Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရင့္က်က္တာနဲ႔ ဟန္ေဆာင္ေကာင္းတာနဲ႔ မတူဘူး။

ငယ္႐ြယ္တဲ့အခ်ိန္တုန္းကေတာ့ ရင့္က်က္တာေတြဆုိတာ နားမလည္ပါဘူး။ မိဘအရိပ္မွာပဲ ေပ်ာ္ေနခဲ့တာ။ အသက္ ၂၀ ေက်ာ္လာခ်ိန္မွာေတာ့ လုပ္ငန္းခြင္တဲ့ ဝင္ရၿပီ။ ကေလးဆုိးႀကီးလို လုပ္ေနလို႔ မရေတာ့ဘူး။ ရင့္က်က္ဖုိ႔ လိုလာၿပီေလ။ ရင့္က်က္တဲ့စိတ္ထားပိုင္႐ွင္ေတြဟာ ဒီလိုအမူအက်င့္ေတြ ႐ွိေနၾကတာကို ေတြ႔ရပါလိမ့္မယ္။

၁။ ေတာင္းပန္တတ္တယ္

ကိုယ့္ဂုဏ္ျဒပ္ေတြ မာနေတြကို မ်ိဳသိပ္ၿပီး သူနဲ႔ကိုယ့္ၾကားမွာ ပိုေကာင္းတဲ့ အေနအထားေလးျဖစ္ေအာင္ ေတာင္းပန္တတ္တယ္။  ကိုယ္မွားေနရင္ ကိုယ့္အမွားအတြက္ ေတာင္းပန္ဖုိ႔ ဝန္မေလးဘူး။ ဒီလိုနဲ႔ ေပါင္းသင္းဆက္ဆံေရးေတြဟာ ပိုမုိေျပလည္လာရပါတယ္။

၂။ သပ္သပ္ရပ္ရပ္ဝတ္စားေပမဲ့ အလွမမက္ေတာ့ဘူး

လုပ္ငန္းခြင္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ လွေနေအာင္၊ သပ္ရပ္ေက်ာ့႐ွင္းေနေအာင္ ျပင္တတ္ဆင္တတ္ဖုိ႔ လိုပါတယ္။ စမတ္က်က် ေနထိုင္ျခင္းဟာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ ရေစတယ္ေလ။ ဒါေပမဲ့ ရင့္က်က္ေနတဲ့ အမ်ိဳးသမီးတစ္ဦးအေနနဲ႔ကေတာ့ လွပေအာင္ ျပင္ဆင္ရင္ ျပင္ဆင္မယ္ အလွအပကို မမက္ေမာေတာ့ဘူး။ လိုတာထက္ပိုၿပီး အလွအပကို အာ႐ံုစိုက္မေနေတာ့ဘူး။ အဲ့ဒီအတြက္ ကုန္မယ့္ေငြေတြကို အက်ိဳး႐ွိေအာင္ သံုးတတ္လာတယ္ေလ။

၃။ ေမးခြန္းေတြထုတ္တယ္

စိတ္ဓာတ္ရင့္က်က္ေနသူေတြက ကိုယ့္ကိုယ္ကိုယ္လည္း ေမးခြန္းေတြထုတ္တယ္။ သူမ်ားေတြကိုလည္း ေမးခြန္းထုတ္တယ္။ ဘယ္အရာကိုမဆို ခ်င့္ခ်ိန္စဥ္းစားတယ္။ လုပ္သင့္ မလုပ္သင့္ အရင္ဆံုးစဥ္းစားၿပီးမွ ဆံုးျဖတ္ၾကတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း အၿမဲတမ္း ျပန္သံုးသပ္ၾကတယ္။

၄။ အမွန္အတုိင္းပဲထားတယ္

တခ်ိဳ႕ေတြကေျပာတယ္။ ရင့္က်က္တယ္ဆုိတာ ရင္ထဲမွာေသေလာက္ေအာင္မုန္းလည္း ဟန္ေဆာင္ျပံဳးတတ္လာတယ္တဲ့။ ရင့္က်က္တယ္ဆုိတာ ဟန္ေဆာင္တတ္တာ မဟုတ္ပါဘူးေနာ္။ မေကာင္းတဲ့အက်ိဳးဆက္ကို ႀကိဳျမင္ၿပီး ထိန္းခ်ဳပ္သင့္တာကို ထိန္းခ်ဳပ္တာသာ ျဖစ္ပါတယ္။ မလိုအပ္ဘဲနဲ႔ လိမ္ညာဟန္ေဆာင္တာမ်ိဳးမလုပ္ဘူး။ ကိုယ့္မွာျဖစ္တည္မႈေတြကိုလည္း အရွိကိုအရွိအတုိင္း လက္ခံတယ္။ သူမ်ားေတြကိုလည္း အဲ့လိုပဲ။

၅။ အၿမဲတမ္းေပ်ာ္မေနဘူး

ဒါကိုေတာ့ လက္ခံလိုက္ပါ။ တာဝန္ေတြ ဝတၱရားေတြကို သိတတ္လာသူအဖုိ႔ စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ဖုိ႔က ႐ွားသြားၿပီ။ သူမ်ားကိုလည္း ငဲ့ညႇာတတ္လာေတာ့ တစ္ကိုယ္ေကာင္းဆန္ဆန္ မေပ်ာ္ခ်င္ဘူး။ ၿပီးေတာ့ ဘဝပန္းတုိင္ေတြကလည္း ခ်မွတ္ထားေတာ့ အဲ့ဒီေနာက္ကိုလိုက္ရင္း ေမာပန္းေနရေတာ့တာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ရင့်ကျက်တာနဲ့ ဟန်ဆောင်ကောင်းတာနဲ့ မတူဘူး။

ငယ်ရွယ်တဲ့အချိန်တုန်းကတော့ ရင့်ကျက်တာတွေဆိုတာ နားမလည်ပါဘူး။ မိဘအရိပ်မှာပဲ ပျော်နေခဲ့တာ။ အသက် ၂၀ ကျော်လာချိန်မှာတော့ လုပ်ငန်းခွင်တဲ့ ဝင်ရပြီ။ ကလေးဆိုးကြီးလို လုပ်နေလို့ မရတော့ဘူး။ ရင့်ကျက်ဖို့ လိုလာပြီလေ။ ရင့်ကျက်တဲ့စိတ်ထားပိုင်ရှင်တွေဟာ ဒီလိုအမူအကျင့်တွေ ရှိနေကြတာကို တွေ့ရပါလိမ့်မယ်။

၁။ တောင်းပန်တတ်တယ်

ကိုယ့်ဂုဏ်ဒြပ်တွေ မာနတွေကို မျိုသိပ်ပြီး သူနဲ့ကိုယ့်ကြားမှာ ပိုကောင်းတဲ့ အနေအထားလေးဖြစ်အောင် တောင်းပန်တတ်တယ်။  ကိုယ်မှားနေရင် ကိုယ့်အမှားအတွက် တောင်းပန်ဖို့ ဝန်မလေးဘူး။ ဒီလိုနဲ့ ပေါင်းသင်းဆက်ဆံရေးတွေဟာ ပိုမိုပြေလည်လာရပါတယ်။

၂။ သပ်သပ်ရပ်ရပ်ဝတ်စားပေမဲ့ အလှမမက်တော့ဘူး

လုပ်ငန်းခွင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် လှနေအောင်၊ သပ်ရပ်ကျော့ရှင်းနေအောင် ပြင်တတ်ဆင်တတ်ဖို့ လိုပါတယ်။ စမတ်ကျကျ နေထိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရစေတယ်လေ။ ဒါပေမဲ့ ရင့်ကျက်နေတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ကတော့ လှပအောင် ပြင်ဆင်ရင် ပြင်ဆင်မယ် အလှအပကို မမက်မောတော့ဘူး။ လိုတာထက်ပိုပြီး အလှအပကို အာရုံစိုက်မနေတော့ဘူး။ အဲ့ဒီအတွက် ကုန်မယ့်ငွေတွေကို အကျိုးရှိအောင် သုံးတတ်လာတယ်လေ။

၃။ မေးခွန်းတွေထုတ်တယ်

စိတ်ဓာတ်ရင့်ကျက်နေသူတွေက ကိုယ့်ကိုယ်ကိုယ်လည်း မေးခွန်းတွေထုတ်တယ်။ သူများတွေကိုလည်း မေးခွန်းထုတ်တယ်။ ဘယ်အရာကိုမဆို ချင့်ချိန်စဉ်းစားတယ်။ လုပ်သင့် မလုပ်သင့် အရင်ဆုံးစဉ်းစားပြီးမှ ဆုံးဖြတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း ပြန်သုံးသပ်ကြတယ်။

၄။ အမှန်အတိုင်းပဲထားတယ်

တချို့တွေကပြောတယ်။ ရင့်ကျက်တယ်ဆိုတာ ရင်ထဲမှာသေလောက်အောင်မုန်းလည်း ဟန်ဆောင်ပြုံးတတ်လာတယ်တဲ့။ ရင့်ကျက်တယ်ဆိုတာ ဟန်ဆောင်တတ်တာ မဟုတ်ပါဘူးနော်။ မကောင်းတဲ့အကျိုးဆက်ကို ကြိုမြင်ပြီး ထိန်းချုပ်သင့်တာကို ထိန်းချုပ်တာသာ ဖြစ်ပါတယ်။ မလိုအပ်ဘဲနဲ့ လိမ်ညာဟန်ဆောင်တာမျိုးမလုပ်ဘူး။ ကိုယ့်မှာဖြစ်တည်မှုတွေကိုလည်း အရှိကိုအရှိအတိုင်း လက်ခံတယ်။ သူများတွေကိုလည်း အဲ့လိုပဲ။

၅။ အမြဲတမ်းပျော်မနေဘူး

ဒါကိုတော့ လက်ခံလိုက်ပါ။ တာဝန်တွေ ဝတ္တရားတွေကို သိတတ်လာသူအဖို့ စိတ်လွတ်ကိုယ်လွတ် ပျော်ဖို့က ရှားသွားပြီ။ သူများကိုလည်း ငဲ့ညှာတတ်လာတော့ တစ်ကိုယ်ကောင်းဆန်ဆန် မပျော်ချင်ဘူး။ ပြီးတော့ ဘဝပန်းတိုင်တွေကလည်း ချမှတ်ထားတော့ အဲ့ဒီနောက်ကိုလိုက်ရင်း မောပန်းနေရတော့တာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top