Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျပတီဦးကေတာ့ သူတို႔ ေဖာင္ေဒးရွင္းကေန တာဝန္ယူေက်ာင္းထားေပးခဲ့တဲ့ ေဆးေက်ာင္းသားေလး ဆရာဝန္ျဖစ္သြားလို႔ ဝမ္းသာမဆုံးျဖစ္လို႔ေနပါတယ္။ သူအတြက္ အဲ့ဒီသတင္းေလး ၾကားရတာဟာ မဂၤလာရွိလိုက္တာဆိုၿပီးေတာ့ ေျပာထားပါတယ္။

အဲ့ဒီ ဆရာဝန္ေလးဟာ ဆရာဝန္ျဖစ္သြား ေပမယ့္ လည္း ေဖာင္ေဒးရွင္းကို အဆက္မျဖတ္ပဲ ေဖာင္ေဒးရွင္းကေန ဆရာဝန္ျဖစ္သြားတာကို ရွက္စရာလို႔ မျမင္ပဲ ဂုဏ္ယူေနတဲ့ ညီေလး အတြက္ ေျပတီဦးကေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ကေန ဆုေတြ ေပးထားသလို သူ႔အေၾကာင္းေလးလည္း ေရးထားပါေသးတယ္။

“ၾကားရတဲ့သတင္းကမဂၤလာရွိလိုက္တာ…ေဖာင္းေဒးရွင္းကတာဝန္ယူေပးခဲ့တဲ့ေဆးေက်ာင္းသား..

အခုေတာ့ ဆရာဝန္ျဖစ္ေနၿပီ ႏွစ္စဥ္ ေဖာင္ေဒးရွင္းႏွစ္ပတ္လည္ေတြ႕ဆုံပြဲေတြမွာ မျပည့္စုံတာ ရွက္စရာမဟုတ္တဲ့အေၾကာင္း…

အခက္အခဲၾကားထဲက ေအာင္ျမင္ေအာင္ႀကိဳးစားႏိုင္တာက ပိုတန္ဘိုးရွိေၾကာင္း..သူ႔ဘဝ ဘယ္ေလာက္ထိ မျပည့္စုံမႈေတြနဲ႔ ႀကိဳးစားခဲ့ရေၾကာင္း ေဖာင္ေဒးရွင္းက သူ႔ရဲ႕ ဂ်ဴနီယာ ကေလးေတြကို အၿမဲေျပာျပတတ္တဲ့သူ…

အခုေတာ့ၾကည့္ပါဦး တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ကို ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္တာဝန္နဲ႔ သြားေနရတယ္တဲ့…ၾကည္ႏူးၿပီးဝမ္းသာလိုက္တာေလ.။

ဒါ့အျပင္ ႏိုင္ငံအတြက္ ပရဟိတ လုပ္ငန္းေတြလည္း အမ်ားႀကီးလုပ္ေနတာေတြ ၾကားသိေနရတယ္…

ဆရာဝန္ျဖစ္သြားေပမယ့္ ေဖာင္ေဒးရွင္းကို အဆက္မျဖတ္ပဲ…ေဖာင္ေဒးရွင္းကေန ဆရာဝန္ျဖစ္သြားတာကို ရွက္စရာ မဟုတ္ပဲ ဂုဏ္ယူစရာလို႔ ခံယူႏိုင္တဲ့ ညီေလး..ဘဝမွာ အဆေပါင္းမ်ားစြာ ေအာင္ျမင္တိုးတက္ပါေစ….ႏိုင္ငံအက်ိဳးကို အမ်ားႀကီးထမ္းေဆာင္ႏိုင္တဲ့သူျဖစ္ပါေစ….”ဆိုၿပီး ေျပာထားတာ

အဲ့ဒီ ညီေလးအတြက္ ေျပတီဦးကလည္း ဂုဏ္ယူလို႔ေနပါတယ္။

ေျပတီဦးေဖာင္ေဒးရွင္းကို ေငြက်ပ္(၁၀)သန္းနဲ႔ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ေျပတီဦးေဖာင္ေဒးရွင္းရဲ႕ ရန္ပုံေငြပြဲကိုလည္း ၂၀၁၁ခုႏွစ္ ဒီဇင္ဘာ(၄)ရက္ေန႔က သုဝဏၰမိုးလုံေလလုံ အားကစားကြင္းမွာ အႏုပညာရွင္ေတြမ်ားစြာနဲ႔ က်င္းပခဲ့ပါတယ္။

ႏွစ္စဥ္ေဆးတကၠသိုလ္၊ စက္မႈတကၠသိုလ္ အတြက္ ေက်ာင္းသားေက်ာင္းသူမ်ားကို ေထာက္ပံ့ေၾကး ေပးလ်က္ရွိရာ ယခုႏွစ္ ၂၀၁၇-၂၀၁၈ ပညာႏွစ္အတြက္ကိုလည္း ေဖာင္ေဒးရွင္း က ေထာက္ပံ့မယ့္ ေက်ာင္းသားေက်ာင္းသူမ်ားကို အၿပီးသတ္ေ႐ြးခ်ယ္ေပးခဲ့ၿပီးၿပီလို႔ သိရပါတယ္။ ေဆးတကၠသိုလ္အတြက္ (၆)ဦး စက္မႈတကၠသိုလ္ (၅)ဦးနဲ႔ ဥပေဒအတြက္(၁)ဦးတို႔ ဆိုၿပီးေတာ့ ေ႐ြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပြေတီဦးကတော့ သူတို့ ဖောင်ဒေးရှင်းကနေ တာဝန်ယူကျောင်းထားပေးခဲ့တဲ့ ဆေးကျောင်းသားလေး ဆရာဝန်ဖြစ်သွားလို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ သူအတွက် အဲ့ဒီသတင်းလေး ကြားရတာဟာ မင်္ဂလာရှိလိုက်တာဆိုပြီးတော့ ပြောထားပါတယ်။

အဲ့ဒီ ဆရာဝန်လေးဟာ ဆရာဝန်ဖြစ်သွား ပေမယ့် လည်း ဖောင်ဒေးရှင်းကို အဆက်မဖြတ်ပဲ ဖောင်ဒေးရှင်းကနေ ဆရာဝန်ဖြစ်သွားတာကို ရှက်စရာလို့ မမြင်ပဲ ဂုဏ်ယူနေတဲ့ ညီလေး အတွက် ပြေတီဦးကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ဆုတွေ ပေးထားသလို သူ့အကြောင်းလေးလည်း ရေးထားပါသေးတယ်။

“ကြားရတဲ့သတင်းကမင်္ဂလာရှိလိုက်တာ…ဖောင်းဒေးရှင်းကတာဝန်ယူပေးခဲ့တဲ့ဆေးကျောင်းသား..

အခုတော့ ဆရာဝန်ဖြစ်နေပြီ နှစ်စဉ် ဖောင်ဒေးရှင်းနှစ်ပတ်လည်တွေ့ဆုံပွဲတွေမှာ မပြည့်စုံတာ ရှက်စရာမဟုတ်တဲ့အကြောင်း…

အခက်အခဲကြားထဲက အောင်မြင်အောင်ကြိုးစားနိုင်တာက ပိုတန်ဘိုးရှိကြောင်း..သူ့ဘဝ ဘယ်လောက်ထိ မပြည့်စုံမှုတွေနဲ့ ကြိုးစားခဲ့ရကြောင်း ဖောင်ဒေးရှင်းက သူ့ရဲ့ ဂျူနီယာ ကလေးတွေကို အမြဲပြောပြတတ်တဲ့သူ…

အခုတော့ကြည့်ပါဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တာဝန်နဲ့ သွားနေရတယ်တဲ့…ကြည်နူးပြီးဝမ်းသာလိုက်တာလေ.။

ဒါ့အပြင် နိုင်ငံအတွက် ပရဟိတ လုပ်ငန်းတွေလည်း အများကြီးလုပ်နေတာတွေ ကြားသိနေရတယ်…

ဆရာဝန်ဖြစ်သွားပေမယ့် ဖောင်ဒေးရှင်းကို အဆက်မဖြတ်ပဲ…ဖောင်ဒေးရှင်းကနေ ဆရာဝန်ဖြစ်သွားတာကို ရှက်စရာ မဟုတ်ပဲ ဂုဏ်ယူစရာလို့ ခံယူနိုင်တဲ့ ညီလေး..ဘဝမှာ အဆပေါင်းများစွာ အောင်မြင်တိုးတက်ပါစေ….နိုင်ငံအကျိုးကို အများကြီးထမ်းဆောင်နိုင်တဲ့သူဖြစ်ပါစေ….”ဆိုပြီး ပြောထားတာ

အဲ့ဒီ ညီလေးအတွက် ပြေတီဦးကလည်း ဂုဏ်ယူလို့နေပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းကို ငွေကျပ်(၁၀)သန်းနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေပွဲကိုလည်း ၂၀၁၁ခုနှစ် ဒီဇင်ဘာ(၄)ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ အနုပညာရှင်တွေများစွာနဲ့ ကျင်းပခဲ့ပါတယ်။

နှစ်စဉ်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် အတွက် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက်ရှိရာ ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာနှစ်အတွက်ကိုလည်း ဖောင်ဒေးရှင်း က ထောက်ပံ့မယ့် ကျောင်းသားကျောင်းသူများကို အပြီးသတ်ရွေးချယ်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။ ဆေးတက္ကသိုလ်အတွက် (၆)ဦး စက်မှုတက္ကသိုလ် (၅)ဦးနဲ့ ဥပဒေအတွက်(၁)ဦးတို့ ဆိုပြီးတော့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top