Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သင့္သူငယ္ခ်င္းေတြထဲမွာျဖစ္ေစ၊ သင္ကိုယ္တိုင္ျဖစ္ေစ မ်က္မွန္ပါမွ ရွင္းရွင္းလင္းလင္းျမင္ရသူ၊ မရွိမျဖစ္မ်က္မွန္လိုအပ္သူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ မ်က္မွန္တပ္ရသူေတြဟာ ရယ္ရမလို ငိုရမလိုအျဖစ္ေတြကိုမၾကာခဏျဖစ္ေနတတ္တဲ့သူေတြပါ။ မ်က္မွန္သမားတို႔ရဲ႕ ဒုကၡေလးေတြကေတာ့

(၁) သူတို႔ဟာ မ်က္မွန္အတပ္လိုက္ႀကီးနဲ႔ ေဘးတေစာင္းလွဲအိပ္လို႔အဆင္မေျပပါဘူး။

(၂) ေကာ္ဖီပူပူ၊ ေခါက္ဆြဲျပဳတ္ပူပူ နဲ႔အျခားပူပူေလာင္ေလာင္ အေငြ႕႐ိုက္တတ္တဲ့အစားအစာေတြက သူတို႔ရဲ႕ အျမင္ကိုေဝဝါးသြားေစႏိုင္ပါတယ္။

(၃) မ်က္မွန္ခြ်တ္လိုက္လွ်င္လည္း မ်က္မွန္အရာႀကီးက ႐ုပ္ဆိုးပန္းဆိုးက်န္ေနတတ္ပါေသးတယ္။

(၄) တစ္အိမ္လုံး၊ တစ္႐ုံးလုံး ေနရာလပ္မက်န္ေအာင္ ပတ္ရွာၿပီး မေတြ႕တဲ့မ်က္မွန္ဟာ သူတို႔ေခါင္းေပၚေရာက္ေနရင္ အရမ္းစိတ္ဆိုးၿပီး ငိုရခက္ရီရခက္ျဖစ္တတ္ၾကပါတယ္။

(၅) မ်က္မွန္စတပ္ခ်ိန္ကစလို႔ Len cleanser ဆိုတာသူတို႔ရဲ႕ ဘယ္သြားသြား မပါမျဖစ္တဲ့အရာတစ္ခုျဖစ္လာပါတယ္။

(၆) မိုးရြာရင္ေတာ့ မ်က္မွန္သမားတို႔ဘဝက ျပတင္းေပါက္ေဘးနားအလိုလိုေရာက္ေနသလိုပါ။

(၇) မ်က္မွန္မရွိမျဖစ္ပါကိုပါမွ ျမင္ရတဲ့သူေတြ တစ္ေယာက္တည္းရွိေနတဲ့အခ်ိန္ မ်က္မွန္ေပ်ာက္ရင္ ဒုကၡနဲ႔လွလွေတြ႕တာပါ။

(၈) ပဲမ်ားၿပီး ေနကာမ်က္မွန္တပ္မယ္ဆိုလွ်င္ေတာင္ ေအာက္ကမ်က္မွန္တစ္ထပ္ပါတာ ေလးလုံးတို႔ဘဝပါ။

ဒုကၡေတြမ်ားေပမယ့္လည္း မ်က္မွန္ေလးနဲ႔ဆို ၾကည့္ေကာင္းတာႏွစ္ေယာက္မရွိတာကလည္း ေလးလုံးေလးေတြပဲျဖစ္ပါတယ္။

🤓မ်က္မွန္တပ္သူေတြကိုပိုၿပီးခ်စ္ခင္ၾကင္နာပါ 🤓

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္ျမတ္ႏိုးေဝ(ပစ္တိုင္းေထာင္)

# Unicode Version ျဖင့္ ဖတ္ပါ #

သင့်သူငယ်ချင်းတွေထဲမှာဖြစ်စေ၊ သင်ကိုယ်တိုင်ဖြစ်စေ မျက်မှန်ပါမှ ရှင်းရှင်းလင်းလင်းမြင်ရသူ၊ မရှိမဖြစ်မျက်မှန်လိုအပ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မျက်မှန်တပ်ရသူတွေဟာ ရယ်ရမလို ငိုရမလိုအဖြစ်တွေကိုမကြာခဏဖြစ်နေတတ်တဲ့သူတွေပါ။ မျက်မှန်သမားတို့ရဲ့ ဒုက္ခလေးတွေကတော့

(၁) သူတို့ဟာ မျက်မှန်အတပ်လိုက်ကြီးနဲ့ ဘေးတစောင်းလှဲအိပ်လို့အဆင်မပြေပါဘူး။

(၂) ကော်ဖီပူပူ၊ ခေါက်ဆွဲပြုတ်ပူပူ နဲ့အခြားပူပူလောင်လောင် အငွေ့ရိုက်တတ်တဲ့အစားအစာတွေက သူတို့ရဲ့ အမြင်ကိုဝေဝါးသွားစေနိုင်ပါတယ်။

(၃) မျက်မှန်ချွတ်လိုက်လျှင်လည်း မျက်မှန်အရာကြီးက ရုပ်ဆိုးပန်းဆိုးကျန်နေတတ်ပါသေးတယ်။

(၄) တစ်အိမ်လုံး၊ တစ်ရုံးလုံး နေရာလပ်မကျန်အောင် ပတ်ရှာပြီး မတွေ့တဲ့မျက်မှန်ဟာ သူတို့ခေါင်းပေါ်ရောက်နေရင် အရမ်းစိတ်ဆိုးပြီး ငိုရခက်ရီရခက်ဖြစ်တတ်ကြပါတယ်။

(၅) မျက်မှန်စတပ်ချိန်ကစလို့ Len cleanser ဆိုတာသူတို့ရဲ့ ဘယ်သွားသွား မပါမဖြစ်တဲ့အရာတစ်ခုဖြစ်လာပါတယ်။

(၆) မိုးရွာရင်တော့ မျက်မှန်သမားတို့ဘဝက ပြတင်းပေါက်ဘေးနားအလိုလိုရောက်နေသလိုပါ။

(၇) မျက်မှန်မရှိမဖြစ်ပါကိုပါမှ မြင်ရတဲ့သူတွေ တစ်ယောက်တည်းရှိနေတဲ့အချိန် မျက်မှန်ပျောက်ရင် ဒုက္ခနဲ့လှလှတွေ့တာပါ။

(၈) ပဲများပြီး နေကာမျက်မှန်တပ်မယ်ဆိုလျှင်တောင် အောက်ကမျက်မှန်တစ်ထပ်ပါတာ လေးလုံးတို့ဘဝပါ။

ဒုက္ခတွေများပေမယ့်လည်း မျက်မှန်လေးနဲ့ဆို ကြည့်ကောင်းတာနှစ်ယောက်မရှိတာကလည်း လေးလုံးလေးတွေပဲဖြစ်ပါတယ်။

🤓မျက်မှန်တပ်သူတွေကိုပိုပြီးချစ်ခင်ကြင်နာပါ 🤓

ဖိုးသူတော် (www.phothutaw.com)
Credit: သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top