Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သြားၾကိတ္ျခင္းဆိုတာ သင့္သြားေတြကို ၾကိတ္ျခင္း သို႔မဟုတ္ အံၾကိတ္ျခင္း အေျခအေနမ်ိဳးကို ေခၚပါတယ္။ တကယ္လို႔ သင္ဟာ သြားၾကိတ္တတ္သူဆိုရင္ ေန႔ခင္းဘက္မွာ သတိလက္လြတ္ အံၾကိတ္ေနတတ္တာမ်ိဳး သို႔မဟုတ္ ညဘက္ကို သြားၾကိတ္ေနတတ္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ဒီေရာဂါကိုေတာ့ အိပ္စက္ျခင္းနဲ႔သက္ဆိုင္တဲ့လႈပ္ရွားမႈ မူမမွန္ျခင္းလို႔ သတ္မွတ္ပါတယ္။ အိပ္စက္တဲ့အခ်ိန္သြားၾကိတ္တတ္သူေတြဟာ အျခားအိပ္စက္ျခင္းဆိုင္ရာမူမမွန္ျခင္းေတြ ဥပမာ ေဟာက္ျခင္း သို႔မဟုတ္ အိပ္ေနစဥ္ အသက္ရွဴခဏရပ္ျခင္း စတာေတြလည္း ရွိေနတတ္ပါတယ္။

မျပင္းထန္တဲ့ သြားၾကိတ္ျခင္း ေတြကေတာ့ ကုသဖို႔မလိုပါဘူး။ ဒါေပမယ့္ အခ်ိဳ႕လူေတြမွာ ဒီျပႆနာဟာ မၾကာခဏျဖစ္တတ္ျပီး ေမးရိုးျပႆနာ၊ေခါင္းကိုက္ျခင္း၊သြားပ်က္စီးျခင္းနဲ႔ အျခားျပႆနာေတြျဖစ္လာနိုင္တဲ့ထိ ျပင္းထန္ပါတယ္။

သင့္မွာ အိပ္တဲ့အခါသြားၾကိတ္တဲ့အက်င့္ရွိေနရင္ေတာင္ အျခားျပႆနာေတြ ေပၚမလာခင္အထိ သင္သတိထားမိမွာ မဟုတ္ေသးပါဘူး။ ဒါေၾကာင့္သြားၾကိတ္ျခင္း ရဲ႕ေရာဂါလကၡဏာကိုသိဖို႔နဲ႔ ပံုမွန္သြားက်န္းမာေရးကို ဂရုစိုက္ဖို႔က အေရးၾကီးတာပါ။
သြားၾကိတ္ျခင္း ရဲ႕ ေရာဂါလကၡဏာေတြက ဘာေတြလဲ။

သြားၾကိတ္ျခင္း ရဲ႕ အျဖစ္အမ်ားဆံုးေရာဂါလကၡဏာေတြကေတာ့
• သင္နဲ႔အတူအိပ္စက္တဲ့လူ နိုးတဲ့ထိအသံက်ယ္ေလာင္တဲ့ သြားၾကိတ္ျခင္း
• သြားေတြ ျပားျခင္း၊ က်ိဳးပဲ့ျခင္း၊ ကၽြတ္ျခင္း
• သြားေၾကြလႊာပ်က္စီးျခင္း၊ သြားရဲ႕အတြင္းပိုင္းလႊာေတြ ထိခိုက္ျခင္း
• သြားကို အထိမခံနိုင္ျခင္း
• ေမးရိုးသို႔မဟုတ္ မ်က္နွာနာက်င္ျခင္း သို႔မဟုတ္ အနာျဖစ္ျခင္း
• ေမးရိုးၾကြက္သားမ်ား ပင္ပန္းျခင္းသို႔မဟုတ္ တင္းၾကပ္ျခင္း
• နားမွာျပႆနာမရွိေပမယ့္လည္း နားကိုက္ျခင္းကဲ့သို႔ေသာ နာက်င္မႈခံစားရျခင္း
• နားထင္ရင္းမွစတင္ျပီး ေခါင္းကိုက္လာျခင္း
• ပါးအတြင္းဘက္ျခမ္းကို ၀ါးမိျခင္းမွ ထိခိုက္ျခင္း
• လွ်ာေပၚမွာ အေပါက္ေလးမ်ားျဖစ္ေပၚလာျခင္း
အထက္မွာေဖာ္ျပထားတဲ့အထဲမွာမပါ၀င္တဲ့ အျခားေသာလကၡဏာေတြလည္းရွိႏုိင္ပါေသးတယ္။ တကယ္လို႔ကိုယ့္ဆီမွာ ေရာဂါလကၡဏာတစ္ခုခုမ်ားရွိေနမလားဆိုျပီး စိုးရိမ္ေနမယ္ဆိုရင္ ဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။
ဘာလုပ္သင့္သလဲ။

သြားၾကိတ္ျခင္းကို သက္သာေပ်ာက္ကင္းေစဖို႔ မိမိကိုယ္ကို ဂရုစိုက္ရမယ့္ အခ်က္ေတြကို လုိက္နာသင့္ပါတယ္။ေအာက္ပါအခ်က္မ်ားကို ၾကည့္ပါ။
• စိတ္ဖိစီးမႈေတြေလွ်ာ့ခ်ပါ။ သီခ်င္းနားေထာင္ပါ။ ေရေႏြးနဲ႔ေရခ်ိဳးပါ။ သို႔မဟုတ္ ေလ့က်င့္ခန္းလုပ္ပါ။ ဒါေတြက သြားၾကိတ္ျခင္း ျဖစ္နိုင္ေခ်ေတြကိုေလွ်ာ့ခ်ေပးနုိင္ပါတယ္။
• ညေနဘက္ေတြမွာ တက္ၾကြေစမယ့္အရာေတြကိုေရွာင္ၾကဥ္ပါ။ ကဖိန္းပါတဲ့ ေကာ္ဖီသို႔မဟုတ္ လက္ဖက္ရည္ေတြကို ညေနစာစားျပီးခ်ိန္မွာမေသာက္ပါနဲ႔။ အရက္နဲ႔ေဆးလိပ္ေသာက္ျခင္းကို ညေနပိုင္းမွာမလုပ္ပါနဲ႔။ ဒါေတြက သြားၾကိတ္ျခင္း ကိုပိုဆိုးေစပါတယ္။
• ေကာင္းမြန္စြာအိပ္စက္ျခင္းအေလ့အထကို ေလ့က်င့္ယူပါ။ ေကာင္းမြန္ေအးခ်မ္းစြာ အိပ္ေပ်ာ္ေအာင္အိပ္တာက အျခားအိပ္စက္ျခင္းဆိုင္ရာျပႆနာေတြကို ေျဖရွင္းေပးနိုင္တဲ့အျပင္ သြားၾကိတ္ျခင္း ကိုလည္းေလွ်ာ့ခ်ေပးနိုင္ပါတယ္။
• အိပ္စက္ေဖာ္နဲ႔ စကားေျပာပါ။ သင့္မွာ အတူတူအိပ္တဲ့သူရွိရင္ အိပ္တဲ့အခါ သြားၾကိတ္တဲ့အသံေတြကိုသတိထားဖို႔ မွာထားပါ။ ဒါမွသာဆရာ၀န္ကိုျပန္ေျပာျပနိုင္မွာေပါ့။
• သြားက်န္းမာေရး ပံုမွန္စစ္ေဆးပါ။ ဒါက သြားၾကိတ္ျခင္း ကို အအတည္ျပဳဖို႔ အေကာင္းဆံုးနည္းလမ္းပါပဲ။ပံုမွန္သြားျပီး သြားက်န္းမာေရးစစ္ေဆးျခင္းအားျဖင့္ သြားဆရာ၀န္က သြားၾကိတ္ျခင္း ရဲ႕လကၡဏာေတြကို ပါးစပ္နဲ႔ ေမးရိုးမွာေတြ႕နိုင္ပါတယ္။
ဘယ္အခ်ိန္မွာ သြားဆရာ၀န္နဲ႔ သြားေရာက္ျပသသင့္ပါသလဲ။

တကယ္လုိ႔
• သြားေတြပ်က္စီးကုန္တာ သို႔မဟုတ္ အထိမခံနုိင္တာေတြျဖစ္ခဲ့ရင္
• ေမးရိုး၊မ်က္နွာသို႔မဟုတ္ နားမွာ နာက်င္မႈေတြခံစားရရင္
• အိပ္ေပ်ာ္ေနစဥ္ သြားၾကိတ္တယ္လို႔ အမ်ားကေျပာၾကရင္
• ေမးရိုးကို အျပည့္အ၀ ဖြင့္ျခင္းပိတ္ျခင္းမလုပ္နုိင္ဘဲ ေမးရိုးခို္င္ေနခဲ့ရင္
ဆရာ၀န္ကိုသြားျပသင့္ပါျပီ။
တကယ္လို႔ သင့္ကေလးဟာသြားၾကိတ္ေနရင္ သို႔မဟုတ္ သြားၾကိတ္ျခင္း ရဲ႕ လကၡဏာေတြျပေနရင္ ေနာက္တစ္ေခါက္ကေလးရဲ႕သြားက်န္းမာေရးစစ္ေဆးရမယ့္အခ်ိန္မွာ ေျပာျပဖို႔မေမ့ပါနဲ႔။
ဘယ္လိုကာကြယ္ရမလဲ။

သြားၾကိတ္ျခင္းကို သြားအကူအံကပ္ တပ္ျခင္းအားျဖင့္ ကာကြယ္နိုင္ပါတယ္။ သြားဆရာ၀န္ကေပးလိုက္တဲ့ သြားအကူအံကပ္ ဟာ သြားေတြေပၚမွာ အံ၀င္ခြင္က်ျဖစ္တဲ့အျပင္ တစ္ခုနဲ႔တစ္ခု ၾကိတ္မိေနျခင္းမွ ကာကြယ္ေပးပါတယ္။ စိတ္ဖိစီးမႈေလွ်ာ့ခ်ျခင္းနဲ႔ အျခားဘ၀ေနထိုင္မႈပံုစံေတြ ဥပမာ အရက္နဲ႔ကဖိန္းဓာတ္ေတြကိုေရွာင္ရွားတာမ်ိဳး စတာေတြကလည္း အေထာက္အကူေပးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
သွားကြိတ်ခြင်းဆိုတာ သင့်သွားတွေကို ကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း အခြေအနေမျိုးကို ခေါ်ပါတယ်။ တကယ်လို့ သင်ဟာ သွားကြိတ်တတ်သူဆိုရင် နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်နေတတ်တာမျိုး သို့မဟုတ် ညဘက်ကို သွားကြိတ်နေတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီရောဂါကိုတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှု မူမမှန်ခြင်းလို့ သတ်မှတ်ပါတယ်။ အိပ်စက်တဲ့အချိန်သွားကြိတ်တတ်သူတွေဟာ အခြားအိပ်စက်ခြင်းဆိုင်ရာမူမမှန်ခြင်းတွေ ဥပမာ ဟောက်ခြင်း သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်း စတာတွေလည်း ရှိနေတတ်ပါတယ်။

မပြင်းထန်တဲ့ သွားကြိတ်ခြင်း တွေကတော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် အချို့လူတွေမှာ ဒီပြဿနာဟာ မကြာခဏဖြစ်တတ်ပြီး မေးရိုးပြဿနာ၊ခေါင်းကိုက်ခြင်း၊သွားပျက်စီးခြင်းနဲ့ အခြားပြဿနာတွေဖြစ်လာနိုင်တဲ့ထိ ပြင်းထန်ပါတယ်။

သင့်မှာ အိပ်တဲ့အခါသွားကြိတ်တဲ့အကျင့်ရှိနေရင်တောင် အခြားပြဿနာတွေ ပေါ်မလာခင်အထိ သင်သတိထားမိမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်သွားကြိတ်ခြင်း ရဲ့ရောဂါလက္ခဏာကိုသိဖို့နဲ့ ပုံမှန်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတာပါ။
သွားကြိတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

သွားကြိတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
• သင်နဲ့အတူအိပ်စက်တဲ့လူ နိုးတဲ့ထိအသံကျယ်လောင်တဲ့ သွားကြိတ်ခြင်း
• သွားတွေ ပြားခြင်း၊ ကျိုးပဲ့ခြင်း၊ ကျွတ်ခြင်း
• သွားကြွေလွှာပျက်စီးခြင်း၊ သွားရဲ့အတွင်းပိုင်းလွှာတွေ ထိခိုက်ခြင်း
• သွားကို အထိမခံနိုင်ခြင်း
• မေးရိုးသို့မဟုတ် မျက်နှာနာကျင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း
• မေးရိုးကြွက်သားများ ပင်ပန်းခြင်းသို့မဟုတ် တင်းကြပ်ခြင်း
• နားမှာပြဿနာမရှိပေမယ့်လည်း နားကိုက်ခြင်းကဲ့သို့သော နာကျင်မှုခံစားရခြင်း
• နားထင်ရင်းမှစတင်ပြီး ခေါင်းကိုက်လာခြင်း
• ပါးအတွင်းဘက်ခြမ်းကို ဝါးမိခြင်းမှ ထိခိုက်ခြင်း
• လျှာပေါ်မှာ အပေါက်လေးများဖြစ်ပေါ်လာခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘာလုပ်သင့်သလဲ။

သွားကြိတ်ခြင်းကို သက်သာပျောက်ကင်းစေဖို့ မိမိကိုယ်ကို ဂရုစိုက်ရမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။အောက်ပါအချက်များကို ကြည့်ပါ။
• စိတ်ဖိစီးမှုတွေလျှော့ချပါ။ သီချင်းနားထောင်ပါ။ ရေနွေးနဲ့ရေချိုးပါ။ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပါ။ ဒါတွေက သွားကြိတ်ခြင်း ဖြစ်နိုင်ချေတွေကိုလျှော့ချပေးနိုင်ပါတယ်။
• ညနေဘက်တွေမှာ တက်ကြွစေမယ့်အရာတွေကိုရှောင်ကြဉ်ပါ။ ကဖိန်းပါတဲ့ ကော်ဖီသို့မဟုတ် လက်ဖက်ရည်တွေကို ညနေစာစားပြီးချိန်မှာမသောက်ပါနဲ့။ အရက်နဲ့ဆေးလိပ်သောက်ခြင်းကို ညနေပိုင်းမှာမလုပ်ပါနဲ့။ ဒါတွေက သွားကြိတ်ခြင်း ကိုပိုဆိုးစေပါတယ်။
• ကောင်းမွန်စွာအိပ်စက်ခြင်းအလေ့အထကို လေ့ကျင့်ယူပါ။ ကောင်းမွန်အေးချမ်းစွာ အိပ်ပျော်အောင်အိပ်တာက အခြားအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့အပြင် သွားကြိတ်ခြင်း ကိုလည်းလျှော့ချပေးနိုင်ပါတယ်။
• အိပ်စက်ဖော်နဲ့ စကားပြောပါ။ သင့်မှာ အတူတူအိပ်တဲ့သူရှိရင် အိပ်တဲ့အခါ သွားကြိတ်တဲ့အသံတွေကိုသတိထားဖို့ မှာထားပါ။ ဒါမှသာဆရာဝန်ကိုပြန်ပြောပြနိုင်မှာပေါ့။
• သွားကျန်းမာရေး ပုံမှန်စစ်ဆေးပါ။ ဒါက သွားကြိတ်ခြင်း ကို အအတည်ပြုဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ပုံမှန်သွားပြီး သွားကျန်းမာရေးစစ်ဆေးခြင်းအားဖြင့် သွားဆရာဝန်က သွားကြိတ်ခြင်း ရဲ့လက္ခဏာတွေကို ပါးစပ်နဲ့ မေးရိုးမှာတွေ့နိုင်ပါတယ်။
ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

တကယ်လို့
• သွားတွေပျက်စီးကုန်တာ သို့မဟုတ် အထိမခံနိုင်တာတွေဖြစ်ခဲ့ရင်
• မေးရိုး၊မျက်နှာသို့မဟုတ် နားမှာ နာကျင်မှုတွေခံစားရရင်
• အိပ်ပျော်နေစဉ် သွားကြိတ်တယ်လို့ အများကပြောကြရင်
• မေးရိုးကို အပြည့်အ၀ ဖွင့်ခြင်းပိတ်ခြင်းမလုပ်နိုင်ဘဲ မေးရိုးခိုင်နေခဲ့ရင်
ဆရာဝန်ကိုသွားပြသင့်ပါပြီ။
တကယ်လို့ သင့်ကလေးဟာသွားကြိတ်နေရင် သို့မဟုတ် သွားကြိတ်ခြင်း ရဲ့ လက္ခဏာတွေပြနေရင် နောက်တစ်ခေါက်ကလေးရဲ့သွားကျန်းမာရေးစစ်ဆေးရမယ့်အချိန်မှာ ပြောပြဖို့မမေ့ပါနဲ့။
ဘယ်လိုကာကွယ်ရမလဲ။

သွားကြိတ်ခြင်းကို သွားအကူအံကပ် တပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ သွားဆရာဝန်ကပေးလိုက်တဲ့ သွားအကူအံကပ် ဟာ သွားတွေပေါ်မှာ အံဝင်ခွင်ကျဖြစ်တဲ့အပြင် တစ်ခုနဲ့တစ်ခု ကြိတ်မိနေခြင်းမှ ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ အခြားဘဝနေထိုင်မှုပုံစံတွေ ဥပမာ အရက်နဲ့ကဖိန်းဓာတ်တွေကိုရှောင်ရှားတာမျိုး စတာတွေကလည်း အထောက်အကူပေးမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top