Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယေန႔ ႏိုဝင္ဘာလ ၆ ရက္တြင္ ဘိုကေလးၿမိဳ႕၊ ကမ္းနားလမ္းရိွ ပုဂၢလိကပိုင္ စက္သံုးဆီ ဆီဂိုေဒါင္မီးေလာင္မွဳ ျဖစ္ပြားခဲ႔ၿပီး ေန႔လည္ ၁ နာရီတြင္ မီးၿငိမ္းသတ္ႏိုင္ခ့ဲၿပီးျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး၊ မီးသတ္ဦးစီးဌာနမွ သိရိွရသည္။

ယေန႔ ႏိုဝင္ဘာလ ၆ ရက္တြင္ ေန႔လည္ ၁၁း၂၀ အခ်ိန္ခန္႔တြင္ ၊ ဧရာ၀တီတုိင္းေဒသႀကီး၊ ဖ်ာပံုခရိုင္၊ ဘုိကေလးျမဳိ႕နယ္ ၊ အမွတ္ (၁)ရပ္ကြက္ ၊ ေရႊငါးႀကီးဂိတ္တြင္ စက္သံုးဆီ ဆီဂုိေဒါင္ မီးေလာင္မႈျဖစ္ပြားခ့ဲျခင္း ျဖစ္သည္။

အဆိုပါ မီးေလာင္မႈသည္ ၁ နာရီ ၄၀ မိနစ္ၾကာ ေလာင္ကၽြမ္းခဲ႔ျခင္းျဖစ္ၿပီး ဆီဂိုေဒါင္အနီးရွိ ေနအိမ္အခ်ဳိ႕ပါ မီးေလာင္ကၽြမ္းခံခဲ့ရသည္။

"အိမ္က ကြၽန္ေတာ္ၾကားတာ ဆယ္လုံးေလာက္မီးေလာင္တယ္လို႔ၾကားရတယ္" ဟု ဘိုကေလးၿမိဳ႕နယ္ တိုင္းေဒသႀကီးကိုယ္စားလွယ္ဦးေအာင္ခင္ဗိုလ္က မဇၩိမသုိ႔ေျပာသည္။

လက္ရွိတြင္ မီးစတင္ေလာင္ကြၽမ္းမွဳႏွင့္ဆုံး႐ွံဳးမွဳတန္ဖိုးအား သက္ဆိုင္ရာမွ စုံစမ္းေနၿပီး၊မီးေလာင္မႈ ျဖစ္ပြားသည့္ ဘိုကေလးၿမိဳ႕နယ္သို႔ နယ္စပ္လုံျခံဳေရးဝန္ႀကီးႏွင့္တိုင္းမီးသတ္ဦးစီးမွဴးတို႔ သြားေရာက္စစ္ေဆးခဲ႔သည္။

အဆိုပါ မီးေလာင္မႈသို႔ ဘုိကေလးျမဳိ႕နယ္ မီးသတ္ စခန္းမွ မီးသတ္ယာဥ္ (၄)စီး၊ ဖ်ာပုံၿမိဳ႕နယ္ မီးသတ္ စခန္းမွ မီးသတ္ယာဥ္ (၂)စီး၊ က်ိဳက္လတ္ျမဳိ႕နယ္ မီးသတ္ စခန္းမွ မီးသတ္ယာဥ္ (၂)စီး၊ ေဒးဒရဲၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၂)စီး၊ က်ိဳက္ ပိနယ္ေျမမီးသတ္စခန္းမွ မီးသတ္ယာဥ္ (၁)စီး၊ ေမာ္ကြၽန္းၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ ယာဥ္ (၁)စီး၊ ဘိုကေလးအရန္မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၃)စီး၊ စုစုေပါင္း မီးသတ္ယာဥ္ (၁၅)စီး ထြက္ခြာျငႇိမ္ းသတ္ခ့ဲရေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ ပုဂ္ဂလိကပိုင် စက်သုံးဆီ ဆီဂိုဒေါင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေ့လည် ၁ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် နေ့လည် ၁၁း၂၀ အချိန်ခန့်တွင် ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ အမှတ် (၁)ရပ်ကွက် ၊ ရွှေငါးကြီးဂိတ်တွင် စက်သုံးဆီ ဆီဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုသည် ၁ နာရီ ၄၀ မိနစ်ကြာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆီဂိုဒေါင်အနီးရှိ နေအိမ်အချို့ပါ မီးလောင်ကျွမ်းခံခဲ့ရသည်။

"အိမ်က ကျွန်တော်ကြားတာ ဆယ်လုံးလောက်မီးလောင်တယ်လို့ကြားရတယ်" ဟု ဘိုကလေးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးအောင်ခင်ဗိုလ်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းမှုနှင့်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စုံစမ်းနေပြီး၊မီးလောင်မှု ဖြစ်ပွားသည့် ဘိုကလေးမြို့နယ်သို့ နယ်စပ်လုံခြုံရေးဝန်ကြီးနှင့်တိုင်းမီးသတ်ဦးစီးမှူးတို့ သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ မီးလောင်မှုသို့ ဘိုကလေးမြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် (၄)စီး၊ ဖျာပုံမြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျိုက်လတ်မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ဒေးဒရဲမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျိုက် ပိနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ မော်ကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ် (၁)စီး၊ ဘိုကလေးအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၅)စီး ထွက်ခွာငြှိမ် းသတ်ခဲ့ရကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top