Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကက္သြန္နီေတြဟာ လွီးရင္ပဲျဖစ္ျဖစ္၊ အစိမ္းစားရင္ပဲျဖစ္ျဖစ္ ကြ်န္ေတာ္တို႔ကို မ်က္ရည္ေတာက္ေတာက္ ေတာက္ေတာက္ က်ေစႏိုင္တယ္ဆိုေပမယ္႔ ဒီေဆာင္းပါးကိုဖတ္မိရင္ေတာ႔ အဲဒီက်တဲ႔မ်က္ရည္ေတြဟာ ဝမ္းသာလို႔က်တဲ႔ မ်က္ရည္ေတြ ျဖစ္သြားႏိုင္ပါတယ္။

ၾကက္သြန္နီေတြဟာ ပံုသ႑ာန္အမ်ိဳးမ်ိဳး၊ အရြယ္အစား အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ ၾကက္သြန္နီေတြဟာ လွီးရင္ပဲျဖစ္ျဖစ္၊ အစိမ္းစားရင္ပဲျဖစ္ျဖစ္ ကြ်န္ေတာ္တို႔ကို မ်က္ရည္ေတာက္ေတာက္ ေတာက္ေတာက္ က်ေစႏိုင္တယ္ဆိုေပမယ္႔ ဒီေဆာင္းပါးကိုဖတ္မိရင္ေတာ႔ အဲဒီက်တဲ႔မ်က္ရည္ေတြဟာ ဝမ္းသာလို႔က်တဲ႔ မ်က္ရည္ေတြ ျဖစ္သြားႏိုင္ပါတယ္။

ၾကက္သြန္နီအမ်ိဳးအစား အမ်ားႀကီးရွိတဲ႔ထဲကမွ အနီေရာင္ၾကက္သြန္နီဟာ ရင္သားကင္ဆာနဲ႔ အူမႀကီးကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ရာမွာ အေကာင္းဆံုး အေထာက္အကူေပးႏိုင္တယ္လို႔ မၾကာေသးမီကမွ Food Research International ဂ်ာနယ္မွာ ေဖာ္ျပထားတဲ႔ ေလ႔လာမႈတစ္ခုရဲ႕အဆိုအရ သိရပါတယ္။ ဒါ႔အျပင္ ၾကက္သြန္နီဟာ ကမၻာေပၚမွာ က်န္းမာေရးနဲ႔ အညီညႊတ္ဆံုး ဟင္းသီးဟင္းရြက္ေတြထဲမွာ တစ္ခုအပါအဝင္လည္း ျဖစ္ပါေသးတယ္။

ဂြယ္႔လ္ဖ္ (Guelph) တကၠသိုလ္က သုေတသီေတြဟာ ၾကက္ဥနီအမ်ိဳးအစား (၅) မ်ိဳးမွာပါဝင္တဲ႔ ကြာစီတင္ (quercetin) ဆိုတဲ႔ antioxidant တစ္မ်ိဳးကိုထုတ္ယူၿပီး အူမႀကီးကင္ဆာဆဲလ္ေတြနဲ႔ တိုက္ရိုက္ထိေတြ႕ေစခဲ႔႔ပါတယ္။ အဲဒီမွာမွ အနီေရာင္ၾကက္သြန္နီဟာ တျခားအမ်ိဳးအစားေတြထက္ ကင္ဆာဆဲလ္ေတြကို ပိုေသေစႏိုင္ေၾကာင္း ေတြ႕ရွိခဲ႔ရပါတယ္။

ျဖစ္ႏိုင္ေျခရွိတာ တစ္ခုကေတာ႔ အနီေရာင္ၾကက္သြန္နီေတြမွာ ပါဝင္တဲ႔ အနီရင္႔ေရာင္ ေရာင္ျခယ္က အဲဒီၾကက္သြန္နီထဲမွာ အန္သိုဆိုင္ယာနင္ (anthocyanin) လို႔ေခၚတဲ႔ ကြာစီတင္ (quercetin) ရဲ႕ အက်ိဳးသက္ေရာက္မႈကို ျမွင္႔တင္ေပးႏိုင္တဲ႔ ေရာင္ျခယ္တစ္မ်ိဳး ျဖစ္ေနလို႔ပါပဲ။ အဲဒီအခ်က္ေတြေၾကာင္႔ အနီေရာင္ၾကက္သြန္နီေတြဟာ ကင္ဆာတိုက္ဖ်က္ရာမွာ အထူးအသံုးဝင္ ေနတာ ျဖစ္ပါတယ္။

သုေတသီစာေရးဆရာတစ္ဦးျဖစ္တဲ႔ မူရာရန္ကေတာ႔ "အန္သိုဆိုင္ယာနင္ေတြဟာ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာ အေရာင္ရရွိေအာင္ အေထာက္အကူျပဳႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင္႔ ၾကက္သြန္နီေတြထဲမွာမွ အေရာင္အရင္႔ဆံုးျဖစ္တဲ႔ အနီေရာင္ၾကက္သြန္နီေတြမွာ ကင္ဆာတိုက္ဖ်က္ႏိုင္စြမ္း အျမင္႔ဆံုးပါေနတာပဲ ျဖစ္ပါတယ္" လို႔ဆိုထားပါတယ္။

မူရာရန္ရဲ႕ အဆိုအရေတာ႔ "ၾကက္သြန္နီေတြဟာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တဲ႔လမ္းေၾကာင္းကို သြားဖို႔ တိုက္တြန္း အားေပးပါတယ္။ သူတို႔က ကင္ဆာဆဲလ္ေတြအတြက္ ေနလို႔ အဆင္မေျပတဲ႔ ပတ္ဝန္းက်င္တစ္ခုကို ဖန္တီးေပးၿပီး ကင္ဆာဆဲလ္ေတြၾကား ဆက္သြယ္မႈကိုလည္း အေႏွာင္႔အယွက္ျဖစ္ေစတဲ႔အတြက္ ကင္ဆာဆဲလ္ပြားမ်ားမႈကို ထိန္းခ်ဳပ္ႏိုင္တာပါ" လို႔လည္း ဆိုထားပါေသးတယ္။

ဒါေပမယ္႔ ဒါဟာ တျခားၾကက္သြန္နီေတြမွာလည္း အလားတူ အက်ိဳးေက်းဇူးေတြ ရွိမေနဘူးလို႔ မဆိုလိုပါဘူး။ ၾကက္သြန္နီ မ်ိဳးစိတ္တိုင္းက ဒီလိုအက်ိဳးေက်းဇူးေတြကို ေပးစြမ္းႏိုင္ၿပီး အာနိသင္ထိေရာက္မႈပိုင္းမွာပဲ ကြာသြားတာပါ။ ၾကက္သြန္နီတိုင္းမွာ အန္သိုဆိုင္ယာနင္နဲ႔ ကြာစီတင္တုိ႔လို antioxidant ေတြ ပါဝင္တဲ႔အတြက္ ကင္ဆာကို တိုက္ဖ်က္ႏိုင္တာေတာ႔ အမွန္ပါပဲ။ ဒါေပမယ္႔ အနီေရာင္ၾကက္သြန္နီေတြကေတာ႔ အန္သိုဆိုင္ယာနင္ ပါဝင္မႈအမ်ားဆံုးျဖစ္သလို ကင္ဆာတိုက္ဖ်က္ႏိုင္စြမ္းလည္း အျမင္႔မားဆံုး ျဖစ္ပါတယ္။

သိပၸံပညာရွင္ေတြကေတာ႔ အနီေရာင္ၾကက္သြန္နီေတြရဲ႕ လူသားက်န္းမာေရးအေပၚ အက်ိဳးသက္ေရာက္မႈေတြကို ဆက္လက္ရွာေဖြဖို႔ ႀကိဳးပမ္းေနဆဲပါ။ ဘာပဲေျပာေျပာ အိမ္အတြက္ ၾကက္သြန္နီ ဝယ္ေတာ႔မယ္ဆိုရင္ တျခားအေရာင္ေတြအစား အနီေရာင္ပိုသမ္းတဲ႔ အခြံပါတဲ႔ ၾကက္သြန္နီေတြကို ဦးစားေပး ေရြးခ်ယ္ဝယ္ယူသင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကြက်သွန်နီတွေဟာ လှီးရင်ပဲဖြစ်ဖြစ်၊ အစိမ်းစားရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို မျက်ရည်တောက်တောက် တောက်တောက် ကျစေနိုင်တယ်ဆိုပေမယ့် ဒီဆောင်းပါးကိုဖတ်မိရင်တော့ အဲဒီကျတဲ့မျက်ရည်တွေဟာ ဝမ်းသာလို့ကျတဲ့ မျက်ရည်တွေ ဖြစ်သွားနိုင်ပါတယ်။

ကြက်သွန်နီတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ရှိကြပါတယ်။ ကြက်သွန်နီတွေဟာ လှီးရင်ပဲဖြစ်ဖြစ်၊ အစိမ်းစားရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို မျက်ရည်တောက်တောက် တောက်တောက် ကျစေနိုင်တယ်ဆိုပေမယ့် ဒီဆောင်းပါးကိုဖတ်မိရင်တော့ အဲဒီကျတဲ့မျက်ရည်တွေဟာ ဝမ်းသာလို့ကျတဲ့ မျက်ရည်တွေ ဖြစ်သွားနိုင်ပါတယ်။

ကြက်သွန်နီအမျိုးအစား အများကြီးရှိတဲ့ထဲကမှ အနီရောင်ကြက်သွန်နီဟာ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ အကောင်းဆုံး အထောက်အကူပေးနိုင်တယ်လို့ မကြာသေးမီကမှ Food Research International ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုရဲ့အဆိုအရ သိရပါတယ်။ ဒါ့အပြင် ကြက်သွန်နီဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး ဟင်းသီးဟင်းရွက်တွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါသေးတယ်။

ဂွယ့်လ်ဖ် (Guelph) တက္ကသိုလ်က သုတေသီတွေဟာ ကြက်ဥနီအမျိုးအစား (၅) မျိုးမှာပါဝင်တဲ့ ကွာစီတင် (quercetin) ဆိုတဲ့ antioxidant တစ်မျိုးကိုထုတ်ယူပြီး အူမကြီးကင်ဆာဆဲလ်တွေနဲ့ တိုက်ရိုက်ထိတွေ့စေခဲ့ပါတယ်။ အဲဒီမှာမှ အနီရောင်ကြက်သွန်နီဟာ တခြားအမျိုးအစားတွေထက် ကင်ဆာဆဲလ်တွေကို ပိုသေစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဖြစ်နိုင်ခြေရှိတာ တစ်ခုကတော့ အနီရောင်ကြက်သွန်နီတွေမှာ ပါဝင်တဲ့ အနီရင့်ရောင် ရောင်ခြယ်က အဲဒီကြက်သွန်နီထဲမှာ အန်သိုဆိုင်ယာနင် (anthocyanin) လို့ခေါ်တဲ့ ကွာစီတင် (quercetin) ရဲ့ အကျိုးသက်ရောက်မှုကို မြှင့်တင်ပေးနိုင်တဲ့ ရောင်ခြယ်တစ်မျိုး ဖြစ်နေလို့ပါပဲ။ အဲဒီအချက်တွေကြောင့် အနီရောင်ကြက်သွန်နီတွေဟာ ကင်ဆာတိုက်ဖျက်ရာမှာ အထူးအသုံးဝင် နေတာ ဖြစ်ပါတယ်။

သုတေသီစာရေးဆရာတစ်ဦးဖြစ်တဲ့ မူရာရန်ကတော့ "အန်သိုဆိုင်ယာနင်တွေဟာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အရောင်ရရှိအောင် အထောက်အကူပြုနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကြက်သွန်နီတွေထဲမှာမှ အရောင်အရင့်ဆုံးဖြစ်တဲ့ အနီရောင်ကြက်သွန်နီတွေမှာ ကင်ဆာတိုက်ဖျက်နိုင်စွမ်း အမြင့်ဆုံးပါနေတာပဲ ဖြစ်ပါတယ်" လို့ဆိုထားပါတယ်။

မူရာရန်ရဲ့ အဆိုအရတော့ "ကြက်သွန်နီတွေဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့လမ်းကြောင်းကို သွားဖို့ တိုက်တွန်း အားပေးပါတယ်။ သူတို့က ကင်ဆာဆဲလ်တွေအတွက် နေလို့ အဆင်မပြေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ကင်ဆာဆဲလ်တွေကြား ဆက်သွယ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်ပွားများမှုကို ထိန်းချုပ်နိုင်တာပါ" လို့လည်း ဆိုထားပါသေးတယ်။

ဒါပေမယ့် ဒါဟာ တခြားကြက်သွန်နီတွေမှာလည်း အလားတူ အကျိုးကျေးဇူးတွေ ရှိမနေဘူးလို့ မဆိုလိုပါဘူး။ ကြက်သွန်နီ မျိုးစိတ်တိုင်းက ဒီလိုအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပြီး အာနိသင်ထိရောက်မှုပိုင်းမှာပဲ ကွာသွားတာပါ။ ကြက်သွန်နီတိုင်းမှာ အန်သိုဆိုင်ယာနင်နဲ့ ကွာစီတင်တို့လို antioxidant တွေ ပါဝင်တဲ့အတွက် ကင်ဆာကို တိုက်ဖျက်နိုင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အနီရောင်ကြက်သွန်နီတွေကတော့ အန်သိုဆိုင်ယာနင် ပါဝင်မှုအများဆုံးဖြစ်သလို ကင်ဆာတိုက်ဖျက်နိုင်စွမ်းလည်း အမြင့်မားဆုံး ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ အနီရောင်ကြက်သွန်နီတွေရဲ့ လူသားကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုတွေကို ဆက်လက်ရှာဖွေဖို့ ကြိုးပမ်းနေဆဲပါ။ ဘာပဲပြောပြော အိမ်အတွက် ကြက်သွန်နီ ဝယ်တော့မယ်ဆိုရင် တခြားအရောင်တွေအစား အနီရောင်ပိုသမ်းတဲ့ အခွံပါတဲ့ ကြက်သွန်နီတွေကို ဦးစားပေး ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top