Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယခင္ကတည္းက လူသတ္မႈ ၂ ခုျဖင့္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။

ဂ်မနီႏုိင္ငံမွ အမ်ဳိးသား သူနာျပဳေဟာင္းတစ္ဦးက ၎ အလုပ္လုပ္ခဲ့တဲ့ ေဆး႐ုံ ၂ ႐ုံမွာ လူ ၁၀၀ ထက္မနည္းကုိ သတ္ခဲ့ေၾကာင္း ေဆးဘက္ဆုိင္ရာ စစ္ေဆးမႈေတြက ညြန္ျပေနတယ္လို႕ စုံစမ္းစစ္ေဆးေရးမွဴးေတြက ေျပာပါတယ္။

ဂ်ာမနီမွ ဆက္တုိက္ လူသတ္သမား သူနာျပဳေဟာင္း

သူနာျပဳေဟာင္း နီးလ္ဟုိး (Niels Hoegl) ဟာ ယခင္ကတည္းက လူသတ္မႈ ၂ ခုျဖင့္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။ နီးလ္က ၎ ျပဳစုေစာင့္ေ႐ွာက္ခဲ့ရတဲ့ လူနာႏွစ္ဦးကုိ ေသေစႏုိင္ေလာက္တဲ့ ႏွလုံးေဆးပမာဏေပးခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

လူနာေတြကုိ သတိျပန္လည္လာေအာင္ ျပဳစုကုသႏုိင္ေၾကာင္း လုပ္ေဖာ္ကုိင္ဖက္ေတြရဲ႕ အထင္အႀကီးမႈ ခံယူလုိမႈျဖင့္ ထုိသုိ႕ လုပ္ေဆာင္ခဲ့ေပမဲ့ လူနာေတြ ေသဆုံးခဲ့တယ္လို႕ ဆုိပါတယ္။ သူနာျပဳေဟာင္း နီးလ္ကုိ ေနာက္ထပ္ စြဲခ်က္တင္မႈအား လာမယ့္ႏွစ္မွာ ျပဳလုပ္သြားမယ္လုိ႕ ေမွ်ာ္လင့္ရပါတယ္။


စုံစမ္းစစ္ေဆးမႈေတြအရ နီးလ္က ဂ်ာမနီေျမာက္ပုိင္း႐ွိ Oldenburg မွာ လူနာ ၃၈ ဦးနဲ႕ Delmenhorst မွာ လူနာ ၆၂ ဦးတုိ႕ကုိ ၁၉၉၉ ခုႏွစ္နဲ႕ ၂၀၀၅ ခုႏွစ္အတြင္း သတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

နီးလ္ဟာ လူနာအေရအတြက္ ယခုထက္ပုိၿပီး သတ္ခဲ့ဖြယ္႐ွိေပမဲ့ အျခား ေသဆုံးသူေတြကုိ မီးသၿဂၤိဳဟ္ခဲ့ၿပီး ျဖစ္တယ္လို႕လည္း စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။

ယခုအမႈနဲ႕ ပတ္သက္ၿပီး ျပစ္မႈထင္႐ွားပါက နီးလ္ဟာ ဒုတိယကမာၻစစ္ေနာက္ပုိင္း ဂ်ာမနီမွာ အဆုိးဆုံး ဆက္တုိက္ လူသတ္သမားတစ္ဦးလည္း ျဖစ္လာမယ္လို႕ ဆုိပါတယ္။

သူနာျပဳေဟာင္း နီးလ္က လူ ၃၀ အထိကုိ သတ္ခဲ့ေၾကာင္း ၂၀၁၅ ခုႏွစ္က တရား႐ုံးမွာ ထြက္ဆုိခဲ့ၿပီးေနာက္ ၎နဲ႕ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ က်ယ္က်ယ္ျပန္႕ျပန္႕ လုပ္ေဆာင္လာခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ တရား႐ုံး စစ္ေဆးၾကားနာမႈေတြအရ ၎ကုိ လူသတ္မႈ ၂ ခုအတြက္ အျပစ္႐ွိေၾကာ္ငး ဆုံးျဖတ္ခဲ့ၿပီး ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခဲ့ပါတယ္။

ထုိ႕အျပင္ လူသတ္မႈ ၂ ခု က်ဴးလြန္ရန္ႀကံစည္မႈနဲ႕ လူနာေတြကုိ ထိခိုက္နာက်င္ေစမႈတုိ႕အတြက္လည္း အျပစ္႐ွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ထားခဲ့ပါတယ္။

နီးလ္ရဲ႕ လူသတ္မႈနဲ႕ ဆက္စပ္ၿပီး ေသဆုံးလူနာ ၁၃၀ ကုိ အေလာင္းျပန္ေဖာ္ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ထုိ႕အတူ ေဆး႐ုံ ၂ ႐ုံမွာ သူနာျပဳအျဖစ္ လုပ္ကုိင္ခဲ့စဥ္က မွတ္တမ္းေတြကုိလည္း ျပန္လည္စစ္ေဆးခဲ့ၾကပါတယ္။

နီးလ္ အလုပ္လုပ္ခဲ့တဲ့ ေဆး႐ုံမွ အျခားသူနာျပဳတစ္ဦးက အေစာပုိင္းမွာ အေျခအေန တည္ၿငိမ္ေနခဲ့တဲ့ လူနာတစ္ဦးဟာ ႐ုတ္တရက္ ပုံမွန္မဟုတ္တဲ့ ႏွလုံးခုန္ႏႈန္း ျဖစ္လာျခင္းကုိ ေတြ႕ခဲ့ရာက နီးလ္ကုိ သံသယ စတင္ျဖစ္ခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။

အဆုိပါ လူနာရဲ႕ အခန္းအတြင္းမွာ နီးလ္ ႐ွိေနခဲ့တာကုိ သတိျပဳမိခဲ့ၿပီး အမႈိက္ပုံးအတြင္းမွာလည္း ႏွလုံးေဆးပုလင္းအလြတ္ကုိ ေတြ႕႐ွိခဲ့ရေၾကာင္း အဆုိပါ သူနာျပဳက ထြက္ဆုိခဲ့တယ္လို႕ Der Spiegel အပတ္စဥ္ထုတ္ သတင္းမဂၢဇင္းက ေဖာ္ျပခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္က တရားခြင္မွာ စစ္ေဆးၾကားနာမႈအတြင္း အမွန္တစ္ကယ္ ဝမ္းနည္မိေၾကာင္းနဲ႕ ၎ရဲ႕ ျပစ္မႈေတြဟာ အလိုအေလ်ာက္ ေစ့ေဆာ္မႈေၾကာင့္ ျဖစ္တယ္လို႕ နီးလ္က ထြက္ဆုိခဲ့ပါတယ္။

ေသေစႏုိင္ေလာက္တဲ့ ႏွလုံးေဆးဝါးပမာဏ ေပးခဲ့မႈေၾကာင့္ လူနာတစ္ဦး ေသဆုံးသြားတုိင္း ေနာက္တစ္ႀကိမ္ ထုိသုိ႕ မလုပ္ေတာင့္ဘူးလုိ႕ ဆုံးျဖတ္ခဲ့ေပမဲ့ ေနာက္ပုိင္းမွာေတာ့ ၎ရဲ႕ ဆုံးျဖတ္ခ်က္က တျဖည္းျဖည္း ေမွးမွိန္သြားခဲ့တယ္လုိ႕ နီးလ္က ထြက္ဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ယခင်ကတည်းက လူသတ်မှု ၂ ခုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

ဂျမနီနိုင်ငံမှ အမျိုးသား သူနာပြုဟောင်းတစ်ဦးက ၎င်း အလုပ်လုပ်ခဲ့တဲ့ ဆေးရုံ ၂ ရုံမှာ လူ ၁၀၀ ထက်မနည်းကို သတ်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေက ညွန်ပြနေတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ဂျာမနီမှ ဆက်တိုက် လူသတ်သမား သူနာပြုဟောင်း

သူနာပြုဟောင်း နီးလ်ဟိုး (Niels Hoegl) ဟာ ယခင်ကတည်းက လူသတ်မှု ၂ ခုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ နီးလ်က ၎င်း ပြုစုစောင့်ရှောက်ခဲ့ရတဲ့ လူနာနှစ်ဦးကို သေစေနိုင်လောက်တဲ့ နှလုံးဆေးပမာဏပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

လူနာတွေကို သတိပြန်လည်လာအောင် ပြုစုကုသနိုင်ကြောင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်အကြီးမှု ခံယူလိုမှုဖြင့် ထိုသို့ လုပ်ဆောင်ခဲ့ပေမဲ့ လူနာတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူနာပြုဟောင်း နီးလ်ကို နောက်ထပ် စွဲချက်တင်မှုအား လာမယ့်နှစ်မှာ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။


စုံစမ်းစစ်ဆေးမှုတွေအရ နီးလ်က ဂျာမနီမြောက်ပိုင်းရှိ Oldenburg မှာ လူနာ ၃၈ ဦးနဲ့ Delmenhorst မှာ လူနာ ၆၂ ဦးတို့ကို ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

နီးလ်ဟာ လူနာအရေအတွက် ယခုထက်ပိုပြီး သတ်ခဲ့ဖွယ်ရှိပေမဲ့ အခြား သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်တယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ယခုအမှုနဲ့ ပတ်သက်ပြီး ပြစ်မှုထင်ရှားပါက နီးလ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမနီမှာ အဆိုးဆုံး ဆက်တိုက် လူသတ်သမားတစ်ဦးလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

သူနာပြုဟောင်း နီးလ်က လူ ၃၀ အထိကို သတ်ခဲ့ကြောင်း ၂၀၁၅ ခုနှစ်က တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက် ၎င်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် တရားရုံး စစ်ဆေးကြားနာမှုတွေအရ ၎င်းကို လူသတ်မှု ၂ ခုအတွက် အပြစ်ရှိကြော်ငး ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

ထို့အပြင် လူသတ်မှု ၂ ခု ကျူးလွန်ရန်ကြံစည်မှုနဲ့ လူနာတွေကို ထိခိုက်နာကျင်စေမှုတို့အတွက်လည်း အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ထားခဲ့ပါတယ်။

နီးလ်ရဲ့ လူသတ်မှုနဲ့ ဆက်စပ်ပြီး သေဆုံးလူနာ ၁၃၀ ကို အလောင်းပြန်ဖော် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထို့အတူ ဆေးရုံ ၂ ရုံမှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့စဉ်က မှတ်တမ်းတွေကိုလည်း ပြန်လည်စစ်ဆေးခဲ့ကြပါတယ်။

နီးလ် အလုပ်လုပ်ခဲ့တဲ့ ဆေးရုံမှ အခြားသူနာပြုတစ်ဦးက အစောပိုင်းမှာ အခြေအနေ တည်ငြိမ်နေခဲ့တဲ့ လူနာတစ်ဦးဟာ ရုတ်တရက် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်း ဖြစ်လာခြင်းကို တွေ့ခဲ့ရာက နီးလ်ကို သံသယ စတင်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ လူနာရဲ့ အခန်းအတွင်းမှာ နီးလ် ရှိနေခဲ့တာကို သတိပြုမိခဲ့ပြီး အမှိုက်ပုံးအတွင်းမှာလည်း နှလုံးဆေးပုလင်းအလွတ်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ သူနာပြုက ထွက်ဆိုခဲ့တယ်လို့ Der Spiegel အပတ်စဉ်ထုတ် သတင်းမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က တရားခွင်မှာ စစ်ဆေးကြားနာမှုအတွင်း အမှန်တစ်ကယ် ဝမ်းနည်မိကြောင်းနဲ့ ၎င်းရဲ့ ပြစ်မှုတွေဟာ အလိုအလျောက် စေ့ဆော်မှုကြောင့် ဖြစ်တယ်လို့ နီးလ်က ထွက်ဆိုခဲ့ပါတယ်။

သေစေနိုင်လောက်တဲ့ နှလုံးဆေးဝါးပမာဏ ပေးခဲ့မှုကြောင့် လူနာတစ်ဦး သေဆုံးသွားတိုင်း နောက်တစ်ကြိမ် ထိုသို့ မလုပ်တောင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ၎င်းရဲ့ ဆုံးဖြတ်ချက်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်လို့ နီးလ်က ထွက်ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top