ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘုရားရွင္ ပရိနိဗၺာန္ျပဳေတာ္မူတာဟာ အသားဟင္းရဲ႕ ပေယာဂ မကင္းဘူးဆိုတာနဲ႔ ပတ္သက္ၿပီး အနည္းငယ္ ရွင္းလင္းေျပာျပခ်င္ပါတယ္။ ဘုရားရွင္္ ေနာက္ဆံုး ဘုဥ္းေပးေတာ္မူတာဟာ ပန္းထိမ္သည္ရဲ႕သား စုႏၵရဲ႕ ပံ့သကူ ၀က္ပ်ိဳသားဟင္းပါ။ ဘုရားရွင္ ပရိနိဗၺာန္ျပဳေတာ္မူတာဟာ အေၾကာင္းရင္း အမ်ိဳးမ်ိဳးရွိပါတယ္။

အဲဒါေတြကေတာ့

(၁) လူ႔သက္တမ္း တိုတဲ့အခ်ိန္မွာ ပြင့္ေတာ္မူၿပီး သက္တမ္းေတာ္ျပည့္ၿပီ ျဖစ္တာက တစ္ေၾကာင္း၊

(၂) သာသနာေတာ္ကို ဆက္လက္ ထိန္းသိမ္းေစာင့္ေရွာက္မယ့္ ပရိတ္သတ္ေလးပါး စံုညီၿပီျဖစ္တာက တစ္ေၾကာင္း၊

(၃) ဘုရားရွင္ ကိုယ္ေတာ္တိုင္ ေခ်ခၽြတ္ရမယ့္ သတၱ၀ါကုန္ၿပီ ျဖစ္တာကတစ္ေၾကာင္း၊

(၄) ေနာက္ဆံုး က်န္တဲ့ ၀ဋ္ေႂကြးေတာ္ျဖစ္တဲ့ – ဘ၀တစ္ခုမွာ ေဆးဆရာျဖစ္ၿပီး လူနာက ေဆးဖိုးမေပးႏိုင္တာနဲ႔ မေက်နပ္တာေၾကာင့္ ခဏတာ စိတ္ရိုင္း၀င္ၿပီး လူနာကို အားတုိးေဆးပါ ဆိုၿပီး ၀မ္းႏုတ္ေဆးေတြ ေကၽြးမိတာေၾကာင့္ လူနာမွာ ၀မ္းေလွ်ာတဲ့ ေ၀ဒနာကိုပါ အလူးအလဲ ထပ္ခံစားရပါတယ္။ ဒါေပမယ့္ ဘုရားေလာင္းပီပီ အခ်ိန္မွီ မိမိမွားမွန္းသိ၍ ၀န္ခ်ေတာင္းပန္၍ ေဆးျပန္ကုေပးပါေသာ္လည္း လူနာမွာ ၀မ္းေလွ်ာျခင္းေ၀ဒနာကို ခံစားခဲ့ရပါတယ္။ ထိုဘ၀မွာ ျပဳလုပ္ခဲ့မိတဲ့ ၀ဋ္ေႂကြးေၾကာင့္ ဘုရားျဖစ္တဲ့ ေနာက္ဆံုးဘ၀မွာ ဒီ၀ဋ္ေႂကြးကို ေပးဆပ္ရတဲ့ အေနနဲ႔ ၀မ္းေတာ္လားၿပီး ပရိနိဗၺာန္ျပဳေတာ္မူတာ ျဖစ္ပါတယ္။

၀က္ပ်ိဳသားဟင္းေၾကာင့္ မဟုတ္သလို အသားဟင္းရဲ႕ ပေယာဂ မပါဘူးလို႔ ဆရာေတာ္တစ္ပါးက မိန္႔ဖူးပါတယ္။ ၀မ္းေတာ္လားေနခ်ိန္မွာ အင္အားအလြန္နည္းေနေတာ္မူေနေပမယ့္

(၁) ဘုရားရွင္တို႔ မစြန္႔အပ္ေသာ ဖြား ပြင့္ ေဟာ စံ ဌာနႀကီးေလးခုမွာ ဘုရားရွင္အဆူဆူတို႔ ပရိနိဗၺာန္ျပဳေတာ္မူၾကရာ အရပ္ေဒသျဖစ္တဲ့၊

(၂) ကိုယ္ေတာ္တိုင္ ေခ်ခၽြတ္ရမယ့္ ေနာက္ဆံုးသာ၀ကျဖစ္တဲ့ သုဘဒၵရဟန္းရွိရာ အရပ္ျဖစ္တဲ့၊

(၃) ေနာင္ဓာတ္ေတာ္ေ၀ရာမွာ ခုႏွစ္ျပည္ေထာင္မင္းေတြ စစ္မတုိက္ၾကပဲ ၿငိမ္းခ်မ္းစြာ ဓာတ္ေတာ္ေတြကို ခြဲေ၀ေပးႏိုင္မယ့္ အဲဒီ့မင္းေတြရဲ႕ ငယ္ဆရာျဖစ္တဲ့ ေဒါန ပုဏၰားရွိရာ အရပ္ျဖစ္တဲ့

မလႅာမင္းတို႔ရဲ႕ အင္ၾကင္းဥယ်ာဥ္ကို စ်ာန္တန္ခိုးအဘိညာဥ္မသံုးပဲ ေျခဗလာနဲ႔ပဲ ပကတိေျခက်င္ႂကြေတာ္မူပါတယ္။ ဒီေန႔ေခတ္မိုင္နဲ႔ ဆိုရင္ မိုင္ရာခ်ီ ရွိမယ္ထင္ပါတယ္။ (ဒီေနရာမွာ မိုင္အတိအက်ကိုေတာ့ က်မ္းဂန္ေတြထဲမွာေတာ့ တြက္ျပထားပါတယ္။ ဗုဒၶဂါယာ ေျမပံုကိုၾကည့္ၿပီးတြက္ရင္လည္းရပါမယ္။ ေသခ်ာတာကေတာ့ သက္ေတာ္ရွစ္ဆယ္အရြယ္၊ ၀မ္းေတာ္လားတဲ့ ေ၀ဒနာကို သည္းခံရင္း သတၱ၀ါေတြရဲ႕ အက်ိဳးစီးပြားအတြက္ မိုင္ရာခ်ီတဲ့ ခရီးကို ဖိနပ္မပါ၊ ထီးမပါ၊ ပိုက္ဆံတစ္ျပားတစ္ခ်ပ္မွ မပါပဲ မဟာကရုဏာေရွ႕ထားၿပီး ႂကြေတာ္မူတာပါ။)

အဲဒီ့အျပင္ လမ္းမွာ စုႏၵလွဴဒါန္းတဲ့ ပံသကူ ၀က္ပ်ိဳသားဟင္းဟာ ဘုရားရွင္အတြက္ အားျဖစ္ေစပါတယ္။ ပရိနိဗၺာန္ျပဳေတာ္မမူခင္ ေနာက္ဆံုးဘုဥ္းေပးတာျဖစ္တာေၾကာင့္ နတ္ေတြက နတ္ၾသဇာေတြ ထည့္ထားတာေၾကာင့္ ဘုရားမွ တစ္ပါး ရဟႏၵာမ်ားအပါအ၀င္ ဘယ္ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ရဲ႕ အစာအိမ္ကမွ ဒီအစာေတြကို ေၾကညက္ေအာင္ ႀကိတ္ေခ်ႏိုင္စြမ္းမရွိတာေၾကာင့္ ဘုရားရွင္တစ္ပါးတည္းကိုပဲ အဲဒီ့ ၀က္ပ်ိဳသားဟင္းကို ကပ္ေစပါတယ္။ ၿပီးေတာ့ ဘုရားရွင္ဘုဥ္းေပးၿပီးတာနဲ႔ ခ်က္ခ်င္း က်န္တာေတြကို တြင္းနက္နက္တူးၿပီး ေျမျမဳပ္ေစပါတယ္။ အဲဒီ ၀က္ပ်ိဳသားဟင္းက ဘုရားရွင္အတြက္အားျဖစ္ေစတယ္လို႔ ဆုိပါတယ္။ အဲဒီ့အားနဲ႔ပဲ ကုသိနာရံုထိ အေရာက္ႂကြၿပီး ေနာက္ဆံုးသာ၀ကကို ေခ်ခၽြတ္ၿပီးမွ ပရိနိဗၺာန္ျပဳေတာ္မူတယ္လို႔ စာမွာလာတယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

အဲဒါကို ၀က္သားမစားတဲ့ ဘာသာျခားေတြေရာ၊ မင္းႀကီး မင္းေလးနတ္ေတြ ကိုးကြယ္တဲ့ နတ္ကေတာ္ေတြကေရာ သူတို႔ ၀က္သားမစားတာကို ကာကြယ္ခ်င္တာရယ္၊ ဗုဒၶဘုရားရွင္နဲ႔ ဗုဒၶဘာသာတရားကို ႏွိမ့္ခ်ေစာ္ကားခ်င္တာေၾကာင့္ ဗုဒၶဘုရားရွင္ဟာ ၀က္သားစားလို႔ ၀မ္းေလွ်ာၿပီး ပရိနိဗၺာန္ျပဳေတာ္မူတယ္ (သူတို႔အေခၚ ေသတယ္) ဆိုၿပီး မသိနားမလည္တဲ့ ဗုဒၶဘာသာ၀င္ေတြကို ေရွးေရွးကတည္းက ေျပာဆိုစည္းရံုးခဲ့ၾကတာပါ။

အမွန္ေတာ့ ဘယ္အသားမဆို အခန္႔မသင့္ရင္၊ ခ်က္နည္းျပဳတ္နည္း မမွန္ရင္ စားတဲ့လူမွာ ေရာဂါရမွာ အမွန္ပါပဲ။ အခုဆိုရင္ ၾကက္ငွက္တုပ္ေကြးေရာဂါပိုးဟာ H1N1 အဆင့္မဟုတ္ေတာ့ပဲ H7N9 အဆင့္ကိုေတာင္ ေရာက္ေနပါၿပီ။ ၾကက္ ဘဲ အားလံုးမွာ ကူးစက္ခံရႏိုင္ပါတယ္။ အဲဒီလိုပဲ ၀က္မွာလည္း ၀က္တုပ္ေကြး virus ရွိတာပါပဲ။ အမဲသားမွာလည္း ႏြားရူးေရာဂါပိုးေၾကာင့္ သတိထားေနရတာပါ။ ဟိုတေလာကပဲ ၾသစီနဲ႔ အေမရိကန္က သူတို႔ဆီကို အမဲသားေတြ တင္သြင္းခြင့္ ပိတ္လိုက္တာပါပဲ။ ဆိုလိုတာက ဗုဒၶဘာသာကို မလိုလားသူတစ္ခ်ိဳ႕ေတြက ၀က္သားကို ဗန္းျပၿပီး ဘုရားက ၀က္သားစားလို႔ပဲ ၀မ္းေတာ္လားၿပီး ပရိနိဗၺာန္ျပဳရသလို ပံုစံမ်ိဳးေတြ ေလွ်ာက္ေျပာေနၾကတာပါ။ ဗုဒၶဘာသာ၀င္ေတြ အယံုမလြယ္ၾကဖို႔ လိုပါတယ္။ ၀က္သားမွာမွ အျပစ္ရွိတာမဟုတ္ပါဘူး။ ဘယ္အသားမဆို အခန္႔မသင့္ရင္ အႏၱရာယ္ျဖစ္တတ္ပါတယ္။ အသားတင္မဟုတ္ပါဘူး။ အသီးအ႐ြက္စားရင္ေတာင္ သပၸါယ မွ်တေအာင္ မစားရင္၊ ခ်က္ျပဳတ္ရာမွာ သန္႔ရွင္းမႈမရွိရင္၊ မိမိနဲ႔ ဓာတ္မတည့္တာမ်ိဳးရွိရင္ အခ်ိန္မေ႐ြး အႏၱရာယ္ ရိွတတ္ပါတယ္။

အဲဒီ့အျပင္ ျမတ္စြာဘုရားတို႔ မည္သည္ မည္သူတစ္ဦးတစ္ေယာက္၏ ပေယာဂေၾကာင့္မွ် ပရိနိဗၺာန္စံ၀င္ရျခင္းမ်ိဳး ဘယ္ေသာအခါမွ မရွိလို႔ ဘုရားရွင္ ကိုယ္ေတာ္တိုင္ မိန္႔ၾကားဖူးပါတယ္။ ျမတ္စြာဘုရားဟာ အစာအာဟာရကို မွီ၀ဲတာဟာ မဟာက႐ုဏာေတာ္ေၾကာင့္ လူေတြကို ခ်ီးေျမွာက္ေတာ္မူလိုတာေၾကာင့္ မွီ၀ဲျခင္းျဖစ္ပါတယ္။ သမၼာသမၺဳဒၶျမတ္စြာဘုရားရွင္ကို ဆြမ္းလုပ္ေကၽြးရတဲ့ ကုသိုလ္ထူးကို လူသတၱ၀ါေတြကို ရရွိေစခ်င္တာေၾကာင့္ လူတို႔ကပ္တဲ့ ဆြမ္းကို အလွဴခံယူေတာ္မူျခင္း ျဖစ္ပါတယ္။

ဒါ့အျပင္ ဘုရားရွင္ဟာ ဆြမ္းဘုဥ္းေပးတဲ့ ေနရာမွာ သပၸါယမွ်တေအာင္ ဘုဥ္းေပးေလ့ရွိပါတယ္။ သဗၺညဳတဉာဏ္ေတာ္ရွင္ ဘုရားအေနနဲ႔ သူမ်ားကပ္တဲ့ဆြမ္းကို အစားမွား ၀မ္းေလွ်ာၿပီး ပရိနိဗၺာန္ျပဳရတယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား ဗုဒၶဘာသာ၀င္စစ္စစ္ေတြကို ေလးေလးနက္နက္ စဥ္းစားေစခ်င္ပါတယ္။ မလိုလားတဲ့သူေတြရဲ႕ ကုန္းေခ်ာတဲ့ စကားကို အယံုမလြယ္ဖို႔ မိမိကိုယ္တိုင္ရဲ႕ ဉာဏ္နဲ႔ ဘုရားဂုဏ္ေတာ္ေတြ ဘုန္းေတာ္ေတြနဲ႔ ယွဥ္ထိုးၿပီး ေသေသခ်ာခ်ာေလး စဥ္းစားၿပီးမွ ဆံုးျဖတ္ၾကပါလို႔ တိုက္တြန္းပါတယ္။ ကာလာမသုတၱန္ ေဒသနာကို မေမ့ၾကပဲ လိုက္နာက်င့္သံုးႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kaung kin thit
#Unicode Version#
 ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူတာဟာ အသားဟင်းရဲ့ ပယောဂ မကင်းဘူးဆိုတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းလင်းပြောပြချင်ပါတယ်။ ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးတော်မူတာဟာ ပန်းထိမ်သည်ရဲ့သား စုန္ဒရဲ့ ပံ့သကူ ဝက်ပျိုသားဟင်းပါ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူတာဟာ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။

အဲဒါတွေကတော့

(၁) လူ့သက်တမ်း တိုတဲ့အချိန်မှာ ပွင့်တော်မူပြီး သက်တမ်းတော်ပြည့်ပြီ ဖြစ်တာက တစ်ကြောင်း၊

(၂) သာသနာတော်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မယ့် ပရိတ်သတ်လေးပါး စုံညီပြီဖြစ်တာက တစ်ကြောင်း၊

(၃) ဘုရားရှင် ကိုယ်တော်တိုင် ချေချွတ်ရမယ့် သတ္တဝါကုန်ပြီ ဖြစ်တာကတစ်ကြောင်း၊

(၄) နောက်ဆုံး ကျန်တဲ့ ဝဋ်ကြွေးတော်ဖြစ်တဲ့ – ဘဝတစ်ခုမှာ ဆေးဆရာဖြစ်ပြီး လူနာက ဆေးဖိုးမပေးနိုင်တာနဲ့ မကျေနပ်တာကြောင့် ခဏတာ စိတ်ရိုင်းဝင်ပြီး လူနာကို အားတိုးဆေးပါ ဆိုပြီး ဝမ်းနုတ်ဆေးတွေ ကျွေးမိတာကြောင့် လူနာမှာ ဝမ်းလျှောတဲ့ ဝေဒနာကိုပါ အလူးအလဲ ထပ်ခံစားရပါတယ်။ ဒါပေမယ့် ဘုရားလောင်းပီပီ အချိန်မှီ မိမိမှားမှန်းသိ၍ ဝန်ချတောင်းပန်၍ ဆေးပြန်ကုပေးပါသော်လည်း လူနာမှာ ဝမ်းလျှောခြင်းဝေဒနာကို ခံစားခဲ့ရပါတယ်။ ထိုဘဝမှာ ပြုလုပ်ခဲ့မိတဲ့ ဝဋ်ကြွေးကြောင့် ဘုရားဖြစ်တဲ့ နောက်ဆုံးဘဝမှာ ဒီဝဋ်ကြွေးကို ပေးဆပ်ရတဲ့ အနေနဲ့ ဝမ်းတော်လားပြီး ပရိနိဗ္ဗာန်ပြုတော်မူတာ ဖြစ်ပါတယ်။

ဝက်ပျိုသားဟင်းကြောင့် မဟုတ်သလို အသားဟင်းရဲ့ ပယောဂ မပါဘူးလို့ ဆရာတော်တစ်ပါးက မိန့်ဖူးပါတယ်။ ဝမ်းတော်လားနေချိန်မှာ အင်အားအလွန်နည်းနေတော်မူနေပေမယ့်

(၁) ဘုရားရှင်တို့ မစွန့်အပ်သော ဖွား ပွင့် ဟော စံ ဌာနကြီးလေးခုမှာ ဘုရားရှင်အဆူဆူတို့ ပရိနိဗ္ဗာန်ပြုတော်မူကြရာ အရပ်ဒေသဖြစ်တဲ့၊

(၂) ကိုယ်တော်တိုင် ချေချွတ်ရမယ့် နောက်ဆုံးသာဝကဖြစ်တဲ့ သုဘဒ္ဒရဟန်းရှိရာ အရပ်ဖြစ်တဲ့၊

(၃) နောင်ဓာတ်တော်ဝေရာမှာ ခုနှစ်ပြည်ထောင်မင်းတွေ စစ်မတိုက်ကြပဲ ငြိမ်းချမ်းစွာ ဓာတ်တော်တွေကို ခွဲဝေပေးနိုင်မယ့် အဲဒီ့မင်းတွေရဲ့ ငယ်ဆရာဖြစ်တဲ့ ဒေါန ပုဏ္ဏားရှိရာ အရပ်ဖြစ်တဲ့

မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်ကို ဈာန်တန်ခိုးအဘိညာဉ်မသုံးပဲ ခြေဗလာနဲ့ပဲ ပကတိခြေကျင်ကြွတော်မူပါတယ်။ ဒီနေ့ခေတ်မိုင်နဲ့ ဆိုရင် မိုင်ရာချီ ရှိမယ်ထင်ပါတယ်။ (ဒီနေရာမှာ မိုင်အတိအကျကိုတော့ ကျမ်းဂန်တွေထဲမှာတော့ တွက်ပြထားပါတယ်။ ဗုဒ္ဓဂါယာ မြေပုံကိုကြည့်ပြီးတွက်ရင်လည်းရပါမယ်။ သေချာတာကတော့ သက်တော်ရှစ်ဆယ်အရွယ်၊ ဝမ်းတော်လားတဲ့ ဝေဒနာကို သည်းခံရင်း သတ္တဝါတွေရဲ့ အကျိုးစီးပွားအတွက် မိုင်ရာချီတဲ့ ခရီးကို ဖိနပ်မပါ၊ ထီးမပါ၊ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပါပဲ မဟာကရုဏာရှေ့ထားပြီး ကြွတော်မူတာပါ။)

အဲဒီ့အပြင် လမ်းမှာ စုန္ဒလှူဒါန်းတဲ့ ပံသကူ ဝက်ပျိုသားဟင်းဟာ ဘုရားရှင်အတွက် အားဖြစ်စေပါတယ်။ ပရိနိဗ္ဗာန်ပြုတော်မမူခင် နောက်ဆုံးဘုဉ်းပေးတာဖြစ်တာကြောင့် နတ်တွေက နတ်သြဇာတွေ ထည့်ထားတာကြောင့် ဘုရားမှ တစ်ပါး ရဟန္ဒာများအပါအဝင် ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အစာအိမ်ကမှ ဒီအစာတွေကို ကြေညက်အောင် ကြိတ်ချေနိုင်စွမ်းမရှိတာကြောင့် ဘုရားရှင်တစ်ပါးတည်းကိုပဲ အဲဒီ့ ဝက်ပျိုသားဟင်းကို ကပ်စေပါတယ်။ ပြီးတော့ ဘုရားရှင်ဘုဉ်းပေးပြီးတာနဲ့ ချက်ချင်း ကျန်တာတွေကို တွင်းနက်နက်တူးပြီး မြေမြုပ်စေပါတယ်။ အဲဒီ ဝက်ပျိုသားဟင်းက ဘုရားရှင်အတွက်အားဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီ့အားနဲ့ပဲ ကုသိနာရုံထိ အရောက်ကြွပြီး နောက်ဆုံးသာဝကကို ချေချွတ်ပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူတယ်လို့ စာမှာလာတယ်လို့ ပြောပါတယ်ခင်ဗျာ။

အဲဒါကို ဝက်သားမစားတဲ့ ဘာသာခြားတွေရော၊ မင်းကြီး မင်းလေးနတ်တွေ ကိုးကွယ်တဲ့ နတ်ကတော်တွေကရော သူတို့ ဝက်သားမစားတာကို ကာကွယ်ချင်တာရယ်၊ ဗုဒ္ဓဘုရားရှင်နဲ့ ဗုဒ္ဓဘာသာတရားကို နှိမ့်ချစော်ကားချင်တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ဝက်သားစားလို့ ဝမ်းလျှောပြီး ပရိနိဗ္ဗာန်ပြုတော်မူတယ် (သူတို့အခေါ် သေတယ်) ဆိုပြီး မသိနားမလည်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရှေးရှေးကတည်းက ပြောဆိုစည်းရုံးခဲ့ကြတာပါ။

အမှန်တော့ ဘယ်အသားမဆို အခန့်မသင့်ရင်၊ ချက်နည်းပြုတ်နည်း မမှန်ရင် စားတဲ့လူမှာ ရောဂါရမှာ အမှန်ပါပဲ။ အခုဆိုရင် ကြက်ငှက်တုပ်ကွေးရောဂါပိုးဟာ H1N1 အဆင့်မဟုတ်တော့ပဲ H7N9 အဆင့်ကိုတောင် ရောက်နေပါပြီ။ ကြက် ဘဲ အားလုံးမှာ ကူးစက်ခံရနိုင်ပါတယ်။ အဲဒီလိုပဲ ဝက်မှာလည်း ဝက်တုပ်ကွေး virus ရှိတာပါပဲ။ အမဲသားမှာလည်း နွားရူးရောဂါပိုးကြောင့် သတိထားနေရတာပါ။ ဟိုတလောကပဲ သြစီနဲ့ အမေရိကန်က သူတို့ဆီကို အမဲသားတွေ တင်သွင်းခွင့် ပိတ်လိုက်တာပါပဲ။ ဆိုလိုတာက ဗုဒ္ဓဘာသာကို မလိုလားသူတစ်ချို့တွေက ဝက်သားကို ဗန်းပြပြီး ဘုရားက ဝက်သားစားလို့ပဲ ဝမ်းတော်လားပြီး ပရိနိဗ္ဗာန်ပြုရသလို ပုံစံမျိုးတွေ လျှောက်ပြောနေကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေ အယုံမလွယ်ကြဖို့ လိုပါတယ်။ ဝက်သားမှာမှ အပြစ်ရှိတာမဟုတ်ပါဘူး။ ဘယ်အသားမဆို အခန့်မသင့်ရင် အန္တရာယ်ဖြစ်တတ်ပါတယ်။ အသားတင်မဟုတ်ပါဘူး။ အသီးအရွက်စားရင်တောင် သပ္ပါယ မျှတအောင် မစားရင်၊ ချက်ပြုတ်ရာမှာ သန့်ရှင်းမှုမရှိရင်၊ မိမိနဲ့ ဓာတ်မတည့်တာမျိုးရှိရင် အချိန်မရွေး အန္တရာယ် ရှိတတ်ပါတယ်။

အဲဒီ့အပြင် မြတ်စွာဘုရားတို့ မည်သည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်မျှ ပရိနိဗ္ဗာန်စံဝင်ရခြင်းမျိုး ဘယ်သောအခါမှ မရှိလို့ ဘုရားရှင် ကိုယ်တော်တိုင် မိန့်ကြားဖူးပါတယ်။ မြတ်စွာဘုရားဟာ အစာအာဟာရကို မှီဝဲတာဟာ မဟာကရုဏာတော်ကြောင့် လူတွေကို ချီးမြှောက်တော်မူလိုတာကြောင့် မှီဝဲခြင်းဖြစ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆွမ်းလုပ်ကျွေးရတဲ့ ကုသိုလ်ထူးကို လူသတ္တဝါတွေကို ရရှိစေချင်တာကြောင့် လူတို့ကပ်တဲ့ ဆွမ်းကို အလှူခံယူတော်မူခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားရှင်ဟာ ဆွမ်းဘုဉ်းပေးတဲ့ နေရာမှာ သပ္ပါယမျှတအောင် ဘုဉ်းပေးလေ့ရှိပါတယ်။ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားအနေနဲ့ သူများကပ်တဲ့ဆွမ်းကို အစားမှား ဝမ်းလျှောပြီး ပရိနိဗ္ဗာန်ပြုရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဗုဒ္ဓဘာသာဝင်စစ်စစ်တွေကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ မလိုလားတဲ့သူတွေရဲ့ ကုန်းချောတဲ့ စကားကို အယုံမလွယ်ဖို့ မိမိကိုယ်တိုင်ရဲ့ ဉာဏ်နဲ့ ဘုရားဂုဏ်တော်တွေ ဘုန်းတော်တွေနဲ့ ယှဉ်ထိုးပြီး သေသေချာချာလေး စဉ်းစားပြီးမှ ဆုံးဖြတ်ကြပါလို့ တိုက်တွန်းပါတယ်။ ကာလာမသုတ္တန် ဒေသနာကို မမေ့ကြပဲ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kaung kin thit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top