ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမာၻေက်ာ္ ပန္းခ်ီဆရာ လီယိုနာဒိုဒါဗင္ခ်ီ ေရးဆြဲခဲ့တယ္လို႔ ယုံၾကည္ထားၾကတဲ့ ႏွစ္ ၅၀၀ သက္တမ္းရွိ ခရစ္ေတာ္ပန္းခ်ီကားဟာ နယူးေယာ့ခ္ၿမိဳ႕ ေလလံျပပြဲမွာ အေမရိကန္ေဒၚလာ သန္း ၄၅၀နဲ႔ စံခ်ိန္တင္ေလလံေအာင္ျမင္ခဲ့ပါတယ္။

Salvator Mundi (Saviour of the World-ကမာၻ႔ကယ္တင္ရွင္)လို႔ လူသိမ်ားတဲ့ ဒီပန္းခ်ီကားဟာ ေလလံျပပြဲမွာ ေဈးအမ်ားဆုံးရတဲ့ အႏုပညာလက္ရာ
ျဖစ္လာခဲ့ပါတယ္။ မိုနာလီဇာပန္းခ်ီကားကို ေရးဆြဲခဲ့တဲ့ လီယိုနာဒိုဒါဗင္ခ်ီဟာ ၁၅၁၉ ခုႏွစ္က ကြယ္လြန္ခဲ့ၿပီး ကမာၻေပၚမွာ က်န္ရစ္ခဲ့တဲ့ သူ႔လက္ရာ ဆီေဆးပန္းခ်ီကား ၂၀ ျပည့္ေအာင္မရွိပါဘူး။

၁၆၀၀ ျပည့္ႏွစ္တစ္ဝိုက္က အဂၤလန္ျပည့္ရွင္ ခ်ားလ္ဘုရင္(၁)ရဲ႕ လက္ေ႐ြးစင္ ပန္းခ်ီကားစုေဆာင္းမႈထဲ ပါဝင္ခဲ့ဖြယ္ရွိတဲ့ ဒီပန္းခ်ီကားဟာ ၁၉၅၈ ခုႏွစ္ လန္ဒန္ၿမိဳ႕ေလလံျပပြဲမွာ အေမရိကန္ေဒၚလာ ၆၀ နဲ႔ ေလလံေအာင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီပန္းခ်ီကားက ဒါဗင္ခ်ီရဲ႕လက္ရာမဟုတ္ဘူး၊ သူ႔တပည့္တစ္ေယာက္ ေရးဆြဲခဲ့တာလို႔ လူေတြ မွတ္ယူခဲ့ၾကၿပီး အခ်ိန္အေတာ္ၾကာ တိမ္ျမဳပ္ေနရာကေန ၂၀၀၅ ခုႏွစ္မွာ တစ္ေက်ာ့ျပန္ ေပၚလာခဲ့ပါတယ္။ အခုေလလံျပပြဲမတိုင္မီ ဒီပန္းခ်ီကားကို ႐ုရွားႏိုင္ငံက အႏုပညာပစၥည္း စုေဆာင္းသူက ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁၂၇.၅ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။

မိနစ္ ၂၀နီးပါး ၾကာျမင္တဲ့ ေလလံဆြဲမႈမွာ အမည္မေဖာ္လိုသူတစ္ဦးက ဖုန္းထဲကေန ေလလံဆြဲခဲ့တာျဖစ္ၿပီး ေနာက္ဆုံးေဈးအျဖစ္ အေမရိကန္ေဒၚလာ သန္း ၄၀၀ ေပးခဲ့တာေၾကာင့္ စုစုေပါင္းတန္ဖိုး
အေမရိကန္ေဒၚလာ ၄၅၀.၃ သန္း က်သင့္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရိုးရာေလး
#Unicode Version#


ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ ရေးဆွဲခဲ့တယ်လို့ ယုံကြည်ထားကြတဲ့ နှစ် ၅၀၀ သက်တမ်းရှိ ခရစ်တော်ပန်းချီကားဟာ နယူးယော့ခ်မြို့ လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀နဲ့ စံချိန်တင်လေလံအောင်မြင်ခဲ့ပါတယ်။

Salvator Mundi (Saviour of the World-ကမ္ဘာ့ကယ်တင်ရှင်)လို့ လူသိများတဲ့ ဒီပန်းချီကားဟာ လေလံပြပွဲမှာ ဈေးအများဆုံးရတဲ့ အနုပညာလက်ရာ
ဖြစ်လာခဲ့ပါတယ်။ မိုနာလီဇာပန်းချီကားကို ရေးဆွဲခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီဟာ ၁၅၁၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ကမ္ဘာပေါ်မှာ ကျန်ရစ်ခဲ့တဲ့ သူ့လက်ရာ ဆီဆေးပန်းချီကား ၂၀ ပြည့်အောင်မရှိပါဘူး။

၁၆၀၀ ပြည့်နှစ်တစ်ဝိုက်က အင်္ဂလန်ပြည့်ရှင် ချားလ်ဘုရင်(၁)ရဲ့ လက်ရွေးစင် ပန်းချီကားစုဆောင်းမှုထဲ ပါဝင်ခဲ့ဖွယ်ရှိတဲ့ ဒီပန်းချီကားဟာ ၁၉၅၈ ခုနှစ် လန်ဒန်မြို့လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ ၆၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီပန်းချီကားက ဒါဗင်ချီရဲ့လက်ရာမဟုတ်ဘူး၊ သူ့တပည့်တစ်ယောက် ရေးဆွဲခဲ့တာလို့ လူတွေ မှတ်ယူခဲ့ကြပြီး အချိန်အတော်ကြာ တိမ်မြုပ်နေရာကနေ ၂၀၀၅ ခုနှစ်မှာ တစ်ကျော့ပြန် ပေါ်လာခဲ့ပါတယ်။ အခုလေလံပြပွဲမတိုင်မီ ဒီပန်းချီကားကို ရုရှားနိုင်ငံက အနုပညာပစ္စည်း စုဆောင်းသူက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၇.၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

မိနစ် ၂၀နီးပါး ကြာမြင်တဲ့ လေလံဆွဲမှုမှာ အမည်မဖော်လိုသူတစ်ဦးက ဖုန်းထဲကနေ လေလံဆွဲခဲ့တာဖြစ်ပြီး နောက်ဆုံးဈေးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးခဲ့တာကြောင့် စုစုပေါင်းတန်ဖိုး
အမေရိကန်ဒေါ်လာ ၄၅၀.၃ သန်း ကျသင့်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရိုးရာလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top