိုများလဲ တွေးကြည့်ပါ ရှင့်...

ကျမ မျက်ရည်ကျတာ အရှုံးကိုလက်ခံလိုက်တယ်လို့

ထင်နေဦးမှာလား ?

မျက်ရည်တစ်စက်က မွေးဖွားပေးလိုက်တဲ့ မာန

ဘယ်လိုမီးမျိုးနဲ့မှ ပြာကျမသွားနိုင်တာ

သိထားလိုက်ပါ ရှင့်....

ဖိုးသူတော် (www.phothutaw.com)
Credit: ~WPH~
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top