Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အသက္ ၅၀ ေက်ာ္လာတဲ့ ေနာက္ပုိင္းမွာ တခ်ဳိ႕က်န္းမာေရး ျပႆနာေတြက ႐ုတ္တရက္ ျဖစ္ေပၚလာတတ္ပါတယ္။ သင္ အသက္ငယ္စဥ္အခါက နာက်င္တာ၊ ကုိက္ခဲ တာလုိမ်ဳိးအတြက္ ဘာမွ စုိးရိမ္စရာ မရွိေပမယ့္

သက္လတ္ပုိင္းအရြယ္မွာ ဒီေ၀ဒနာ ေတြ ခံစားခဲ့ရရင္ ႀကီးႀကီးမားမား ျပႆနာေတြရဲ႕ လကၡဏာေတြ ျဖစ္လာႏိုင္ပါတယ္။ ေအာက္ပါတုိ႔ဟာ အသက္ ၅၀ ေက်ာ္ရင္ ျဖစ္လာတတ္တဲ့ က်န္းမာေရး ျပႆနာေတြပါ။

ႏွလံုးတုိက္ခုိက္ခံရျခင္း
ႏွစ္စဥ္ႏွစ္တုိင္း လူေပါင္း ၇၃၅၀၀၀ ခန္႔က ႏွလံုးတုိက္ခုိက္ခံရတဲ့ ေ၀ဒနာေတြကုိ ခံစားေနရပါတယ္။ အသက္ ၅၀ ေက်ာ္ အမ်ဳိးသား တစ္ေယာက္အေနနဲ႔ တစ္ခ်ိန္ခ်ိန္မွာ ႏွလံုးေရာဂါ ျဖစ္ႏုိင္ေျခ ၅၀ ရာခုိင္ႏႈန္း ရွိပါတယ္။ ရင္ဘတ္ေအာင့္တာ၊ အသက္ ႐ွဴမ၀တာ၊ ေနာက္ေက်ာ ဒါမွမဟုတ္ ပခံုး ဒါမွမဟုတ္ လည္ကုတ္မွာ နာက်င္ေနတာက ႏွလံုး တုိက္ခုိက္ခံရတဲ့ လကၡဏာေတြပါ။ ေခၽြးထြက္မ်ားတာ ေခါင္းမူးတာလုိမ်ဳိး ေ၀ဒနာေတြလည္း ခံစားရတတ္ပါတယ္။ သင္က က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ကုိယ္အေလးခ်ိန္ ရွိရင္၊ ေဆးလိပ္မေသာက္ရင္နဲ႔ ပံုမွန္ေလ့က်င့္ခန္း လုပ္ရင္ ေရာဂါ ျဖစ္ႏုိင္ေျခ ေလ်ာ့က် သြားႏုိင္ပါတယ္။

ေလျဖတ္ျခင္း
ေသြးေတြက ဦးေႏွာက္ထဲကုိ မေရာက္ရင္ ဦးေႏွာက္ဆဲလ္ေတြက ေသဆံုးသြား တတ္ပါတယ္။ သင္က ႐ုတ္တရက္ အားနည္းသြားတာ ဒါမွမဟုတ္ မ်က္ႏွာ လက္ ေမာင္းနဲ႔ ေျခေထာက္ေတြမွာ ထံုေနတာ၊ ကုိယ္ဟန္ခ်က္ မထိန္းႏုိင္တာ၊ စကား ေျပာရ ခက္ခဲေနတာေတြ ျဖစ္ေနရင္ ေလျဖတ္ႏုိင္တဲ့ လကၡဏာမုိ႔ ဆရာ၀န္နဲ႔ ခ်က္ခ်င္းျပပါ။ သင္ရဲ႕ ေသြးဖိအားကုိ ပံုမွန္ျဖစ္ေအာင္ ထိန္းထားႏုိင္တာ၊ ကုိလက္စထေရာပါ၀င္မႈ နည္းတဲ့အစားအစာ စားတာ၊ စိတ္ဖိစီးမႈကုိ ေလွ်ာ့ခ်ႏုိင္တာ၊ ေလ့က်င့္ခန္းလုပ္တာနဲ႔ ေဆးလိပ္ျဖတ္တာေတြေၾကာင့္ ေရာဂါျဖစ္ႏုိင္ေျခကုိ ေလွ်ာ့ခ်ႏုိင္ပါတယ္။

ေသြးေၾကာေဖာင္းကားျခင္း (Aneurysm)
ေသြးေၾကာနံရံေတြက အားနည္းသြားၿပီး အျပင္ကုိ ေဖာင္းကားလာတဲ့အခါမွာ Aneurysm ျဖစ္ေပၚလာပါတယ္။ အဲဒီေသြးေၾကာက ေပါက္ထြက္သြားရင္ ေလျဖတ္တာ ဒါမွမဟုတ္ ကုိယ္တြင္းမွာ ေသြးယုိစီးတာေတြ ျဖစ္ေပၚႏုိင္ပါတယ္။ ေရာဂါလက္ၡဏာ ေတြကေတာ့ နာက်င္ကုိက္ခဲတာ၊ ပ်ဳိ႕တာ၊ ေခါင္းမူးတာ၊ ေျခဖ်ားလက္ဖ်ားေအးစက္ေန တာနဲ႔ ႏွလံုးခုန္ႏႈန္း ျမန္တာေတြ ျဖစ္ပါတယ္။

သည္းေျခေက်ာက္တည္ျခင္း
ခႏၶာကုိယ္က အညစ္အေၾကးေတြကုိ ဖယ္ရွားဖုိ႔ ကူညီႏုိင္တဲ့ သည္းေျခရည္က အခဲတုံးေတြ ျဖစ္သြားတဲ့အခါမွာ သည္းေျခေက်ာက္ ျဖစ္လာပါတယ္။ သူက အသည္းရဲ႕ ေအာက္ဘက္မွာရွိတဲ့ သည္းေျခအိတ္ထဲမွာ ရွိေနပါတယ္။ သဲမႈန္႔ အရြယ္ကေနစၿပီး ေဂါက္သီး အရြယ္အထိ ရွိႏုိင္ၿပီး သည္းေျခေက်ာက္ေၾကာင့္ ၀မ္းဗုိက္အေပၚပုိင္းမွာ အလြန္အမင္း နာက်င္တဲ့ ေ၀ဒနာ ခံစားရႏုိင္ပါတယ္။ အ၀လြန္သူ၊ ဆီးခ်ဳိေရာဂါရွိသူ၊ ေလ့က်င့္ခန္းမလုပ္သူေတြမွာ ေရာဂါ ျဖစ္ႏုိင္ေျခ ပုိမ်ားပါတယ္။

မုန္႔ခ်ဳိအိတ္ေရာင္ရမ္းျခင္း
အင္ဇုိင္းနဲ႔ အင္ဆူလင္လုိမ်ဳိး ေဟာ္မုန္း ထုတ္လုပ္ေပးတဲ့ မုန္႔ခ်ိဳအိတ္က ေရာင္ရမ္းတာပါ။ အလြန္အမင္း ၀မ္းဗုိက္နာက်င္တာ၊ ပ်ဳိ႕တာအန္တာနဲ႔ အဖ်ားရွိတဲ့ လကၡဏာေတြ ျပတတ္ၿပီး ေသဆံုးႏုိင္တဲ့အထိ အႏၲရာယ္မ်ားပါတယ္။ ဒါေၾကာင့္ ဒီလကၡဏာေတြ ေပၚေပါက္လာရင္ ဆရာ၀န္နဲ႔ ခ်က္ခ်င္း ျပသသင့္ပါတယ္။ အရက္ အလြန္အကၽြံ ေသာက္သူ၊ ေသြးတြင္း ကယ္လ္စီယမ္ ပမာဏျမင့္မားသူ ဒါမွမဟုတ္ ထ႐ုိင္ဂလစ္စ႐ုိက္ အဆီမ်ားသူေတြမွာ ျဖစ္ႏုိင္ေျခ ပိုမ်ားပါတယ္။

အ႐ုိးက်ဳိးျခင္း
အ႐ုိးက်ဳိးတာက အသက္အရြယ္မေရြး ျဖစ္ႏို္င္ေပမယ့္ အသက္ႀကီးတဲ့ အခါမွာ အ႐ုိးေတြက ႂကြပ္ဆတ္လာတဲ့အတြက္ ပုိၿပီး က်ဳိးႏုိင္ေျခ မ်ားလာပါတယ္။ အထူးသျဖင့္ အသက္ႀကီးတဲ့အမ်ဳိးသမီးေတြမွာ အ႐ုိးပါးသြားတာေၾကာင့္ အ႐ုိးက်ဳိးလြယ္လာပါ တယ္။ ကယ္လ္စီယမ္နဲ႔ ဗီတာမင္ ဒီ မီွ၀ဲတာက အ႐ုိးပါးႏုိင္ေျခကုိ ေႏွးေကြးသြားႏုိင္ၿပီး တခ်ဳိ႕ေဆး၀ါးေတြ ေၾကာင့္လည္း အ႐ုိးသန္မာႏုိင္ပါတယ္။

ျမင္လႊာ ကြာက်ျခင္း
ျမင္လႊာဆုိတာက မ်က္လံုးအတြင္းက အလင္းေရာင္ကို Sensetive ျဖစ္တဲ့ အလႊာ ျဖစ္ၿပီး သင္ ျမင္သမွ် ဦးေႏွာက္ကုိ သတင္းေပးပုိ႔ပါတယ္။ ျမင္လႊာက မ်က္လံုးအျပင္နံရံ ကေန ကြာက်သြားတဲ့အခါ ေအာက္ဆီဂ်င္ လံုလံုေလာက္ေလာက္ မရရွိေတာ့တဲ့အတြက္ အရာ၀တ္ၳဳေတြ ေပါေလာေမ်ာေနတာ ဒါမွမဟုတ္ ဖ်တ္ခနဲ ဖ်တ္ခနဲ အလင္းေရာင္ ေတြ ျမင္ေတြ႕ရၿပီး အျမင္အာ႐ံု ဆံုး႐ႈးတဲ့အထိ ျဖစ္လာႏုိင္ပါတယ္။ အနီး မႈန္ပါ၀ါမ်ားသူ ဒါမွမဟုတ္ အတြင္းတိမ္ကုိ ခြဲစိတ္ကုသမႈ ခံယူထားသူနဲ႔ မ်က္စိေရာဂါ ရွိသူေတြမွာ အျဖစ္မ်ားတဲ့ ျပႆနာပါ။

ခ်ာခ်ာလည္မူးေ၀ျခင္း
ခႏၶာကုိယ္ရဲ႕ ဟန္ခ်က္ကုိ ထိန္းခ်ဳပ္ေပးတဲ့ အတြင္းနားထဲက ေသးငယ္တဲ့ ခရစၥတယ္ေတြ ေရြ႕လ်ားသြားတဲ့အခါမွာ ခ်ာခ်ာလည္ မူးေ၀တတ္ပါတယ္။ အသက္ႀကီးလာတဲ့အခါမွာ ျဖစ္ႏုိင္ေျခ ပုိမ်ားလာပါတယ္။

ေက်ာက္ကပ္ ေက်ာက္တည္ျခင္း
ေက်ာက္ကပ္အတြင္း ကယ္လ္စီယမ္ေတြ စုစည္းၿပီး ေက်ာက္အခဲတံုးေလးေတြ ျဖစ္ေနတာပါ။ ခႏၶာကုိယ္ကုိ ဘာဒုကၡမွ မေပးဘဲ သူ႔အလုိလုိ ထြက္သြားႏုိင္သလုိ အရြယ္ႀကီးတဲ့ ေက်ာက္ေတြေၾကာင့္ အလြန္အမင္း နာက်င္တာ၊ ဆီးလမ္း ေၾကာင္းအတြင္း ေသြးထြက္တာ ဒါမွမဟုတ္ ပုိး၀င္တာ ဒါမွမဟုတ္ ဆီးလမ္းေၾကာင္း ပိတ္ဆုိ႔တာေတြ ျဖစ္တတ္ပါတယ္။ အမ်ဳိးသားေတြက အမ်ဳိးသမီးေတြထက္ ပုိမုိ ျဖစ္ပြားတတ္ပါတယ္။ ေန႔စဥ္ေန႔တုိင္း ေရမ်ားမ်ား ေသာက္တာေၾကာင့္ ေက်ာက္ကပ္ ေက်ာက္မတည္ေအာင္ ကာကြယ္ႏုိင္ပါတယ္။

နမုိးနီယား အဆုတ္ေရာင္ ေရာဂါျဖစ္ျခင္း
အသက္ ၅၀ ေက်ာ္လာရင္ ဘက္တီးရီးယားေၾကာင့္ ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါ ျဖစ္ႏုိင္ေျခ မ်ားလာပါတယ္။ နမုိးနီးယားေရာဂါလုိ႔ ေခၚၿပီး အသက္ အႏၲရာယ္ရွိတဲ့အထိ ဆုိးရြားႏုိင္ပါတယ္။ အသက္ႀကီးလာတဲ့အခါမွာ ခုခံအားစနစ္ေတြ က်ဆင္းသြားတဲ့အတြက္ ျဖစ္ႏုိင္ေျခ ပုိမ်ားရတာပါ။ ကာကြယ္ေဆးရွိၿပီး အသက္ ၆၅ ႏွစ္ေက်ာ္သူတုိင္း ထုိးထားသင့္ပါတယ္။

အာ႐ံုေၾကာမႁပြန္ က်ဥ္းေျမာင္းျခင္း
ခါးေနာက္ေက်ာ႐ုိးမအတြင္း အာ႐ံံုေၾကာမ သြားရာႁပြန္လမ္းေၾကာင္းက အ႐ုိးအဆစ္ေရာင္ ေရာဂါေၾကာင့္ အသက္ႀကီးလာတဲ့ အခါမွာ က်ဥ္းေျမာင္းသြားတတ္ပါတယ္။ ႁပြန္က်ဥ္းသြားတဲ့အတြက္ အာ႐ုံေၾကာကုိ ညႇစ္ထားမိတာေၾကာင့္ နာက်င္တာ၊ ထံုတာ၊ ခါးေအာက္ေနာက္ပုိင္း ဒါမွမဟုတ္ လည္ပင္း ေအာက္ေနာက္ပုိင္းမွာ ႂကြက္တက္တာလုိမ်ဳိး ေ၀ဒနာေတြ ခံစားရႏုိင္ပါတယ္။ ေဆး၀ါးမွီ၀ဲတာ ဒါမွမဟုတ္ ကာယကုထံုးနဲ႔ ကုသ တာ၊ တခ်ဳိ႕လူနာေတြကုိ ခြဲစိတ္ကုသမႈ ခံယူတာေတြ ျပဳလုပ္ရပါတယ္။

ေဂါက္အဆစ္ေရာင္ျခင္း
အဆစ္တစ္ခု (မ်ားေသာအားျဖင့္ ေျခမ) မွာ ႐ုတ္တရက္ နာက်င္ၿပီး ေရာင္ ရမ္းေနတာက ေဂါက္အဆစ္ေရာင္ ေရာဂါေၾကာင့္ပါ။ ခႏၶာကိုယ္အတြင္း ယူရစ္အက္စစ္ စုေဆာင္းမႈမ်ားလာတဲ့အခါမွာ ျဖစ္ေပၚတတ္ပါတယ္။ ေသြးတုိးေရာဂါ အတြက္ ေဆး၀ါး ကုသမႈခံယူထားသူ၊ အနီေရာင္အသားနဲ႔ အခြံမာ ပင္လယ္စာစားသံုးသူ၊ တစ္ေန႔ကို အရက္ ႏွစ္ခြက္ ပုိေသာက္သူေတြမွာ ျဖစ္ႏုိင္ေျခ ပုိမ်ားပါတယ္။

အဆုတ္ေသြးေၾကာ အတြင္းေလခုိျခင္း (Pulmonary Embolism)
အဆုတ္တစ္ဖက္ရဲ႕ ေသြးေၾကာတစ္ခုအတြင္းမွာ ေသြးခဲတံုး ပိတ္ဆုိ႔ေနတဲ့ အေျခအေနပါ။ အသက္ ၅၀ ေက်ာ္သူေတြမွာ အျဖစ္မ်ားၿပီး ဆုိးရြားတဲ့ အေျခအေနမုိ႔ အျမန္ဆံုး ကုသမႈ ခံယူရပါမယ္။ ေရာဂါလကၡဏာေတြအေနနဲ႔ ရင္ဘတ္ေအာင့္တာ၊ ႐ုတ္တ ရက္ အသက္႐ွဴမ၀တာနဲ႔ ေခါင္းမူးတာေတြ ျပတတ္ပါတယ္။ ေခ်ာင္းဆုိးရင္း ေသြးပါတာ၊ ေျခေထာက္နာတာ၊ အသားေအးစက္ၿပီး ျပာႏွမ္းသြားတာေတြ ျဖစ္ႏုိင္ပါတယ္။ ေသြးခဲတံုးက ေျခေထာက္ေနရာကေန အၿမဲ စတင္တာမို႔ ေျခသလံုးတစ္ဖက္မွာ နာက်င္တာ ဒါမွမဟုတ္ ေရာင္ရမ္းတာေတြက Pulmonary Embolism ရဲ႕ အေစာ ဆံုး လကၡဏာပါ။ ႏွလံုးေရာဂါရွိသူ ဒါမွမဟုတ္ မၾကာခင္ကမွ ခြဲစိတ္ကုသမႈ ခံယူထား ရသူ ဒါမွမဟုတ္ ေလယာဥ္ပ်ံ၊ ကား ကုိ အခ်ိန္အၾကာႀကီး စီးရသူေတြမွာ ျဖစ္ႏုိင္ေျခ ပုိမ်ားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခင္မုိးမုိး

# Unicode Version ျဖင့္ ဖတ္ပါ #

 အသက် ၅၀ ကျော်လာတဲ့ နောက်ပိုင်းမှာ တချို့ကျန်းမာရေး ပြဿနာတွေက ရုတ်တရက် ဖြစ်ပေါ်လာတတ်ပါတယ်။ သင် အသက်ငယ်စဉ်အခါက နာကျင်တာ၊ ကိုက်ခဲ တာလိုမျိုးအတွက် ဘာမှ စိုးရိမ်စရာ မရှိပေမယ့်

သက်လတ်ပိုင်းအရွယ်မှာ ဒီဝေဒနာ တွေ ခံစားခဲ့ရရင် ကြီးကြီးမားမား ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ အောက်ပါတို့ဟာ အသက် ၅၀ ကျော်ရင် ဖြစ်လာတတ်တဲ့ ကျန်းမာရေး ပြဿနာတွေပါ။

နှလုံးတိုက်ခိုက်ခံရခြင်း
နှစ်စဉ်နှစ်တိုင်း လူပေါင်း ၇၃၅၀၀၀ ခန့်က နှလုံးတိုက်ခိုက်ခံရတဲ့ ဝေဒနာတွေကို ခံစားနေရပါတယ်။ အသက် ၅၀ ကျော် အမျိုးသား တစ်ယောက်အနေနဲ့ တစ်ချိန်ချိန်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ရင်ဘတ်အောင့်တာ၊ အသက် ရှူမဝတာ၊ နောက်ကျော ဒါမှမဟုတ် ပခုံး ဒါမှမဟုတ် လည်ကုတ်မှာ နာကျင်နေတာက နှလုံး တိုက်ခိုက်ခံရတဲ့ လက္ခဏာတွေပါ။ ချွေးထွက်များတာ ခေါင်းမူးတာလိုမျိုး ဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။ သင်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် ရှိရင်၊ ဆေးလိပ်မသောက်ရင်နဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်ရင် ရောဂါ ဖြစ်နိုင်ခြေ လျော့ကျ သွားနိုင်ပါတယ်။

လေဖြတ်ခြင်း
သွေးတွေက ဦးနှောက်ထဲကို မရောက်ရင် ဦးနှောက်ဆဲလ်တွေက သေဆုံးသွား တတ်ပါတယ်။ သင်က ရုတ်တရက် အားနည်းသွားတာ ဒါမှမဟုတ် မျက်နှာ လက် မောင်းနဲ့ ခြေထောက်တွေမှာ ထုံနေတာ၊ ကိုယ်ဟန်ချက် မထိန်းနိုင်တာ၊ စကား ပြောရ ခက်ခဲနေတာတွေ ဖြစ်နေရင် လေဖြတ်နိုင်တဲ့ လက္ခဏာမို့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။ သင်ရဲ့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တာ၊ ကိုလက်စထရောပါဝင်မှု နည်းတဲ့အစားအစာ စားတာ၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ဖြတ်တာတွေကြောင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

သွေးကြောဖောင်းကားခြင်း (Aneurysm)
သွေးကြောနံရံတွေက အားနည်းသွားပြီး အပြင်ကို ဖောင်းကားလာတဲ့အခါမှာ Aneurysm ဖြစ်ပေါ်လာပါတယ်။ အဲဒီသွေးကြောက ပေါက်ထွက်သွားရင် လေဖြတ်တာ ဒါမှမဟုတ် ကိုယ်တွင်းမှာ သွေးယိုစီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ရောဂါလက်္ခဏာ တွေကတော့ နာကျင်ကိုက်ခဲတာ၊ ပျို့တာ၊ ခေါင်းမူးတာ၊ ခြေဖျားလက်ဖျားအေးစက်နေ တာနဲ့ နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်ပါတယ်။

သည်းခြေကျောက်တည်ခြင်း
ခန္ဓာကိုယ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကူညီနိုင်တဲ့ သည်းခြေရည်က အခဲတုံးတွေ ဖြစ်သွားတဲ့အခါမှာ သည်းခြေကျောက် ဖြစ်လာပါတယ်။ သူက အသည်းရဲ့ အောက်ဘက်မှာရှိတဲ့ သည်းခြေအိတ်ထဲမှာ ရှိနေပါတယ်။ သဲမှုန့် အရွယ်ကနေစပြီး ဂေါက်သီး အရွယ်အထိ ရှိနိုင်ပြီး သည်းခြေကျောက်ကြောင့် ဝမ်းဗိုက်အပေါ်ပိုင်းမှာ အလွန်အမင်း နာကျင်တဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။ အဝလွန်သူ၊ ဆီးချိုရောဂါရှိသူ၊ လေ့ကျင့်ခန်းမလုပ်သူတွေမှာ ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

မုန့်ချိုအိတ်ရောင်ရမ်းခြင်း
အင်ဇိုင်းနဲ့ အင်ဆူလင်လိုမျိုး ဟော်မုန်း ထုတ်လုပ်ပေးတဲ့ မုန့်ချိုအိတ်က ရောင်ရမ်းတာပါ။ အလွန်အမင်း ဝမ်းဗိုက်နာကျင်တာ၊ ပျို့တာအန်တာနဲ့ အဖျားရှိတဲ့ လက္ခဏာတွေ ပြတတ်ပြီး သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။ အရက် အလွန်အကျွံ သောက်သူ၊ သွေးတွင်း ကယ်လ်စီယမ် ပမာဏမြင့်မားသူ ဒါမှမဟုတ် ထရိုင်ဂလစ်စရိုက် အဆီများသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အရိုးကျိုးခြင်း
အရိုးကျိုးတာက အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ အခါမှာ အရိုးတွေက ကြွပ်ဆတ်လာတဲ့အတွက် ပိုပြီး ကျိုးနိုင်ခြေ များလာပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ အရိုးပါးသွားတာကြောင့် အရိုးကျိုးလွယ်လာပါ တယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ မှီဝဲတာက အရိုးပါးနိုင်ခြေကို နှေးကွေးသွားနိုင်ပြီး တချို့ဆေးဝါးတွေ ကြောင့်လည်း အရိုးသန်မာနိုင်ပါတယ်။

မြင်လွှာ ကွာကျခြင်း
မြင်လွှာဆိုတာက မျက်လုံးအတွင်းက အလင်းရောင်ကို Sensetive ဖြစ်တဲ့ အလွှာ ဖြစ်ပြီး သင် မြင်သမျှ ဦးနှောက်ကို သတင်းပေးပို့ပါတယ်။ မြင်လွှာက မျက်လုံးအပြင်နံရံ ကနေ ကွာကျသွားတဲ့အခါ အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတော့တဲ့အတွက် အရာဝတ်္ထုတွေ ပေါလောမျောနေတာ ဒါမှမဟုတ် ဖျတ်ခနဲ ဖျတ်ခနဲ အလင်းရောင် တွေ မြင်တွေ့ရပြီး အမြင်အာရုံ ဆုံးရှုးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အနီး မှုန်ပါဝါများသူ ဒါမှမဟုတ် အတွင်းတိမ်ကို ခွဲစိတ်ကုသမှု ခံယူထားသူနဲ့ မျက်စိရောဂါ ရှိသူတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။

ချာချာလည်မူးဝေခြင်း
ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းချုပ်ပေးတဲ့ အတွင်းနားထဲက သေးငယ်တဲ့ ခရစ္စတယ်တွေ ရွေ့လျားသွားတဲ့အခါမှာ ချာချာလည် မူးဝေတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။

ကျောက်ကပ် ကျောက်တည်ခြင်း
ကျောက်ကပ်အတွင်း ကယ်လ်စီယမ်တွေ စုစည်းပြီး ကျောက်အခဲတုံးလေးတွေ ဖြစ်နေတာပါ။ ခန္ဓာကိုယ်ကို ဘာဒုက္ခမှ မပေးဘဲ သူ့အလိုလို ထွက်သွားနိုင်သလို အရွယ်ကြီးတဲ့ ကျောက်တွေကြောင့် အလွန်အမင်း နာကျင်တာ၊ ဆီးလမ်း ကြောင်းအတွင်း သွေးထွက်တာ ဒါမှမဟုတ် ပိုးဝင်တာ ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိတ်ဆို့တာတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုမို ဖြစ်ပွားတတ်ပါတယ်။ နေ့စဉ်နေ့တိုင်း ရေများများ သောက်တာကြောင့် ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်နိုင်ပါတယ်။

နမိုးနီယား အဆုတ်ရောင် ရောဂါဖြစ်ခြင်း
အသက် ၅၀ ကျော်လာရင် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေ များလာပါတယ်။ နမိုးနီးယားရောဂါလို့ ခေါ်ပြီး အသက် အန္တရာယ်ရှိတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ခုခံအားစနစ်တွေ ကျဆင်းသွားတဲ့အတွက် ဖြစ်နိုင်ခြေ ပိုများရတာပါ။ ကာကွယ်ဆေးရှိပြီး အသက် ၆၅ နှစ်ကျော်သူတိုင်း ထိုးထားသင့်ပါတယ်။

အာရုံကြောမပြွန် ကျဉ်းမြောင်းခြင်း
ခါးနောက်ကျောရိုးမအတွင်း အာရံုံကြောမ သွားရာပြွန်လမ်းကြောင်းက အရိုးအဆစ်ရောင် ရောဂါကြောင့် အသက်ကြီးလာတဲ့ အခါမှာ ကျဉ်းမြောင်းသွားတတ်ပါတယ်။ ပြွန်ကျဉ်းသွားတဲ့အတွက် အာရုံကြောကို ညှစ်ထားမိတာကြောင့် နာကျင်တာ၊ ထုံတာ၊ ခါးအောက်နောက်ပိုင်း ဒါမှမဟုတ် လည်ပင်း အောက်နောက်ပိုင်းမှာ ကြွက်တက်တာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဆေးဝါးမှီဝဲတာ ဒါမှမဟုတ် ကာယကုထုံးနဲ့ ကုသ တာ၊ တချို့လူနာတွေကို ခွဲစိတ်ကုသမှု ခံယူတာတွေ ပြုလုပ်ရပါတယ်။

ဂေါက်အဆစ်ရောင်ခြင်း
အဆစ်တစ်ခု (များသောအားဖြင့် ခြေမ) မှာ ရုတ်တရက် နာကျင်ပြီး ရောင် ရမ်းနေတာက ဂေါက်အဆစ်ရောင် ရောဂါကြောင့်ပါ။ ခန္ဓာကိုယ်အတွင်း ယူရစ်အက်စစ် စုဆောင်းမှုများလာတဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ သွေးတိုးရောဂါ အတွက် ဆေးဝါး ကုသမှုခံယူထားသူ၊ အနီရောင်အသားနဲ့ အခွံမာ ပင်လယ်စာစားသုံးသူ၊ တစ်နေ့ကို အရက် နှစ်ခွက် ပိုသောက်သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အဆုတ်သွေးကြော အတွင်းလေခိုခြင်း (Pulmonary Embolism)
အဆုတ်တစ်ဖက်ရဲ့ သွေးကြောတစ်ခုအတွင်းမှာ သွေးခဲတုံး ပိတ်ဆို့နေတဲ့ အခြေအနေပါ။ အသက် ၅၀ ကျော်သူတွေမှာ အဖြစ်များပြီး ဆိုးရွားတဲ့ အခြေအနေမို့ အမြန်ဆုံး ကုသမှု ခံယူရပါမယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ရင်ဘတ်အောင့်တာ၊ ရုတ်တ ရက် အသက်ရှူမဝတာနဲ့ ခေါင်းမူးတာတွေ ပြတတ်ပါတယ်။ ချောင်းဆိုးရင်း သွေးပါတာ၊ ခြေထောက်နာတာ၊ အသားအေးစက်ပြီး ပြာနှမ်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲတုံးက ခြေထောက်နေရာကနေ အမြဲ စတင်တာမို့ ခြေသလုံးတစ်ဖက်မှာ နာကျင်တာ ဒါမှမဟုတ် ရောင်ရမ်းတာတွေက Pulmonary Embolism ရဲ့ အစော ဆုံး လက္ခဏာပါ။ နှလုံးရောဂါရှိသူ ဒါမှမဟုတ် မကြာခင်ကမှ ခွဲစိတ်ကုသမှု ခံယူထား ရသူ ဒါမှမဟုတ် လေယာဉ်ပျံ၊ ကား ကို အချိန်အကြာကြီး စီးရသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာခင်မိုးမိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top