ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကေလးတစ္ဦးအပါအ ၀င္ မိန္းကေလးသုံးဦးအသတ္ခံရ သည့္ သုံးေလာင္းၿပိဳင္လူသတ္မႈ ကုိ သိရွိၿပီး နာရီပုိင္းအတြင္းေဖာ္ ထုတ္ႏုိင္ခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕႐ုံးက ထုတ္ျပန္သည္။

ႏုိ၀င္ဘာ ၁၅ ရက္ညတြင္ လႈိင္သီရိအိမ္ရာ တိုက္(၃)ရွိ အ ျပင္ဘက္မွ တံခါးေသာ့ခတ္ပိတ္ထားသည့္အခန္းတစ္ခန္း၌ ေလွကားထိပ္တြင္ အပုပ္နံ႔ထြက္ေနသည့္ အ၀ါေရာင္အရည္မ်ား က်ဆင္းေနေၾကာင္း ေတြ႕ရွိရသျဖင့္ အနီးတိုက္ခန္းေနသူကသက္ဆုိင္ရာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ရဲစခန္းသုိ႔ ဆက္သြယ္အေၾကာင္းၾကားခဲ့ရာ သုံးေလာင္းၿပိဳင္လူသတ္မႈကုိ သိရွိခဲ့သည္။

ရဲတပ္ဖြဲ႕၏ စစ္ေဆးေပၚ ေပါက္မႈအရ လူသတ္မႈျဖစ္ပြား ၿပီး တစ္ပတ္ခန္႔အၾကာမွသာ လူသတ္မႈကုိ သိရွိခဲ့သည္။

‘‘သူတို႔ ဒီကုိေျပာင္းလာတာ ေတာ့ ေလးငါးႏွစ္ေလာက္ရွိၿပီ။ သာေရးနာေရးမွာလည္း ကူညီမႈ ရွိတယ္။ အိမ္ျပင္ထားတာေတာင္ မွ သုံးလေလာက္ပဲရွိေသးတယ္။ အရည္ေတြထြက္ၿပီး ပုပ္ေစာ္နံ လာလုိ႔ရဲစခန္းအေၾကာင္းၾကား လုိက္တာပါ’’ ဟု အဆုိပါတိုက္ တြင္ေနထုိင္သူ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

တာ၀န္ရွိသူမ်ား ေရာက္ရွိ လာၿပီး တုိက္ခန္းပိုင္ရွင္မ်ားထံ ဖုန္းျဖင့္ ဆက္သြယ္အေၾကာင္း ၾကားေသာ္လည္း ဆက္သြယ္ မရသျဖင့္ အခန္းတံခါးေသာ့ ဖ်က္၍ ၀င္ေရာက္ၾကည့္႐ႈစစ္ေဆးရာ ေနအိမ္အတြင္းတိုက္ခန္း ၾကမ္းျပင္ေပၚတြင္ အသက္ (၄၀)ႏွစ္အရြယ္ မေကသီလႈိင္ႏွင့္ ၎၏သမီးမသာယာထြန္း(၉) ႏွစ္တို႔မွာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကုိ ေတြ႕ခဲ့ရသည္။

ထုိ႔အျပင္ အိပ္ခန္းအ၀င္၀တြင္ ၎တို႔စားေသာက္ဆုိင္မွ အသက္ (၂၅)ႏွစ္အရြယ္ အလုပ္သမားျဖစ္သူ မေအးမာဦးသည္လည္း ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကုိ ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။

ျပစ္မႈက်ဴးလြန္သူကုိ ဖမ္း ဆီးရမိေရး ရဲတပ္ဖြဲ႕ကစုံစမ္းခဲ့ရာ ေသဆုံးသူမေကသီလႈိင္ မန္ေနဂ်ာအျဖစ္လုပ္ကုိင္ေနေသာ စားေသာက္ဆိုင္မွ ၀န္ထမ္းဇဲြလင္းထက္၏ လက္တြင္ဓားဒဏ္ရာမ်ားရရွိထားေၾကာင္း သတင္းရရွိသည္။

ရဲတပ္ဖြဲ႕က ဇြဲလင္းထက္ကုိ ျဖန္႔ၾကက္ရွာေဖြရာ ၎ေနထုိင္ သည့္ ေရႊျပည္သာၿမိဳ႕နယ္ (၁၉)ရပ္ကြက္ ေနအိမ္တြင္ေတြ႕ရွိၿပီး ရဲစခန္းသုိ႔ ေခၚယူစစ္ေဆးခဲ့သည္။

သုိ႔ေသာ္ ဇြဲလင္းထက္က လက္တြင္ရရွိသည့္ဒဏ္ရာသည္ ႏုိ၀င္ဘာ ၉ ရက္နံနက္ ၇ နာရီခြဲ တြင္ မေကသီလႈိင္ႏွင့္အတူ လႈိင္သီရိအိမ္ရာမွ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ၎တို႔ အလုပ္လုပ္ကုိင္သည့္ စားေသာက္ဆိုင္သုိ႔ Wish ေမာ္ေတာ္ယာဥ္ျဖင့္ သြားေရာက္စဥ္ RC2 ၀င္းအတြင္း Crown အမ်ိဳးအစားယာဥ္ႏွစ္စီး မွ ေရွ႕ေနာက္ပိတ္ရပ္ၿပီး ဓားကိုင္ ေဆာင္လာသူအမ်ိဳးသားတစ္ဦး ဆင္းလာကာ  မေကသီလႈိင္ကုိ ဓားျဖင့္ထုိးသျဖင့္ ၎က တားဆီး ခဲ့ျခင္းေၾကာင့္ လက္တြင္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း ထြက္ဆုိသည္။

၎ထြက္ဆုိေသာ အခ်က္ မ်ားအတည္ျပဳရန္ မေကသီလႈိင္ ႏွင့္ မသကၤာသူဇြဲလင္းထက္တို႔ သြားေရာက္ခဲ့သည့္ လမ္းတစ္ ေလွ်ာက္ရွိ CCTV မွတ္တမ္းမ်ား ျဖင့္ တိုက္ဆုိင္စစ္ေဆးခဲ့ရာ မွန္ ကန္မႈမရွိေၾကာင္း ေတြ႕ရွိရသ ျဖင့္ ဇြဲလင္းထက္ကုိ ထပ္မံစစ္ ေဆးရာ  အဆုိပါအမႈကို က်ဴးလြန္ခဲ့ေၾကာင္း ထြက္ဆုိခဲ့သည္။

ျပစ္မႈက်ဴးလြန္ရသည့္အ ေၾကာင္းမွာ ႏုိ၀င္ဘာ ၉ ရက္ နံနက္ေစာေစာတြင္ ဇြဲလင္းထက္ သည္ မေကသီလႈိင္၏ေနအိမ္ တိုက္ခန္းသုိ႔ ေရာက္ရွိလာၿပီး လစာတိုးေပးရန္ကိစၥေျပာဆုိရာ မေကသီလႈိင္က လစာတိုးမေပး ႏုိင္ေသးေၾကာင္း ေျပာဆုိရာမွ တစ္ေယာက္တစ္ခြန္းစကားမ်ား ၾကၿပီး ခုိက္ရန္ျဖစ္ပြားခဲ့သည္ဆုိ သည္။ ထုိ႔ေနာက္ မေကသီလိႈင္က အိပ္ခန္းအတြင္းသုိ႔ ေျပး၀င္သြား စဥ္ ဇြဲလင္းထက္ကလက္သီးျဖင့္ လုိက္လံထုိးသျဖင့္ မေအးမာဦးက ေနာက္ကလုိက္ဆြဲခဲ့ေၾကာင္း စစ္ ခ်က္ကုိ ရဲတပ္ဖြဲ႕ကထုတ္ျပန္ သည္။မေကသီလႈိင္က အိပ္ခန္းအတြင္းရွိ ဓားဦးခြၽန္ယူၿပီးထုိးမည္ျပဳလုပ္သျဖင့္ ဓားကုိလုယူကာ မေကသီလႈိင္ကုိ ထုိးခဲ့သည့္အျပင္မေအးမာဦးကုိလည္း ဓားျဖင့္ထုိးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထုိသုိ႔႐ုန္းရင္းဆန္ခတ္ျဖစ္ ေနစဥ္ မေကသီလႈိင္၏သမီးျဖစ္  သူ မသာယာထြန္းက ၀င္ေရာက္ ဟန္႔တားသျဖင့္ မသာယာထြန္း ကုိလည္း ဓားျဖင့္ထပ္မံထုိးခဲ့ရာ လဲက်သြားရာ မေသေသးသျဖင့္ ေနအိမ္မီးဖုိေခ်ာင္ရွိ အသားခုတ္ စတီးဓားယူၿပီး မသာယာထြန္း၏ ဦးေခါင္းကုိ ထပ္မံခုတ္ခဲ့သျဖင့္ ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ သည္။

ေနအိမ္ရွိသူအားလုံးေသဆုံး သြားၿပီးေနာက္ က်ပ္ေလးသိန္း၊ ေရႊထည္ပစၥည္းမ်ား၊ လက္ပ္ ေတာ့၊ လက္ကုိင္ဖုန္းႏွင့္ ေမာ္ ေတာ္ကားေသာ့ယူေဆာင္ကာ ေနအိမ္တံခါးကုိ အျပင္မွေသာ့ ခတ္ခဲ့ၿပီး ဇြဲလင္းထက္သည္မေက သီလႈိင္စီးနင္းအသုံးျပဳသည့္ကား ကုိ ေမာင္းႏွင္ထြက္ေျပးသြား ေၾကာင္း ေပၚေပါက္ခဲ့သည္။

ျပစ္မႈက်ဴးလြန္ရာတြင္ အ သုံးျပဳသည့္ အသားခုတ္စတီးဓား ကုိ သိမ္းဆည္းရရွိထားၿပီး အခင္း ျဖစ္စဥ္အသုံးျပဳခဲ့သည့္ ဓားဦးခြၽန္ သည္ ေရႊျပည္သာၿမိဳ႕နယ္သံဒင္း ေခ်ာင္းအတြင္း လႊင့္ပစ္ခဲ့ေၾကာင္း ဇြဲလင္းထက္က ထြက္ဆုိခဲ့သည္။

ဇြဲလင္းထက္ယူေဆာင္ ေမာင္းႏွင္သြားေသာ Wish အမ်ိဳး အစားေမာ္ေတာ္ယာဥ္ကုိ သူငယ္ ခ်င္း ေက်ာ္ဇင္ထုိက္ေနထုိင္သည့္ လွည္းကူးၿမိဳ႕နယ္ စခန္းႀကီးေက်းရြာရွိ ေနအိမ္တြင္ထားခဲ့ေၾကာင္း ထြက္ဆုိသျဖင့္ ရဲတပ္ဖြဲ႕က  သြားေရာက္သိမ္းဆည္းခဲ့သည္။

ထုိ႔အျပင္ ၎ယူေဆာင္ သြားေသာ ေရႊထည္ပစၥည္းမ်ားကုိ လည္း ဇနီးႏွင့္မိခင္တို႔ထံ အပ္ႏွံထားေၾကာင္း ထြက္ဆုိခ်က္အရ ၎တို႔ေနထုိင္သည့္ ေရႊျပည္သာၿမိဳ႕နယ္ (၁၉)ရပ္ကြက္ရွိ ေနအိမ္သုိ႔သြားေရာက္ရွာေဖြ သိမ္းဆည္းခ့ဲသည္။

ဇြဲလင္းထက္၏ မိခင္က ေရႊျပည္သာၿမိဳ႕နယ္အတြင္းရွိ ေရႊဆုိင္ႏွင့္အေပါင္ဆုိင္မ်ားတြင္ ေရာင္းခ်ေပါင္ႏွံထားေၾကာင္း ေပၚေပါက္သျဖင့္ အဆုိပါေရႊ ထည္ပစၥည္းမ်ားကုိ ေရာင္းခ် ေပါင္ႏွံထားေသာ ေနရာမ်ားမွ ထပ္မံသိမ္းဆည္းရမိခဲ့သည္။ ထုိ႔ အျပင္ ေသဆုံးသူမေကသီလိႈင္ ကုိင္ေဆာင္ေသာ i Phone တစ္ လုံး၊ ေရွာင္းမီအမ်ိဳးအစားလက္ ကိုင္ဖုန္းတစ္လုံးႏွင့္ ပါ၀ါဘဏ္ ႏွစ္ခုတို႔ကုိလည္း ဇြဲလင္းထက္၏ ဇနီးထံမွ ရဲတပ္ဖြဲ႕က ထပ္မံသိမ္း ဆည္းခဲ့သည္။

အခင္းျဖစ္တိုက္ခန္းေသာ့ တြဲႏွင့္ ေသဆုံးသူမေကသီလႈိင္၏ ေနအိမ္ေရွ႕တြင္ ရပ္ထားေသာ RAV-4 ေမာ္ေတာ္ယာဥ္၏ ေသာ့ တို႔ကုိ သိမ္းဆည္းရရွိခဲ့သည္။ ထုိ႔ အျပင္ အမႈမွ သက္ေသခံလက္ပ္ ေတာ့ႏွစ္လုံးကိုလည္း ေရာင္းခ် ထားသည့္ မရမ္းကုန္းၿမိဳ႕နယ္ (၂) ရပ္ကြက္ သမိုင္းဘူတာ႐ုံလမ္းရွိ အေရာင္းဆိုင္မွ ရဲတပ္ဖြဲ႕က သိမ္း ဆည္းခဲ့သည္။

မေကသီလႈိင္၏ ခင္ပြန္းျဖစ္ သူသည္လိမ္လည္မႈပုဒ္မ ၄၂၀ ျဖင့္ အင္းစိန္ေထာင္တြင္ ေထာင္ ဒဏ္သုံးလက်ခံေနရၿပီး ႏုိ၀င္ဘာ ၁၇ ရက္(ယေန႔တြင္)ျပန္လည္ လြတ္ေျမာက္လာမည္ ျဖစ္ ေၾကာင္း အေနာက္ပိုင္းခ႐ိုင္ရဲ တပ္ဖြဲ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦး က ေျပာသည္။

ေသဆုံးသူအေလာင္းမ်ား ကုိ ႏုိ၀င္ဘာ ၁၅ ရက္ည ၈ နာရီခန္႔တြင္ စတင္ေတြ႕ရွိခဲ့ၿပီး ႏုိ၀င္ဘာ ၁၆ ရက္ နံနက္ ၃ နာရီေက်ာ္မွ စစ္ေဆးသယ္ေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာသည္။ ဇြဲလင္းထက္သည္ မေကသီလႈိင္၏ ဖုန္းမွတစ္ဆင့္ရင္းႏီွးသူအခ်ိဳ႕ကုိ မက္ေဆ့ခ်္ပုိ႔ကာ မေကသီလႈိင္မေသေသးသည့္ပုံစံမ်ိဳး ဟန္ေဆာင္ခဲ့ေၾကာင္း  မိသားစုႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

‘‘သူဇာတ္လမ္းဆင္လိမ္ေန တာကုိ အကုန္လုံးက ယုံၿပီးေနေန ရင္း အခုလုိအိမ္ထဲက အေလာင္း ေတြေတြ႕တယ္လည္းဆုိေရာအား လုံးက လန္႔သြားတာ’’ ဟု ေသဆုံး သူမိသားစုႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။ ထုိ႔အျပင္ အခင္းျဖစ္ ပြားသည့္ေန႔က အဆိုပါတုိက္ခန္း အတြင္းမွ ေအာ္ဟစ္ဆူညံသံတစ္ စုံတစ္ရာၾကားျခင္းမ်ိဳးမရွိဘဲ အ ခန္းအတြင္းမွ အရည္မ်ားက်လာ ၿပီး အပုပ္နံ႔မ်ားရရွိမွသာ ပတ္၀န္း က်င္ကသိရွိေၾကာင္း အခင္းျဖစ္ တိုက္ခန္းအနီးေနထိုင္သူအခ်ိဳ႕ က ေျပာသည္။

သုံးေလာင္းၿပိဳင္လူသတ္မႈ ကုိ ရဲတပ္ဖြဲ႕က Yangon Police ေဖ့စ္ဘြတ္ခ္တြင္တင္ခဲ့ရာ လူစိတ္ ၀င္စားမႈမ်ားျပားခဲ့သည္။ မွတ္ ခ်က္၀င္ေရာက္ေရးသားေမးျမန္း မႈမ်ားလည္း ရွိခဲ့ရာ ေမးခြန္းအခ်ိဳ႕ ကုိ ရဲတပ္ဖြဲ႕ကျပန္လည္အေျဖ ေပးခဲ့သည္။

ေမးျမန္းမႈမ်ားအရ မေကသီ လႈိင္၏ အႀကီးဆုံးသမီးလြတ္ ေျမာက္သြားမႈကုိေမးခြန္းထုတ္ရာ ‘‘သမီးအႀကီးမေလး မသံသာထြန္း က ေကာင္းမြန္စြာရွိပါတယ္။ ေက်ာင္းတက္ေနတာပါ။ ျပစ္မႈ က်ဴးလြန္သူက ၎မိခင္၏ လက္ကုိင္ဖုန္းအား ယူေဆာင္၍ မိခင္ျဖစ္သူအေနျဖင့္ မက္ေဆ့ခ်္မ်ား လိမ္လည္၍ပုိ႔ထားသျဖင့္ အိမ္သုိ႔ ျပန္မလာျခင္းျဖစ္ပါတယ္’’ ဟု ရဲတပ္ဖြဲ႕က  အေျဖေပးသည္။

စိတ္၀င္စားဖြယ္မွတ္ခ်က္ တစ္ခုမွာ Soe Myint Lwin အ ေကာင့္မွ ‘‘အေလာင္းမ်ားေတြ႕ရွိ ခ်ိန္မွာ လူသတ္တရားခံဇြဲလင္း ထက္ကုိ ဘယ္သူမွျဖန္႔ၾကက္ၿပီး မရွာေဖြရေသးပါဘူး။ ကြၽန္ေတာ္ ကုိယ္တိုင္သူရွိတဲ့ေနရာကုိ ဆက္ သြယ္ရွာေဖြၿပီး ခ်က္ခ်င္းသြား ေရာက္ေခၚေဆာင္၍ လႈိင္ၿမိဳ႕နယ္ ရဲစခန္း၀င္းထဲထိ ပုိ႔ေဆာင္ေပးခဲ့ တာပါ။ ကြၽန္ေတာ္ကုိယ္တိုင္ လည္း ရဲစခန္းတြင္မုိးလင္းေပါက္ နီးပါး ကူညီထြက္ဆုိေနခဲ့ပါတယ္။ သတင္းတင္ရင္ ျပည့္စုံမွန္ကန္စြာ တင္ပါလုိ႔ ေမတၱာရပ္ခံအႀကံျပဳ ပါရေစ Yangon Police ခင္ဗ်’’ ဟု ေရးသားခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ကလေးတစ်ဦးအပါအ ဝင် မိန်းကလေးသုံးဦးအသတ်ခံရ သည့် သုံးလောင်းပြိုင်လူသတ်မှု ကို သိရှိပြီး နာရီပိုင်းအတွင်းဖော် ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၅ ရက်ညတွင် လှိုင်သီရိအိမ်ရာ တိုက်(၃)ရှိ အ ပြင်ဘက်မှ တံခါးသော့ခတ်ပိတ်ထားသည့်အခန်းတစ်ခန်း၌ လှေကားထိပ်တွင် အပုပ်နံ့ထွက်နေသည့် အဝါရောင်အရည်များ ကျဆင်းနေကြောင်း တွေ့ရှိရသဖြင့် အနီးတိုက်ခန်းနေသူကသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့်ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ သုံးလောင်းပြိုင်လူသတ်မှုကို သိရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ် ပေါက်မှုအရ လူသတ်မှုဖြစ်ပွား ပြီး တစ်ပတ်ခန့်အကြာမှသာ လူသတ်မှုကို သိရှိခဲ့သည်။

‘‘သူတို့ ဒီကိုပြောင်းလာတာ တော့ လေးငါးနှစ်လောက်ရှိပြီ။ သာရေးနာရေးမှာလည်း ကူညီမှု ရှိတယ်။ အိမ်ပြင်ထားတာတောင် မှ သုံးလလောက်ပဲရှိသေးတယ်။ အရည်တွေထွက်ပြီး ပုပ်စော်နံ လာလို့ရဲစခန်းအကြောင်းကြား လိုက်တာပါ’’ ဟု အဆိုပါတိုက် တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး က ပြောသည်။

တာဝန်ရှိသူများ ရောက်ရှိ လာပြီး တိုက်ခန်းပိုင်ရှင်များထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်း ကြားသော်လည်း ဆက်သွယ် မရသဖြင့် အခန်းတံခါးသော့ ဖျက်၍ ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ နေအိမ်အတွင်းတိုက်ခန်း ကြမ်းပြင်ပေါ်တွင် အသက် (၄၀)နှစ်အရွယ် မကေသီလှိုင်နှင့် ၎င်း၏သမီးမသာယာထွန်း(၉) နှစ်တို့မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

ထို့အပြင် အိပ်ခန်းအဝင်ဝတွင် ၎င်းတို့စားသောက်ဆိုင်မှ အသက် (၂၅)နှစ်အရွယ် အလုပ်သမားဖြစ်သူ မအေးမာဦးသည်လည်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သူကို ဖမ်း ဆီးရမိရေး ရဲတပ်ဖွဲ့ကစုံစမ်းခဲ့ရာ သေဆုံးသူမကေသီလှိုင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသော စားသောက်ဆိုင်မှ ဝန်ထမ်းဇွဲလင်းထက်၏ လက်တွင်ဓားဒဏ်ရာများရရှိထားကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့က ဇွဲလင်းထက်ကို ဖြန့်ကြက်ရှာဖွေရာ ၎င်းနေထိုင် သည့် ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက် နေအိမ်တွင်တွေ့ရှိပြီး ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

သို့သော် ဇွဲလင်းထက်က လက်တွင်ရရှိသည့်ဒဏ်ရာသည် နိုဝင်ဘာ ၉ ရက်နံနက် ၇ နာရီခွဲ တွင် မကေသီလှိုင်နှင့်အတူ လှိုင်သီရိအိမ်ရာမှ တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်းတို့ အလုပ်လုပ်ကိုင်သည့် စားသောက်ဆိုင်သို့ Wish မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် RC2 ဝင်းအတွင်း Crown အမျိုးအစားယာဉ်နှစ်စီး မှ ရှေ့နောက်ပိတ်ရပ်ပြီး ဓားကိုင် ဆောင်လာသူအမျိုးသားတစ်ဦး ဆင်းလာကာ  မကေသီလှိုင်ကို ဓားဖြင့်ထိုးသဖြင့် ၎င်းက တားဆီး ခဲ့ခြင်းကြောင့် လက်တွင်ဒဏ်ရာ များရရှိခဲ့ကြောင်း ထွက်ဆိုသည်။

၎င်းထွက်ဆိုသော အချက် များအတည်ပြုရန် မကေသီလှိုင် နှင့် မသင်္ကာသူဇွဲလင်းထက်တို့ သွားရောက်ခဲ့သည့် လမ်းတစ် လျှောက်ရှိ CCTV မှတ်တမ်းများ ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ မှန် ကန်မှုမရှိကြောင်း တွေ့ရှိရသ ဖြင့် ဇွဲလင်းထက်ကို ထပ်မံစစ် ဆေးရာ  အဆိုပါအမှုကို ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ပြစ်မှုကျူးလွန်ရသည့်အ ကြောင်းမှာ နိုဝင်ဘာ ၉ ရက် နံနက်စောစောတွင် ဇွဲလင်းထက် သည် မကေသီလှိုင်၏နေအိမ် တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာတိုးပေးရန်ကိစ္စပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေး နိုင်သေးကြောင်း ပြောဆိုရာမှ တစ်ယောက်တစ်ခွန်းစကားများ ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည်ဆို သည်။ ထို့နောက် မကေသီလှိုင်က အိပ်ခန်းအတွင်းသို့ ပြေးဝင်သွား စဉ် ဇွဲလင်းထက်ကလက်သီးဖြင့် လိုက်လံထိုးသဖြင့် မအေးမာဦးက နောက်ကလိုက်ဆွဲခဲ့ကြောင်း စစ် ချက်ကို ရဲတပ်ဖွဲ့ကထုတ်ပြန် သည်။မကေသီလှိုင်က အိပ်ခန်းအတွင်းရှိ ဓားဦးချွန်ယူပြီးထိုးမည်ပြုလုပ်သဖြင့် ဓားကိုလုယူကာ မကေသီလှိုင်ကို ထိုးခဲ့သည့်အပြင်မအေးမာဦးကိုလည်း ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ် နေစဉ် မကေသီလှိုင်၏သမီးဖြစ်  သူ မသာယာထွန်းက ဝင်ရောက် ဟန့်တားသဖြင့် မသာယာထွန်း ကိုလည်း ဓားဖြင့်ထပ်မံထိုးခဲ့ရာ လဲကျသွားရာ မသေသေးသဖြင့် နေအိမ်မီးဖိုချောင်ရှိ အသားခုတ် စတီးဓားယူပြီး မသာယာထွန်း၏ ဦးခေါင်းကို ထပ်မံခုတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန် သည်။

နေအိမ်ရှိသူအားလုံးသေဆုံး သွားပြီးနောက် ကျပ်လေးသိန်း၊ ရွှေထည်ပစ္စည်းများ၊ လက်ပ် တော့၊ လက်ကိုင်ဖုန်းနှင့် မော် တော်ကားသော့ယူဆောင်ကာ နေအိမ်တံခါးကို အပြင်မှသော့ ခတ်ခဲ့ပြီး ဇွဲလင်းထက်သည်မကေ သီလှိုင်စီးနင်းအသုံးပြုသည့်ကား ကို မောင်းနှင်ထွက်ပြေးသွား ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင် အ သုံးပြုသည့် အသားခုတ်စတီးဓား ကို သိမ်းဆည်းရရှိထားပြီး အခင်း ဖြစ်စဉ်အသုံးပြုခဲ့သည့် ဓားဦးချွန် သည် ရွှေပြည်သာမြို့နယ်သံဒင်း ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း ဇွဲလင်းထက်က ထွက်ဆိုခဲ့သည်။

ဇွဲလင်းထက်ယူဆောင် မောင်းနှင်သွားသော Wish အမျိုး အစားမော်တော်ယာဉ်ကို သူငယ် ချင်း ကျော်ဇင်ထိုက်နေထိုင်သည့် လှည်းကူးမြို့နယ် စခန်းကြီးကျေးရွာရှိ နေအိမ်တွင်ထားခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့က  သွားရောက်သိမ်းဆည်းခဲ့သည်။

ထို့အပြင် ၎င်းယူဆောင် သွားသော ရွှေထည်ပစ္စည်းများကို လည်း ဇနီးနှင့်မိခင်တို့ထံ အပ်နှံထားကြောင်း ထွက်ဆိုချက်အရ ၎င်းတို့နေထိုင်သည့် ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက်ရှိ နေအိမ်သို့သွားရောက်ရှာဖွေ သိမ်းဆည်းခဲ့သည်။

ဇွဲလင်းထက်၏ မိခင်က ရွှေပြည်သာမြို့နယ်အတွင်းရှိ ရွှေဆိုင်နှင့်အပေါင်ဆိုင်များတွင် ရောင်းချပေါင်နှံထားကြောင်း ပေါ်ပေါက်သဖြင့် အဆိုပါရွှေ ထည်ပစ္စည်းများကို ရောင်းချ ပေါင်နှံထားသော နေရာများမှ ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့ အပြင် သေဆုံးသူမကေသီလှိုင် ကိုင်ဆောင်သော i Phone တစ် လုံး၊ ရှောင်းမီအမျိုးအစားလက် ကိုင်ဖုန်းတစ်လုံးနှင့် ပါဝါဘဏ် နှစ်ခုတို့ကိုလည်း ဇွဲလင်းထက်၏ ဇနီးထံမှ ရဲတပ်ဖွဲ့က ထပ်မံသိမ်း ဆည်းခဲ့သည်။

အခင်းဖြစ်တိုက်ခန်းသော့ တွဲနှင့် သေဆုံးသူမကေသီလှိုင်၏ နေအိမ်ရှေ့တွင် ရပ်ထားသော RAV-4 မော်တော်ယာဉ်၏ သော့ တို့ကို သိမ်းဆည်းရရှိခဲ့သည်။ ထို့ အပြင် အမှုမှ သက်သေခံလက်ပ် တော့နှစ်လုံးကိုလည်း ရောင်းချ ထားသည့် မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက် သမိုင်းဘူတာရုံလမ်းရှိ အရောင်းဆိုင်မှ ရဲတပ်ဖွဲ့က သိမ်း ဆည်းခဲ့သည်။

မကေသီလှိုင်၏ ခင်ပွန်းဖြစ် သူသည်လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အင်းစိန်ထောင်တွင် ထောင် ဒဏ်သုံးလကျခံနေရပြီး နိုဝင်ဘာ ၁၇ ရက်(ယနေ့တွင်)ပြန်လည် လွတ်မြောက်လာမည် ဖြစ် ကြောင်း အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး က ပြောသည်။

သေဆုံးသူအလောင်းများ ကို နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခန့်တွင် စတင်တွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက် နံနက် ၃ နာရီကျော်မှ စစ်ဆေးသယ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ ဇွဲလင်းထက်သည် မကေသီလှိုင်၏ ဖုန်းမှတစ်ဆင့်ရင်းနှီးသူအချို့ကို မက်ဆေ့ချ်ပို့ကာ မကေသီလှိုင်မသေသေးသည့်ပုံစံမျိုး ဟန်ဆောင်ခဲ့ကြောင်း  မိသားစုနှင့် နီးစပ်သူများက ပြောသည်။

‘‘သူဇာတ်လမ်းဆင်လိမ်နေ တာကို အကုန်လုံးက ယုံပြီးနေနေ ရင်း အခုလိုအိမ်ထဲက အလောင်း တွေတွေ့တယ်လည်းဆိုရောအား လုံးက လန့်သွားတာ’’ ဟု သေဆုံး သူမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် အခင်းဖြစ် ပွားသည့်နေ့က အဆိုပါတိုက်ခန်း အတွင်းမှ အော်ဟစ်ဆူညံသံတစ် စုံတစ်ရာကြားခြင်းမျိုးမရှိဘဲ အ ခန်းအတွင်းမှ အရည်များကျလာ ပြီး အပုပ်နံ့များရရှိမှသာ ပတ်ဝန်း ကျင်ကသိရှိကြောင်း အခင်းဖြစ် တိုက်ခန်းအနီးနေထိုင်သူအချို့ က ပြောသည်။

သုံးလောင်းပြိုင်လူသတ်မှု ကို ရဲတပ်ဖွဲ့က Yangon Police ဖေ့စ်ဘွတ်ခ်တွင်တင်ခဲ့ရာ လူစိတ် ဝင်စားမှုများပြားခဲ့သည်။ မှတ် ချက်ဝင်ရောက်ရေးသားမေးမြန်း မှုများလည်း ရှိခဲ့ရာ မေးခွန်းအချို့ ကို ရဲတပ်ဖွဲ့ကပြန်လည်အဖြေ ပေးခဲ့သည်။

မေးမြန်းမှုများအရ မကေသီ လှိုင်၏ အကြီးဆုံးသမီးလွတ် မြောက်သွားမှုကိုမေးခွန်းထုတ်ရာ ‘‘သမီးအကြီးမလေး မသံသာထွန်း က ကောင်းမွန်စွာရှိပါတယ်။ ကျောင်းတက်နေတာပါ။ ပြစ်မှု ကျူးလွန်သူက ၎င်းမိခင်၏ လက်ကိုင်ဖုန်းအား ယူဆောင်၍ မိခင်ဖြစ်သူအနေဖြင့် မက်ဆေ့ချ်များ လိမ်လည်၍ပို့ထားသဖြင့် အိမ်သို့ ပြန်မလာခြင်းဖြစ်ပါတယ်’’ ဟု ရဲတပ်ဖွဲ့က  အဖြေပေးသည်။

စိတ်ဝင်စားဖွယ်မှတ်ချက် တစ်ခုမှာ Soe Myint Lwin အ ကောင့်မှ ‘‘အလောင်းများတွေ့ရှိ ချိန်မှာ လူသတ်တရားခံဇွဲလင်း ထက်ကို ဘယ်သူမှဖြန့်ကြက်ပြီး မရှာဖွေရသေးပါဘူး။ ကျွန်တော် ကိုယ်တိုင်သူရှိတဲ့နေရာကို ဆက် သွယ်ရှာဖွေပြီး ချက်ချင်းသွား ရောက်ခေါ်ဆောင်၍ လှိုင်မြို့နယ် ရဲစခန်းဝင်းထဲထိ ပို့ဆောင်ပေးခဲ့ တာပါ။ ကျွန်တော်ကိုယ်တိုင် လည်း ရဲစခန်းတွင်မိုးလင်းပေါက် နီးပါး ကူညီထွက်ဆိုနေခဲ့ပါတယ်။ သတင်းတင်ရင် ပြည့်စုံမှန်ကန်စွာ တင်ပါလို့ မေတ္တာရပ်ခံအကြံပြု ပါရစေ Yangon Police ခင်ဗျ’’ ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top